စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ

စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
17 Dec 2024 11:34 am တွင် တင်ခဲ့သည်
510 ကြိမ် ကြည့်ရှု့ပြီး

ဘောလုံးကြယ်ပွင့် စီရော်နယ်ဒို၊ ရက်ပ်အဆိုတော် Kanye West တို့နှင့် တွဲခဲ့ဖူးပြီး ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့် Bradley Cooper နှင့် သမီးတစ်ယောက်ရခဲ့သော ရုရှား စူပါမော်ဒယ် အီရီးနား ရှိတ်ခ် (Irina Shayk) သည် နယူးယောက်မြို့ ၊ West Village ရှိ နေအိမ်ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ ပေးလာသည်။

Perry လမ်း၊ အမှတ် ၁၆၆ တွင်ရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်သည်။

ယခုနှစ် ဇွန်လအတွင်း အရောင်းဈေးကွက်တင်ခဲ့ချိန်က ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဈေးခေါ်ခဲ့ပြီး ယခုတိုင် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ ဒသမ ၂၉ သန်းသို့ ဈေးလျှော့ပေးလာသည်။

အီရီးနား ရှိတ်ခ်သည် Sports Illustrated ၏ cover model ဖြစ်ခဲ့ပြီး လူမှုကွန်ရက်တွင် follower ၂၃ ဒသမ ၇ သန်း ရှိသူ ဖြစ်သည်။

အီရီးနား ရှိတ်ခ်က ပထမထပ်တွင်တည်ရှိသော duplex ခန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အီရီးနားသည် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် တွဲနေချိန်လည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် စီရော်နယ်ဒိုနှင့် လမ်းခွဲခဲ့ပြီးနောက် ထိုနှစ်အတွင်းတွင်ပင် ဟောလိဝုဒ် ရုပ်ရှင်မင်းသား Bradley Cooper နှင့် တွဲခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Cooper နှင့်ရသော သမီးငယ် လီယာကို မွေးဖွားသည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

(အီရီးနား ရှိတ်ခ်။ ဓာတ်ပုံ-Getty Images)

 

(Duplex ခန်းဖြစ်ပြီး အခန်းဖွင့်ခင်းကျင်းထားသော မီးဖိုဆောင်၊ ညစာစားခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-St.Squarefoot advisors Inc.)

 

(အေးချမ်းသော အိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ-St.Squarefoot advisors Inc.)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-St.Squarefoot advisors Inc.)

 

(spa အသွင် ရေချိုးခန်းပါသော အိပ်ခန်း။ ဓာတ်ပုံ-St.Squarefoot advisors Inc.)

 

အခန်းအကျယ် ၂၄၅၀ စတုရန်းပေရှိပြီး ပထမထပ်မှ စတင်ဝင်ရောက်လျှင် အဝင်ခန်းမငယ်တစ်ခုသို့ ရောက်မည်ဖြစ်ပြီး ထိုမှတဆင့် အိမ်တွင်းရုံးခန်းနှင့် ဧည့်သည်များအတွက် အိမ်သာတို့ ရှိသည်။

နယူးယောက်မှ ဒီဇိုင်နာ Laura Kirar အသေးစိတ်ပုံဖော်ပေးထားသော မီးဖိုဆောင်နှင့် ညစာစားခန်းတို့လည်း ရှိသည်။

ပင်မအိပ်ခန်းတွင် spa အသွင်ရေချိုးခန်းနှင့် walk-in closet တို့ ပါဝင်သည်။

၁၁ ပေကျော် မြင့်မားသော မျက်နှာကြက်များ၊ ဝက်သစ်ချသား ကြမ်းခင်းများ၊ ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော မှန်ပြတင်းများ၊ ရေချိုးခန်းတွင် အပူပေးစနစ်ပါ ကြမ်းပြင်များ ပါဝင်သည်။

အိပ်ခန်းနှင့် ဧည့်ခန်းကို အလျား ၁၀ ပေရှိ လျှောထိုးမှန်တံခါးဖြင့် ခြားနားထားသည်။

(Sports Illustrated မဂ္ဂဇင်း မျက်နှာဖုံးတွင် ဖော်ပြခံရပုံ။ ဓာတ်ပုံ-Honda Davaine)

 

(လူမှုကွန်ရက်တွင် Follower ၂၃ ဒသမ ၇ သန်း ရှိသည်။ ဓာတ်ပုံ-Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian supermodel Irina Shayk sheds $1M off the price of her NYC perch (nypost)

Photo Credit- Honda Davaine, Getty Images, St.Squarefoot advisors Inc

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service