စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၃၀၈ သန်း (ကန်ဒေါ်လာ ၂၃၆ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာ

စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၃၀၈ သန်း (ကန်ဒေါ်လာ ၂၃၆ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
14 Oct 2024 11:31 am တွင် တင်ခဲ့သည်
1600 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူ၏ အိမ်ခြံမြေတန်ကြေးအကြီးဆုံးနေရာတွင် တည်ရှိသော Luxury စံအိမ်ကြီးတစ်လုံး စင်္ကာပူဒေါ်လာ ၃၀၈ သန်း (ကန်ဒေါ်လာ ၂၃၆ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါစံအိမ်ကြီးကို ယခင်ကလည်း ရောင်းထုတ်ရန် ၂ ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ဝယ်လက် မပေါ်ပေါက် ခဲ့ချေ။

စင်္ကာပူတွင် အထက်တန်းစားဘန်ဂလိုအိမ် (GCB) ဟု သိထားကြသော နေအိမ်အမျိုးအစားဖြစ်ပြီး စင်္ကာပူ၏ ထိပ်တန်းဈေးဝယ်ရပ်ဝန်းအနီး Nassim လမ်းတွင် တည်ရှိသည်။

ခြံအကျယ်အဝန်းမှာ စတုရန်းပေ ၅၈၀၀၀ ကျော် ရှိသည်။

စောင့်ရှောက်ရေးဘန်ဂလိုဟု သတ်မှတ်ခံထားရရာ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဆောင်ရန် လိုအပ်သော အဆောက်အအုံဟု ဆိုလိုသည်။

အိမ်ရှေ့မှ ပန်းဥယျာဉ်ကို ခြံကွက် ၂ ကွက်အဖြစ် ပိုင်းခြားကာ နေအိမ်များ ထပ်မံဆောက်လုပ်၍လည်း ရနိုင် သည်။

အရောင်းအဝယ်ဖြစ်ခဲ့မည်ဆိုပါက GCB များအနက် စံချိန်တင် ဈေးနှုန်းဖြစ်လာမည်ဖြစ်သော်လည်း ဈေးနှုန်း အလွန်မြင့်မားလှသောကြောင့် ဝယ်လက်တွေ့ရန် မလွယ်ကြောင်း Business Times သတင်းဌာနက ဖော်ပြသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Realstar Premier Group Pte အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

စံအိမ်ကို ပိုင်ဆိုင်ထားသူမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Hong Fok Corp,Ltd ၏ ပူးတွဲ အမှုဆောင်အရာရှိ Cheong Pin Chuan နှင့် သူ၏ ဇနီးတို့ ဖြစ်သည်။

အဆိုပါစံအိမ်သည် ၂၀၁၉ ခုနှစ်အတွင်းက စင်္ကာပူဒေါ်လာ ၁၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးပြီး ရောင်းမထွက်ခဲ့။

၂၀၂၂ ခုနှစ်တွင် အိမ်ခြံမြေ အတိုင်ပင်ခံကုမ္ပဏီ CBRE Group က ထပ်မံကာ အရောင်းဈေးကွက်တင်ပေးခဲ့ သေးသည်။

သို့သော် ရောင်းမထွက်ခဲ့ချေ။

စင်္ကာပူ၏ လုံးချင်းအိမ်ဈေးကွက်မှာ ပြန်လည်နာလံထူလာနေပြီး တန်ဖိုးကြီး အိမ်ခြံမြေအရောင်းအဝယ်အချို့ လက်လွှဲလက်ပြောင်း ဖြစ်ခဲ့သည်ကို တွေ့နေရသည်။

သို့သော် စင်္ကာပူနိုင်ငံသားတို့ကမူ တန်ဖိုးအလွန်ကြီးသော အိမ်ခြံမြေများ အရောင်းအဝယ်တွင် လက်တွန့်နေကြဆဲ ဖြစ်သည်။

အချို့သော စံအိမ်များမှာ ခေါ်ဈေးအောက် ဈေးလျှော့ပေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသော ရေနံလုပ်ငန်းရှင်သူဌေးကြီး၏ စံအိမ်ဆိုလျှင် ခေါ်ဈေးအောက် စင်္ကာပူဒေါ်လာ ၄ သန်းဈေးလျှော့ကာ သြဂုတ်လအတွင်း အရောင်းအဝယ်ဖြစ်သွားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore luxury mansion on sale for record US$236 million (bangkokpost)

 

[Zawgyi]

စကၤာပူရွိ အိမ္ျခံေျမကုမၸဏီပိုင္ရွင္ ဇနီးေမာင္ႏွံက စကၤာပူမွ လူကံုထံရပ္ကြက္ရွိ စံအိမ္ၾကီးကို စံခ်ိန္တင္ေစ်းႏႈန္း စကၤာပူေဒၚလာ ၃၀၈ သန္း (ကန္ေဒၚလာ ၂၃၆ သန္း) ျဖင့္ အေရာင္းေစ်းကြက္တင္လာ

