အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် မီးသင့်လောင်မှုကြောင့် မီးခိုးငွေ့တလူလူဖြစ်နေဆဲ နေအိမ်ကို ဓာတ်ပုံရိုက်ကာ ဒေါ်လာ ၂၆၀,၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာ

အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် မီးသင့်လောင်မှုကြောင့် မီးခိုးငွေ့တလူလူဖြစ်နေဆဲ နေအိမ်ကို ဓာတ်ပုံရိုက်ကာ ဒေါ်လာ ၂၆၀,၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
15 Oct 2024 12:12 pm တွင် တင်ခဲ့သည်
552 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် မီးလောင်ကာ မီးခိုးများ တလူလူဖြစ်နေဆဲနေအိမ်ကို ဓာတ်ပုံရိုက်ကာ ကန်ဒေါ်လာ ၂၅၉,၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဖလော်ရီဒါတွင် မကြာသေးမီက တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းများကြောင့် မီးလောင်သည်ဟု ယူဆရသည်။

ဖလော်ရီဒါပြည်နယ်၊ စိန့် ပီတာစဘတ်မြို့ (မှတ်ချက်။ ရုရှားတွင်လည်း စိန့်ပီတာစဘတ်မြို့ရှိသည်) တွင် တည်ရှိသောအိမ်ဖြစ်ပြီး ယခုခေါ်ဈေးမှာ ထိုဒေသ ပျမ်းမျှပေါက်ဈေးအောက် များစွာနည်းပါးသည့် ဈေးနှုန်း ဖြစ်သည်။

Realtor အိမ်ခြံမြေသတင်းဌာနမှ အချက်အလက်များအရ ထိုဒေသ၏ ပျမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာ ကန်ဒေါ်လာ ၄၆၅,၀၀၀ ဖြစ်သည်ဟု ဆိုသည်။

သို့သော် နေအိမ်၏ လက်ရှိအခြေအနေအရ ယခုဈေးနှုန်းမှာ အံ့အားသင့်ဖွယ်မရှိချေ။

နေအိမ်ပျက်စီးနေသည့် အခြေအနေများကြောင့် ဝယ်ယူလိုသောသူများ၏ ဘေးကင်းလုံခြုံရေးအတွက် နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် မပြုကြောင်း ဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြထားသည်။

စိန့်ပီတာစဘတ်မြို့သည် ဟာရီကိန်းမုန်တိုင်း Milton ၏ ဒဏ်ကို ခံခဲ့ရသောမြို့ဖြစ်ပြီး မြို့ထဲမှ ဝန်ချီ ကရိန်းကြီးပင်လျှင် မုန်တိုင်းကြောင့် လဲပြိုမှု ဖြစ်ပွားခဲ့သည်။

ယခုအိမ်သည် ၂၀၂၀ ပြည့်နှစ်အတွင်းက အရောင်းအဝယ်ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က လက်လွှဲလက်ပြောင်းဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃၂၅,၀၀၀ ဖြစ်သည်။

ယခုအချိန်တွင်မူ ဟာရီကိန်းမုန်တိုင်း ၂ ခုဖြစ်သော Helene နှင့် Milton တို့၏ ဒဏ်ကို ခံထားရသည်။

မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ယခုအိမ်ကို မြေကွက်ဈေးမျှဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အဆောက်အအုံသစ် ဆောက်လုပ်လိုသူများအတွက် နေရာကောင်းဖြစ်ကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

 

(ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘတ်မြို့ရှိ မီးခိုးတလူလူထွက်နေဆဲအိမ်ကို အရောင်းဈေးကွက်တင်လာသည်။ ဓာတ်ပုံ-realtor)

 

(မုန်တိုင်းမဝင်မီ ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် ရေကူးကန်ကို တွေ့ရပုံ။ ဓာတ်ပုံ-realtor)

 

မီးခိုးတလူလူထွက်နေဆဲ နေအိမ်ကို လူမှုကွန်ရက်တွင် စိတ်ဝင်စားသူ များပြားခဲ့သည်။

“ဒီအိမ်က ၂၀၂၀ တုန်းက ဒေါ်လာ ၃၂၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ဖူးပါတယ်။ ဒေါ်လာ ၆၅၀၀၀ လောက် ဈေးလျှော့ပေးဦးမယ်လို့ ကျွန်တော်မျှော်လင့်တယ်” ဟု Reddit လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြု သည်။

