အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
15 Nov 2024 9:20 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ဝိုင်ဝါသနာကြီးသူများ တဆိတ်လောက် အာရုံစိုက်ပေးပါ။

စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများအတွက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်မှာ တကယ်အမိုက်စား အငှားချအိမ် ၄ လုံးပါတဲ့ ခြံဝန်းကြီးတစ်ခု အရောင်းဈေးကွက်ဝင်နေသည်။

ခြံဝန်းအကျယ် ၅ ဒသမ ၁၂ ဧကရှိပြီး ကန်ဒေါ်လာ ၂ သန်းကျော်လေးသာ ဈေးခေါ်ထားသည်။

အတိအကျဆိုလျှင် ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြစ်သည်။

ဝိုင်စည်ကြီး ၄ ခုထဲမှာ Cabin အိမ် ဆောက်ထားတဲ့ အိမ် ၄ လုံးပါဝင်သည်။

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ Fredericksburg မြို့တွင်ရှိသည်။

အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ Hickory Haus ဟု အမည်ပေးထားသော ပင်မအိမ်တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါပြီး လူ ၁၀ ဦးစာ နေထိုင်နိုင်သည်ဟု ဆိုသည်။

ယခုခြံဝန်း၏ အထူးခြားဆုံးအချက်ကို ဆိုရလျှင် ဝိုင်စည်ကြီးများအတွင်း နေအိမ်များ ဆောက်လုပ်ထားမှု ဖြစ်သည်။

၂၀၂၃ ခုနှစ်ကမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကို အငှားချပေးကာ အလွန်ကျော်ကြားသော အပန်းဖြေနေရာတစ်ခု ဖြစ်လာနေသည်။

 

(ဝိုင်စည်အသွင်ဆောက်လုပ်ထားသော cabin အိမ်တွင် မျက်နှာကြက်ခုံးများ၊ ခေတ်မီပရိဘောဂများဖြင့် မွမ်းမံထားသည်။ ဓာတ်ပုံ-Realtor)

 

(ရေချိုးခန်းတွင် ဝိုင်စည်အသွင် ရေစိမ်ကန်နှင့် ရေပန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-Realtor)

 

(မီးဖိုဆောင်တွင် mini fridge တစ်ခု ရှိသည်။ ဓာတ်ပုံ-Realtor)

 

“ဒီအိမ်တွေဟာ ဒီဒေသနဲ့ လိုက်ဖက်ညီပြီး တမူထူးခြားပါတယ်။ ဘာကြောင့်လည်းဆိုတော့ တက္ကဆပ်ပြည်နယ်၊ Fredericksburg ဒေသဟာ ဝိုင်ဒေသအဖြစ် လူသိများတဲ့နေရာပါ။ လက်ရှိပိုင်ရှင်က ဒါကို inspire ယူပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။” ဟု အရောင်းဈေးကွက်တင်ပေးသော Keller Williams Gillespie အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Afton Hominick က ပြောသည်။

“ခြံဝန်းထဲမှာ ဝိုင်စည်အိမ် ၄ လုံးရှိပြီး ၂၀၂၃ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေမှ ဒီအိမ်တွေကို စတင် အငှားချထားခဲ့ပြီး ကာလတို ငှားရမ်းအပန်းဖြေနိုင်တဲ့အိမ်ဈေးကွက်မှာ အလွန်ကျော်ကြားလာခဲ့ပါတယ်”

ဝိုင်စည်အိမ်တစ်လုံးချင်းစီတွင် သီးခြားအမည်များ ပေးထားပြီး Chardonnay (ရွှေရောင်နှင့် ရှန်ပိန်ရောင်)၊ Rose (ပန်းရောင်နှင့် အနီစပ်)၊ Tempranillo (ခရမ်းရောင်) နှင့် Cabernet (အနီမှိုင်း) တို့ ဖြစ်သည်။

အရောင်များမှာ ထိုအိမ်များကို ဆေးသုတ်ပုံဖော်ရာတွင် အသုံးပြုထားသည့် အရောင်အမျိုးအစားဖြစ်သည်။

 

(ဝိုင်စည်အိမ်တစ်လုံးစီတွင် သီးသန့်နားနေဆောင်ရှိပြီး ၅ ဒသမ ၁၂ ဧကကျယ်သော ခြံဝန်းကြီး၏ ရှုခင်းများကို တွေ့မြင်ရသည်။ ဓာတ်ပုံ-Realtor)

 

(ပင်မအိမ် Hickory Haus မှာ အကြီးမားဆုံးအိမ်ဖြစ်ပြီး အိပ်ခန်း ၃ ခန်းပါဝင်သည်။ဓာတ်ပုံ-Realtor)

 

(Hickory Haus ၏ မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $2.35 Million Texas Estate Comes Complete With Four Quirky Wine-Barrel Cabins—and a Bottleful of Lucrative Business Potential (realtor) Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service