ကမ္ဘာကျော် အဆိုတော်တစ်ဦး၏ နေအိမ်ကို ငှားရမ်းနေထိုင်လိုပါသလား (သို့မဟုတ်) ကမ္ဘာကျော်အဆိုတော် Prince ပိုင်ဆိုင်ခဲ့ပြီး သူ၏ Purple Rain ရုပ်ရှင်ဇာတ်ကားထဲတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသောစံအိမ် တစ်ညလျှင် ၅ ဒေါ်လာမျှဖြင့် အငှားဈေးကွက်ဝင်လာ

ကမ္ဘာကျော် အဆိုတော်တစ်ဦး၏ နေအိမ်ကို ငှားရမ်းနေထိုင်လိုပါသလား (သို့မဟုတ်) ကမ္ဘာကျော်အဆိုတော် Prince ပိုင်ဆိုင်ခဲ့ပြီး သူ၏ Purple Rain ရုပ်ရှင်ဇာတ်ကားထဲတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသောစံအိမ် တစ်ညလျှင် ၅ ဒေါ်လာမျှဖြင့် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Oct 2024 3:24 pm တွင် တင်ခဲ့သည်
433 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Prince ဘယ်သူလဲ))

Prince ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အလွန်နည်းပါးသည်။ Prince ၏ Darling Nikki ကို ပလေးဘွိုင်းသန်းနိုင်က ပြည်တော်ပြန် ပလေးဘွိုင်း စီးရီးတွင် လွမ်းသူ့သီချင်းခွေဟု သီဆိုထားခြင်းမျှသာ ရှိသည်။

ပရင့်စ် ရောဂျားစ် နယ်လ်ဆင် (မွေး ၁၉၅၈-ကွယ်လွန် ၂၀၁၆) သည် အမေရိကန် အဆိုတော်၊ တေးရေး၊ တေးထုတ်လုပ်သူတစ်ဦးဖြစ်သည်။

သူ၏ ဂီတသက်တမ်းတလျှောက် ဆုပေါင်းများစွာ ရရှိခဲ့ပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဂီတသမားများ တွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

((ပရိသတ်များအတွက် ရှားပါးအခွင့်အလမ်း))

Prince ပိုင်ဆိုင်ခဲ့ပြီး သူ၏ Purple Rain ရုပ်ရှင်ဇာတ်ကားထဲတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသော စံအိမ် အငှားဈေးကွက်ဝင်လာရာ သူ၏ ပရိသတ်များအတွက် ရှားပါးအခွင့်အလမ်းတစ်ခု ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့တွင် တည်ရှိပြီး Prince က မကွယ်လွန်မီ တစ်နှစ်အလိုတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Prince သည် ၂၀၁၆ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်သာ ရှိသေးသည်။

Prince က ယခုအိမ်ကို ဝယ်ယူခဲ့သော်လည်း နေထိုင်ခဲ့ခြင်း မရှိချေ။

သို့သော် ၁၉၈၄ ခုနှစ်က ရုံတင်ခဲ့သော Purple Rain ဇာတ်ကားတွင် ဇာတ်ကောင်တစ်ဦးဖြစ်သူ တီးဝိုင်းခေါင်းဆောင်၊ ဂီတသမား The Kid ၏ နေအိမ်အဖြစ် ယခုအိမ်ကို ထည့်သွင်းရိုက်ကူးခဲ့သည်။

ပြီးခဲ့သော ၉ နှစ်တာလုံး အဆိုပါအိမ်ကို အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့။

ယခုအခါ Purple Rain ရုပ်ရှင်ဇာတ်ကား၏ သက်တမ်း နှစ် ၄၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် Prince ၏ ယခုအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။

ယခုစံအိမ်သို့ Prince ၏ The Revolution တီးဝိုင်းအဖွဲ့သားများဖြစ်သော Wendy Melvoin နှင့် Lisa Coleman တို့ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။