ယခုအိမ်ကို ဈေးကွက်တင်လာသည်မှာ Milton မုန်တိုင်းမဝင်မီတွင် ဈေးကွက်တင်ခဲ့ခြင်းဖြစ်ရာ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက “မပူပါနဲ့။ Milton ဟာရီကိန်းက မီးငြိမ်းပေးပါလိမ့်မယ်” ဟု အရွှန်းဖောက် မှတ်ချက်ပြုသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “အိမ်မီးလောင်တာ ဘယ်သူမှ ထိခိုက်မှု မရှိကြစေဖို့ မျှော်လင့်ပါတယ်။ ပိုင်ရှင်ရဲ့ ဆုံးရှုံးခဲ့ရမှုကတော့ အာမခံကနေ ပြန်ရပါလိမ့်မယ်” ဟု ဆိုသည်။

 

(Helene ဟာရီကိန်းမုန်တိုင်းကြောင့် ထိုဒေသတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှု ဒေါ်လာ ၄၈ သန်းဖိုးခန့် ရှိခဲ့ပြီး အများစုမှာ အာမခံမထားရှိသောအိမ်များဖြစ်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Joe Raedle/ Getty Images)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Florida Home That Is Still Smoldering Hits the Market for $260K as Hurricane Milton Batters the State (realtor)

Photo Credit- Joe Raedle/ Getty Images, Realtor

 

[Zawgyi]

အေမရိကန္ျပည္၊ ဖေလာ္ရီဒါတြင္ မီးသင့္ေလာင္မႈေၾကာင့္ မီးခိုးေငြ႔တလူလူျဖစ္ေနဆဲ ေနအိမ္ကို ဓာတ္ပံုရိုက္ကာ ေဒၚလာ ၂၆၀,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာ

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္တြင္ မီးေလာင္ကာ မီးခိုးမ်ား တလူလူျဖစ္ေနဆဲေနအိမ္ကို ဓာတ္ပံုရိုက္ကာ ကန္ေဒၚလာ ၂၅၉,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ဖေလာ္ရီဒါတြင္ မၾကာေသးမီက တိုက္ခတ္ခဲ့ေသာ ဟာရီကိန္းမုန္တိုင္းမ်ားေၾကာင့္ မီးေလာင္သည္ဟု ယူဆရသည္။

ဖေလာ္ရီဒါျပည္နယ္၊ စိန္႔ ပီတာစဘတ္ျမိဳ႕ (မွတ္ခ်က္။ ရုရွားတြင္လည္း စိန္႔ပီတာစဘတ္ျမိဳ႕ရွိသည္) တြင္ တည္ရွိေသာအိမ္ျဖစ္ျပီး ယခုေခၚေစ်းမွာ ထိုေဒသ ပ်မ္းမွ်ေပါက္ေစ်းေအာက္ မ်ားစြာနည္းပါးသည့္ ေစ်းႏႈန္း ျဖစ္သည္။

Realtor အိမ္ျခံေျမသတင္းဌာနမွ အခ်က္အလက္မ်ားအရ ထိုေဒသ၏ ပ်မ္းမွ်အိမ္ျခံေျမေပါက္ေစ်းမွာ ကန္ေဒၚလာ ၄၆၅,၀၀၀ ျဖစ္သည္ဟု ဆိုသည္။

သို႔ေသာ္ ေနအိမ္၏ လက္ရွိအေျခအေနအရ ယခုေစ်းႏႈန္းမွာ အံ့အားသင့္ဖြယ္မရွိေခ်။

ေနအိမ္ပ်က္စီးေနသည့္ အေျခအေနမ်ားေၾကာင့္ ဝယ္ယူလိုေသာသူမ်ား၏ ေဘးကင္းလံုျခံဳေရးအတြက္ ေနအိမ္အတြင္းသို႔ ဝင္ေရာက္ၾကည့္ရႈခြင့္ မျပဳေၾကာင္း ေစ်းကြက္တင္ ေၾကာ္ျငာတြင္ ေဖာ္ျပထားသည္။

