တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းဆိုခြင်းခံခဲ့ရသူ ဘရွတ်ခ်ရှီး၏ နယူးယောက် စံအိမ် အကြောင်း
တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းဆိုခြင်းခံခဲ့ရသူ ဘရွတ်ခ်ရှီး၏ နယူးယောက် စံအိမ် အကြောင်း - Property News in Myanmar from iMyanmarHouse.com
4 Oct 2024 11:09 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘရွတ်ခ်ရှီး (မွေး ၁၉၆၅) သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ စူပါမော်ဒယ်ဖြစ်ပြီး ၁၁ လသမီးအရွယ် ကတည်းက မော်ဒယ်လောကသို့ ရောက်ခဲ့သူ ဖြစ်သည်။
၁၂ နှစ်သမီးအရွယ်တွင် Pretty Baby (၁၉၇၈) ဇာတ်ကား၌ ဦးဆောင်ပါဝင်သရုပ်ဆောင်ခဲ့ကာ အလွန်ကျော်ကြားသွားခဲ့သည်။
ဆယ်ကျော်သက်အရွယ်တွင် မော်ဒယ်လောက၌ ဆက်လက်ဖြတ်သန်းခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။
မိုက်ကယ်ဂျက်ဆင်က အော်ပရာဝင်းဖရေးနှင့် ၁၉၉၃ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာတွင် ၎င်းနှင့် ဘရွတ်ခ်ရှီး တွဲခဲ့ကြဖူးကြောင်း ထုတ်ဖော်ပြောကြားသည်။
ဘရွတ်ခ်ရှီးက ပြောပြသည်မှာ မိုက်ကယ်ဂျက်ဆင်က မိမိအား လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းခံခဲ့ပြီး ကလေးတစ်ဦး အတူတကွ မွေးစားကြမည်ဟုလည်း ပြောခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့ဖူးသည်။
ဘရွတ်ခ်ရှီးနှင့် စတင်ဆုံစည်းခဲ့ပုံကို မိုက်ကယ်ဂျက်ဆင်က ပြောပြသည်မှာ “ကျွန်တော့်ဘဝရဲ့ ချစ်ခဲ့ရသူ တွေထဲမှာ ပါပါတယ်။ ကျွန်တော်သူ့ကို ချစ်သလောက် သူကလည်း ကျွန်တော့်အပေါ်ချစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အကြာကြီးတွဲခဲ့ကြတယ်။ ကျွန်တော့်အခန်း နံရံတွေ၊ မှန်တွေ၊ နေရာတိုင်းမှာ သူ့ဓာတ်ပုံတွေ ချည်းပဲ။ အော်စကာဆုပေးပွဲကို Diana Ross နဲ့ အတူ ကျွန်တော်တက်ခဲ့တဲ့အချိန်မှာ ဒီမိန်းကလေးက ကျွန်တော့်ဆီကို လျှောက်လာပြီး….ဟိုင်း- ကျွန်မက ဘရွတ်ခ်ရှီးပါ။ အော်စကာပွဲပြီးရင် ပါတီသွား မှာလား…လို့မေးတော့..ကျွန်တော်က…အင်း..လို့ပြောလိုက်တယ်။ သူက…ကောင်းတယ်။ အဲဒီမှာ တွေ့ကြမယ် လေ..လို့ ပြောသွားပါတယ်။ အဲဒီနောက် ပါတီပွဲကို ကျွန်တော်တို့ သွားကြတယ်။ သူရောက်လာပြီး…ကျွန်မနဲ့ တွဲက မလားလို့ မေးတော့ ကျွန်တော်က ..အင်း..ကိုယ် မင်းနဲ့ တွဲကမယ်လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်တို့ ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးကြတယ်။ အဲဒီညက ကျွန်တော် တညလုံး ပျော်နေခဲ့တယ်” ဟု ပြောပြသည်။
((သမီးများ အိမ်ခွဲထွက်သွားသောကြောင့် အထီးကျန်ကြေကွဲနေရသူ ဘရွတ်ခ်ရှီး၏ နယူးယောက်စံအိမ်))
နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီး ဘရွတ်ခ်ရှီး၏ နယူးယောက်ပြည်နယ်၊ Long Island ၏ အရှေ့ဘက် Hamptons အရပ်တွင် တည်ရှိသော အံ့မခန်းစံအိမ်မှာ ငှက်ငယ်များမရှိတော့သည့် သင်းကွဲငှက်တစ်ကောင်၏ အသိုက်တစ်ခု ဖြစ်နေသည်။
ဘရွတ်ခ်ရှီး၏ သမီးငယ် Grier သည် ကောလိပ်တက်ရန် အိမ်မှထွက်ခွာသွားပြီဖြစ်ပြီး ကျောင်းတွင် အစ်မဖြစ်သူ Rowan နှင့် ဆုံစည်းကြမည် ဖြစ်သည်။
ထို့ကြောင့် ဘရွတ်ခ်ရှီးမှာ အထီးကျန် ကျန်ရစ်ခဲ့ရပြီ ဖြစ်သည်။
ဘရွတ်ခ်ရှီး၏ သမီး ၂ ဦးလုံးမှာ Wake Forest University တွင် ပြီးခဲ့သော သြဂုတ်ကုန်မှ စတင်ကာ ကျောင်းတက်နေကြပြီ ဖြစ်သည်။
