ထိုင်းနိုင်ငံမှ ကော့ဟင်ဟမ်းကျွန်း၊ အနက်ရောင်ကျောက်စရစ်ခဲများနှင့် ထူးဆန်းသော ကျိန်စာ

ထိုင်းနိုင်ငံမှ ကော့ဟင်ဟမ်းကျွန်း၊ အနက်ရောင်ကျောက်စရစ်ခဲများနှင့် ထူးဆန်းသော ကျိန်စာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Dec 2024 11:49 am တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကော့ဟင်ဟမ်းကျွန်း။

ကြည်နူးဖွယ်ကောင်းသလို ကျောချမ်းဖွယ် ကောင်းသောနေရာ…။

ပင်လယ်ကမ်းခြေ နေခြည်အောက်တွင် အဖြူနှင့် အနက် ကျောက်စရစ်ခဲများ ပြန့်ကျဲကာ တောက်ပနေမှုမှာ ကျောက်သံပတ္တမြားများသဖွယ် မှတ်ထင်ရသည်။

ကော့ဟင်ဟမ်းကျွန်းမှာ ရင်သပ်ရှုမောဖွယ်အလှတရားကို ပိုင်ဆိုင်ထားသော်လည်း ကျွန်း၏ ကြောက်မက်ဖွယ် ကျိန်စာကို ကျွန်းပေါ်သို့ ခြေချဖူးသူတိုင်း သိထားကြသည်။

အောင်မြင်သော ယောက်ျားတိုင်း၏ နောက်ကွယ်တွင် အမျိုးသမီးတစ်ဦးရှိသည်ဟူသော စကားကဲ့သို့ပင်။

ယခုကျွန်းတွင် သာယာရှုမောဖွယ်အလှတရားရှိသော်လည်း နောက်ကွယ်တွင် ကြောက်မက်ဖွယ် နတ်ဆိုးတို့က သင့်အား စောင့်ကြည့်နေသည်။

ကော့ဟင်ဟမ်းကျွန်းတွင် ငါးမန်းများမရှိ၊ မြွေများမရှိ။ သို့သော် ကျိန်စာတစ်ခု ရှိနေသည်။

လူမနေသော ခြောက်ခြားဖွယ် ကော့ဟင်ဟမ်းကျွန်းသို့ သွားလိုပါက လိုက်ပို့ပေးမည့် လှေတစ်စီး ရှာရန် လိုသည်။

အနီးရှိ Koh Lipe ကျွန်းတွင် လှေသမားများရှိသည်။

သို့သော် သင့်ကို လိုက်ပို့ရန် လက်ခံမှသာ သွားရောက်နိုင်မည်ဖြစ်၏။ လှေဖြင့် သွားရသောခရီးမှာ မိနစ် ၂၀ ခန့် ကြာသည်။

((ဟိုမှာ..သည်မှာ ကျောက်ခဲများက နေရာတကာ))

ကျောက်စရစ်ခဲများ အတိပြီးသော ကမ်းခြေသို့ ဆိုက်ကပ်သည်နှင့် သင်အမောပြေသွားမည် ဖြစ်သည်။

ကျွန်းပေါ်သို့ လှည့်ပတ်ကြည့်ရှုကာ လူမှုကွန်ရက်တွင် တင်ရန် ဓာတ်ပုံလှလှလေးများ ရိုက်ကူးနိုင်ပါသည်။

သို့သော် ကျွန်းပေါ်တွင် နေထိုင်လည်ပတ်သွားလာရာတွင် သတိပေးတားမြစ်ချက်များအား ပေါ့ပေါ့တန်တန် သဘောမထားရန်လိုအပ်သည်။

ကျွန်းပေါ်တွင် တွေ့ရသော ကျောက်ခဲများကို ယူဆောင်လာခြင်း မပြုမိရန် အရေးကြီးသည်။

ထိုင်းရိုးရာ တာရုတောင် နတ်မင်းက သင့်အား စောင့်ကြည့်နေသောကြောင့် သတိထားသည်မှာ ကောင်းပါသည်။

တာရုတောင် နတ်မင်းက ကျွန်းကို ကျိန်စာတိုက်ထားသည်ဟု ဆိုသည်။

ကျွန်းပေါ်သို့ လာရောက်လည်ပတ်သူတို့သည် ကျောက်စရစ်ခဲများ ယူဆောင်သွားပါက ထာဝရ ကျိန်စာသင့်မည်ဟု ဆိုကြသည်။

ကျွန်းပေါ်မှ ကျောက်ခဲများ ယူဆောင်သွားခြင်းသည် တာရုတောင်နတ်မင်းကို မလေးမစားပြုရာကျပြီး ဘဝတစ်သက်တာလုံး ကံဆိုးမိုးမှောင်ကြမည်ဟု ယုံကြည်ကြသည်။

မည်သူမှ ကံကြမ္မာဆိုးနှင့် ရင်မဆိုင်လိုကြချေ။

ဂရုမစိုက်ဘဲ ကျောက်စရစ်ခဲများ ယူဆောင်သွားသူတို့မှာ ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ကြရလေ့ရှိကြပြီး ၎င်းတို့ယူဆောင်သွားသော ကျောက်ခဲများကို ကော့ဟင်ဟမ်းကျွန်းသို့ စာတိုက်မှတဆင့် ပြန်လည်ပို့ပေးကြသည်။

မိမိတို့ ရင်ဆိုင်နေရသော ကံကြမ္မာဆိုးများ ပြယ်လွင့်စေရန် ရည်ရွယ်ကာ ကျွန်းပေါ်မှယူသွားသော ကျောက်ခဲများ ပြန်ပို့ပေးကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသားပန်းဥယျာဉ်များဌာနသည် ကျောက်တုံးများ၊ ကျောက်စရစ်ခဲများ ပါဝင်သည့်အိတ်များ နှစ်စဉ် လက်ခံရရှိနေသည်။

● ကော့ဟင်ဟမ်းကျွန်း၏ တည်နေရာ ကိုသြဒိနိတ်- 6.5150, 99.2624 ● အနီးဝန်းကျင်မှ အထင်ကရနေရာများ

- Kota Mahsuri (၃၇ မိုင်) (၁၈ ရာစုနှောင်းပိုင်းက မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် နေထိုင်ခဲ့သော Mahsuri အမည်ရှိ မိန်းကလေး၏ ဂူသင်္ချိုင်းဖြစ်သည်။ ဒဏ္ဍာရီများအရ Mahsuri သည် အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲခံရကာ ဓားဖြင့်ထိုးကာ ကွပ်မျက်ခံခဲ့ရသည်ဟု ဆိုသည်။ ယခုအခါ သူ၏ ဂူသင်္ချိုင်းမှာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ရာနေရာဖြစ်လာသည်)

- Langkawi Sky Bridge- (၃၈ မိုင်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Koh Hingham: Where the good old souvenir is accompanied by a curse (medium)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service