၎င်းတို့သည် Purple Rain ရုပ်ရှင်တွင် Prince နှင့်အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသူများလည်း ဖြစ်သည်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အပြင်ဘက်မှ ကြည့်လျှင် အထင်ကြီးဖွယ်မရှိသော်လည်း အတွင်းပိုင်းတွင် ကတ္တီပါရောင် wallpaper များ၊ ၁၉၈၀ ပြည့်လွန်ကာလများက အသုံးပြုခဲ့သော vintage အသံစနစ်နှင့် ဆေးရေး ရောင်စုံပြတင်းများ အပါအဝင် ထူးခြားသော feature များရှိနေသည်။

 

(Prince ၏ ပရိသတ်များအနေဖြင့် နာမည်ကျော် Purple Rain စံအိမ်တွင် ငှားရမ်းတည်းခိုနိုင်ပြီ ဖြစ်သည်။ ဓာတ်ပုံ-Airbnb/ Eric Ogden)

 

(အတွင်းပိုင်းကို Prince အတွက် အထိမ်းအမှတ်အဖြစ် ပြုပြင်မွမ်းမံထားသည်။ ဓာတ်ပုံ-Airbnb/ Eric Ogden)

 

(စံအိမ်အတွင်းပိုင်းတွင် ကတ္တီပါခရမ်းရောင် wallpaper များ၊ ၁၉၈၀ ပြည့်လွန်ကာလများက ပေါ်ပေါက်ခဲ့သော စတီရီယိုအသံစနစ်တို့ အပါအဝင် ထူးခြားသော feature များစွာ ပါဝင်သည်။ ဓာတ်ပုံ-Mark Vancleave/ AP)

 

နားနေခန်းတွင် ဂစ်တာများ၊ ဒရမ်များ၊ ဧည့်သည်များ လက်သံစမ်းနိုင်ရန် ပီယာနိုကြီးတစ်လုံးတို့အပြင် Prince ကို အမှတ်ရဖွယ်များ၊ အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည်။

Purple Rain ၏ သံပြိုင်ပိုဒ်ကို မည်သို့တီးခတ်ရမည်ဟူသော လမ်းညွှန်ချက်များပင် လမ်းညွှန်ထားသည်။

ရေချိုးခန်းတွင် ဒေါက် ၄ ချောင်းပါ ရေစိမ်ကန်၊ ကတ္တီပါရောင် ရေချိုးခန်း ဝတ်စုံများ၊ face mask များနှင့်အတူ Wendy နှင့် Lisa တို့ အနှစ်သက်ဆုံး ဂီတဗွီဒီယို When Doves Cry ကို tribute အနေဖြင့် မွမ်းမံပေးထားသည်။

တည်းခိုမည့် ဧည့်သည်များ ဝတ်ဆင်ကြည့်နိုင်မည့် အဝတ်ဗီရိုတစ်ခုလည်းရှိပြီး ၁၉၈၀ ပြည့်လွန်ကာလများက ခေတ်စားခဲ့သော ဝတ်စုံများထားရှိပေးထားရာ စမ်းသပ်ဝတ်ဆင်ကြည့်နိုင်သည်။

ထို့အပြင် Prince ဝတ်ဆင်ခဲ့သော ဝတ်စုံများကိုလည်း မှန်ပုံးဖြင့် ချိတ်ဆွဲပြသထားရာ သူ၏ ပရိသတ်များ အလွမ်းပြေကြည့်ရှုနိုင်မည် ဖြစ်သည်။

 

(ရေချိုးခန်းကို Wendy နှင့် Lisa တို့ အနှစ်သက်ဆုံး ဂီတဗွီဒီယို When Doves Cry ကို tribute အနေဖြင့် မွမ်းမံပေးထားသည်။ ဓာတ်ပုံ-Airbnb/ Eric Ogden)

 

(Prince ဝတ်ဆင်ခဲ့သော ဝတ်စုံများကို မှန်ပုံးဖြင့် ချိတ်ဆွဲပြသထားရာ သူ၏ ပရိသတ်များ အလွမ်းပြေ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Mark Vancleave/ AP)

 

(နားနေခန်းတွင် ဂစ်တာများ၊ ဒရမ်များ၊ ဧည့်သည်များ လက်သံစမ်းနိုင်ရန် ပီယာနိုကြီးတစ်လုံးတို့အပြင် Prince ကို အမှတ်ရဖွယ်များ၊ အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည်။ ဓာတ်ပုံ-Airbnb/ Eric Ogden)

