အင်္ဂလန်အဆိုတော် ကယ်လီ အော့စ်ဘွန်း (ရော့ခ်ကြယ်ပွင့်ကြီး အော့ဇီ အော့စဘွန်း၏ သမီး) လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းဈေးကွက်တင်လာ၊ ဖခင်ကြီး အော့ဇီ အော့စဘွန်းနှင့်အတူ တမိသားစုလုံး အမေရိကကို ကျောခိုင်းကာ ဗြိတိန်သို့ ပြောင်းရွှေ့ရန် စီစဉ်
အင်္ဂလန်အဆိုတော် ကယ်လီ အော့စ်ဘွန်း (ရော့ခ်ကြယ်ပွင့်ကြီး အော့ဇီ အော့စဘွန်း၏ သမီး) လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းဈေးကွက်တင်လာ၊ ဖခင်ကြီး အော့ဇီ အော့စဘွန်းနှင့်အတူ တမိသားစုလုံး အမေရိကကို ကျောခိုင်းကာ ဗြိတိန်သို့ ပြောင်းရွှေ့ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
25 Oct 2024 1:39 pm တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကယ်လီ အော့စ်ဘွန်းသည် အင်္ဂလန် အဆိုတော်၊ ရုပ်ရှင်မင်းသမီးဖြစ်ပြီး ကမ္ဘာကျော် ရော့ခ်အဆိုတော်ကြီး အော့ဇီ အော့စ်ဘွန်း၏ သမီးဖြစ်သည်။
အော့ဇီ အော့စ်ဘွန်း (အမည်ရင်း ဂျွန် မိုက်ကယ် အော့စ်ဘွန်း) သည် ၁၉၇၀ ပြည့်လွန်ကာလများတွင် ကမ္ဘာကျော် ရော့ခ်ဝိုင်းကြီး ဖြစ်သော Black Sabbath အဖွဲ့ကြီးတွင် ရှေ့ထွက်အဆိုတော်အဖြစ် ပါဝင်ကာ ဟဲဗီးမက်တယ်လောကတွင် စတင်ခြေချခဲ့ပြီး အဆိုပါအဖွဲ့ကြီးဖြင့်ပင် ကမ္ဘာကျော်ခဲ့သည်။
ယခုအခါ ကယ်လီ အော့စ်ဘွန်းက လော့စ်အိန်ဂျလိမြို့၊ Los Feliz အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၃၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
သူ၏ မိဘများဖြစ်သော အော့ဇီနှင့် ရှာရွန်တို့က ကယ်လီဖိုးနီးယားရှိ စံအိမ်တစ်လုံးကို ရောင်းထုတ်ပြီး နောက်ပိုင်း ကယ်လီကလည်း သူ၏ လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သော အော့ဇီနှင့် ရှာရွန် (၇၂ နှစ်) တို့ ဇနီးမောင်နှံက လော့စ်အိန်ဂျလိမြို့ရှိ ကွန်ဒိုခန်းကို အောက်တိုဘာလအစောပိုင်းက ကန်ဒေါ်လာ ၄ ဒသမ ၃၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
အော့ဇီအော့စဘွန်းက အဆိုပါက ကွန်ဒိုခန်းကို တစ်နှစ်တာအတွင်း ၃ ကြိမ်ထက်မနည်း အရောင်းဈေးကွက်တင်ခဲ့သည်။
အမေရိကန်ကို ကျောခိုင်းကာ ဇာတိမြေ ဗြိတိန်သို့ ပြန်လည်အခြေချရန် စီစဉ်ထားကြောင်း အော့ဇီ အော့စဘွန်းက ဖွင့်ဟပြောပြခဲ့ပြီးနောက်ပိုင်း နေအိမ်ကို ရောင်းထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အသက် ၃၉ နှစ်အရွယ်ရှိ သမီးဖြစ်သူ ကယ်လီ အော့စဘွန်းကလည်း ဖခင်ကြီးနည်းတူ ဗြိတိန်တွင် ပြောင်းရွှေ့ အခြေချဖွယ်ရှိ၊ မရှိကိုမူ မသိရသေး။
