အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Oct 2024 10:22 am တွင် တင်ခဲ့သည်
475 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတဖြစ်သူ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သူများရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူ ခါမလာ ဟဲရစ်သည် ပြီးခဲ့သော ကြာသပတေးနေ့က အော်ပရာ ဝင်းဖရေးနှင့် အွန်လိုင်းမှ တိုက်ရိုက်လွှင့်သော ဆွေးနွေးခန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခါမလာ ဟဲရစ်သည် လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ထားသူတစ်ဦးလည်း ဖြစ်သည်။ “တစ်ယောက်ယောက်က ကျွန်မအိမ်ထဲကို ကျူးကျော်ချိုးဖောက်ဝင်လာမယ်ဆိုရင် သူတို့ သေနတ်နဲ့ အပစ်ခံရပါလိမ့်မယ်” ဟု ခါမလာ ဟဲရစ်က ပြောသည်။
ခါမလာ ဟဲရစ်သည် အမေရိကန်တွင် ပြဌာန်းထားသော Second Amendment ဟုခေါ်သည့် လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကို ထောက်ခံသူ ဖြစ်သည်။
ထိုဥပဒေ၏ ရည်ရွယ်ရင်းမှာ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်နှင့် လွတ်လပ်မှုကို ကာကွယ်နိုင်ရန်၊ ပြည်သူတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ရရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော်ခါမလာဟဲရစ်က သူ့အနေဖြင့် ထိုသို့ မပြောသင့်ကြောင်းလည်း ချက်ချင်းဖြည့်စွက်ပြောကြားခဲ့သည်။
ခါမလာ ဟဲရစ်သည် မီချီဂန်ပြည်နယ်၊ Farmington Hills မြို့တွင် အော်ပရာဝင်းပရေးနှင့် စကားပြော ဆွေးနွေးခန်း ပြုလုပ်စဉ် လက်နက်ကိုင် အကြမ်းဖက်မှုများအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြသည်။
ခါမလာဟဲရစ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့် (လက်ရှိ ရီပတ်ဘလီကန်၏ သမ္မတလောင်း) နှင့် စက်တင်ဘာလ ၁၀ ရက်က စကားစစ်ထိုးပွဲတွင် မိမိသည် လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ထားသူဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ဖူးသည်။
ထိုအကြောင်းကို အော်ပရာဝင်းဖရေးက အစဖော် ထည့်သွင်းမေးမြန်းခဲ့သည်။
“ကျွန်မ အဲဒီအကြောင်းတွေ မသိခဲ့ဘူး” ဟု အော်ပရာ ဝင်းဖရေးက စတူဒီယိုခန်းအတွင်းရှိ ပရိသတ်များရှေ့တွင် ရယ်မောရင်း ပြောကြားခဲ့သည်။
Unite for America အမည်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်စဉ်အတွင်း ထိုသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
အော်ပရာဝင်းဖရေးက ထိုသို့ ပြောဆိုပြီးနောက် ခါမလာဟဲရစ်က မိမိ၏ နေအိမ်သို့ ထိုးဖောက်ကျူးကျော် ဝင်ရောက်လာသူရှိလျှင် သေနတ်ဖြင့် အပစ်ခံရမည်ဟု ရယ်မောရင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
X လူမှုကွန်ရက်တွင် The Trump War Room အမည်ရှိ အကောင့်က အဆိုပါဗွီဒီယိုဖိုင်ကို မျှဝေကာ ဒုသမ္မတအား လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။
“ခါမလာအနေနဲ့ သူပိုင်ထားတယ်ဆိုတဲ့ သေနတ်က ဘာအမျိုးအစား၊ ဘာမော်ဒယ်လဲဆိုတာ ပြောပြလို့ ရမလား” ဟုလည်း အဆိုပါအကောင့်က မေးခွန်းထုတ်ခဲ့သည်။
“ဒါဆိုရင် လက်နက်တွေ သိမ်းဆည်းဖို့ နေရာတကာမှာ နှစ်ပေါင်းများစွာ လိုက်ပြောပြီး သူကြိုးစား နေခဲ့တာတွေက ဘာကြောင့်လဲ” ဟုလည်း ထိုအကောင့်က မေးခွန်းထုတ်ထားသည်။
ခါမလာ ဟဲရစ်က တုံ့ပြန်ထားသည်မှာ လက်နက်ကိုင် အကြမ်းဖက်မှု ပြဿနာကို ရေရှည်အတွက် တွေးတောမှု များ ပြုလုပ်ခဲ့ကြောင်း၊ အချို့သူများက မိမိအား လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ထောက်ခံသူဖြစ်ပြီး တချိန်တည်းတွင်ပင် လူတိုင်း၏ သေနတ်များကို ပြန်လည်သိမ်းဆည်းလိုသူဟု ပြောဆိုနေကြောင်း၊ မိမိမှာ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ထောက်ခံသူဖြစ်သော်လည်း တိုက်ခိုက်ရေး လက်နက်များကို ပိတ်ပင် စေလိုသူဖြစ်ကြောင်း တုံ့ပြန်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kamala Harris would shoot someone if they broke into her home (news.sky)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service