ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ်

ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
9 Dec 2024 11:06 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ပင်လယ်သမုဒ္ဒရာတို့တွင် သန္တာကျောက်တန်းများစွာရှိနေပြီး ယင်းတို့သည် ကျွန်ုပ်တို့ ကမ္ဘာမြေ၏ ရတနာများဖြစ်ကာ များစွာသော ပင်လယ်သတ္တဝါတို့အတွက် ခိုလှုံရာလည်း ဖြစ်သည်။

ယခုအခါ သိပ္ပံပညာရှင်တို့က ဆော်လမွန်ကျွန်းစုတွင် တစ်ကမ္ဘာလုံး၌ အကြီးမားဆုံးသော သန္တာကောင်ကြီး (သို့မဟုတ်) သန္တာကောင်အသိုက်အုံကို ရှာဖွေတွေ့ရှိခဲ့သည်။

သန္တာကောင်သည် ၎င်းနှင့်မျိုးဗီဇထပ်တူ တူညီသောသန္တာကောင်တို့ကို ဖန်တီးထုတ်လုပ်ရာမှ သန္တာကောင်အသိုက်အုံဖြစ်တည်လာသည်။ တစ်ကောင်နှင့် တစ်ကောင်ကြား အမြှေးပါးဖြင့် ဆက်သွယ်ထားသည်။

နှစ်ရာထောင်ချီကြာမြင့်လျှင် သန္တာကောင် အသိုက်အုံများမှာ အလွန်ကြီးထွားလာသည်။ သန္တာကောင် အသိုက်အုံများအချင်းချင်း ပေါင်းစည်းသွားမိချိန်တွင် သန္တာကျောက်တန်းများ ဖြစ်ထွန်းလာသည်။

တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းစုအုပ်စုဖြစ်သော ဆော်လမွန်ကျွန်းစု၏ နွေးထွေးသော ပြာလဲ့လဲ့ရေပြင်အောက်တွင် ကမ္ဘာ့အကြီးမားဆုံး ပင်လယ်သတ္တဝါ (သို့မဟုတ်) သန္တာကောင်အသိုက်အုံ ရှိနေသည်။

အရွယ်အစားမှာ အကြမ်းဖျင်းပြောရလျှင် ဘတ်စ်ကက်ဘောကွင်း ၂ ကွင်းစာခန့်ရှိသည်။

ဆော်လမွန်ကျွန်းစုတွင် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က သုတေသနပညာရှင်များနှင့် ရုပ်ရှင်ဒါရိုက်တာများ တွေ့ရှိခဲ့ကြသည်မှာ ကမ္ဘာ့အကြီးမားဆုံး သန္တာကောင်အသိုက်မြုံကြီး ဖြစ်သည်။

သန္တာကောင်အသိုက်မြုံတွင် မျိုးဗီဇထပ်တူညီသော သန္တာကောင် သန်းနှင့်ချီကာရှိနေပြီး အလျား ၁၀၄ ပေ၊ အနံ ၁၁၁ ပေ၊ အမြင့် ၁၈ ပေရှိသည်။

အရွယ်အစားကြီးမားလှသောကြောင့် ကောင်းကင်မှပင် တွေ့မြင်နိုင်သည်။

သုတေသနပညာရှင်များ ထုတ်ပြန်ခဲ့သော ဓာတ်ပုံများအရ Pavona clavus မျိုးစိတ်သန္တာကောင် အသိုက်မြုံ သည် အဖုလေးများ စုဝေးနေသော အညိုရောင် တောင်ပူစာတစ်ခုသဖွယ် ဖြစ်သည်။

အနီးကပ်ဓာတ်ပုံများအရ အဝါ၊ အစိမ်းနှင့် ခရမ်းရောင်တို့ဖြင့် အသွေးစုံလင်သည်ကို တွေ့ရသည်။

သန္တာကောင်တို့၏ ပုံတူမျိုးပွားမှုနှုန်းမှာ အလွန်နှေးကွေးရာ ယခုသန္တာအသိုက်၏ အရွယ်အစားအရ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဟု ခန့်မှန်းနိုင်သည်။

(ရေငုပ်သမားကို ကြည့်လျှင် သန္တာအသိုက်ကြီး၏ အရွယ်အစားကို ခန့်မှန်းကြည့်နိုင်သည်။ ဓာတ်ပုံ-Manu San Felix/ National Geographic Pristine Seas)

 

(အနီးကပ်ဓာတ်ပုံကို ကြည့်လျှင် ပင်လယ်ရေသတ္တဝါများ သန္တာအသိုက်ဆီတွင် ပေါက်ဖွားကျက်စားနေသည်ကို တွေ့နိုင်သည်။ ဓာတ်ပုံ-Manu San Felix/ National Geographic Pristine Seas)

“ဒီလို အလွန်ထူးခြားတဲ့အရာမျိုးကို တွေ့ခွင့်ရတာဟာ အိပ်မက်လိုပါပဲ” ဟု ရေအောက်ဓာတ်ပုံဆရာ၊ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သူ Manu San Felix က Vox သတင်းဌာနသို့ ပြောသည်။

ဆော်လမွန်ကျွန်းစုရှိ ရေအောက် သန္တာသိုက်ကြီးကို ပထမဆုံးတွေ့ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သောလအတွင်း တွေ့ခဲ့ခြင်း ဖြစ်သည်။

“နပိုလီယံ သက်ရှိထင်ရှားရှိခဲ့တဲ့အချိန်ကတည်းက ဒီအရာ တည်ရှိနေခဲ့တာဖြစ်ပါတယ်”

National Geographic အတွက် Malaulalo အမည်ရှိ ကျွန်းတစ်ကျွန်းအနီး ရုပ်ရှင်ရိုက်ကူးနေစဉ် ယခုသန္တာသိုက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists just discovered a sea creature as large as two basketball courts. Here’s what it looks like. (vox)

Photo Credit- Manu San Felix/ National Geographic Pristine Seas

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service