 

Prince ၏ ပရိသတ်များအနေဖြင့် ယခုအိမ်တွင် အောက်တိုဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ငှားရမ်းတည်းခိုနိုင်သည်ဟု ဆိုသည်။

သို့သော် လူတိုင်းကိုမူ တည်းခိုခွင့် ပေးမည်မဟုတ်ချေ။

Prince ၏ ယခုအိမ်တွင် အဘယ်ကြောင့် တည်းခိုလိုသနည်းဟူသော မေးခွန်းကို ဖြေဆိုရမည်ဖြစ်ပြီး တည်းခိုခွင့်ရမည့်သူများကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။ တည်းခိုလိုသူများအနေဖြင့် Airbnb ဝက်ဘ်ဆိုက်တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

 

(ဆက်စပ်သတင်း)

Fentanyl overdose ဖြစ်ကာ သေဆုံးသွားခဲ့သော ကမ္ဘာကျော်အဆိုတော် Prince က မိခင်ကြီးအတွက် စိတ်ကြိုက်ဆောက်လုပ်ပေးခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်နေ၊ ကန်ဒေါ်လာ ၇ သိန်းမျှဖြင့် ပိုင်ဆိုင်နိုင်မည်

https://www.imyanmarhouse.com/news/read/1118454

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 80s icon’s house available to rent on Airbnb for just £5 a night (metro) Photo Credit- Airbnb/ Eric Ogden, Mark Vancleave/ AP

 

[Zawgyi]

ကမၻာေက်ာ္ အဆိုေတာ္တစ္ဦး၏ ေနအိမ္ကို ငွားရမ္းေနထုိင္လိုပါသလား (သို႔မဟုတ္) ကမၻာေက်ာ္အဆိုေတာ္ Prince ပုိင္ဆိုင္ခဲ့ျပီး သူ၏ Purple Rain ရုပ္ရွင္ဇာတ္ကားထဲတြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးေသာစံအိမ္ တစ္ညလွ်င္ ၅ ေဒၚလာမွ်ျဖင့္ အငွားေစ်းကြက္ဝင္လာ

(Prince ဘယ္သူလဲ))

Prince ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အလြန္နည္းပါးသည္။ Prince ၏ Darling Nikki ကို ပေလးဘြိဳင္းသန္းႏိုင္က ျပည္ေတာ္ျပန္ ပေလးဘြိဳင္း စီးရီးတြင္ လြမ္းသူ႔သီခ်င္းေခြဟု သီဆိုထားျခင္းမွ်သာ ရွိသည္။

ပရင့္စ္ ေရာဂ်ားစ္ နယ္လ္ဆင္ (ေမြး ၁၉၅၈-ကြယ္လြန္ ၂၀၁၆) သည္ အေမရိကန္ အဆိုေတာ္၊ ေတးေရး၊ ေတးထုတ္လုပ္သူတစ္ဦးျဖစ္သည္။

သူ၏ ဂီတသက္တမ္းတေလွ်ာက္ ဆုေပါင္းမ်ားစြာ ရရွိခဲ့ျပီး သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဂီတသမားမ်ား တြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

((ပရိသတ္မ်ားအတြက္ ရွားပါးအခြင့္အလမ္း))

Prince ပိုင္ဆိုင္ခဲ့ျပီး သူ၏ Purple Rain ရုပ္ရွင္ဇာတ္ကားထဲတြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးေသာ စံအိမ္ အငွားေစ်းကြက္ဝင္လာရာ သူ၏ ပရိသတ္မ်ားအတြက္ ရွားပါးအခြင့္အလမ္းတစ္ခု ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုတာျပည္နယ္၊ မင္နီယာပိုလစ္ျမိဳ႕တြင္ တည္ရွိျပီး Prince က မကြယ္လြန္မီ တစ္ႏွစ္အလိုတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Prince သည္ ၂၀၁၆ ခုႏွစ္က ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၇ ႏွစ္သာ ရွိေသးသည္။