ကယ်လီက သူ၏အိမ်ကို အရောင်းဈေးကွက်တင်ခြင်းမှာ လော့စ်အိန်ဂျလိကို စိတ်ကုန်နေသောကြောင့်လော ဟူသည်ကိုလည်း မသိရချေ။
ကယ်လီသည် အဆိုပါအိမ်ကို ရုပ်ရှင်မင်းသမီး Rooney Mara ထံမှ ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကယ်လီ၏ နေအိမ်ကို အရောင်းဈေးကွက်တင်ပေးသည်မှာ အော့ဇီအော့စဘွန်း၏ ကွန်ဒိုခန်းကို ရောင်းထုတ်ပေးခဲ့သော Carolwood Estates အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည်။
ကယ်လီက ယခုအိမ်ကို ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၃,၅၇၅,၀၀၀ ပေးခဲ့ရသည်။
အကယ်၍ ခေါ်ဈေးအတိုင်း ရောင်းထွက်မည်ဆိုပါက ကန်ဒေါ်လာ ၁ သန်းနီးပါး မြတ်စွန်းမည် ဖြစ်သည်။
(ကယ်လီ အော့စဘွန်း အရောင်းဈေးကွက်တင်ထားသောအိမ်။ ဓာတ်ပုံ-Jeremy Spann)
(၁၉၆၃ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော အိမ်ဖြစ်ပြီး မှန်နံရံများဖြင့် အတိပြီးသည်။ ဓာတ်ပုံ-Jeremy Spann)
(တာရာဇို ကြမ်းခင်း ခင်းကျင်းထားသည်။ ဓာတ်ပုံ-Jeremy Spann)
(နေအိမ်အကျယ်မှာ စတုရန်းပေ ၂၄၅၀ ရှိသည်။ ဓာတ်ပုံ-Jeremy Spann)
(ကယ်လီက ယခုအိမ်ကို ရုပ်ရှင်မင်းသမီး Rooney Mara ထံမှ ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Jeremy Spann)
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
မြန်မာနိုင်ငံတွင် အော့ဇီ အော့စ်ဘွန်း၏ သီချင်းများနှင့် ကောင်းစွာထိတွေ့ရင်းနှီးကြပြီး ပြန်လည်သီဆိုမှုများစွာ ရှိသည်။ အချို့ကို ဖော်ပြရလျှင်….
အငဲ၏ ပြန်လည်သီဆိုမှုအချို့မှာ Mama I'm coming home- အစွန့်ပစ်ခံ၊ Facing Hell -အသိစိတ်မဲ့ရေစီး
လေးဖြူ၏ ပြန်လည်သီဆိုမှုအချို့ကို ကြည့်လျှင် Fire in the sky -စုန်းမ၊ You're no different -အလွမ်းရဲ့နတ်သမီးနှင့် Perry Mason -တို့ပြန်တွေ့မယ့်အချိန် အစရှိသဖြင့် တွေ့ရမည် ဖြစ်သည်။
ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများမှာ Shot in the dark -နယူတန်ရဲ့တရား၊ Ultimate Sin -ပထမဆုနှင့် Paranoid -မောဟများနဲ့လူ..တို့ကို တွေ့ရသည်။ အခြားပြန်လည်သီဆိုမှု များစွာရှိပါသေးသည်။
(ဆက်စပ်သတင်း)
ရော့ခ်ဘိုးအေကြီး အော့ဇီ အော့စ်ဘွန်း၏ စံအိမ်များ
https://www.imyanmarhouse.com/news/read/1005235
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kelly Osbourne Lists ‘Rare’ Los Feliz Home for $4.35 Million—Weeks After Ozzy and Sharon Offloaded Their Own L.A. Condo (realtor) Photo Credit- Jeremy Spann
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service