သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး - Property News in Myanmar from iMyanmarHouse.com
13 Dec 2024 11:45 am တွင် တင်ခဲ့သည်
693 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောက်လုပ်ထားသော သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟု ပြောကာ ငွေကြေး လိမ်လည်မှုများ ရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) က လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေးထုတ်ပြန်ထားသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ပြန်လည်အငှားချထားမှုများပေါ်ပေါက်နေကြောင်းလည်း အိမ်ရာတွင် နေထိုင်သူအချို့က ပြောသည်။

လူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးတစ်ဦးက ပြောသည်မှာ “ဟုတ်ပါတယ်။ အငှားအိမ်ရာပါဆိုတာကို အရောင်းအဝယ် ပွဲစားတွေက ရောင်းဝယ်ငှား လုပ်နေကြပါတယ်။ တချို့ ဖေ့စ်ဘုတ် ဂရု အက်ဒမင်တွေကိုယ်တိုင် ဖုန်းနံပါတ်တွေတင်ပြီး ပွဲစားလုပ်နေပါတယ်။ ဝယ်ချင်တဲ့သူတွေကလဲ လာလာမေးကြတယ်။ အငှားအိမ်ရာပါဆိုမှ။ ပိုက်ဆံချမ်းသာရင်လည်း တခြားမှာ သွားဝယ်ကြပါ။ ကျွန်မတို့ဆို အိမ်ပိုင်လည်းမရှိဘူး။ ငှားနေရတာ နှစ်ဆယ်ချီ ကြာနေပြီ။ မဲနှိုက်ရမယ့် စာရင်းထဲတောင် မပါဘူး။ တချို့ အိမ်ပိုင်ရှိသူတွေတောင် မဲပေါက်နေကြပါတယ်။ အသက်တွေလည်း ကြီးနေပါပြီ။ အခန်းရဖို့ စောင့်ရင်းနဲ့ စိတ်ကုန်လာပါတယ်။ ဘယ်သူ့ကို တိုင်ရမလဲ မသိလို့ပါ” ဟု မှတ်ချက်ပြုသည်။

မြဝတီကဲ့သို့ အလွန်ဝေးကွာသော မြို့များတွင် နေထိုင်သူများပင်လျှင် သုခဒဂုံအငှားအိမ်ရာတွင် လမ်းစရိတ်များစွာ အကုန်အကျခံကာ လာရောက်လျှောက်ထားကြကြောင်း သိရသည်။

Dar Dar အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “အိမ်ပိုင် ကားပိုင်တွေနဲ့ လာနေတဲ့သူတွေ အများကြီးနော်။ ရွှေတဝင်းဝင်းနဲ့။ ပြောလိုက်ရင် စကားတွေက အကြီးကြီးတွေ။ အဆင်မပြေတဲ့သူတွေကို ငှားတာဆို…။ သေချာပြန် စိစစ်သင့်ပါတယ်” ဟု မှတ်ချက်ပြုသည်။

Ei Thazin အကောင့်က “ကိုယ်တွေမှာ နေစရာ မရှိလို့ပါဆို မပေါက်ဘူး။ ပေါက်တဲ့သူတွေက တကယ်နေတာလဲမဟုတ်။ ကိုယ်တွေနားကပဲ မို့လိုသိတာ။ သေချာ စိစစ်သင့်တယ်” ဟု မှတ်ချက်ပေးသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ်သည်။

နေရေး အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား မဲဖောက်ရွေးချယ် ငှားရမ်းပေးခြင်းဖြစ်သည်။

သုခဒဂုံအငှားအိမ်ရာတွင် စုစုပေါင်း တိုက် ၁၉၄ လုံး ပါဝင်သည်။

ဆောက်လုပ်ပြီးစီးသော အခန်းများကို ငှားရမ်းနေထိုင်ခွင့်ပြုလျက်ရှိရာ ပထမဆင့် တိုက် ၇၃ လုံး၊ ဒုတိယဆင့် တိုက် ၅၀ လုံးတို့ကို ငှားရမ်းပေးခဲ့ပြီးဖြစ်ကာ တတိယဆင့် တိုက် ၇၁ လုံးကို ဆောက်လုပ်ပြီးစီးမှုအလိုက် ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

အငှားအိမ်ရာတွင် လျှောက်ထားလိုသူများအတွက် စည်းကမ်းချက် ၂၃ ချက် ချမှတ်ထားရာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ လျှောက်ထားသူနှင့် ယင်း၏ အတူနေမိသားစုဝင်အားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

