အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်လှုပ်ခဲ့ရကာ ပြဿနာဖြေရှင်းရေးအတွက် ရဟတ်ယာဉ်တစ်စင်းအပြည့် ငွေစက္ကူများ တင်ထားကာ အသင့်ပြင်ထားခဲ့ရပုံ

အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်လှုပ်ခဲ့ရကာ ပြဿနာဖြေရှင်းရေးအတွက် ရဟတ်ယာဉ်တစ်စင်းအပြည့် ငွေစက္ကူများ တင်ထားကာ အသင့်ပြင်ထားခဲ့ရပုံ - Property News in Myanmar from iMyanmarHouse.com
29 Oct 2024 10:50 am တွင် တင်ခဲ့သည်
1287 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အချိန်ကား ၂၀၀၁ ခုနှစ်၊ ဧပြီလ။

နေရာကား အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ Bombay House အမည်ရှိ သမိုင်းဝင်အဆောက်အအုံကြီးတွင် ဖြစ်သည်။

Bombay House သည် Tata Group ပိုင်ဆိုင်သော အဆောက်အအုံဖြစ်ပြီး ရုံးချုပ်စိုက်ရာနေရာလည်း ဖြစ်သည်။

ရုံးထဲမှ စားပွဲပေါ်တွင် မည်သူမည်ဝါ ရေးသားပေးပို့ကြောင်း မသိရသည့် စာတစ်စောင် ရှိနေသည်။

ကုမ္ပဏီမှ ထိပ်တန်းအကြီးအကဲများ ရောက်ရှိလာကာ အဆိုပါစာကို ဖတ်ရှုရချိန်တွင် များစွာ တုန်လှုပ်သွားခဲ့ကြသည်။

စာထဲတွင် ကုမ္ပဏီ၏ ထိပ်တန်းအကြီးအကဲကို လူလိမ်ဟု ရေးသားထားခြင်း ဖြစ်၏။

စာထဲတွင် ကုမ္ပဏီ၏ ထိပ်တန်းအကြီးအကဲတစ်ဦးဖြစ်သူ Dilip Pendse ကို လိမ်လည်မှု ပြုလုပ်ကြောင်း အပြင်းအထန် စွပ်စွဲရေးသားထားရာ ကုမ္ပဏီထိပ်တန်းဦးဆောင်သူတို့ တုန်လှုပ်ခဲ့ကြကာ ထိုပြဿနာကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်ကြခဲ့ရသည်။

(မွမ်ဘိုင်းတွင် ရာတန်တာတာ၏ ဈာပန၌ လာရောက်ဂါရဝပြုကြသည့် ပြည်သူများအား ရဲတပ်ဖွဲ့က ထိန်းသိမ်းပေးနေပုံ)

Dilip သည် Tata Finance တွင် ရူပီးကုဋေ ၅၀၀ လိမ်လည်မှုကြီး၌ ပါဝင်နေကြောင်း၊ Tata Finance သည် ရင်းနှီးမြှုပ်နှံသူများကို လိမ်လည်ခဲ့ကြောင်း စာထဲတွင် စွပ်စွဲရေးသားထားသည်။

Tata Finance သည် Tata Group ၏ အခရာကုမ္ပဏီတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများကို အမြတ်အစွန်း များစွာ ရှာဖွေပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

အိန္ဒိယတွင် အိမ်နှင့် ကားဝယ်သူများကို ငွေကြေးထောက်ပံ့သည့် ဝန်ဆောင်မှုပေးသော ကုမ္ပဏီ ဖြစ်သည်။

(ရာတန်တာတာသည် လမ်းဘေးလေလွင့်ခွေးကလေး Goa ကို မွမ်ဘိုင်းရှိ သူ၏နေအိမ်တွင် ခေါ်ယူမွေးမြူခဲ့သည်)

ဂိုပါလ်ကရစ်ရှ်နန်နှင့် ဟာရစ်ရှ် ဘတ်တို့ ရေးသားသော Jamsetji Tata: Powerful Learning for Corporate Success အမည်ရှိစာအုပ်တွင် ထိုအကြောင်းကို ရေးသားဖော်ပြထားပြီး အမည်မသိပေးစာက ဖော်ပြလာသည့် အကြောင်းရပ်မှာ Tata Group ကို များစွာတုန်လှုပ်စေခဲ့ကြောင်း ဖော်ပြထားသည်။

