လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရှာဖွေရာ နေအိမ်အောက်တွင် ဝတ်လစ်စလစ် အမျိုးသားတစ်ဦး နေထိုင်လျက်ရှိသည်ကို ဆန်းကြယ်စွာတွေ့ရှိ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရှာဖွေရာ နေအိမ်အောက်တွင် ဝတ်လစ်စလစ် အမျိုးသားတစ်ဦး နေထိုင်လျက်ရှိသည်ကို ဆန်းကြယ်စွာတွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2024 10:55 am တွင် တင်ခဲ့သည်
1145 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အဘွားအိုတစ်ဦးသည် သူ၏နေအိမ်အောက်မှ ထူးဆန်းသော အသံများကို လပေါင်းများစွာ ကြားနေခဲ့ရပြီး တိရ စ္ဆာန်တစ်ကောင်၏ အသံဟု မှတ်ထင်ခဲ့သော်လည်း ဝတ်လစ်စလစ် အမျိုးသားတစ်ဦးဖြစ်နေသည်ကို တွေ့ရှိရသည်။

လပေါင်းများစွာ ကြားနေရသောအသံမှာ လမ်းဘေးခွေးတစ်ကောင် (သို့မဟုတ်) တောရိုင်းသတ္တဝါ တစ်ကောင်၏ အသံဖြစ်နိုင်ကြောင်း အသက် ၉၃ နှစ်အရွယ် အဘွားအိုက ယူဆခဲ့သည်။

အဘွားအိုမှာ တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။

“အဲဒီအသံက ညဉ့်နက်ပိုင်းတွေမှာ ကြားရတာပါ။ နေအိမ်အောက်မှာ တိရ စ္ဆာန်တွေ ရောက်နေတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ကြတယ်” ဟု အဘွားအို၏ သားမက်ဖြစ်သူ ရီကာဒို ဆေးလ်ဗားက NBC News သတင်းဌာနသို့ ပြောသည်။

ယခုလ အစောပိုင်းကမူ အဘွား၏ မိသားစု အလည်အပတ်ရောက်ရှိနေစဉ် ညဘက်တွင် ကျယ်လောင်သော ထုရိုက်သံများကို ကြားရသည်ဟု ဆိုသည်။

“အဲဒီအသံတွေက တံခါးခေါက်တဲ့ အသံမျိုးလိုပဲ။” ဟု ဆေးလ်ဗားက ပြောသည်။

“ကျွန်တော့်ဇနီး လမ်းလျှောက်နေတဲ့ အသံမျိုးနဲ့လည်းတူတယ်။ ဒါပေမယ့် အသံက အိမ်အောက်ကနေ လာတာဆိုတော့ တခုခုတော့ လွဲနေပြီလို့ မိန်းမက ပြောပါတယ်”

ထို့ကြောင့် ၎င်းတို့မိသားစုက လော့စ်အိန်ဂျလိရဲတပ်ဖွဲ့ (LAPD) သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ရဲအရာရှိများသည် El Sereno အရပ်၊ Locke Avenue လမ်းရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ရာ ကျူးကျော်ဝင်ရောက် နေထိုင်သော သံသယရှိသူကို တွေ့ရှိခဲ့သည်။

နေအိမ်အောက်ထဲတွင်ရှိနေသော ထိုအမျိုးသားက အပြင်သို့ထွက်လာရန် နာရီအနည်းငယ်ခန့် ငြင်းဆန်နေခဲ့သည်။

“သူက အပြင်ထွက်လာဖို့ ငြင်းဆန်နေခဲ့တယ်။ ခွေးတွေကိုလည်း သူက မကြောက်ဘူး” ဟု ဆေးလ်ဗားက ပြောသည်။

(အဘွားအိုသည် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး နေအိမ်အောက်မှ ထူးဆန်းသောအသံများ ကြားနေရသည်မှာ လပေါင်းများစွာရှိခဲ့ပြီ ဖြစ်သည်။ ဓာတ်ပုံ-KCAL News)

သို့ကြောင့် ရဲအရာရှိများမှာ ထိုအမျိုးသားထွက်လာရန် နောက်တစ်ရက်ဖြစ်သော နိုဝင်ဘာ ၈ ရက်၊ ညနေ ၄း၃၀ အချိန်တွင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ရသည်။

ထိုအမျိုးသားကို နေအိမ်ကျော်နင်းမှုဖြင့် ဖမ်းဆီးထားကြောင်း လော့စ်အိန်ဂျလိရဲတပ်ဖွဲ့က ပြောသည်။

နေအိမ်အောက်မှ အစားအစာများနှင့် စောင်များ တွေ့ရှိခဲ့ကြောင်း၊ ထိုအမျိုးသားသည် ညဘက်တွင် နေအိမ်အောက်၌ ဝင်ရောက်နေထိုင်ပြီး မနက်မိုးလင်းလျှင် ထွက်ခွာသွားသည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။

သံသယရှိသူ အမျိုးသား၏အမည်မှာ အိုင်ဆက် ဘက်တန်ကော့ (Issac Betancourt) ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိသည်ဟု သိရသည်။

(နေအိမ်အောက်ဘက်တွင် လူတစ်ဦး တွားသွားဝင်ရောက်နိုင်သော ၂ ပေမြင့်မားသည့်နေရာကို အဘွားအို၏ မိသားစုက ပိတ်ဆို့ထားလိုက်ပြီး အခြားသူများ ထပ်မံမဝင်နိုင်စေရန် ကာကွယ်ထားလိုက်ကြသည်။ ဓာတ်ပုံ-KCAL News)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I found a naked man under my bed, says 93-year-old grandmother (metro) Photo Credit-KCAL News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service