စိန္႔ပီတာစဘတ္ျမိဳ႕သည္ ဟာရီကိန္းမုန္တိုင္း Milton ၏ ဒဏ္ကို ခံခဲ့ရေသာျမိဳ႕ျဖစ္ျပီး ျမိဳ႕ထဲမွ ဝန္ခ်ီ ကရိန္းၾကီးပင္လွ်င္ မုန္တိုင္းေၾကာင့္ လဲျပိဳမႈ ျဖစ္ပြားခဲ့သည္။

ယခုအိမ္သည္ ၂၀၂၀ ျပည့္ႏွစ္အတြင္းက အေရာင္းအဝယ္ျဖစ္ခဲ့ဖူးျပီး ထိုစဥ္က လက္လႊဲလက္ေျပာင္းျဖစ္ခဲ့သည့္ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၃၂၅,၀၀၀ ျဖစ္သည္။

ယခုအခ်ိန္တြင္မူ ဟာရီကိန္းမုန္တိုင္း ၂ ခုျဖစ္ေသာ Helene ႏွင့္ Milton တုိ႔၏ ဒဏ္ကို ခံထားရသည္။

မုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့ရသည့္ ယခုအိမ္ကို ေျမကြက္ေစ်းမွ်ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ျပီး အေဆာက္အအံုသစ္ ေဆာက္လုပ္လိုသူမ်ားအတြက္ ေနရာေကာင္းျဖစ္ေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

(ဖေလာ္ရီဒါျပည္နယ္၊ စိန္႔ပီတာစဘတ္ျမိဳ႕ရွိ မီးခိုးတလူလူထြက္ေနဆဲအိမ္ကို အေရာင္းေစ်းကြက္တင္လာသည္။ ဓာတ္ပံု-realtor)

(မုန္တိုင္းမဝင္မီ ရိုက္ကူးခဲ့ေသာ ဓာတ္ပံုတြင္ ေရကူးကန္ကို ေတြ႔ရပံု။ ဓာတ္ပံု-realtor)

မီးခိုးတလူလူထြက္ေနဆဲ ေနအိမ္ကို လူမႈကြန္ရက္တြင္ စိတ္ဝင္စားသူ မ်ားျပားခဲ့သည္။

“ဒီအိမ္က ၂၀၂၀ တုန္းက ေဒၚလာ ၃၂၅၀၀၀ နဲ႔ အေရာင္းအဝယ္ျဖစ္ဖူးပါတယ္။ ေဒၚလာ ၆၅၀၀၀ ေလာက္ ေစ်းေလွ်ာ့ေပးဦးမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္တယ္” ဟု Reddit လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳ သည္။

ယခုအိမ္ကို ေစ်းကြက္တင္လာသည္မွာ Milton မုန္တိုင္းမဝင္မီတြင္ ေစ်းကြက္တင္ခဲ့ျခင္းျဖစ္ရာ လူမႈကြန္ရက္ သံုးစြဲသူတစ္ဦးက “မပူပါနဲ႔။ Milton ဟာရီကိန္းက မီးျငိမ္းေပးပါလိမ့္မယ္” ဟု အရႊန္းေဖာက္ မွတ္ခ်က္ျပဳသည္။

အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “အိမ္မီးေလာင္တာ ဘယ္သူမွ ထိခိုက္မႈ မရွိၾကေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ပိုင္ရွင္ရဲ႕ ဆံုးရံႈးခဲ့ရမႈကေတာ့ အာမခံကေန ျပန္ရပါလိမ့္မယ္” ဟု ဆိုသည္။

(Helene ဟာရီကိန္းမုန္တိုင္းေၾကာင့္ ထိုေဒသတြင္ အေဆာက္အအံု ထိခိုက္ပ်က္စီးမႈ ေဒၚလာ ၄၈ သန္းဖိုးခန္႔ ရွိခဲ့ျပီး အမ်ားစုမွာ အာမခံမထားရွိေသာအိမ္မ်ားျဖစ္သည္ဟု ဆိုသည္။ ဓာတ္ပံု-Joe Raedle/ Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Florida Home That Is Still Smoldering Hits the Market for $260K as Hurricane Milton Batters the State (realtor)

Photo Credit- Joe Raedle/ Getty Images, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service