အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက်တွင် လေလံတင် ရောင်းချမည်ဟုဆို

အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက်တွင် လေလံတင် ရောင်းချမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
31 Oct 2024 11:47 am တွင် တင်ခဲ့သည်
1077 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် နေအိမ် ၂၄ လုံးပါသော လမ်းတစ်လမ်းလုံးကို အံ့ဖွယ်ကြမ်းခင်းဈေးဖြင့် လေလံတင်ရန် စီစဉ်လာ ရာ အိမ်ခြံမြေဝယ်လက်တို့မှာ အံ့သြမဆုံးဖြစ်နေကြကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြသည်။

မြေအကျယ်အဝန်းအားဖြင့် ၁ ဒသမ ၇၇ ဧကရှိပြီး ဂိုဒေါင် ၃ လုံး၊ ဝပ်ရှော့တစ်ခု၊ ၁၂ လုံးအိမ်တန်း ၊ semi-detached အိမ် ၈ လုံး၊ လုံးချင်းအိမ် ၂ လုံးနှင့် ဘက်စုံသုံး မြေနေရာ ၂ ခုတို့ ပါဝင်သည်။

 

(လမ်းတစ်လမ်းလုံးကို ကြမ်းခင်းဈေး ပေါင် ၁ ဒသမ ၅ သန်းမျှဖြင့် လေလံတင်ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

 

(မြေအကျယ်အဝန်းမှာ ၁ ဒသမ ၇၇ ဧကရှိပြီး ဂိုဒေါင် ၃ လုံးနှင့် ဝပ်ရှော့တစ်ခုတို့ ပါဝင်သည်။ ဓာတ်ပုံ-mediadrumimages)

 

(Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ကြော်ငြာတင်ထားခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၆ ရက်တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

 

(Dock လမ်းရှိ နေအိမ်တန်း၏ ဓာတ်ပုံများတွင် တွေ့ရှိရမှုအရ အချို့အိမ်များမှာ အခြားအိမ်များထက် ပြုပြင်မွမ်းမံမှု ပိုမိုလိုအပ်သည်ကို တွေ့ရသည်။ ဓာတ်ပုံ-mediadrumimages)

 

Rightmove တွင် ကြော်ငြာထားမှုအရ နေအိမ်များမှာ ဒီဇိုင်းပုံစံကွဲပြားကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက် အခြေအနေ အမျိုးမျိုးကွဲပြားကြောင်း ဖော်ပြသည်။

အချို့သော နေအိမ်တို့မှာ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ ပရိဘောဂထည့်သွင်းပေးထားသည့် အခန်းများလည်း ပါဝင်သည်ကို တွေ့ရသည်။

 

(Berkeley မြို့၊ Bridge လမ်း၏ အနောက်ဘက်တွင် တည်ရှိသည်။ ဓာတ်ပုံ-mediadrumimages)

 

(Reddit လူမှုကွန်ရက်သုံးစွဲသူတို့က ပိုင်ရှင်အနေဖြင့် အဘယ်ကြောင့် ရောင်းချရသနည်းဟူသော အချက်အပေါ် မေးခွန်းထုတ်ကြသည်။ နည်းပါးသော ကြမ်းခင်းဈေးဖြင့် ရောင်းရခြင်းတွင် အကြောင်းရှိမည် ဖြစ်ကြောင်း ပြောသည်။ ဓာတ်ပုံ-mediadrumimages)

 

ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် ဂလော်ဆက်စတာနှင့် Sharpness တူးမြောင်းတို့ရှိသည်။

စိမ်းလန်းသော ကွင်းပြင်များ၊ ကျေးလက် ရှုခင်းနေရာကောင်းများရှိပြီး ယခုလမ်းမှ မိနစ်အနည်းငယ်သွားရုံဖြင့် အော်ဂဲနစ်ပန်းဥယျာဉ်များသို့ ရောက်ရှိမည်ဖြစ်ကြောင်း Google Maps အရ သိရသည်။