၂။ လျှောက်ထားသူသည် အသက် ( ၁၈ ) နှစ်ပြည့်ပြီးသူဖြစ်ရမည်။

၃။ လျှောက်ထားသူသည် မိသားစုဝင်ငွေနည်းပါး၍ နေရေးအခက်အခဲရှိသူဖြစ်ရ မည်။

၄။ လျှောက်ထားသူနှင့် ယင်း၏အတူနေ မိသားစုဝင်အားလုံးသည် နိုင်ငံတော်မှ သတ်မှတ်ထားသော ဥပဒေဘောင်အတွင်း နေထိုင်ပြီး ပြစ်မှုကင်းရှင်းသူများဖြစ်ရမည်။

၅။ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အိမ်ငှား နေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အိမ်၊ မြေပိုင်ဆိုင်ထားသူ မဖြစ်စေရ။

၆။ လျှောက်ထားသူ ကိုယ်တိုင်သော် လည်းကောင်း၊ အတူနေထိုင်သူ မိသားစုဝင် တစ်ဦးဦးသော် လည်းကောင်း သက်ဆိုင်ရာမြို့နယ် (သို့မဟုတ်) နီးစပ်မှုရှိသည့် အခြားမြို့နယ်တစ်ခုခုရှိ ပြည်သူ့ အငှားအိမ်ရာ တစ်ခုခုတွင် ငှားရမ်းနေထိုင်ခွင့် ချထားပေးခြင်း ခံရပြီးသူ မဖြစ်စေရ။

၇။ အိမ်ငှားရမ်းခြင်းသက်တမ်းမှာ (၅)နှစ်ဖြစ်ပြီး (၅)နှစ်နေထိုင်ပြီးပါက အိမ်ခန်း ပြန်လည် အပ်နှံရမည်ကို သိရှိလိုက်နာသူဖြစ်ရမည်။

၈။ ပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ကို လျှောက်ထားသူ၏ဝင်ငွေပေါ် မူတည်၍ ဝင်ငွေနှင့် ကိုက်ညီသော အိမ်ခန်းတွင်နေထိုင်နိုင်သူဖြစ်ရမည်။

၉။ ငှားရမ်းမည့် အိမ်ခန်းအကျယ်အဝန်းမှာ (၅၈၈)စတုရန်းပေဖြစ်ပြီး အိမ်လခကို လစဉ် မပျက်မကွက် ပေးသွင်းနိုင်သူဖြစ်ရမည်။

၁၀။ (၁)လ ငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) ပထမထပ်ငှားရမ်းခ ( ၆၇၀၀ဝိ/-) ကျပ် ( ခ ) ဒုတိယထပ်ငှားရမ်းခ ( ၆၀၀၀ဝိ/-) ကျပ် ( ဂ ) တတိယထပ်ငှားရမ်းခ ( ၅၅၀၀ဝိ/-) ကျပ် (ဃ) စတုတ္ထထပ်ငှားရမ်းခ ( ၄၆၀၀ဝိ/-) ကျပ်

၁၁။ လျှောက်ထားသူသည် ငှားရမ်းခွင့်ရရှိပါက (၃)လ ငှားရမ်းခနှင့်ညီမျှသော ငှားရမ်းခ အာမခံငွေကို ကြိုတင်ပေးသွင်းနိုင်သူဖြစ်ရမည်။

၁၂။ သတ်မှတ်ထားသော ငှားရမ်းခကို လစဉ်မပျက်မကွက် ပေးသွင်းရန်နှင့် ပေးသွင်းရန်ကာလ (၃)လထက် ကျော်လွန်ပျက်ကွက်ပါက အိမ်ခန်းမှဖယ်ရှားခြင်းခံရမည်။

၁၃။ အိမ်ရာအတွင်း အများနှင့်သက်ဆိုင်သော လျှပ်စစ်မီး၊ မီတာခ၊ သန့်ရှင်းရေး ၊ ရေရရှိရေး၊ လုံခြုံရေး၊ စသည့် အခွန်အခများနှင့် အိမ်ရာကော်မတီမှကောက်ခံသော အိမ်ရာနှင့်ပတ်သက်သည့် ရန်ပုံငွေအခွန်အခများကို မပျက်မကွက်ပေးဆောင်နိုင်သူ ဖြစ်ရမည်။