စကၤာပူ၏ အိမ္ျခံေျမတန္ေၾကးအၾကီးဆံုးေနရာတြင္ တည္ရွိေသာ Luxury စံအိမ္ၾကီးတစ္လံုး စကၤာပူေဒၚလာ ၃၀၈ သန္း (ကန္ေဒၚလာ ၂၃၆ သန္း) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အဆိုပါစံအိမ္ၾကီးကို ယခင္ကလည္း ေရာင္းထုတ္ရန္ ၂ ၾကိမ္တိုင္ ၾကိဳးစားခဲ့ေသာ္လည္း ဝယ္လက္ မေပၚေပါက္ ခဲ့ေခ်။

စကၤာပူတြင္ အထက္တန္းစားဘန္ဂလိုအိမ္ (GCB) ဟု သိထားၾကေသာ ေနအိမ္အမ်ဳိးအစားျဖစ္ျပီး စကၤာပူ၏ ထိပ္တန္းေစ်းဝယ္ရပ္ဝန္းအနီး Nassim လမ္းတြင္ တည္ရွိသည္။

ျခံအက်ယ္အဝန္းမွာ စတုရန္းေပ ၅၈၀၀၀ ေက်ာ္ ရွိသည္။

ေစာင့္ေရွာက္ေရးဘန္ဂလိုဟု သတ္မွတ္ခံထားရရာ ထိန္းသိမ္းေစာင့္ေရွာက္မႈ လုပ္ေဆာင္ရန္ လိုအပ္ေသာ အေဆာက္အအံုဟု ဆိုလိုသည္။

အိမ္ေရွ႕မွ ပန္းဥယ်ာဥ္ကို ျခံကြက္ ၂ ကြက္အျဖစ္ ပိုင္းျခားကာ ေနအိမ္မ်ား ထပ္မံေဆာက္လုပ္၍လည္း ရႏိုင္ သည္။

အေရာင္းအဝယ္ျဖစ္ခဲ့မည္ဆိုပါက GCB မ်ားအနက္ စံခ်ိန္တင္ ေစ်းႏႈန္းျဖစ္လာမည္ျဖစ္ေသာ္လည္း ေစ်းႏႈန္း အလြန္ျမင့္မားလွေသာေၾကာင့္ ဝယ္လက္ေတြ႔ရန္ မလြယ္ေၾကာင္း Business Times သတင္းဌာနက ေဖာ္ျပသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Realstar Premier Group Pte အိမ္ျခံေျမကုမၸဏီမွ ျဖစ္သည္။

စံအိမ္ကုိ ပိုင္ဆိုင္ထားသူမွာ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ Hong Fok Corp,Ltd ၏ ပူးတြဲ အမႈေဆာင္အရာရွိ Cheong Pin Chuan ႏွင့္ သူ၏ ဇနီးတို႔ ျဖစ္သည္။

အဆိုပါစံအိမ္သည္ ၂၀၁၉ ခုႏွစ္အတြင္းက စကၤာပူေဒၚလာ ၁၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျပီး ေရာင္းမထြက္ခဲ့။

၂၀၂၂ ခုႏွစ္တြင္ အိမ္ျခံေျမ အတိုင္ပင္ခံကုမၸဏီ CBRE Group က ထပ္မံကာ အေရာင္းေစ်းကြက္တင္ေပးခဲ့ ေသးသည္။

သို႔ေသာ္ ေရာင္းမထြက္ခဲ့ေခ်။

စကၤာပူ၏ လံုးခ်င္းအိမ္ေစ်းကြက္မွာ ျပန္လည္နာလံထူလာေနျပီး တန္ဖိုးၾကီး အိမ္ျခံေျမအေရာင္းအဝယ္အခ်ဳိ႕ လက္လႊဲလက္ေျပာင္း ျဖစ္ခဲ့သည္ကို ေတြ႔ေနရသည္။

သို႔ေသာ္ စကၤာပူႏိုင္ငံသားတို႔ကမူ တန္ဖိုးအလြန္ၾကီးေသာ အိမ္ျခံေျမမ်ား အေရာင္းအဝယ္တြင္ လက္တြန္႔ေနၾကဆဲ ျဖစ္သည္။

အခ်ဳိ႕ေသာ စံအိမ္မ်ားမွာ ေခၚေစ်းေအာက္ ေစ်းေလွ်ာ့ေပးျခင္းမ်ား ျပဳလုပ္ခဲ့သည္ကို ေတြ႔ရသည္။

ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရေသာ ေရနံလုပ္ငန္းရွင္သူေဌးၾကီး၏ စံအိမ္ဆိုလွ်င္ ေခၚေစ်းေအာက္ စကၤာပူေဒၚလာ ၄ သန္းေစ်းေလွ်ာ့ကာ ၾသဂုတ္လအတြင္း အေရာင္းအဝယ္ျဖစ္သြားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore luxury mansion on sale for record US$236 million (bangkokpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service