စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက် - Property News in Myanmar from iMyanmarHouse.com
17 Dec 2024 12:05 pm တွင် တင်ခဲ့သည်
513 ကြိမ် ကြည့်ရှု့ပြီး

ဆီဗက်စတာ စတားလုံးသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ လူကုံထံများနေထိုင်ရာ ကမ်းခြေ ဒေသတွင် သူ၏ စံအိမ်အနီး ရေပြင်၌ အတားအဆီးများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များထံ တင်ပြလျှောက်ထားခဲ့မှုကို အိမ်နီးချင်းများ ဒေါသချောင်းချောင်းထွက်နေသည်။

စတားလုံးက Palm Beach မှ Intracoastal Waterway ရှိ ဒေါ်လာ ၃၅ သန်းတန် စံအိမ်ကြီးအနီး ရေပြင်တွင် ပင်လယ်ရေမှော်များ တားဆီးရန် အတားအဆီးတစ်ခု ပြုလုပ်လိုနေသည်။

ရေမှော်များနှင့် အမှိုက်များ တားဆီးရန် ရေအောက်အတားအဆီးတစ်ခု ပြုလုပ်ရေးအတွက် စတားလုံးက ဖလော်ရီဒါပြည်နယ်၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးဌာန (FDEP) နှင့် အမေရိကန် စစ်အင်ဂျင်နီယာအဖွဲ့ (USACE) တို့ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

စစ်အင်ဂျင်နီယာအဖွဲ့က စတားလုံး၏ တင်ပြမှုနှင့်စပ်လျဉ်းပြီး ဒေသခံတို့ကို အကြောင်းကြားကာ သဘောထား မှတ်ချက်တောင်းခံသည့် အကြောင်းကြားစာတွင် အဆိုပါစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ လှေစီးသူတို့ နေအိမ်အနီး မလာစေရန်ဖြစ်ပြီး ရေမှော်မှာ ဒုတိယရည်ရွယ်ချက်သာဖြစ်ကြောင်း ဖော်ပြသည်။

FDEP က စတားလုံး၏ လျှောက်ထားမှုနှင့်စပ်လျဉ်းပြီး ဒေသခံများထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ခရစ္စမတ်နေ့ ညနေ ၅ နာရီအထိ သဘောထားမှတ်ချက် တင်ပြနိုင်ကြောင်း ဖော်ပြထားသည်။

စတားလုံး၏ တင်ပြချက်တွင် အစိုးရပိုင် ရေအောက်ပိုင်နက်ကို ငှားရမ်းခွင့်ပြုရန် လျှောက်ထားခြင်းလည်း ပါဝင်သည်။အဘယ်ကြောင့်ဆိုလျှင် ရေအောက်အတားအဆီး ပြုလုပ်ရန်ဟူသည်မှာ ဖလော်ရီဒါပြည်နယ်က ပိုင်သော နိုင်ငံပိုင်ရေပိုင်နက်အတွင်း ပြုလုပ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။

“သူက လှပတဲ့ နေအိမ်တစ်လုံးကို ဝယ်ယူထားပါတယ်။ အဲဒီအိမ်က North End မှာ အလှဆုံးတွေထဲ ပါပါတယ်။ ဒီရေပြင်ကို ဘာကြောင့် ကာကွယ်ချင်လဲဆိုတာ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံပိုင် ရေပိုင်နက်တစ်ခုကို ကိုယ်တစ်ယောက်ထဲ ပိုင်တယ်၊ ဆိုင်တယ် လုပ်လို့ မရဘူးလေ” ဟု အိမ်နီးချင်းဖြစ်သူ Bradford Gary က ပြောသည်။

(Palm Beach မြို့ ၊ North End အရပ်၊ N Lake way အမှတ် ၁၄၈၀ တွင် တည်ရှိသော စတားလုံး၏ ကမ်းခြေစံအိမ်။ ဓာတ်ပုံ-ItSoldFL.com)

 

ယခုလျှောက်ထားမှုကို Celebrity wealth manager တစ်ဦးဖြစ်သူ Lester Knispel က Southpaw Trust ၏ ကိုယ်စားတင်ပြခဲ့ခြင်းဖြစ်သည်။