Reddit လူမှုကွန်ရက်သုံးစွဲသူတို့သည် ထူးခြားသည့် ရောင်းချမှုကို ဆွေးနွေးနေကြပြီး များစွာသောသူတို့မှာ ရောင်းချရခြင်း၏ အကြောင်းရင်းကို comment များထဲတွင် လိုက်လံဖတ်ရှု အဖြေရှာနေကြသည်။

 

(အဆောက်အအုံအားလုံးမှာ ဒီဇိုင်းနှင့် အရွယ်အစား အမျိုးမျိုး ကွဲပြားနေရာ ဝယ်ယူမည့်သူအနေဖြင့် အနာဂတ်တွင် အမျိုးမျိုး အသုံးပြုနိုင်မည့် အခွင့်အလမ်းများရှိနေသည်။ ဓာတ်ပုံ-mediadrumimages)

 

(၁၂ လုံးတန်း နေအိမ်များအပြင် ဂိုဒေါင် ၃ လုံးလည်း ပါဝင်သည်။ ဓာတ်ပုံ-mediadrumimages)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: STREETS AHEAD You can buy a whole STREET with 24 houses, workshop and three garages – but it’ll cost you an eye-watering price (thesun)

Photo Credit- mediadrumimages

 

[Zawgyi]

အဂၤလန္ႏိုင္ငံ၊ Berkeley ျမိဳ႕ရွိ အိမ္ ၂၄ လံုး၊ ဝပ္ေရွာ့ႏွင့္ ဂိုေဒါင္ ၃ လံုးပါ လမ္းတစ္လမ္းလံုးကို လာမည့္ ႏိုဝင္ဘာ ၆ ရက္တြင္ ေလလံတင္ ေရာင္းခ်မည္ဟုဆို

အဂ္လန္တြင္ ေနအိမ္ ၂၄ လံုးပါေသာ လမ္းတစ္လမ္းလံုးကို အံ့ဖြယ္ၾကမ္းခင္းေစ်းျဖင့္ ေလလံတင္ရန္ စီစဥ္လာ ရာ အိမ္ျခံေျမဝယ္လက္တို႔မွာ အံ့ၾသမဆံုးျဖစ္ေနၾကေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္ မ်ားတြင္ ေဖာ္ျပသည္။

ေျမအက်ယ္အဝန္းအားျဖင့္ ၁ ဒသမ ၇၇ ဧကရွိျပီး ဂိုေဒါင္ ၃ လံုး၊ ဝပ္ေရွာ့တစ္ခု၊ ၁၂ လံုးအိမ္တန္း ၊ semi-detached အိမ္ ၈ လံုး၊ လံုးခ်င္းအိမ္ ၂ လံုးႏွင့္ ဘက္စံုသံုး ေျမေနရာ ၂ ခုတို႔ ပါဝင္သည္။

(လမ္းတစ္လမ္းလံုးကို ၾကမ္းခင္းေစ်း ေပါင္ ၁ ဒသမ ၅ သန္းမွ်ျဖင့္ ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။ ဓာတ္ပံု-mediadrumimages)

(ေျမအက်ယ္အဝန္းမွာ ၁ ဒသမ ၇၇ ဧကရွိျပီး ဂိုေဒါင္ ၃ လံုးႏွင့္ ဝပ္ေရွာ့တစ္ခုတို႔ ပါဝင္သည္။ ဓာတ္ပံု-mediadrumimages)

(Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ ေၾကာ္ျငာတင္ထားျခင္းျဖစ္ျပီး လာမည့္ ႏိုဝင္ဘာလ ၆ ရက္တြင္ ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။ ဓာတ္ပံု-mediadrumimages)

