ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ အိမ်ရှင်မှာ ဝင်ကြေးကောက်ခံကာ စီးပွားဖြစ်နေ

ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ အိမ်ရှင်မှာ ဝင်ကြေးကောက်ခံကာ စီးပွားဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
7 Nov 2024 12:16 pm တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံရှိ မဲခေါင်မြစ်ဝှမ်းဒေသ ပြည်နယ်တစ်ခုဖြစ်သော Vinh Long တွင် တည်ရှိသော နေအိမ်တစ်လုံးမှာ အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ဖြစ်ပြီး ယခုအခါ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ကြသည့် ထိပ်တန်းနေရာတစ်ခု ဖြစ်လာနေသည်။

ထိုအိမ်၏ ပိုင်ရှင်မှာ ဒွန် ဗန်ထွန် (Duong Van Thuong) နှင့် ဇနီးဖြစ်သူ ငုယင်နော့ဂျ (Nguyen Ngoc Giac) တို့ဖြစ်သည်။

တည်နေရာမှာ Vinh Long ပြည်နယ်၊ An Binh ကျွန်းပေါ်ရှိ Hoa Quy ကျေးရွာတွင် ဖြစ်ပြီး ခြံအကျယ် ၈ ဟက်တာ ရှိသည်။

 

(မဲခေါင်မြစ်ဝှမ်းတွင် မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၈၄ နှစ်ရှိပြီဖြစ်သူ ဗန်ထွန်က ပြောသည်မှာ မိမိအနေဖြင့် ဇာတိမြေတွင် ပေါများစွာရနိုင်သော ပစ္စည်းများဖြင့် အိမ်တစ်လုံး ဆောက်လိုခဲ့ကြောင်း ပြောသည်။)

 

မိသားစုမှာ နှစ်ပေါင်းများစွာ အုန်းစိုက်ပျိုးရေးလုပ်ကိုင်ခဲ့သူများဖြစ်ရာ အုန်းပင်ကိုသာ အသုံးပြုကာ အိမ်တစ်လုံး ဆောက်ရန် အကြံပေါ်ခဲ့ကြောင်း ဗန်ထွန်က ပြောသည်။

 

(ဗန်ထွန်က အုန်းသားသီးသန့်ဖြင့် အိမ်တစ်လုံးဆောက်ရန် ၂၀၁၇ ခုနှစ်တွင် လက်မှုပညာရှင်များနှင့် လက်သမား ၃၀ ဦးကျော် ငှားရမ်းခဲ့ရာ အနီးရှိ Ben Tre ပြည်နယ်မှ လက်မှုပညာရှင်များလည်း အပါအဝင် ဖြစ်သည်)

 

ကုန်ကြမ်းပစ္စည်းစုဆောင်းရန်အတွက် ဗန်ထွန်သည် Ben Tre နှင့် Vinh Long ပြည်နယ်များတလွှား ခရီးထွက်ခဲ့ပြီး နှစ်ပေါင်း ၈၀ မှ ၁၀၀ ကြား သက်တမ်းရှိသော အုန်းပင်များ ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် ဖြောင့်တန်းသော အုန်းပင်များကိုသာ ထပ်မံရွေးချယ်ရပြန်သည်။

ထိုအုန်းပင်များကို သယ်ယူရသည့် စရိတ်စကသည်ပင် များစွာကုန်ကျခဲ့ကာ ဆောက်လုပ်စရိတ် စုစုပေါင်း ဒေါင်ငွေ ၆ ဘီလီယံ (ကန်ဒေါ်လာ ၂၄၃၀၀၀) ခန့် ကုန်ကျခဲ့သည်။

 

(ရိုးရာတောင်ပိုင်းဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ပင်မအခန်းကြီး ၃ ခန်းနှင့် အဆောင်ပို ၂ ခု ဖွဲ့စည်းထားသည်။)

 

အိမ်၏ အဓိက ဖွဲ့စည်းမှုဖြစ်သော တိုင်များ၊ ဒိုင်းမြားများ၊ တံခါးများနှင့် နံရံများကို အုန်းသားများဖြင့် ဆောက်လုပ်ခဲ့သည်။

ထိုမျှမက စားပွဲ၊ ကုလားထိုင်၊ အိပ်ရာ၊ လဘက်ရည်ခွက်များ အပါအဝင် ပရိဘောဂအားလုံးနှင့် အလှဆင်မှုများကိုလည်း အုန်းသား၊ အုန်းခွံများကိုသာ အသုံးပြုခဲ့သည်။

