ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ပေးမှု လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ပေးမှု လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
8 Oct 2024 9:48 am တွင် တင်ခဲ့သည်
3549 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒူဘိုင်းတွင် အခြေစိုက်နေထိုင်သော သူဌေးတစ်ဦးက ဇနီးဖြစ်သူ ဘီကီနီ ဝတ်ဆင်ကာ ကမ်းခြေတွင် လုံခြုံလွတ်လပ်ဘေးကင်းစွာ နေထိုင်နိုင်ရေးအတွက် အာရှ၌ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ယူပေးခဲ့သည်။

သန်းကြွယ်သူဌေး၏ ဇနီး အသက် ၂၆ နှစ်အရွယ်ရှိ ဆိုဒီ အယ်လ် နာဒက် (Soudi Al Nadak) က ခင်ပွန်း ဖြစ်သူဝယ်ပေးသော ကျွန်းကို ဗွီဒီယိုရိုက်ကူးကာ သူ၏ အင်စတာဂရမ် လူမှုကွန်ရက်အကောင့်တွင် လွှင့်တင် ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်က ဘီကီနီ ဝတ်ချင်တဲ့အခါမှာ ကိုယ့်ရဲ့ သန်းကြွယ်သူဌေးယောက်ျားက ကျွန်းတစ်ကျွန်း ဝယ်ပေးတယ်” ဟု ဆိုဒီက caption ရေးသားခဲ့သည်။

ဆိုဒီသည် ဗြိတိန်ဖွားဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ ဒူဘိုင်းမှ စီးပွားရေးလုပ်ငန်းရှင် ဂျမဲလ် အယ်လ် နာဒက် (Jamal Al Nadak) ဖြစ်သည်။

Hindustan Times သတင်းဌာနသို့ ဆိုဒီက ပြောသည်မှာ ၎င်းမှာ အချိန်ပြည့် အိမ်ရှင်မတစ်ဦးဖြစ်ကြောင်း ပြောသည်။

ဒူဘိုင်းတွင် ကျောင်းတက်စဉ် ၎င်းတို့နှစ်ဦး ဆုံစည်းခဲ့ကြခြင်းဖြစ်ပြီး အိမ်ထောင်သက် ၃ နှစ်ကျော်ရှိပြီ ဖြစ်သည်။

ဆိုဒီသည် အင်စတာဂရမ်နှင့် TikTok တို့တွင် နာမည်ကြီး influencer တစ်ဦးဖြစ်ပြီး သူ၏ ခမ်းနားသိုက်မြိုက် သော လူနေမှုဘဝကို လူမှုကွန်ရက်တွင် ချပြလေ့ရှိသည်။

ဆိုဒီတို့ စုံတွဲ ဝယ်ယူခဲ့သော ကျွန်းအကြောင်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။

ဗွီဒီယိုဖိုင်ထဲတွင် ဆိုဒီက ပြောသည်မှာ ခင်ပွန်းဖြစ်သူက မိမိအတွက် ကျွန်းတစ်ကျွန်းလုံး ဝယ်ယူပေးခဲ့ကြောင်း ပြောသည်။

အဆိုပါဗွီဒီယိုသည် လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ခဲ့ပြီး တစ်ပတ်တာကာလအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၂ ဒသမ ၄ သန်းကျော် ရှိခဲ့သည်။

Hindustan Times သတင်းဌာနသို့ ဆိုဒီက “ကျွန်မယောက်ျားက ပင်လယ်ကမ်းခြေမှာ ကျွန်မကို ဘေးကင်း လုံခြုံစေချင်တယ်။ ဒါကြောင့် သူက ကျွန်းတစ်ကျွန်း ဝယ်ခဲ့ပါတယ်” ဟု ပြောသည်။

“ကျွန်းတစ်ကျွန်းဟာ အာရပ်အမျိုးသမီးတစ်ယောက် ရေကူးဝတ်စုံဝတ်ဖို့ ဘေးကင်းရာ နိဗ္ဗာန်ဘုံဖြစ်တဲ့အပြင် ခင်ပွန်းဖြစ်သူအတွက် ဘဏ္ဍာရေးပိုင်ဆိုင်မှုတစ်ခုလည်း ဖြစ်တာကြောင့် ၂ မျိုးအသုံးဝင်တယ်လို့ ကျွန်မ ထင်ပါတယ်”

သို့သော် ဆိုဒီက သူ၏ တကိုယ်ရည်လုံခြုံမှုနှင့် ဘေးကင်းမှုအတွက် ကျွန်းတည်ရှိသည့်နေရာ အတိအကျကိုမူ ထုတ်ဖော်ပြောပြခြင်း မရှိချေ။

အဆိုပါကျွန်းကို ဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုဒီက ပြောသည်။

“တကိုယ်ရည်လုံခြုံမှုအတွက် ကျွန်မတို့အနေနဲ့ နေရာအတိအကျကိုတော့ မပြောပါဘူး။

ဒါပေမယ့် အာရှမှာ ရှိတာပါ။ ဒေါ်လာ သန်း ၅၀ ပေးရပါတယ်” ဟု ဆိုဒီက Hindustan Times သို့ ပြောသည်။