Prince က ယခုအိမ္ကို ဝယ္ယူခဲ့ေသာ္လည္း ေနထိုင္ခဲ့ျခင္း မရွိေခ်။

သို႔ေသာ္ ၁၉၈၄ ခုႏွစ္က ရံုတင္ခဲ့ေသာ Purple Rain ဇာတ္ကားတြင္ ဇာတ္ေကာင္တစ္ဦးျဖစ္သူ တီးဝိုင္းေခါင္းေဆာင္၊ ဂီတသမား The Kid ၏ ေနအိမ္အျဖစ္ ယခုအိမ္ကို ထည့္သြင္းရိုက္ကူးခဲ့သည္။

ျပီးခဲ့ေသာ ၉ ႏွစ္တာလံုး အဆိုပါအိမ္ကို အမ်ားျပည္သူ ဝင္ေရာက္ၾကည့္ရႈခြင့္ မရခဲ့။

ယခုအခါ Purple Rain ရုပ္ရွင္ဇာတ္ကား၏ သက္တမ္း ႏွစ္ ၄၀ ျပည့္အထိမ္းအမွတ္ကို ဂုဏ္ျပဳေသာအားျဖင့္ Prince ၏ ယခုအိမ္ကို ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

ယခုစံအိမ္သို႔ Prince ၏ The Revolution တီးဝိုင္းအဖြဲ႔သားမ်ားျဖစ္ေသာ Wendy Melvoin ႏွင့္ Lisa Coleman တုိ႔ လာေရာက္လည္ပတ္ခဲ့ၾကဖူးသည္။

၎တုိ႔သည္ Purple Rain ရုပ္ရွင္တြင္ Prince ႏွင့္အတူ တြဲဖက္ပါဝင္သရုပ္ေဆာင္ခဲ့ၾကသူမ်ားလည္း ျဖစ္သည္။

ႏွစ္ထပ္အေဆာက္အအံုျဖစ္ျပီး အျပင္ဘက္မွ ၾကည့္လွ်င္ အထင္ၾကီးဖြယ္မရွိေသာ္လည္း အတြင္းပိုင္းတြင္ ကတၱီပါေရာင္ wallpaper မ်ား၊ ၁၉၈၀ ျပည့္လြန္ကာလမ်ားက အသံုးျပဳခဲ့ေသာ vintage အသံစနစ္ႏွင့္ ေဆးေရး ေရာင္စံုျပတင္းမ်ား အပါအဝင္ ထူးျခားေသာ feature မ်ားရွိေနသည္။

(Prince ၏ ပရိသတ္မ်ားအေနျဖင့္ နာမည္ေက်ာ္ Purple Rain စံအိမ္တြင္ ငွားရမ္းတည္းခိုႏိုင္ျပီ ျဖစ္သည္။ ဓာတ္ပံု-Airbnb/ Eric Ogden)

(အတြင္းပိုင္းကို Prince အတြက္ အထိမ္းအမွတ္အျဖစ္ ျပဳျပင္မြမ္းမံထားသည္။ ဓာတ္ပံု-Airbnb/ Eric Ogden)

(စံအိမ္အတြင္းပိုင္းတြင္ ကတၱီပါခရမ္းေရာင္ wallpaper မ်ား၊ ၁၉၈၀ ျပည့္လြန္ကာလမ်ားက ေပၚေပါက္ခဲ့ေသာ စတီရီယိုအသံစနစ္တို႔ အပါအဝင္ ထူးျခားေသာ feature မ်ားစြာ ပါဝင္သည္။ ဓာတ္ပံု-Mark Vancleave/ AP)

နားေနခန္းတြင္ ဂစ္တာမ်ား၊ ဒရမ္မ်ား၊ ဧည့္သည္မ်ား လက္သံစမ္းႏိုင္ရန္ ပီယာႏိုၾကီးတစ္လံုးတို႔အျပင္ Prince ကို အမွတ္ရဖြယ္မ်ား၊ အႏုပညာလက္ရာမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

Purple Rain ၏ သံျပိဳင္ပုိဒ္ကို မည္သို႔တီးခတ္ရမည္ဟူေသာ လမ္းညႊန္ခ်က္မ်ားပင္ လမ္းညႊန္ထားသည္။