(Dock လမ္းရွိ ေနအိမ္တန္း၏ ဓာတ္ပံုမ်ားတြင္ ေတြ႔ရွိရမႈအရ အခ်ဳိ႕အိမ္မ်ားမွာ အျခားအိမ္မ်ားထက္ ျပဳျပင္မြမ္းမံမႈ ပိုမိုလိုအပ္သည္ကို ေတြ႔ရသည္။ ဓာတ္ပံု-mediadrumimages)

Rightmove တြင္ ေၾကာ္ျငာထားမႈအရ ေနအိမ္မ်ားမွာ ဒီဇိုင္းပံုစံကြဲျပားေၾကာင္း၊ ျပဳျပင္ထိန္းသိမ္းရန္ လိုအပ္ခ်က္ အေျခအေန အမ်ဳိးမ်ဳိးကြဲျပားေၾကာင္း ေဖာ္ျပသည္။

အခ်ဳိ႕ေသာ ေနအိမ္တို႔မွာ ေကာင္းစြာ ထိန္းသိမ္းေစာင့္ေရွာက္ထားကာ ပရိေဘာဂထည့္သြင္းေပးထားသည့္ အခန္းမ်ားလည္း ပါဝင္သည္ကို ေတြ႔ရသည္။

(Berkeley ျမိဳ႕၊ Bridge လမ္း၏ အေနာက္ဘက္တြင္ တည္ရွိသည္။ ဓာတ္ပံု-mediadrumimages)

(Reddit လူမႈကြန္ရက္သံုးစြဲသူတို႔က ပိုင္ရွင္အေနျဖင့္ အဘယ္ေၾကာင့္ ေရာင္းခ်ရသနည္းဟူေသာ အခ်က္အေပၚ ေမးခြန္းထုတ္ၾကသည္။ နည္းပါးေသာ ၾကမ္းခင္းေစ်းျဖင့္ ေရာင္းရျခင္းတြင္ အေၾကာင္းရွိမည္ ျဖစ္ေၾကာင္း ေျပာသည္။ ဓာတ္ပံု-mediadrumimages)

ဝန္းက်င္ကို ၾကည့္မည္ဆိုလွ်င္ ဂေလာ္ဆက္စတာႏွင့္ Sharpness တူးေျမာင္းတို႔ရွိသည္။

စိမ္းလန္းေသာ ကြင္းျပင္မ်ား၊ ေက်းလက္ ရႈခင္းေနရာေကာင္းမ်ားရွိျပီး ယခုလမ္းမွ မိနစ္အနည္းငယ္သြားရံုျဖင့္ ေအာ္ဂဲနစ္ပန္းဥယ်ာဥ္မ်ားသို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း Google Maps အရ သိရသည္။

Reddit လူမႈကြန္ရက္သံုးစြဲသူတို႔သည္ ထူးျခားသည့္ ေရာင္းခ်မႈကို ေဆြးေႏြးေနၾကျပီး မ်ားစြာေသာသူတို႔မွာ ေရာင္းခ်ရျခင္း၏ အေၾကာင္းရင္းကို comment မ်ားထဲတြင္ လိုက္လံဖတ္ရႈ အေျဖရွာေနၾကသည္။

(အေဆာက္အအံုအားလံုးမွာ ဒီဇိုင္းႏွင့္ အရြယ္အစား အမ်ဳိးမ်ဳိး ကြဲျပားေနရာ ဝယ္ယူမည့္သူအေနျဖင့္ အနာဂတ္တြင္ အမ်ဳိးမ်ဳိး အသံုးျပဳႏိုင္မည့္ အခြင့္အလမ္းမ်ားရွိေနသည္။ ဓာတ္ပံု-mediadrumimages)

(၁၂ လံုးတန္း ေနအိမ္မ်ားအျပင္ ဂိုေဒါင္ ၃ လံုးလည္း ပါဝင္သည္။ ဓာတ္ပံု-mediadrumimages)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: STREETS AHEAD You can buy a whole STREET with 24 houses, workshop and three garages – but it’ll cost you an eye-watering price (thesun)

Photo Credit- mediadrumimages

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service