ဆိုဒီသည် လူမှုကွန်ရက်တွင် ယခင်ကတည်းက ဝေဖန်မှုများစွာ ခံခဲ့ရပြီး လူအများက ၎င်းအား လူမှုကွန်ရက် တွင် ကြွားလုံးထုတ်သည်ဟု ဆိုကြသည်။

ဆိုဒီ၏ လူမှုကွန်ရက်အကောင့်တွင် ပြည်ပ၌ သွားလာလည်ပတ်ပုံ၊ တန်ဖိုးကြီး ညစာများ၊ တန်ဖိုးကြီး ဖက်ရှင် ဆိုင်များတွင် ဈေးဝယ်ခြင်းတို့အပြင် သူ၏ ခမ်းနားသိုက်မြိုက်သော လူနေမှု ဘဝပုံစံတို့နှင့် စပ်လျဉ်းသည့် ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ အပြည့်ရှိနေသည်။

ယခု ကိုယ်ပိုင်ကျွန်း ဝယ်ယူသည့် ဗွီဒီယိုတွင်လည်း ဝေဖန်သည့် မှတ်ချက်များစွာရှိနေပြီး အချို့ကမူ ကျွန်းဝယ်ယူခြင်း အမှန်တကယ် ဟုတ်၊ မဟုတ် သံသယရှိကြောင်း မှတ်ချက်ပြုကြသည်။

“ကျွန်မ ဘာကြောင့် အမုန်းခံနေရလဲ နားမလည်နိုင်ပါဘူး။ ကျွန်မက ကျွန်မရဲ့ နေထိုင်မှုပုံစံကို အားလုံးကို မျှဝေချင်ရုံ သက်သက်ပါ” ဟု ဆိုဒီက Hindustan Times သို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Dubai man buys $50 million island to give wife private space for wearing bikini (hindustantimes)

 

[Zawgyi]

ဒူဘိုင္းမွ သူေဌးတစ္ဦးက ဇနီးျဖစ္သူ ေရကူးဝတ္စံု လြတ္လြတ္လပ္လပ္ဝတ္ႏိုင္ရန္ အာရွရွိ ကၽြန္းတစ္ကၽြန္းကို ကန္ေဒၚလာ သန္း ၅၀ ျဖင့္ ဝယ္ေပးမႈ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ဂယက္ရိုက္

ဒူဘိုင္းတြင္ အေျခစိုက္ေနထုိင္ေသာ သူေဌးတစ္ဦးက ဇနီးျဖစ္သူ ဘီကီနီ ဝတ္ဆင္ကာ ကမ္းေျခတြင္ လံုျခံဳလြတ္လပ္ေဘးကင္းစြာ ေနထုိင္ႏိုင္ေရးအတြက္ အာရွ၌ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ဝယ္ယူေပးခဲ့သည္။

သန္းၾကြယ္သူေဌး၏ ဇနီး အသက္ ၂၆ ႏွစ္အရြယ္ရွိ ဆိုဒီ အယ္လ္ နာဒက္ (Soudi Al Nadak) က ခင္ပြန္း ျဖစ္သူဝယ္ေပးေသာ ကၽြန္းကို ဗြီဒီယိုရိုက္ကူးကာ သူ၏ အင္စတာဂရမ္ လူမႈကြန္ရက္အေကာင့္တြင္ လႊင့္တင္ ခဲ့ျခင္း ျဖစ္သည္။

“ကိုယ္က ဘီကီနီ ဝတ္ခ်င္တဲ့အခါမွာ ကိုယ့္ရဲ႕ သန္းၾကြယ္သူေဌးေယာက္်ားက ကၽြန္းတစ္ကၽြန္း ဝယ္ေပးတယ္” ဟု ဆိုဒီက caption ေရးသားခဲ့သည္။

ဆိုဒီသည္ ျဗိတိန္ဖြားျဖစ္ျပီး ခင္ပြန္းျဖစ္သူမွာ ဒူဘိုင္းမွ စီးပြားေရးလုပ္ငန္းရွင္ ဂ်မဲလ္ အယ္လ္ နာဒက္ (Jamal Al Nadak) ျဖစ္သည္။

Hindustan Times သတင္းဌာနသို႔ ဆိုဒီက ေျပာသည္မွာ ၎မွာ အခ်ိန္ျပည့္ အိမ္ရွင္မတစ္ဦးျဖစ္ေၾကာင္း ေျပာသည္။

ဒူဘိုင္းတြင္ ေက်ာင္းတက္စဥ္ ၎တို႔ႏွစ္ဦး ဆံုစည္းခဲ့ၾကျခင္းျဖစ္ျပီး အိမ္ေထာင္သက္ ၃ ႏွစ္ေက်ာ္ရွိျပီ ျဖစ္သည္။

ဆိုဒီသည္ အင္စတာဂရမ္ႏွင့္ TikTok တို႔တြင္ နာမည္ၾကီး influencer တစ္ဦးျဖစ္ျပီး သူ၏ ခမ္းနားသိုက္ျမိဳက္ ေသာ လူေနမႈဘဝကို လူမႈကြန္ရက္တြင္ ခ်ျပေလ့ရွိသည္။

