ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံး အငှားအိမ်များအကြောင်း Netflix က ထုတ်လွှင့်ခဲ့မှုတွင် ထည့်သွင်းဖော်ပြခံခဲ့ ရသော အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်မှ အလွန်သာယာလှပသော နေအိမ်တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံး အငှားအိမ်များအကြောင်း Netflix က ထုတ်လွှင့်ခဲ့မှုတွင် ထည့်သွင်းဖော်ပြခံခဲ့ ရသော အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်မှ အလွန်သာယာလှပသော နေအိမ်တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
14 Oct 2024 11:21 am တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်တွင် မြေကြီးထဲ၌ နစ်မြုပ်ဆောက်လုပ်ထားသော ကတုတ်ကျင်းအသွင် ထူးခြားနှစ်သက်ဖွယ်ကောင်းသည့် နေအိမ်တစ်လုံး ကန်ဒေါ်လာ ၂,၂၅၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင် နေသည်။
ထူးထူးခြားခြား ဒီဇိုင်းဖော်ဆောက်လုပ်ထားသော အိမ်ကို ‘အံ့ဖွယ်အိမ်’ ဟု လူသိများပြီး စွမ်းအင်ထိရောက်မှု ရှိစေရေးအတွက် မြေကြီးထဲတွင် နှစ်မြှုပ်ဖုံးလွှမ်းကာ ဆောက်လုပ်ထားသည်။
ထူးဆန်းသောနေအိမ်တွင် ကြယ်ကြည့်ရန်အတွက် ၄ ထပ်မျှော်စင်ကြီးလည်း ထီးထီးမားမား ပါဝင်နေသည်။
ရှေးဟောင်းဌာနေ အမေရိကန်တိုင်းရင်းသားများဖြစ်သော ပွေဘလို (သို့မဟုတ်) Anasazi တို့၏ ကြယ်ကြည့်သည့် အလေ့အထကို အတုယူကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။
တည်နေရာမှာ အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်၊ Pagosa Springs မြို့တွင် တည်ရှိပြီး ခြံအကျယ်မှာ ၇ ဧက နီးပါးရှိသည်။
ထိုဒေသသည် လေထုညစ်ညမ်းမှု မရှိသော မိုးကောင်းကင်ရှိသောနေရာအဖြစ် နာမည်ကျော်သည်။
မြေကြီးဖြင့် ဖုံးအုပ်ထားသော အဆိုပါအိမ်သည် ပရိဘောဂများပါဝင်ပြီး အသင့်နေထိုင်နိုင်သော အိမ် ဖြစ်သည်။
လက်ရှိပိုင်ရှင်တို့က ရက်ပိုင်း အငှားအိမ်အဖြစ် အောင်မြင်စွာ ဝင်ငွေရှာနေသောအိမ်လည်း ဖြစ်သည်။
လက်ရှိပိုင်ရှင်က ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထူးကဲလှသော အဆိုပါအိမ်ကို ဝယ်ယူပြီးနောက် ပြန်လည်မွမ်းမံမှု များစွာပြုလုပ်ခဲ့ပြီးချိန်တွင် ကာလတို အငှားအိမ်အဖြစ် အငှားဈေးကွက်တင်ခဲ့သည်။
စက္ခုပသာဒဖြစ်သော ယခုအိမ်ကို Netflix က ထုတ်လွှင့်ခဲ့သည့် The World’s most amazing vacation rentals အစီအစဉ်၏ Season 2 (၂၀၂၁ ခုနှစ်) တွင် ထည့်သွင်း ပြသခဲ့သည်။
(ကော်လိုရာဒိုပြည်နယ်၊ Pagosa Springs မြို့ရှိ ‘အံ့ဖွယ်အိမ်’ ၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)
(အငှားအိမ်အဖြစ် အသုံးပြုခဲ့သည့် မြေကြီးထဲတွင် တစိတ်ပိုင်း နစ်မြှုပ်ဆောက်လုပ်ထားသောအိမ်။ ဓာတ်ပုံ-Realtor)
(နေအိမ်ပြန်လည်မွမ်းမံခဲ့မှုများတွင် ယခုတွေ့ရသော နံရံဆေးရေးပန်းချီကဲ့သို့ ထူးခြားသောအရာများ ပါဝင်သည်။ ဓာတ်ပုံ-Realtor)
နေအိမ်၏ အထူးခြားဆုံးအရာမှာ ၄ ထပ် မျှော်စင်ဖြစ်သည်။
နေအိမ်တွင် ငှားရမ်းတည်းခိုမည့် ဧည့်သည်တော်များအနေဖြင့် ဤမျှော်စင်မှတဆင့် ကြယ်ကြည့်နိုင်သည်။
စံအိမ်တွင် စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ အိပ်ခန်း ၂ ခန်း၊ ထပ်ခိုး ၂ ခုနှင့် ကား ၄ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။
နေအိမ်ပြင်ပရှိ နားနေ နေရာတွင် fire pit တစ်ခု ရှိသည်။
(အထူးခြားဆုံးမှာ ရှုခင်းကြည့် deck ပါဝင်သော ၄ ထပ်မျှော်စင်ဖြစ်သည်။ ဓာတ်ပုံ-Realtor)
(fire pit ပါသော နေအိမ်ပြင်ပ နားနေ နေရာ။ ဓာတ်ပုံ-Realtor)
(မြေအောက်တွင် နှစ်မြှုပ် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Realtor)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Wildly Wacky Colorado ‘Wonder Haus’ Is Listed for $2.25 Million—After Appearing on Netflix’s ‘World’s Most Amazing Vacation Rentals’ (realtor)
Photo Credit-realtor
[Zawgyi]
Photo Credit-realtor
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service