ေရခ်ဳိးခန္းတြင္ ေဒါက္ ၄ ေခ်ာင္းပါ ေရစိမ္ကန္၊ ကတၱီပါေရာင္ ေရခ်ဳိးခန္း ဝတ္စံုမ်ား၊ face mask မ်ားႏွင့္အတူ Wendy ႏွင့္ Lisa တုိ႔ အႏွစ္သက္ဆံုး ဂီတဗြီဒီယို When Doves Cry ကို tribute အေနျဖင့္ မြမ္းမံေပးထားသည္။

တည္းခိုမည့္ ဧည့္သည္မ်ား ဝတ္ဆင္ၾကည့္ႏိုင္မည့္ အဝတ္ဗီရိုတစ္ခုလည္းရွိျပီး ၁၉၈၀ ျပည့္လြန္ကာလမ်ားက ေခတ္စားခဲ့ေသာ ဝတ္စံုမ်ားထားရွိေပးထားရာ စမ္းသပ္ဝတ္ဆင္ၾကည့္ႏိုင္သည္။

ထို႔အျပင္ Prince ဝတ္ဆင္ခဲ့ေသာ ဝတ္စံုမ်ားကိုလည္း မွန္ပံုးျဖင့္ ခ်ိတ္ဆြဲျပသထားရာ သူ၏ ပရိသတ္မ်ား အလြမ္းေျပၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

(ေရခ်ဳိးခန္းကို Wendy ႏွင့္ Lisa တုိ႔ အႏွစ္သက္ဆံုး ဂီတဗြီဒီယို When Doves Cry ကို tribute အေနျဖင့္ မြမ္းမံေပးထားသည္။ ဓာတ္ပံု-Airbnb/ Eric Ogden)

(Prince ဝတ္ဆင္ခဲ့ေသာ ဝတ္စံုမ်ားကို မွန္ပံုးျဖင့္ ခ်ိတ္ဆြဲျပသထားရာ သူ၏ ပရိသတ္မ်ား အလြမ္းေျပ ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။ ဓာတ္ပံု-Mark Vancleave/ AP)

(နားေနခန္းတြင္ ဂစ္တာမ်ား၊ ဒရမ္မ်ား၊ ဧည့္သည္မ်ား လက္သံစမ္းႏိုင္ရန္ ပီယာႏိုၾကီးတစ္လံုးတို႔အျပင္ Prince ကို အမွတ္ရဖြယ္မ်ား၊ အႏုပညာလက္ရာမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ဓာတ္ပံု-Airbnb/ Eric Ogden)

Prince ၏ ပရိသတ္မ်ားအေနျဖင့္ ယခုအိမ္တြင္ ေအာက္တိုဘာလ ၂၆ ရက္မွ ဒီဇင္ဘာလ ၁၄ ရက္အထိ ငွားရမ္းတည္းခိုႏိုင္သည္ဟု ဆိုသည္။

သို႔ေသာ္ လူတိုင္းကိုမူ တည္းခိုခြင့္ ေပးမည္မဟုတ္ေခ်။

Prince ၏ ယခုအိမ္တြင္ အဘယ္ေၾကာင့္ တည္းခိုလိုသနည္းဟူေသာ ေမးခြန္းကို ေျဖဆိုရမည္ျဖစ္ျပီး တည္းခိုခြင့္ရမည့္သူမ်ားကို က်ပန္းစနစ္ျဖင့္ ေရြးခ်ယ္သြားမည္ ျဖစ္သည္။ တည္းခိုလိုသူမ်ားအေနျဖင့္ Airbnb ဝက္ဘ္ဆိုက္တြင္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

(ဆက္စပ္သတင္း)

Fentanyl overdose ျဖစ္ကာ ေသဆံုးသြားခဲ့ေသာ ကမၻာေက်ာ္အဆိုေတာ္ Prince က မိခင္ၾကီးအတြက္ စိတ္ၾကိဳက္ေဆာက္လုပ္ေပးခဲ့ေသာ စံအိမ္ အေရာင္းေစ်းကြက္ဝင္ေန၊ ကန္ေဒၚလာ ၇ သိန္းမွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည္

https://www.imyanmarhouse.com/news/read/1118454

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 80s icon’s house available to rent on Airbnb for just £5 a night (metro) Photo Credit- Airbnb/ Eric Ogden, Mark Vancleave/ AP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service