ဆိုဒီတို႔ စံုတြဲ ဝယ္ယူခဲ့ေသာ ကၽြန္းအေၾကာင္းမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ဂယက္ရိုက္ခဲ့သည္။

ဗြီဒီယိုဖိုင္ထဲတြင္ ဆိုဒီက ေျပာသည္မွာ ခင္ပြန္းျဖစ္သူက မိမိအတြက္ ကၽြန္းတစ္ကၽြန္းလံုး ဝယ္ယူေပးခဲ့ေၾကာင္း ေျပာသည္။

အဆိုပါဗြီဒီယိုသည္ လူမႈကြန္ရက္တြင္ အလြန္ပ်ံ႕ႏွံ႔ခဲ့ျပီး တစ္ပတ္တာကာလအတြင္း ၾကည့္ရႈမႈအၾကိမ္ေရ ၂ ဒသမ ၄ သန္းေက်ာ္ ရွိခဲ့သည္။

Hindustan Times သတင္းဌာနသို႔ ဆိုဒီက “ကၽြန္မေယာက္်ားက ပင္လယ္ကမ္းေျခမွာ ကၽြန္မကို ေဘးကင္း လံုျခံဳေစခ်င္တယ္။ ဒါေၾကာင့္ သူက ကၽြန္းတစ္ကၽြန္း ဝယ္ခဲ့ပါတယ္” ဟု ေျပာသည္။

“ကၽြန္းတစ္ကၽြန္းဟာ အာရပ္အမ်ဳိးသမီးတစ္ေယာက္ ေရကူးဝတ္စံုဝတ္ဖုိ႔ ေဘးကင္းရာ နိဗၺာန္ဘံုျဖစ္တဲ့အျပင္ ခင္ပြန္းျဖစ္သူအတြက္ ဘ႑ာေရးပိုင္ဆိုင္မႈတစ္ခုလည္း ျဖစ္တာေၾကာင့္ ၂ မ်ဳိးအသံုးဝင္တယ္လို႔ ကၽြန္မ ထင္ပါတယ္”

သို႔ေသာ္ ဆိုဒီက သူ၏ တကိုယ္ရည္လံုျခံဳမႈႏွင့္ ေဘးကင္းမႈအတြက္ ကၽြန္းတည္ရွိသည့္ေနရာ အတိအက်ကိုမူ ထုတ္ေဖာ္ေျပာျပျခင္း မရွိေခ်။

အဆိုပါကၽြန္းကို ေဒၚလာ သန္း ၅၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ဆိုဒီက ေျပာသည္။

“တကိုယ္ရည္လံုျခံဳမႈအတြက္ ကၽြန္မတို႔အေနနဲ႔ ေနရာအတိအက်ကိုေတာ့ မေျပာပါဘူး။

ဒါေပမယ့္ အာရွမွာ ရွိတာပါ။ ေဒၚလာ သန္း ၅၀ ေပးရပါတယ္” ဟု ဆိုဒီက Hindustan Times သို႔ ေျပာသည္။

ဆိုဒီသည္ လူမႈကြန္ရက္တြင္ ယခင္ကတည္းက ေဝဖန္မႈမ်ားစြာ ခံခဲ့ရျပီး လူအမ်ားက ၎အား လူမႈကြန္ရက္ တြင္ ၾကြားလံုးထုတ္သည္ဟု ဆိုၾကသည္။

ဆိုဒီ၏ လူမႈကြန္ရက္အေကာင့္တြင္ ျပည္ပ၌ သြားလာလည္ပတ္ပံု၊ တန္ဖုိးၾကီး ညစာမ်ား၊ တန္ဖိုးၾကီး ဖက္ရွင္ ဆိုင္မ်ားတြင္ ေစ်းဝယ္ျခင္းတို႔အျပင္ သူ၏ ခမ္းနားသိုက္ျမိဳက္ေသာ လူေနမႈ ဘဝပံုစံတို႔ႏွင့္ စပ္လ်ဥ္းသည့္ ဓာတ္ပံုမ်ား၊ ဗြီဒီယိုဖိုင္မ်ား အျပည့္ရွိေနသည္။

ယခု ကိုယ္ပိုင္ကၽြန္း ဝယ္ယူသည့္ ဗြီဒီယိုတြင္လည္း ေဝဖန္သည့္ မွတ္ခ်က္မ်ားစြာရွိေနျပီး အခ်ဳိ႕ကမူ ကၽြန္းဝယ္ယူျခင္း အမွန္တကယ္ ဟုတ္၊ မဟုတ္ သံသယရွိေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

“ကၽြန္မ ဘာေၾကာင့္ အမုန္းခံေနရလဲ နားမလည္ႏိုင္ပါဘူး။ ကၽြန္မက ကၽြန္မရဲ႕ ေနထုိင္မႈပံုစံကို အားလံုးကို မွ်ေဝခ်င္ရံု သက္သက္ပါ” ဟု ဆိုဒီက Hindustan Times သို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Dubai man buys $50 million island to give wife private space for wearing bikini (hindustantimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service