မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သေးထွက်ကျခဲ့ရသူ အော်စကာဆုရှင်မင်းသမီး ဂျနီဖာ လောရင့်စ်က နယူးယောက်တွင် ဒေါ်လာ ၂၁ ဒသမ ၉ သန်းတန် စံအိမ်တစ်လုံးဝယ်ယူ

မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သေးထွက်ကျခဲ့ရသူ အော်စကာဆုရှင်မင်းသမီး ဂျနီဖာ လောရင့်စ်က နယူးယောက်တွင် ဒေါ်လာ ၂၁ ဒသမ ၉ သန်းတန် စံအိမ်တစ်လုံးဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
6 Nov 2024 10:50 am တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

The Expendables ဇာတ်ကားကြီးတွင် စတားလုံးနှင့် တွဲဖက်သရုပ်ဆောင်ဖူးသူ ရုပ်ရှင်မင်းသား Liam Hemsworth သည် The Hunger Games ဇာတ်လမ်းတွဲတွင် ဂျနီဖာလောရင့်စ်၊ Josh Hutcherson တို့နှင့် အပြိုင်သရုပ်ဆောင်ခဲ့သည်။

၎င်းတို့ ၃ ဦးသည် ထိုဇာတ်လမ်းတွဲ ရိုက်ကူးစဉ်ကာလတလျှောက် အမြဲလိုလို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စနောက်လေ့ရှိကြသည်။

တခါတွင်မူ Liam Hemsworth က ဂျနီဖာလောရင့်စ်ကို အစလွန်သွားသည်။

The Hunger Games: Mockingjay- Part 2 ကို ရိုက်ကူးနေစဉ်ကာလ ဖြစ်သည်။

ရုပ်ရှင်ဇာတ်လမ်းမှာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် သရုပ်ဆောင်ရခြင်းဖြစ်ရာ ရိုက်ကွင်းပေါ်မှ တင်းမာမှုများ ကို ပြင်ပလောကဆက်ဆံရေးတွင် ပြန်လည်ပြေလျော့စေရန် ရည်ရွယ်ကာ Liam Hemsworth က ဂျနီဖာလောရင့်စ်၏ ကားနောက်တွဲထဲတွင် လူသေအလောင်းပုံစံ ဖန်တီးကာ ထည့်ထားလိုက်ပြီး ဂျနီဖာ လောရင့်စ် ရောက်လာသည့်အချိန်ကို စောင့်နေလိုက်သည်။

ဂျနီဖာလောရင့်စ်ရောက်လာပြီး ကားနောက်တွဲထဲတွင် လူသေအလောင်းကြီး တွေ့လိုက်ရချိန်တွင် အကြောက်လွန်ကာ ဘောင်းဘီထဲတွင် သေးများ ထွက်ကျခဲ့၏။

Liam Hemsworth မှာ ၎င်း၏ စနောက်ခြင်း အောင်မြင်မှုအပေါ် သဘောကျနေစဉ် ဂျနီဖာလောရင့်စ် အဖြစ်မှန်ကို သိရချိန်၌ Liam Hemsworth ၏ ခေါင်းကို ပြေးကန်ခဲ့သည်။

ရိုက်ကွင်းတွင် ရှိနေသူများ ဂဃဏနမသိလိုက်ဘဲ မတော်တဆဖြစ်သလို မှတ်ထင်ခဲ့ကြ၏။

((ဂျနီဖာလောရင့်စ် ဝယ်ယူလိုက်သော နယူးယောက် နေအိမ်ခန်း))

The Hunger Games, Silver Linings Playbook တို့ဖြင့် ထင်ရှားသူ အော်စကာဆုရှင် ဂျနီဖာလောရင့်စ်သည် အိမ်ခြံမြေကဏ္ဍတွင် ငွေအလုံးအရင်း သုံးစွဲမှု ပြုလုပ်လာသည်။

ဂျနီဖာလောရင့်စ်က နယူးယောက်မြို့၊ West Village ရှိ နေအိမ်ခန်းကို ကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းဖြင့် မကြာသေးမီက ဝယ်ယူလိုက်မှုအပေါ် သူ၏ပရိသတ်များနှင့် အိမ်ခြံမြေလောကသားတို့က စိတ်ဝင်တစား ရှိခဲ့ကြသည်။

ဂျနီဖာလောရင့်စ်သည် West Village ရှိ အိပ်ခန်း ၄ ခန်းပါအိမ်ကို ကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နယူးယောက်မြို့ရှိ လူအများအလိုချင်ဆုံးနေရာတစ်ခုတွင် တည်ရှိပြီး အကျော်အမော်တို့ အမြဲလိုချင်သော luxury နှင့် Privacy ဖြစ်မှုတို့ ရှိသည်။

ဂျနီဖာလောရင့်စ် ဝယ်ယူခဲ့သောအိမ်သည် အသစ်ဖော်ဆောင်လိုက်သော အိမ်ရာဝန်းတွင် တည်ရှိပြီး နာမည်ကျော်များ နေထိုင်ကြရာနေရာလည်း ဖြစ်သည်။

အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိပြီး ပထမထပ်တွင် အခန်းဖွင့်ခင်းကျင်းထားသော ဧည့်ခန်းနှင့် မီးဖိုဆောင် ရှိသည်။

ဒုတိယထပ်တွင် ပင်မအိပ်ခန်းတည်ရှိသည်။

(ပထမထပ်မှာ open plan ခင်းကျင်းထားပြီး မီးဖိုဆောင်နှင့် ဧည့်ခန်းတို့ရှိသည်)

(ဂျနီဖာလောရင့်စ်က နယူးယောက်မြို့၊ West Village ၊ Jane street ၊ အမှတ် ၁၇ တွင်ရှိသောအခန်းကို ကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်)

(ဂျနီဖာလောရင့်စ်က အားကစားလေ့ကျင့်ခန်းမ၊ sauna အစရှိသော amenities များ ပါဝင်မှုကို သဘောကျသည်)

(ခင်ပွန်းဖြစ်သူ Cooke Maroney နှင့်အတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $21.9 Million Jennifer Lawrence House in Manhattan’s West Village (housingmarketnews) Photo Credit-housingmarketnews

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service