သမီးများ မရှိတော့သည့်နောက် အထီးကျန်ကြေကွဲရပုံကို ဘရွတ်ခ်ရှီးက Long Island ရှိ ဆောက်သမ်တန် မြို့တွင် တည်ရှိသော သူမ၏ နေအိမ်တွင် ဗွီဒီယိုဖိုင်ရိုက်ကူးကာ TikTok လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည်။
သို့သော် သမီးငယ်များ မရှိသည့် အထီးကျန်ကာလအတွင်း ဘရွတ်ခ်ရှီးသည် အဆိုးထဲမှ အကောင်းကို ရှာဖွေတွေ့ရှိသွားဟန်ရသည်။
သမီးများ မရှိသည့်ကာလတွင် ဘရွတ်ခ်ရှီးသည် ဆောက်သမ်တန်ရှိ စံအိမ်အတွင်း ဗွီဒီယိုဖိုင်များစွာ ရိုက်ကူးခဲ့သည်။
အဆိုပါစံအိမ်သည် ဘရွတ်ခ်ရှီးနှင့် ခင်ပွန်းဖြစ်သူ Chris Henchy တို့ ၂၀၁၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄ သန်းကျော်မျှဖြင့် ဝယ်ယူခဲ့သောအိမ် ဖြစ်သည်။
(ဘရွတ်ခ်ရှီး၏ သမီးငယ် Grier သည် ကောလိပ်သို့ fresher အဖြစ် စတင်တက်ရောက်ပြီဖြစ်ရာ Hamptons အိမ်မှာ ငှက်သားပေါက်များမရှိသော အသိုက်တစ်ခုဖြစ်သွားပြီဖြစ်သည်။ ဓာတ်ပုံ-Architectural Digest)
(ဘရွတ်ခ်ရှီး၏ ၁၈ နှစ်အရွယ်သမီးငယ် Grier သည် Wake Forest တက္ကသိုလ်တွင် အစ်မဖြစ်သူ Rowan နှင့် ဆုံစည်းကြမည်ဖြစ်သည်။ ဓာတ်ပုံ-Instagram/ Brooke Shields)
(ဘရွတ်ခ်ရှီး၊ ခင်ပွန်းဖြစ်သူ Chris Henchy နှင့် သမီးများ။ ဓာတ်ပုံ- Instagram/ Brooke Shields)
ဘရွတ်ခ်ရှီး၏ စံအိမ်မှာ ၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောအိမ်ဖြစ်ပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါသည်။
အကျယ်အဝန်း စတုရန်းပေ ၄၅၀၀ ရှိပြီး မှန်ပုံကွက်ပုံ ပုံဖော်မွမ်းမံထားသော နံရံများရှိသည့် အဝင်ခန်းမ၊ အခြောက်ခံစက်ရှိသော ဖိနပ်၊ အဝတ်ထားရာ အိမ်အဝင်အခန်း၊ မီးလင်းဖိုပါသော ဧည့်ခန်း၊ ညစာစားခန်း၊ သီးသန့်ခန်း၊ မိသားစုနားနေခန်းနှင့် မီးလင်းဖိုတို့ပါသော မီးဖိုဆောင်များ ရှိသည်။
ပင်မအိပ်ခန်းတွင် ဓာတ်ငွေ့သုံး မီးလင်းဖို၊ ရေနွေးရေပန်းနှင့် အပူပေးစနစ်ပါ ကြမ်းပြင်တိို့ရှိသော ရေချိုးခန်းတို့ ပါဝင်သည်။
အောက်ထပ်တွင် သီးခြားဝင်ပေါက်၊ မီဒီယာခန်းမနှင့် walk-in closet တို့ရှိသည်။
ဘရွတ်ခ်ရှီး၏ စံအိမ်မှာ ယခုအခါ ကန်ဒေါ်လာ ၆ သန်းခန့် တန်ကြေးရှိကြောင်း ခန့်မှန်းရသည်။
မြို့တွင်း နေရာကောင်းတွင် တည်ရှိပြီး ကမ်းခြေနှင့်လည်း နီးသည်။
(သမီး ၂ ဦးလုံး တက္ကသိုလ်သို့ရောက်သွားချိန်တွင် ဘရွတ်ခ်ရှီးက နေအိမ်အတွင်း ဗွီဒီယိုဖိုင် များစွာရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ဓာတ်ပုံ- Architectural Digest)
(နေအိမ်အပြင်ဘက် အလှ။ ဓာတ်ပုံ- Architectural Digest)
(နေအိမ်ကို ဂန္ထဝင်နှင့် ခေတ်ပေါ်ဟန်များ ပေါင်းစပ်စေလိုကြောင်း ဘရွတ်ခ်ရှီးက ၂၀၁၅ ခုနှစ်အတွင်း ပြောခဲ့ဖူးသည်။ ဓာတ်ပုံ- Architectural Digest)
(ညစာစားခန်းတွင် သစ်ပင် ပင်စည်စားပွဲအပါအဝင် နေအိမ်အတွင်း ထူးခြားသော feature များစွာရှိသည်။ ဓာတ်ပုံ- Architectural Digest)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside Brooke Shields’ $6 Million ‘Empty Nest’ in the Hamptons—as She Shares Heartbreak Over Her Daughters’ Departure (realtor, wikipedia) Photo Credit- Architectural Digest, Instagram/ Brooke Shields
[Zawgyi]
ပင်မအိပ်ခန်းတွင် ဓာတ်ငွေ့သုံး မီးလင်းဖို၊ ရေနွေးရေပန်းနှင့် အပူပေးစနစ်ပါ ကြမ်းပြင်တို့ရှိသော ရေချိုးခန်းတို့ ပါဝင်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service