တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယခုအခါ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလိုမြို့တွင် တောင်းရမ်းစားသောက် နေရသည့် သင်ခန်းစာရဖွယ် ဖြစ်ရပ်

တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယခုအခါ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလိုမြို့တွင် တောင်းရမ်းစားသောက် နေရသည့် သင်ခန်းစာရဖွယ် ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2024 10:44 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အင်တာနက်အွန်လိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) မြို့မှ အမျိုးသားတစ်ဦးအကြောင်း ဗွီဒီယိုဖိုင်များစွာ ပျံ့နှံ့နေသည်။

ထိုသူမှာ ပညာတတ်တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဘင်္ဂလိုမြို့ရှိ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည်။

ယခုအခါ ထိုအမျိုးသားမှာ ဘင်္ဂလိုမြို့၊ Jayanagar အရပ်ရှိ လမ်းများပေါ်တွင် လိုက်လံတောင်းရမ်း စားသောက်နေသည့် ဗွီဒီယိုဖိုင်များမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက် ပျံ့နှံ့လျက် ရှိနေသည်။

အနီရောင် တီရှပ်ဝတ်ဆင်ထားပြီး ဖရိုဖရဲ ဖိုသီဖတ်သီဖြစ်နေသည်ကို အတိုင်းသား တွေ့ရသည်။

အင်စတာဂရမ်လူမှုကွန်ရက်တွင် Sharath Yuvaraj အမည်ရှိ အကောင့်က တင်ခဲ့သော ဗွီဒီယိုဖိုင်ထဲ၌ ထိုအမျိုးသားက သူ၏ ဘဝဇာတ်ကြောင်းကို ပြောပြထားသည်။

၎င်း၏ ပြောပြချက်အရ မိဘနှစ်ပါးနှင့် ချစ်သူကို ဆုံးရှုံးလိုက်ရခြင်းကြောင့် မိမိမှာ အရက်သမားလုံးလုံး ဖြစ်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် အရက်က လူကို ပြန်သောက်သည့် အခြေအနေရောက်ခဲ့ရာ အိမ်ရာမဲ့ဖြစ်သွားပြီး အသက်ရှင်ရေးအတွက် လမ်းပေါ်တွင် တောင်းရမ်းစားသောက်ရသည့်ဘဝသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။

Sharath က ထိုအမျိုးသားကို ပညာရေးအခြေအနေမေးမြန်းရာ “ကျွန်တော် အင်ဂျင်နီယာတစ်ယောက်ပါ။ Global Village မှာရှိတဲ့ Mindtree မှာ အလုပ်လုပ်ခဲ့ပါတယ်။ မိဘတွေ ဆုံးရှုံးသွားတဲ့အချိန်မှာ ကျွန်တော် ယမကာလုလင်ဖြစ်သွားတယ် ဆရာ” ဟု ဖြေသည်။

ထိုအမျိုးသားက တရားထိုင်ခြင်း၊ ဒဿနိကဗေဒနှင့် သိပ္ပံပညာရပ်အကြောင်းများ ပြောပြခဲ့ပြီး အဲလ်ဘတ် အိုင်စတိုင်းနှင့် စကော့တလန် အတွေးအခေါ်ပညာရှင် David Hume တို့ကိုပင် ကိုးကား ပြောပြသွားသေးသည်။

Sharath သည် ထိုအမျိုးသားနှင့် ၃ ကြိမ် ဆုံစည်းခဲ့ပြီး အင်စတာဂရမ်တွင် ဗွီဒီယိုဖိုင် ၃ ခု တင်ခဲ့သည်။

Sharath သည် Jayanagar ရှိ JSS College လမ်းတွင် ထိုအမျိုးသားနှင့် ပထမဆုံး ဆုံစည်းခဲ့ခြင်းဖြစ်သည်။

Sharath က အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ထိုအမျိုးသားက မည်သည့်အကူအညီမှ လက်မခံခဲ့ချေ။

နောက်ပိုင်း လူမှုကွန်ရက်ပို့စ်များတွင် Sharath က ပြောပြသည်မှာ မိမိအနေဖြင့် NGOs အဖွဲ့အစည်းများထံ ဆက်သွယ်ခဲ့ကြောင်း၊ သို့သော် ထိုအမျိုးသား၏ အခြေအနေကို ဝင်ရောက်စွက်ဖက်ရန်မှာ ရဲတပ်ဖွဲ့၏ အကူအညီဖြင့်သာ ဖြစ်နိုင်ဟု ဆရာဝန်တစ်ဦးက ပြောပြကြောင်း ရေးသားထားသည်။

နောက်ဆုံးဗွီဒီယိုထဲတွင် ထိုအမျိုးသားက ပြောသည်မှာ “ဘာသာရေး၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု ဒါတွေ အားလုံးဟာ…ကျွန်တော်ဘယ်လိုဘဝရောက်နေလဲသာ ကြည့်ပါ။ ကျွန်တော်စာတွေ ဖတ်ဖို့ လိုပါသေးတယ်” ဟု ပြောသည်။

Sharath က အင်စတာဂရမ်တွင် Story ၌ ရေးသားခဲ့သည်မှာ “အခုကျွန်တော်တို့ အဲဒီအမျိုးသားကို Jayanagar ဝန်းကျင်မှာ နေ့တိုင်းလိုက်ရှာနေပါတယ်။ အခုထိ ရှာမတွေ့ပါဘူး။ ကျွန်တော်တို့ ဘင်္ဂလိုမြို့ အကြီးအကဲ၊ Jayanagar ရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ တွေ့ပါမယ်။ သူတို့ရဲ့ အကူအညီနဲ့ ဒီအမျိုးသားကို ရှာပါမယ်။ သူ့ကို ခြေရာခံနိုင်ဖို့က ကျွန်တော်တို့ရဲ့ ပထမဆုံးအလုပ်ပါပဲ” ဟု ဖော်ပြသည်။

Sharath တင်ခဲ့သော ဗွီဒီယိုဖိုင်များတွင် ဝင်ရောက်မှတ်ချက်ပြုသူ များပြားခဲ့ပြီး ထိုအမျိုးသားအတွက် ဝမ်းနည်းကြောင်း မှတ်ချက်ပြုကြသည်။

ထို့အပြင် အရက်သေစာ သောက်စားခြင်းသည် အောင်မြင်နေသော ဘဝတစ်ခုကို ကျရှုံးစေနိုင်ကြောင်း သာဓကတစ်ခုဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Once a techie in Frankfurt, now begging in Bengaluru: Man shares story in viral videos (indiatoday) Photo Credit-Instagram

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service