Tata Group သည် စွပ်စွဲချက်များနှင့် စပ်လျဉ်းပြီး ကုမ္ပဏီမှ ထိပ်တန်းအကြီးအကဲများကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့၏။

စာရင်းစစ် စစ်ဆေးမှုအတွင်း တွေ့ရှိရသည်မှာ ကုမ္ပဏီသည် သံသယဖြစ်ဖွယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း တွေ့ရပြီး ထိုလုပ်ဆောင်ချက်များကြောင့် ကုမ္ပဏီ ဒေဝါလီခံရနိုင်ကြောင်း တွေ့လာရသည်။

ကုမ္ပဏီတွင် ကြွေးမြီမှာ ရူပီး ကုဋေ ၂၇၀၀ အထိ အကြွေးတင်နေသည်။

Tata Finance အနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ငွေပြန်ပေးနိုင်သည့် အနေအထား မရှိတော့။

ကုမ္ပဏီအကြီးအကဲတို့သည် ကိုယ်ကျိုးအတွက်သာကြည့်ကာ စွန့်စားရမှုအန္တရာယ်အလွန်များသော ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

တချိန်က အနီးကပ်ဆုံး ယုံကြည်ရသူအဖြစ် ရှုမြင်ခဲ့ရသူ Dilip Pendse သည် Tata Group ကို တုန်လှုပ် ခြောက်ခြားဖွယ် အခြေအနေဆီသို့ တွန်းပို့ခဲ့လေပြီ။

ထိုအချိန်က ရာတန် တာတာမှာ Tata Sons ၏ ဥက္ကဌဖြစ်ရာ ထိုပြဿနာကို ကိုယ်တိုင်ကိုင်တွယ်ရန် စီစဉ်လာရသည်။

ရာတန် တာတာက ဒါရိုက်တာ ဘုတ်အဖွဲ့ကို အစည်းအဝေးခေါ်လိုက်ပြီး ထိုအစည်းအဝေးဆုံးဖြတ်ချက်အရ Tata Finance ကို မိခင်ကုမ္ပဏီမှ ရူပီး ကုဋေ ၅၀၀ ကျားကန်ပေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် Tata Sons အနေဖြင့် ရှယ်ယာရှင်များအပေါ် တာဝန်ခံထားရမှုကြောင့် ထိုငွေကို ထုတ်မပေးနိုင်။

ရာတန် တာတာက ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပြဿနာဖြစ်ကြောင်း ရှုမြင်ကာ ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့၏ ငွေများ ပြန်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

၂၀၀၁ ခုနှစ်က အိန္ဒိယတွင် Online Banking စနစ် မရှိသေး။

ရာတန်တာတာက ရဟတ်ယာဉ်ပေါ်တွင် ငွေစက္ကူများ အပြည့်တင်ကာ ရုံးခွဲများသို့ ငွေများပို့ပေးရန် အသင့်ပြင်ထားခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံသူ အနည်းငယ်မျှသာ ငွေပြန်ထုတ်ကြသောကြောင့် ရာတန် တာတာမှာ ရဟတ်ယာဉ်ကို မသုံးခဲ့ရ။

Tata Finance နှင့် Tata Industries တို့က Dilip နှင့် အခြားကုမ္ပဏီအကြီးအကဲ အချို့ကို တရားစွဲခဲ့သည်။

ထိုအပြစ်ကို ခွင့်လွှတ်မည် မဟုတ်ကြောင်း ရာတန် တာတာက ပြောကြားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: One anonymous letter and Ratan Tata was left shocked, helicopter filled with money was kept in standby, know the story here (india) Photo Credit-BBC

[Zawgyi]

အိႏိၵယ စက္မႈလုပ္ငန္းရွင္ၾကီး ရာတန္တာတာ၏ ကုမၸဏီရံုးခန္းစားပြဲေပၚသို႔ စာတစ္ေစာင္ေရာက္ရွိ လာခဲ့ျပီးေနာက္ ရာတန္တာတာ တုန္လႈပ္ခဲ့ရကာ ျပႆနာေျဖရွင္းေရးအတြက္ ရဟတ္ယာဥ္တစ္စင္းအျပည့္ ေငြစကၠဴမ်ား တင္ထားကာ အသင့္ျပင္ထားခဲ့ရပံု