၁၄။ အိမ်ခန်းကို လူနေထိုင်ရန်အတွက်သာ အသုံးပြုရမည်။ ငှားရမ်းနေထိုင်စဉ်ကာလအတွင်း အိမ်ငှားဦးစီးသည် ဝန်ထမ်းဖြစ်ပြီး ၎င်း၏မိခင်ဌာနက စီစဉ်ပေးသည့် အိမ်ခန်းတွင် နေထိုင်ခွင့်ရရှိပါက (သို့မဟုတ်) ပုဂ္ဂလိကစက်ရုံအိမ်ရာတွင် နေထိုင်ခွင့်ရရှိပါက ဦးစီးဌာနက ငှားရမ်းခွင့် ပြုထားသော အိမ်ခန်းကို ပြန်လည်အပ်နှံရမည်။

၁၅။ ငှားရမ်းနေထိုင်ခွင့်ရသူသည် တင်ပြထားသည့် အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်း မရှိသူများကို အိမ်ခန်းတစ်ခုလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း တစ်ဆင့် ငှားရမ်းခြင်း၊ အတူနေထိုင်ခြင်း၊ လွှဲပြောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပါမည်။

၁၆။ ငှားရမ်းနေထိုင်ခွင့်ပြုထားသော အိမ်ခန်း၏ အရှေ့ ၊ အနောက်နှင့် ဘေးတွင်ရှိသော မြေပြင် ပေါ်တွင် အဖီအဆွယ်ထုတ်ခြင်း၊ အိမ်ခန်းအတွင်း၊ အပြင်နံရံများအားဖောက်၍ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ပြုပြင်ဆောက်လုပ်ခြင်း၊ ဝရန်တာအား အခန်းဖွဲ့ကာရံခြင်း၊ အိမ်ခန်းအတွင်း ထပ်ခိုးအထပ်ပြုလုပ်ခြင်းများကို လုံးဝဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည့်အပြင် အိမ်ခန်းမှ ဖယ်ရှားခြင်းခံရမည်။

၁၇။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်သူ့အငှားအိမ်ရာသာယာရေးကော်မတီတို့မှ သတ်မှတ်ထုတ်ပြန်သော စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာနိုင်သူဖြစ်ရမည်။

၁၈။ အိမ်ခန်းငှားရမ်းခွင့်လျှောက်ထားသူများသည် အိမ်ခန်းတွင် နေထိုင်သည့်အိမ်ငှားဦးစီးနှင့် အတူနေ မိသားစုဝင်များသည် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်သည့် ပြစ်မှုတစ်စုံတစ်ရာကိုသော် လည်းကောင်း၊ အခါအားလျော်စွာ ထုတ်ပြန်သောအမိန့် နှင့် ညွှန်ကြားချက်များကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ပါက အိမ်ခန်းမှ အမြန်ဆုံး ဖယ်ရှားသိမ်းယူခြင်းခံရမည်။

၁၉။ ငှားရမ်းပေးမည့် အိမ်ခန်းအရေအတွက်ထက် အိမ်ခန်းလျှောက်ထားသူအရေအတွက်က ပို၍များ နေပါက နေထိုင်ရန်ပိုမို၍အခက်အခဲရှိနိုင်သူများကို အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက အတည်ပြုရွေးချယ်မည်ဖြစ်သည်။ ကော်မတီ၏ အတည်ပြုရွေးချယ်ခြင်းသည် အတည်ဖြစ်သည်။

၂၀။ လျှောက်လွှာတွင် ပတ်(စ်)ပို့ဓါတ်ပုံ ကပ်ပေးရမည်။ (ပုံနောက်တွင် အမည်နှင့် မှတ်ပုံတင်နံပါတ် ရေးသားရန်)

၂၁။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူပူးတွဲတင်ပြရန်။

၂၂။ အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အတွင်းနေထိုင်ကြောင်း၊ အိမ်ငှားနေထိုင်သူ ဖြစ်ကြောင်း (သို့) ဆွေမျိုးအိမ်တွင် နေထိုင်သူဖြစ်ကြောင်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်) ပူးတွဲတင်ပြရန်။

၂၃။ အချက်အလက်များ မှားယွင်းစွာဖြည့်သွင်းတင်ပြခြင်း၊ လိမ်လည်တင်ပြခြင်းများ တွေ့ရှိရပါက လျှောက်ထားသူစာရင်းမှ ပယ်ဖျက်ပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service