(မှတ်ချက်။ Southpaw Trust သည် စတားလုံး၏ နေအိမ်ဝယ်ယူရန်သက်သက်အတွက် တည်ထောင်ထား ခြင်းဖြစ်သည်။ Trustee မှာ Lester J. Knispel ဖြစ်သည်။Southpaw ဟူသော အမည်မှာ စတားလုံးက ဘယ်သန်ဖြစ်ခြင်းကို ရည်ညွှန်းထားခြင်းလည်း ဖြစ်သည်)

အိမ်ခြံမြေမှတ်တမ်းများအရ စတားလုံးက အဆိုပါစံအိမ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ဝယ်ယူခဲ့ရာ တွင် ကန်ဒေါ်လာ ၃၅ ဒသမ ၃၇၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။ နှစ်ထပ်အိမ်ဖြစ်ကာ ခြံဝန်းအတွင်း ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်ပြီး ကမ်းခြေအလျား ၂၆၂ ပေ ပိုင်ဆိုင်ထားသည်။

ပြည်နယ်မှတ်တမ်းများအရ စတားလုံးတင်ပြသည့် အတားအဆီးမှာ ရေပေါ်တွင် ၈ လက်မခန့် ပေါ်နေမည် ဖြစ်ပြီး ရေအောက်တွင် ၁၀ လက်မခန့် နစ်မြုပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

ထိုအတားအဆီးများကို နိုင်လွန်ကြိုးဖြင့် ရေအောက်ကြမ်းပြင်သို့ ဆက်သွယ်ကာ ထိန်းချုပ်ထားမည်ဖြစ်သည်။

ရေသတ္တဝါတို့သည် အတားအဆီး၏ အောက်ဘက် ရေအောက်တွင် လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်ပေးမည့် အင်ဂျင်နီယာက ဖလော်ရီဒါ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာန သို့ တင်ပြသော အီးမေးလ်တွင် ဖော်ပြသည်။

(စတားလုံးနှင့် ဇနီးဖြစ်သူ ဂျနီဖာ ဖလာဗင်တို့ကို ၂၀၂၂ ခုနှစ်အတွင်း Palm Beach တွင် တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- CAPEHART)

ယခုစီမံကိန်းကို ၂၀၂၂ ခုနှစ်ခန့်ကတည်းက စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဖလော်ရီဒါ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် စတားလုံး၏ ကိုယ်စားလှယ်အဖွဲ့က ပြည်နယ်အစိုးရထံ တရားဝင် လျှောက်ထားမှု စတင်ခဲ့သည်။

စစ်အင်ဂျင်နီယာအဖွဲ့သို့ တင်ပြမှုမှာ ယခုနှစ် သြဂုတ်လ ၁၆ ရက်တွင်ဖြစ်ကြောင်း Army Corps ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

Army Corps က စတားလုံး၏ လျှောက်ထားမှုအပေါ် အများပြည်သူတို့ အကြံပြုရန် သဘောထားတောင်းခံမှုကို အောက်တိုဘာ ၂၄ ရက်က စတင်လက်ခံခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ပိတ်သိမ်းခဲ့သည်။

အဆိုပါ သတိပေးစာကို Army Corps ၏ ဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားပြီး စတားလုံး၏ နေအိမ် တဖက်တချက်စီရှိ အိမ်နီးချင်း ၂ ဦးထံသို့မူ တိုက်ရိုက်ပေးစာပေးပို့ထားကြောင်း Army Corps ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အိမ်နီးချင်းတစ်ဦးဖြစ်သော Susan Gary နှင့် ခင်ပွန်းဖြစ်သူ Bradford တို့ကမူ စတားလုံး၏ စီမံကိန်းကို ကန့်ကွက်ကြောင်း လွှတ်တော်အမတ် Lois Frankel ထံ စာပေးပို့ထားသည့်အပြင် ပြည်နယ်အစိုးရထံလည်း ကန့်ကွက်စာ ပေးပို့ထားသည်။

စာရေးသား အကြံပြုမှုများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့ထံ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ မတိုင်မီ နောက်ဆုံးပေးပို့နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

(စတားလုံး၏ စံအိမ်နောက်ဘက်မြင်ကွင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်သည်။ ဓာတ်ပုံ-Damon Higgins/ Palm Beach Daily News)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Neighbors question Sylvester Stallone's request for seaweed barrier near Palm Beach home (palmbeachpost)

Photo Credit- Damon Higgins/ Palm Beach Daily News, CAPEHART, ItSoldFL

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service