အခ်ိန္ကား ၂၀၀၁ ခုႏွစ္၊ ဧျပီလ။

ေနရာကား အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းျမိဳ႕ရွိ Bombay House အမည္ရွိ သမိုင္းဝင္အေဆာက္အအံုၾကီးတြင္ ျဖစ္သည္။

Bombay House သည္ Tata Group ပိုင္ဆိုင္ေသာ အေဆာက္အအံုျဖစ္ျပီး ရံုးခ်ဳပ္စိုက္ရာေနရာလည္း ျဖစ္သည္။

ရံုးထဲမွ စားပြဲေပၚတြင္ မည္သူမည္ဝါ ေရးသားေပးပို႔ေၾကာင္း မသိရသည့္ စာတစ္ေစာင္ ရွိေနသည္။

ကုမၸဏီမွ ထိပ္တန္းအၾကီးအကဲမ်ား ေရာက္ရွိလာကာ အဆိုပါစာကို ဖတ္ရႈရခ်ိန္တြင္ မ်ားစြာ တုန္လႈပ္သြားခဲ့ၾကသည္။

စာထဲတြင္ ကုမၸဏီ၏ ထိပ္တန္းအၾကီးအကဲကို လူလိမ္ဟု ေရးသားထားျခင္း ျဖစ္၏။

စာထဲတြင္ ကုမၸဏီ၏ ထိပ္တန္းအၾကီးအကဲတစ္ဦးျဖစ္သူ Dilip Pendse ကို လိမ္လည္မႈ ျပဳလုပ္ေၾကာင္း အျပင္းအထန္ စြပ္စြဲေရးသားထားရာ ကုမၸဏီထိပ္တန္းဦးေဆာင္သူတို႔ တုန္လႈပ္ခဲ့ၾကကာ ထိုျပႆနာကို ခ်က္ခ်င္းကိုင္တြယ္ေျဖရွင္းရန္ လုပ္ေဆာင္ၾကခဲ့ရသည္။

(မြမ္ဘိုင္းတြင္ ရာတန္တာတာ၏ စ်ာပန၌ လာေရာက္ဂါရဝျပဳၾကသည့္ ျပည္သူမ်ားအား ရဲတပ္ဖြဲ႔က ထိန္းသိမ္းေပးေနပံု)

Dilip သည္ Tata Finance တြင္ ရူပီးကုေဋ ၅၀၀ လိမ္လည္မႈၾကီး၌ ပါဝင္ေနေၾကာင္း၊ Tata Finance သည္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို လိမ္လည္ခဲ့ေၾကာင္း စာထဲတြင္ စြပ္စြဲေရးသားထားသည္။

Tata Finance သည္ Tata Group ၏ အခရာကုမၸဏီတစ္ခုျဖစ္ျပီး ရင္းႏွီးျမွဳပ္နွံသူမ်ားကို အျမတ္အစြန္း မ်ားစြာ ရွာေဖြေပးေနသည့္ ကုမၸဏီ ျဖစ္သည္။

အိႏိၵယတြင္ အိမ္ႏွင့္ ကားဝယ္သူမ်ားကို ေငြေၾကးေထာက္ပံ့သည့္ ဝန္ေဆာင္မႈေပးေသာ ကုမၸဏီ ျဖစ္သည္။

(ရာတန္တာတာသည္ လမ္းေဘးေလလြင့္ေခြးကေလး Goa ကို မြမ္ဘိုင္းရွိ သူ၏ေနအိမ္တြင္ ေခၚယူေမြးျမဴခဲ့သည္)

ဂိုပါလ္ကရစ္ရွ္နန္ႏွင့္ ဟာရစ္ရွ္ ဘတ္တို႔ ေရးသားေသာ Jamsetji Tata: Powerful Learning for Corporate Success အမည္ရွိစာအုပ္တြင္ ထိုအေၾကာင္းကို ေရးသားေဖာ္ျပထားျပီး အမည္မသိေပးစာက ေဖာ္ျပလာသည့္ အေၾကာင္းရပ္မွာ Tata Group ကို မ်ားစြာတုန္လႈပ္ေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။

