ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆိုင်ဝန်ထမ်း အသက် ၇၄ နှစ်အရွယ် အဘိုးအိုအကြောင်း

ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆိုင်ဝန်ထမ်း အသက် ၇၄ နှစ်အရွယ် အဘိုးအိုအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2024 11:35 am တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

နယူးယောက်မြို့တွင် တရုတ်ပြည်မှ လုပ်ငန်းရှင်တစ်ဦးက နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီးတစ်လုံး (အနုပညာပုံဖော်မှုဟုဆိုသည်) ကို ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံဆွဲ ဝယ်ယူခဲ့၏။

ငှက်ပျောသီးတစ်လုံးကို ဒေါ်လာ ၆ သန်းကျော်ပေးကာ ဝယ်ယူပြီး စားပြလိုက်သော လုပ်ငန်းရှင်၏ အမည်မှာ ဂျပ်စတင် ဆွန်း ဖြစ်သည်။

ငှက်ပျောသီးကို တိပ်ဖြင့် နံရံတွင်ကပ်ထားကာ အနုပညာပုံဖော်မှုပြုလုပ် လေလံတင်ခဲ့သည့်နေရာမှာ နယူးယောက်ရှိ Sotheby’s ၏ ရုံးတွင် ဖြစ်ပြီး ငှက်ပျောသီးရောင်းချပေးလိုက်သည်မှာ ရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော လမ်းဘေးသစ်သီးဆိုင်မှ ဖြစ်ကာ တစ်လုံးလျှင် ၂၅ ပြား (25 Cents) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သစ်သီးဆိုင်ဝန်ထမ်းအဘိုးအိုမှာ သူ၏ဆိုင်မှ ၂၅ ပြားဖြင့် ဝယ်သွားသော ငှက်ပျောသီးမှာ ဒေါ်လာ ၆ သန်းကျော်ဖြင့် အရောင်းအဝယ်ဖြစ်သွားသည်ကို သိရချိန်တွင်များစွာ တုန်လှုပ်သွားခဲ့သည်ဟု ဆိုသည်။

ယခုအခါ နယူးယောက်မြို့သားများနှင့် ငှက်ပျောသီးကို ဒေါ်လာ ၆ သန်းကျော် ပေးကာ ဝယ်စားခဲ့သော လုပ်ငန်းရှင်တို့က အဘိုးအိုအား ပံ့ပိုးကူညီမှုများပေးရန် လုပ်ဆောင်နေကြသည်။

အဘိုးအို၏ အမည်မှာ ရှားအလမ်ဟု ခေါ်ပြီး နယူးယောက်မြို့၊ Upper East Side ရှိ Sotheby’s လေလံရုံးအပြင်ဘက် လမ်းဘေးသစ်သီးဆိုင်တွင် အလုပ်လုပ်သူဖြစ်ကာ တစ်နာရီလျှင် ၁၂ ဒေါ်လာ ရသည်။

အီတလီမှ installation အနုပညာရှင် Maurizio Cattelan က အဘိုးအို၏ဆိုင်မှ ငှက်ပျောသီးကို ဝယ်ယူကာ နံရံတွင် မိုးကာတိပ် (duct tape) ဖြင့်ကပ်ပြီး အနုပညာတင်ဆက်မှု ပြုလုပ်ခဲ့ရာတွင် သူ၏လက်ရာကို Comedian ဟု အမည်ပေးခဲ့သည်။

 (Sotheby’s ရုံးတွင် ပြခန်းနံရံ၌ မိုးကာတိပ်ဖြင့် ကပ်ထားသော ငှက်ပျောသီးတစ်လုံးကို ကန်ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည်။ ဓာတ်ပုံ-AFP via Getty Images)

 

လေလံပွဲတွင် မိုးကာတိပ်ကပ်ထားသော ငှက်ပျောသီးကို ဒေါ်လာ ၈၀၀,၀၀၀ ဈေးပေးကာ လေလံစဖွင့်ခဲ့သည်။

