စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန့်ချမှတ်

စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန့်ချမှတ် - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2024 11:05 am တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စင်္ကာပူတွင် မိသားစုရေးရာ တရားရုံးတစ်ခုက အရွယ်ရောက်ပြီး မွေးချင်းနှစ်ဦးနှင့် ပတ်သက်၍ အကာအကွယ်ပေးသည့် အမိန့်တစ်ရပ် ချမှတ်ခဲ့သည်။

ညီမဖြစ်သူသည် အစ်ကို၏ အခန်းတွင်း ညအချိန်မတော်ဝင်ရောက်ကာ သန့်ရှင်းရေးလုပ်ဆောင် နေမှုကြောင့် အစ်ကိုနှင့် စကားများခဲ့ကြသည်။

(မှတ်ချက်။ ၎င်းတို့နှစ်ဦးတွင် မည်သူက အကြီး၊ မည်သူက အငယ်ဖြစ်သည်ကို ရှင်းလင်းစွာ မသိရချေ။ ယခုရေးသားထားသည့် အစ်ကို၊ ညီမဟူသည်မှာ ကျပန်းရွေးချယ်ရေးသားမှုသာဖြစ်ပြီး အစ်မနှင့် မောင်တို့အကြား ပြဿနာမျိုးလည်း ဖြစ်နိုင်ပါသည်။)

ညီမဖြစ်သူသည် အစ်ကို၏ အခန်းတွင်းသို့ ၈ နှစ်ကျော်ခန့် ည ၁၀ နာရီမှ မနက် ၄ နာရီကြား ဝင်ရောက်ကာ သန့်ရှင်းရေးလုပ်နေသောကြောင့် အစ်ကိုဖြစ်သူက ညီမ၏ လုပ်ရပ်ကို တရားရုံးမှတဆင့် တားမြစ်ပေးရန် တောင်းဆိုလာခြင်း ဖြစ်သည်။

ညီမဖြစ်သူ၏ လုပ်ရပ်ကြောင့် အစ်ကိုဖြစ်သူမှာ စိတ်ဆင်းရဲရကာ စိတ်ကျန်းမာရေးဌာန (IMH) သို့ မကြာခဏ ပြသခဲ့ရကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။

ခရိုင်တရားသူကြီး Tan Zhi Xiang က ညီမဖြစ်သူကို အစ်ကို၏ အိပ်ခန်းထဲသို့ မဝင်ရန် အမိန့်ချမှတ်ခဲ့သည်။

“သာမာန်အားဖြင့်ဆိုရင် မွေးချင်းတစ်ယောက်က တခြားတစ်ယောက်ရဲ့အခန်းကို သန့်ရှင်းရေးဝင်လုပ်တာ အန္တရာယ်မရှိနိုင်ဘူး၊ ချစ်ခင်မေတ္တာထားတဲ့အပြုအမူဆိုတာ ကျွန်တော်လက်ခံပါတယ်။” ဟု တရားသူကြီးက ပြောသည်။

သို့သော် အချို့အခြေအနေမျိုးတွင် အန္တရာယ်မရှိသော အပြုအမူသည်ပင်လျှင် စိတ်ပျက်စရာဖြစ်လာစေကာ အစ်ကိုဖြစ်သူကို စိတ်ဆင်းရဲစေခဲ့ပြီး နောက်ဆုံးတွင် မောင်းထုတ်ကာ ရန်ပြုရသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့ကြောင်း တရားသူကြီးက ပြောသည်။

ညီမဖြစ်သူကမူ မိမိ၏ အားလပ်ချိန်အပေါ်မူတည်ကာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကာ သူ၏ လုပ်ဆောင်မှုကို ကာကွယ်ပြောဆိုသည်။

“သန့်ရှင်းရေးလုပ်ဖို့ လိုအပ်လို့လုပ်တာပါ အစ်ကိုကြီးရေ”

“ကျွန်မမှာ ကိုယ်ပိုင်အချိန်ဇယားရှိပါတယ်။ ကျွန်မရဲ့ အားလပ်ချိန်ပေါ် မူတည်ပြီး ကိုယ်ပိုင်အချိန်ဇယားအတိုင်း လုပ်ရတာပါ။ ကျွန်မက အိမ်အကူမဟုတ်ဘူး။ ကျွန်မက သူတို့ရဲ့ အလုပ်သမား မဟုတ်ပါဘူး” ဟု ညီမဖြစ်သူက တရားရုံးတွင် ပြောသည်။

အစ်ကိုဖြစ်သူ၏ privacy ရှိမှုအပေါ် လေးစားမှုမထားဘူးလားဟု မေးရာတွင် ညီမဖြစ်သူက ပိုင်ဆိုင်မှုကို ရည်ညွှန်းထောက်ပြသည်။

“နိုးပါ။ ဘာကြောင့်လဲဆိုတော့ ဒီအခန်းက အဖေ့အခန်းပါ။ သူ့အခန်းမဟုတ်ပါဘူး။ သူ့အနေနဲ့ စိတ်မချမ်းသာဘူးဆိုရင် ထွက်သွားလို့ရပါတယ်။” ဟု ညီမဖြစ်သူကပြောပြီး သန့်ရှင်းရေးလုပ်နေခြင်းများကို မလိုလားပါက အိမ်မှ ထွက်သွားသင့်ကြောင်း အကြံပြုခဲ့သည်။

ညီမဖြစ်သူ အခန်းတွင်းသို့ ဝင်ကာ သန့်ရှင်းရေးမလုပ်ရန် အကြိမ်ကြိမ် ပြောဆိုထားပြီး မဝင်စေရန်အတွက် အခန်းတံခါးကို သော့ခတ်ထားခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ သော့ခတ်ထားသော်လည်း ညီမဖြစ်သူက အခြားနည်းလမ်းဖြင့် ဝင်ရောက်သန့်ရှင်းရေးလုပ်ခဲ့သည်။

ညီမဖြစ်သူကပြောသည်မှာ ပိုးမွှားတိရ စ္ဆာန်များအန္တရာယ်နှင့် ကျန်းမာရေးအတွက် သန့်ရှင်းရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောသည်။

“လူတွေက အိမ်အလုပ်တွေ ကိုယ့်ဘာသာလုပ်မယ်…ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်ကြမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အသက် ၄၀ ကျော်တွေဖြစ်နေတာတောင် မလုပ်ကြပါဘူး။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore court orders sister to stop ‘intrusive cleaning’ following consistent invasion brother’s privacy (thesun)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service