Tata Group သည္ စြပ္စြဲခ်က္မ်ားႏွင့္ စပ္လ်ဥ္းျပီး ကုမၸဏီမွ ထိပ္တန္းအၾကီးအကဲမ်ားကို စံုစမ္းစစ္ေဆးမႈမ်ား စတင္ျပဳလုပ္ခဲ့၏။

စာရင္းစစ္ စစ္ေဆးမႈအတြင္း ေတြ႔ရွိရသည္မွာ ကုမၸဏီသည္ သံသယျဖစ္ဖြယ္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားေၾကာင္း ေတြ႔ရျပီး ထိုလုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ကုမၸဏီ ေဒဝါလီခံရႏိုင္ေၾကာင္း ေတြ႔လာရသည္။

ကုမၸဏီတြင္ ေၾကြးျမီမွာ ရူပီး ကုေဋ ၂၇၀၀ အထိ အေၾကြးတင္ေနသည္။

Tata Finance အေနျဖင့္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို ေငြျပန္ေပးႏိုင္သည့္ အေနအထား မရွိေတာ့။

ကုမၸဏီအၾကီးအကဲတို႔သည္ ကိုယ္က်ဳိးအတြက္သာၾကည့္ကာ စြန္႔စားရမႈအႏၱရာယ္အလြန္္မ်ားေသာ ရွယ္ယာမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

တခ်ိန္က အနီးကပ္ဆံုး ယံုၾကည္ရသူအျဖစ္ ရႈျမင္ခဲ့ရသူ Dilip Pendse သည္ Tata Group ကို တုန္လႈပ္ ေျခာက္ျခားဖြယ္ အေျခအေနဆီသို႔ တြန္းပို႔ခဲ့ေလျပီ။

ထိုအခ်ိန္က ရာတန္ တာတာမွာ Tata Sons ၏ ဥကၠဌျဖစ္ရာ ထိုျပႆနာကို ကိုယ္တုိင္ကိုင္တြယ္ရန္ စီစဥ္လာရသည္။

ရာတန္ တာတာက ဒါရိုက္တာ ဘုတ္အဖြဲ႔ကို အစည္းအေဝးေခၚလိုက္ျပီး ထိုအစည္းအေဝးဆံုးျဖတ္ခ်က္အရ Tata Finance ကို မိခင္ကုမၸဏီမွ ရူပီး ကုေဋ ၅၀၀ က်ားကန္ေပးရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ေသာ္ Tata Sons အေနျဖင့္ ရွယ္ယာရွင္မ်ားအေပၚ တာဝန္ခံထားရမႈေၾကာင့္ ထိုေငြကို ထုတ္မေပးႏိုင္။

ရာတန္ တာတာက ကိုယ္က်င့္တရားႏွင့္ ဂုဏ္သိကၡာျပႆနာျဖစ္ေၾကာင္း ရႈျမင္ကာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအား ၎တို႔၏ ေငြမ်ား ျပန္ေပးမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

၂၀၀၁ ခုနွစ္က အိႏိၵယတြင္ Online Banking စနစ္ မရွိေသး။

ရာတန္တာတာက ရဟတ္ယာဥ္ေပၚတြင္ ေငြစကၠဴမ်ား အျပည့္တင္ကာ ရံုးခြဲမ်ားသို႔ ေငြမ်ားပို႔ေပးရန္ အသင့္ျပင္ထားခဲ့သည္။

သို႔ေသာ္ ရင္းႏွီးျမွဳပ္ႏွံသူ အနည္းငယ္မွ်သာ ေငြျပန္ထုတ္ၾကေသာေၾကာင့္ ရာတန္ တာတာမွာ ရဟတ္ယာဥ္ကို မသံုးခဲ့ရ။

Tata Finance ႏွင့္ Tata Industries တုိ႔က Dilip ႏွင့္ အျခားကုမၸဏီအၾကီးအကဲ အခ်ဳိ႕ကို တရားစြဲခဲ့သည္။

ထိုအျပစ္ကို ခြင့္လႊတ္မည္ မဟုတ္ေၾကာင္း ရာတန္ တာတာက ေျပာၾကားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: One anonymous letter and Ratan Tata was left shocked, helicopter filled with money was kept in standby, know the story here (india) Photo Credit-BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service