ထို့နောက် လေလံပွဲစတင်ပြီး ၅ မိနစ်အတွင်း တရုတ်ပြည်မှ Cyrptocurrency ကုမ္ပဏီပိုင်ရှင်က လေလံအောင်သွားခဲ့သည်။

ငှက်ပျောသီးအတွက် ဒေါ်လာ ၅ ဒသမ ၂ သန်းအပြင် လေလံကုမ္ပဏီကို ဒေါ်လာ ၁ သန်းကျော် ပေးရသည်။

သစ်သီးဆိုင်မှ ဝန်ထမ်းအဘိုးအို ရှားအလမ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး မျက်စိအလွန်မှုန်ကာ အင်္ဂလိပ်စကား ထမင်းစားရေသောက်မျှသာ ပြောတတ်သည်။

နယူးယောက်တိုင်းမ်သတင်းစာကြီးမှ သတင်းထောက်တစ်ဦးက အဘိုးအိုရှားအလမ်ကို ငှက်ပျောသီးလေလံပွဲ အကြောင်းပြောပြလိုက်ရာ မိမိထံမှ ၂၅ ပြားဖြင့် ဝယ်သွားသော ငှက်ပျောသီးမှာ ကြောက်ခမန်းလိလိ ဈေးနှုန်းဖြင့် ပြန်လည်ရောင်းထွက်သွားမှုအပေါ် အဘိုးအို ရှားအလမ် နားမလည်နိုင်ခဲ့။

ထိုသတင်းကို ကြားရချိန်တွင် အဘိုးအိုမှာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ကြောင်း Sotheby’s ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

“ကျွန်တော် ဆင်းရဲသားတစ်ယောက်ပါ။ ဒီလောက်များတဲ့ ငွေဆိုတာ ကျွန်တော် မြင်တောင် မမြင်ဖူးပါဘူး” ဟု အဘိုးအို ရှားအလမ်က နယူးယောက်တိုင်းမ် သတင်းထောက်အား ဘင်္ဂါလီစကားဖြင့် ကြေကွဲစွာ ပြောသည်။

(Installation artist ဖြစ်သူ Maurizio Cattelan သည် Sotheby’s ရုံးအပြင်ဘက်ရှိ လမ်းဘေးသစ်သီးဆိုင်တွင် တစ်နာရီလျှင် ၁၂ ဒေါ်လာဖြင့် အလုပ်လုပ်ရသော အဘိုးအိုထံမှ ငှက်ပျောသီးတစ်လုံး ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Reuters)

 

(Maurizio က ငှက်ပျောသီးအား မိုးကာတိပ်ဖြင့် ကပ်ထားသည့် installation လက်ရာကို Comedian ဟု အမည်ပေးခဲ့သည်။ ဓာတ်ပုံ-Reuters)

အဘိုးအို ရှားအလမ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့မှ လာခဲ့သူဖြစ်ပြီး ယခင်က အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည်။

နယူးယောက်မြို့၊ Long Island တွင်ရှိနေသော သမီးနှင့် နီးကပ်စွာနေနိုင်ရန် ၂၀၀၇ တွင် အမေရိကန်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ဂျပ်စတင် ဆွန်းက အဘိုးအို ရှားအလမ်၏အကြောင်း သတင်းများတွင် သိရှိလာပြီးနောက်ပိုင်း အဘိုးအို၏ ဆိုင်မှ ငှက်ပျောသီး အလုံးရေ ၁၀၀,၀၀၀ ဝယ်ယူအားပေးမည်ဟု ကတိပြုသည်။

သို့သော် ငှက်ပျောသီးအလုံးရေ ၁၀၀,၀၀၀ ကို လမ်းဘေးဆိုင်လေးသို့ သယ်ယူရန်မှာ မလွယ်လှ။

သေတ္တာပေါင်း အလုံး ၁၀၀ စာ ရှိသည်။

 

