လူတို့ သေဆုံးခွင့်မရှိကြောင်း ပိတ်ပင်တားမြစ်ထားသော ပြင်သစ်နိုင်ငံမှ မြို့ ၃ မြို့အကြောင်း၊ တားမြစ်ချက်ကို မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထား

လူတို့ သေဆုံးခွင့်မရှိကြောင်း ပိတ်ပင်တားမြစ်ထားသော ပြင်သစ်နိုင်ငံမှ မြို့ ၃ မြို့အကြောင်း၊ တားမြစ်ချက်ကို မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထား - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2024 10:54 am တွင် တင်ခဲ့သည်
517 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဥပဒေတားမြစ်ချက်များတွင် သေဆုံးခြင်း ပါဝင်လိမ့်မည်ဟု သင်မှတ်ထင်ထားမည် မဟုတ်ချေ။

ပြင်သစ်နိုင်ငံမှ မြို့ ၃ မြို့တွင်မူ လူတို့ သေဆုံးခွင့်မရှိကြောင်း ပိတ်ပင်တားမြစ်ထားသည်။

ပြင်သစ် အနောက်တောင်ပိုင်းမှ ချုညို (Cugnaux) ၊ ဆားပိုးနက်စ် (Sarpournex) ၊ အရှေ့တောင်ပိုင်းမှ လေ လဗွန်ဒု (Le Lavandou) မြို့များတွင် လူသေဆုံးခွင့်မရှိကြောင်း ဥပဒေဖြင့် တားမြစ်ထားသည်။

လေ လဗွန်ဒုသည် လူသေဆုံးခွင့် ပထမဆုံး ပိတ်ပင်ခဲ့သောမြို့ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် လေ လဗွန်ဒု မြို့တော်ဝန်က မြို့အတွင်း လူသေဆုံးမှုများကို စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ပိတ်ပင်ရခြင်း၏ အကြောင်းရင်းမှာ သင်္ချိုင်းမြေနေရာ မရှိတော့သောကြောင့် ဖြစ်၏။

သင်္ချိုင်းနေရာသစ်ဖွင့်လှစ်ရန် လျှောက်ထားတင်ပြသော်လည်း ခွင့်ပြုချက်မရသောကြောင့် လူသေဆုံးမှုများ ပိတ်ပင်ရန်မှတပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

မြို့တော်ဝန် ဂျီး ဘာနာဒီ (Gil Bernardi) က အဆိုပါ ဥပဒေထုတ်ပြန်ချိန်တွင် ပြောကြားခဲ့သည်မှာ ဤဥပဒေမှာ ရူးနှမ်းနှမ်းနိုင်လှကြောင်း ပြောသည်။

“ကိုးရိုးကားယားအခြေအနေမျိုးကြောင့် ရူးကြောင်ကြောင် ဥပဒေထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ဘာနာဒီက ပြောသည်။

နောင် ၇ နှစ်အကြာတွင် ချုညို မြို့တော်ဝန်ကလည်း အလားတူ ပိတ်ပင်မှုမျိုး ပြုလုပ်ခဲ့ရသည်။

ချုညိုမြို့တွင်လည်း သင်္ချိုင်းသစ်ဖွင့်လှစ်ရန် ခွင့်ပြုချက် မရသောကြောင့် ဖြစ်သည်။

ချုညိုမြို့တွင် လူသေဆုံးမှု ပိတ်ပင်ချက်မှာ အလုပ်ဖြစ်ခဲ့သည်။

ပြင်သစ်အာဏာပိုင်တို့က ချုညိုတွင် သင်္ချိုင်းသစ်ဖွင့်ရန် ခွင့်ပြုပေးခဲ့သည်။

ဆားပိုးနက်စ်မြို့တွင်လည်း အလားတူအခြေအနေမျိုးကြောင့် လူသေဆုံးမှု တားမြစ်ပိတ်ပင်ခဲ့သည်။

သို့သော် ဆားပိုးနက်စ်မြို့တွင်မူ ပိုမိုတင်းကြပ်ထားသည်။

တားမြစ်ချက်ကို ဖောက်ဖျက်ကာ လူသေဆုံးပါက အရေးယူမည်ဟု အမိန့်ထုတ်ထားသည်။

ဆားပိုးနက်စ်တွင် သင်္ချိုင်းသစ်ဖွင့်ရန်အတွက် ပုဂ္ဂလိကပိုင်မြေနေရာတစ်ခုကို ဝယ်ယူပြီး ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း ပြင်သစ်အာဏာပိုင်တို့က ခွင့်မပြုသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆားပိုးနက်စ် မြို့တော်ဝန်က လူသေဆုံးမှုများ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

(လေ လဗွန်ဒုသည် လူသေဆုံးမှုများ တားမြစ်ပိတ်ပင်သည့် ပထမဆုံးမြို့ဖြစ်သည်။ ဓာတ်ပုံ-Getty)

ဆားပိုးနက်စ်တွင် တားမြစ်ချက်ကို ချိုးဖောက်ကာ သေဆုံးလျှင် အရေးယူမည်ဟု မြို့တော်ဝန်က အမိန့်ထုတ်ခဲ့သည်။

မြို့တော်ဝန်ရုံး အမိန့်ထုတ်ပြန်စာတွင် မြို့တော်ဝန် Gerard Lalanne က ကြေညာထားသည်မှာ “ဆားပိုးနက်စ်တွင် သင်္ချိုင်းမြေနေရာမရှိဘဲ သေဆုံးမှုများကို တားမြစ်ပိတ်ပင်သည်။ ချိုးဖောက်သူများအား ပြင်းထန်စွာ အရေးယူမည်” ဟု ကြေညာထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The three French cities where it's 'illegal to die' for a very practical reason (express) Photo Credit-Getty

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service