ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန် ဖိတ်ခေါ်

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန် ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
22 Nov 2024 10:46 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲအနိုင်ရရှိသွားသည်။

အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာမှုအပေါ် တုံ့ပြန်ပုံအမျိုးမျိုးရှိနေသည်။

ထရမ့် ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အကျော်အမော်များနှင့် အခြားပြည်သူများစွာရှိနေသည်။

ထရမ့်၏ လက်ထက်တွင် အနာဂတ်ကောင်း တွေ့ရမည်မဟုတ်ကြောင်း ၎င်းတို့က ပြောကြသည်။

ထိုသူတို့ကို အီတလီရှိ Sardina ကျွန်းက လာရောက်နေထိုင်ရန် ဖိတ်ခေါ်လျက်ရှိနေသည်။

Sardina ကျွန်းပေါ်ရှိ Ollolai ဒေသသည် စီးပွားရေးကျဆင်းမှုနှင့်အတူ လူဦးရေကျဆင်းလာနေသော ဒေသဖြစ်သည်။

ဒေသအုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့၏ဒေသသို့ လူအများရွှေ့ပြောင်းနေထိုင်ကြရန် ဖိတ်ခေါ်နေပြီး နေအိမ်များကို ၁ ယူရိုမျှဖြင့် ရောင်းချပေးနေသည်။

ထရမ့်ရွေးကောက်ပွဲအနိုင်ရမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမေရိကန်များစွာရှိနေသည်ကို တွေ့လာရချိန်တွင် Ollolai ဒေသအုပ်ချုပ်ရေးအဖွဲ့က အဆိုပါအမေရိကန်နိုင်ငံသားတို့အတွက် ရည်ရွယ်ကာ ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်လာသည်။

အမေရိကကို ကျောခိုင်းလိုနေသော အမေရိကန်နိုင်ငံသားများကို နေအိမ်များ ဈေးသက်သာစွာဖြင့် ကမ်းလှမ်းပေးလာနေပြီး နေအိမ်များ လျင်မြန်စွာ ရောင်းထွက်မည်ဟု Sardina ကျွန်း အုပ်ချုပ်ရေးအဖွဲ့က မျှော်လင့်ထားသည်။

“ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို စိတ်ပျက်နေပါသလား။ အခွင့်အလမ်းသစ်များ ဖမ်းဆုပ်ရင်း မျှခြေညီသည့် ဘဝနေထိုင်မှုဟန်ကို ရှာဖွေနေပါသလား။

Sardinia ကျွန်း၏ အံ့မခန်း နိဗ္ဗာန်ဘုံရှိရာ ဥရောပသို့ အဆိုပါ အခြေအနေများမှ ကျောခိုင်းလွတ်မြောက်ခိုလှုံရန် အချိန်ကျရောက်ပါပြီ” ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယခုကမ်းလှမ်းချက်မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် စီစဉ်ခြင်း ဟုတ်၊မဟုတ် ဖော်ပြထားခြင်းမရှိသော်လည်း မြို့တော်ဝန် Francesco Columbu က CNN သတင်းဌာနသို့ ပြောသည်မှာ အမေရိကန် မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ရည်ရွယ်ကာ ဝက်ဘ်ဆိုက်လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Sardinia ကျွန်း ပြန်လည်အသက်ဝင်လာစေရန် အမေရိကန်တို့က ကူညီလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောသည်။

((အမေရိကန်နိုင်ငံသားများကို ပိုမိုဦးစားပေးမည်))

မြို့တော်ဝန်က ပြောသည်မှာ အခြားနိုင်ငံသားများကိုလည်း ကြိုဆိုကြောင်း၊ သို့သော် အမေရိကန်နိုင်ငံသားများအတွက်ဆိုလျှင် ပိုမိုမြန်ဆန်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“တခြားနိုင်ငံသားတွေ လျှောက်ထားမယ်ဆိုရင်လည်း ကျွန်တော်တို့ ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံသားတွေကတော့ လျှောက်ထားရပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဒီဒေသပြန်လည် ရှင်သန်လာဖို့အတွက် အမေရိကန်နိုင်ငံသားတွေကို အားထားထားပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အနိုင်ဖဲတွေပါ”

“မကြာသေးမီက ရွေးကောက်ပွဲအနိုင်ရသွားတဲ့ အမေရိကန်သမ္မတကို ကျွန်တော်တို့ အမည်နာမ ထုတ်ဖော် ပြောကြားလိုခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံးသိနေတဲ့အတိုင်း အမေရိကန်နိုင်ငံသား များစွာဟာ သူ့ကြောင့် နိုင်ငံကို စွန့်ခွာကျောခိုင်းလိုစိတ် ပေါ်ပေါက်နေကြပါတယ်” ဟု မြို့တော်ဝန် Columbo က ဖြည့်စွက်ပြောကြားသည်။

Sadinia ကျွန်းတွင် အခြေချနေထိုင်လိုသူတို့အတွက် နေအိမ်အမျိုးအစား ၃ မျိုး စီစဉ်ထားရှိသည်။

ပထမတစ်မျိုးမှာ Digital nomads တို့အတွက် ယာယီအခမဲ့နေထိုင်ခွင့်ပေးမည့်အိမ်များ၊ ဒုတိယတစ်မျိုးမှာ ယိုယွင်းပျက်စီးနေသောအိမ်များဖြစ်ပြီး ၁ ယူရိုဖြင့် ရောင်းချပေးမည် ဖြစ်သည်။

တတိယတစ်မျိုးမှာမူ အသင့်တက်နေနိုင်သည့် အိမ်များဖြစ်ကာ ဈေးနှုန်းမှာ ယူရို ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၀၅,၀၀၀) အထိ ရှိသည်။

Ollolai တွင် လက်ရှိအားဖြင့် လူဦးရေ ၁၁၅၀ ခန့်သာ နေထိုင်သည်။

ပြီးခဲ့သော ရာစုနှစ်အတွင်း လူဦးရေ ၂၂၅၀ မှ ၁၃၀၀ ဦးအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအခြေအနေများကြောင့် ကျွန်းနေပြည်သူများ စွန့်ခွာကျောခိုင်း ထွက်ခွာသွားကြခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Americans 'unhappy' with Trump's win can buy dirt-cheap homes on this tiny Italian island (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service