(တရုတ်လူမျိုး crypto ငွေကြေးစီးပွားရေးလုပ်ငန်းရှင် Justin Sun မှ အဆိုပါ ငှက်ပျောသီးတစ်လုံးကို တိပ်ဖြင့်ကပ်ထားသော အနုပညာလက်ရာကို ဒေါ်လာ ၆.၂သန်းဖြင့် လေလံအောင်ခဲ့သည်။ ဓာတ်ပုံ- Courtesy Sotheby's)

 

(အဆိုပါ ငှက်ပျောသီးအနုပညာလက်ရာကို ကြမ်းခင်းဈေး ဒေါ်လာ ၁.၅ သန်းမျှဖြင့် လေလံစဖွင့်ခဲ့သော်လည်း ဈေးပြိုင်ပေးသူမျာကြား လေလံဈေးတိုးမြင့်လာခဲ့သည်။ ဓာတ်ပုံ- Nancy Kaszerman/ZUMA / SplashNews.com)

 

(Justin Sun သည် နယူးယောက်မြို့ရှိ Alam ၏သစ်သီးဆိုင်မှ ငှက်ပျောသီးပေါင်း တစ်သိန်း ကိုဝယ်ယူပြီး ကမ္ဘာအနှံ့ဖြန့်ဝေရန်စီစဉ်နေသည်။ ဓာတ်ပုံ- AFP via Getty Images)

 

ငှက်ပျောသီး အလုံး ၁၀၀,၀၀၀ ရောင်းချရမည်ဆိုပါက အမြတ်မှာ ဒေါ်လာ ၆၀၀၀ ခန့်ရှိသည်။

သို့သော် ဂျပ်စတင်ဆွန်း ဝယ်ယူအားပေးမည့် အမြတ်အစွန်းများမှာ ဆိုင်ပိုင်ရှင်သာ ရမည်ဖြစ်ပြီး ရှားအလမ်မှာ တစ်နာရီ ၁၂ ဒေါ်လာဖြင့် အလုပ်လုပ်ရသည့်အလုပ်သမားသာဖြစ်သောကြောင့် ရှားအလမ်ရရှိမည် မဟုတ်ချေ။

ရှားအလမ်၏ ဆိုင်ရှင်ဖြစ်သူ မိုဟာမက် အာရ် အစ္စလမ်ထံ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဂျပ်စတင်ဆွန်း ဝယ်ယူအားပေးမည့် ငှက်ပျောသီးများ၏ အမြတ်အစွန်းများကို ရှားအလမ်နှင့် မိမိ၏ သစ်သီးဆိုင် ၂ ခုမှ အလုပ်သမား ၆ ဦးကို ခွဲဝေပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

သို့သော် ယနေ့အထိ မိမိထံ ထိုမျှများပြားသည့်ပမာဏ ဝယ်ယူမည်ဟု ဆက်သွယ်လာသူတစ်ဦးမှ မရှိသေးကြောင်းလည်း ဆိုင်ရှင်က ပြောသည်။

ဂျပ်စတင်ဆွန်းက သူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်မှာ ရှားအလမ်ထံမှ ငှက်ပျောသီးများ ဝယ်ယူပြီးလျှင် ကမ္ဘာတစ်ဝန်းမှ ငှက်ပျောသီးစားလိုသူများထံ ဖြန့်ဝေပေးပို့သွားမည်ဟု ဆိုသည်။

(လေလံပွဲကို ဒေါ်လာ ၈သိန်းဖြင့် လေလံစဖွင့်ခဲ့သည်။ ဓာတ်ပုံ- Courtesy Sotheby's)

 

(၃၅ ဆင့်ဖြင့် သူရောင်းချခဲ့သောငှက်ပျောသီးမှာ ဒေါ်လာ ၆.၂ သန်းဖြင့်လေလံဆွဲအောင်ခဲ့ကြောင်းသိရသည့်အခါ Alam တစ်ယောက် ပြောစရာစကားပျောက်ဆုံးခဲ့ရသည်။ ဓာတ်ပုံ- Google Maps)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NYC fruit vendor, 74, who sold banana devastated after it became viral $6.2M artwork: ‘I am a poor man’ (nypost)

Photo Credit- AFP via Getty Images, Reuters

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service