 

(လဘက်ရည်ခွက်နှင့် အချိုတဲစရာဘူးများကိုလည်း အုန်းသားဖြင့်ပင် ပြုလုပ်သည်။ စားပွဲပေါ်တွင် အုန်းပန်းဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့ရသည်)

 

(နေအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရောက်ကြည့်ရှုမှု အလွန်များပြားသောကြောင့် ဗန်ထွန်သည် သူ၏အိမ်တွင် စားသောက်ဆိုင်နှင့် တည်းခိုရာနေရာများ စီစဉ်ပေးရသည်)

 

(တံခါးနှင့် တိုင်တို့ကို အုန်းသားကို အသုံးပြုကာ ကျွမ်းကျင်လက်မှုပညာရှင်တိို့က အနုစိတ်ပြုလုပ်ပေးထားသည်)

 

(လိုက်ကာများကို အုန်းခွံမှ ထုတ်လုပ်သော ပုတီးစေ့များဖြင့် ပြုလုပ်ထားပြီး ဖန်မီးဆိုင်းများကိုလည်း အုန်းဆံမျှင်များဖြင့် လွှမ်းခြုံပေးထားသည်။ မီးအုပ်ဆောင်းများကို အုန်းမှုတ်ခွံများအား ပုံဖော်ကာ ပြုလုပ်ထားသည်)

 

(စားပွဲနှင့် ကုလားထိုင်များကိုလည်း အုန်းသားဖြင့်သာ ပြုလုပ်ထားပြီး စားပွဲမျက်နှာပြင်များမှာ အုန်းမှုတ်ခွံများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်)

 

(အိမ်ရှေ့မျက်နှာစာဘက်တွင် အုန်းပင် ပင်စည်များအား တရုတ်ရိုးရာကိုးကွယ်ယုံကြည်မှုဖြစ်သော ကံကောင်းမှုကို ဆောင်ကြဉ်းပေးသည့် ဖုလုရှို့ နတ်ဘုရား ၃ ပါး၊ မေတ္တယျ ဗုဒ္ဓနှင့် အခြားအထင်ကရ ပုဂ္ဂိုလ်တို့၏ ပန်းပုများ ထွင်းထုထားသည်။)

 

မှတ်ချက်။ ။ ဖု..မှာ ကံကြမ္မာကောင်းနှင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည့် နတ်ဘုရားဖြစ်ပြီး လု..မှာ ကြီးပွား အောင်မြင်မှုကို ဆောင်ကြဉ်းပေးကာ ရှို့မှာ အသက်ရှည်မှုကို ဆောင်ကြဉ်းပေးသော နတ်ဘုရားဖြစ်သည်။

 

(နေအိမ်နောက်ဘက်တွင် ဗန်ထွန်က အုန်းပင်များ စိုက်ထားရာ ဧည့်သည်တော်များအနေဖြင့် အုံ့ဆိုင်းသော အရိပ်အာဝါသအောက်တွင် ညစာစားနိုင်သည်)

 

(ဗန်ထွန်တို့ မိသားစုသည် လာရောက်လည်ပတ်သူများနှင့် မကြာခဏ ဓာတ်ပုံတွဲရိုက်လေ့ရှိသည်။)

 

ခရီးသွားများပြားသောကာလမျိုးတွင် တစ်ရက်လျှင် လာရောက်လည်ပတ်သူ ရာနှင့်ချီ၍ ရှိသည်။

ဗန်ထွန်က လာရောက်လည်ပတ်သူများကို ဝင်ကြေး တစ်ဦးလျှင် ဒေါင်ငွေ ၂၀၀၀၀ (ကန်ဒေါ်လာ ၀ ဒသမ ၈၁ ဒေါ်လာ) ကောက်ခံသည်။

တည်းခိုခမှာ တစ်ညလျှင် ဒေါင်ငွေ ၆၀၀,၀၀၀ (၂၇ ဒေါ်လာ ) မှ ၁ သန်း (၃၉ ဒသမ ၅ ဒေါ်လာ ) ကြား ကျသင့်မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House made from 4,000 coconut trees becomes tourist attraction (vnexpress) Photo Credit-vnexpress

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service