အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ

အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
3 Oct 2024 12:13 pm တွင် တင်ခဲ့သည်
587 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ မင်နီဆိုတာပြည်နယ်တွင် သင့်အတွက် ထူးခြားသော နေအိမ်အဖြစ် အသုံးပြုနိုင်သည့် အဆောက်အအုံတစ်ခု အရောင်းဈေးကွက်ဝင်နေသည်။

သို့သော် သင့်တွင် ငွေအလုံအလောက်ရှိရန် လိုအပ်သည်။

မင်နီဆိုတာပြည်နယ်၊ Duluth မြို့တွင် တည်ရှိသော ဘဏ်အဆောက်အအုံဟောင်းဖြစ်ပြီး ငွေတိုက်ခန်း၊ safety deposit box များ၊ ကျည်ကာမှန်များ၊ သံကူကွန်ကရစ်နံရံများ အပါအဝင် ဘဏ်၏ မူလအသုံးအဆောင် ပစ္စည်းများ ယနေ့တိုင်ရှိနေဆဲဖြစ်သော အဆောက်အအုံဖြစ်ကာ မကြာသေးမီက အရောင်းဈေးကွက်ဝင် လာသည်။

အိပ်ခန်း ၁ ခန်းပါ အဆောက်အအုံဖြစ်ပြီး ဝယ်ယူရန် စိတ်ဝင်စားသူ အလွန်များပြားနေသည်ဟု ဆိုသည်။

အမေရိကန်ပြည် ကယ်လီဖိုးနီးယားအခြေစိုက် Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် တစ်ပတ်တာအတွင်း အကျော်ကြားဆုံးနေအိမ်အဆောက်အအုံဖြစ်ခဲ့သည်။

အကျယ်အဝန်း စတုရန်းပေ ၂၃၅၀ ရှိပြီး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားကာ စတိုင်ကျသော မီးဖိုဆောင်၊ floating staircase ၊ မြေအောက်ခန်း ကားဂိုဒေါင်တို့ ပါဝင်သည်။

လူနေအိမ်အဖြစ် နှစ်နှစ်ကြာ အချိန်ယူကာ ပြောင်းလဲမွမ်းမံမှုများ ပြုလုပ်ပြီးနောက်ပိုင်း အရောင်းဈေးကွက်ဝင် လာခြင်း ဖြစ်သည်။

မင်နီဆိုတာပြည်နယ်တွင် နေထိုင်သော အင်ဒရူး ဟိုးပရင်နှင့် ဂျနီဖာ ဂျက်ကယ်လ်တို့စုံတွဲသည် ဘဝတလျှောက်လုံး အိမ်ခြံမြေများ မွမ်းမံသည့်အလုပ် လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်နေချိန် ၂၀၂၂ ခုနှစ်တွင် ယခုအဆောက်အအုံကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း The Minnesota Star Tribune က ဖော်ပြသည်။

 

(ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိပြီဖြစ်သော ဘဏ်အဆောက်အအုံကြီး၏ မူရင်းလက်ရာများကို ထိန်းသိမ်းရင်း လူနေအိမ်အဖြစ် ပြောင်းလဲခဲ့သည်)

 

(အင်ဒရူး ဟိုးပရင်နှင့် ဂျနီဖာ ဂျက်ကဲလ်တို့စုံတွဲက ၂၀၂၂ ခုနှစ်တွင် လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံသည့် စီမံကိန်း စတင်လုပ်ဆောင်ခဲ့သည်)

 

(Park State Bank အဖြစ်ရပ်တည်ခဲ့စဉ်က အသုံးပြုခဲ့သော safe deposit box များ ယနေ့တိုင် ရှိနေဆဲပင်)

 

(အဆောက်အအုံ၏ ပင်မနေရာတွင် မြစိမ်းရောင် နံရံများ၊ သစ်သားကြမ်းပြင်များနှင့် စကျင်ကျောက် စားပွဲမျက်နှာပြင်တို့ ရှိသည်)

 

အိမ်၏ ပင်မအောက်ထပ်နေရာကို စီးမိုးတွေ့မြင်ရသော လသာဆောင်ကဲ့သို့ သစ်သားထပ်ခိုးနေရာ ၂ ခုပါသည်။

ဂျက်ကဲလ်က The Minnesota Star Tribune သတင်းဌာနသို့ “မျက်နှာကြက်က အရမ်းမြင့်နေတော့ နေရာတွေ ဖြုန်းတီးသလို ခံစားရတယ်။ အဲဒါကြောင့် ကျွန်မတို့က အသုံးဝင်မယ့်နေရာထွက်လာစေဖို့အတွက် ထပ်ခိုးဆောက်သင့်တယ်လို့ တွေးခဲ့ကြပါတယ်” ဟု ပြောသည်။

အဆောက်အအုံ အပြင်ဘက်တွင် ကျယ်ပြောသော ကားရပ်နားရာနေရာရှိသည်။

● ခေါ်ဈေး- ကန်ဒေါ်လာ ၄၉၉၀၀၀ ● နှစ် ၃၀ အရစ်ကျ ဝယ်ယူမည်ဆိုပါက တစ်လလျှင် ပေးချေရမည့် ခန့်မှန်းပမာဏ- ကန်ဒေါ်လာ ၂၇၇၃ ● အိပ်ခန်း ၁၊ ရေချိုးခန်း ၅၊ ၂၅၃၀ စတုရန်းပေ၊ မြေအကျယ် ၀ ဒသမ ၆ ဧက ● တည်နေရာ-အမှတ် ၁၁၀၆၊ 88th Ave W လမ်း၊ Duluth မြို့၊ မင်နီဆိုတာပြည်နယ်၊ 55808 ● ၁ စတုရန်းပေ ဈေးနှုန်း-၁၉၇ ဒေါ်လာ ● ဂိုဒေါင်- ကား ၂ စင်း ● ဆောက်လုပ်သည့်ခုနှစ်-၁၉၁၈

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Converted $500K Minnesota Bank With Historic Vaults and Bulletproof Glass Is the Week’s Most Popular Home (dailymail) Photo Credit-dailymail

 

[Zawgyi]

အေမရိကန္ျပည္တြင္ ေငြတိုက္ခန္းႏွင့္ က်ည္ကာမွန္မ်ား ထည့္သြင္းတပ္ဆင္ထားေသာ ဘဏ္အေဆာက္အအံု ၾကီးကို ကန္ေဒၚလာ ၅၀၀,၀၀၀ မွ်ျဖင့္ ေရာင္းခ်ရန္ စီစဥ္လာ

အေမရိကန္ျပည္၊ မင္နီဆိုတာျပည္နယ္တြင္ သင့္အတြက္ ထူးျခားေသာ ေနအိမ္အျဖစ္ အသံုးျပဳႏိုင္သည့္ အေဆာက္အအံုတစ္ခု အေရာင္းေစ်းကြက္ဝင္ေနသည္။

သို႔ေသာ္ သင့္တြင္ ေငြအလံုအေလာက္ရွိရန္ လိုအပ္သည္။

မင္နီဆိုတာျပည္နယ္၊ Duluth ျမိဳ႕တြင္ တည္ရွိေသာ ဘဏ္အေဆာက္အအံုေဟာင္းျဖစ္ျပီး ေငြတိုက္ခန္း၊ safety deposit box မ်ား၊ က်ည္ကာမွန္မ်ား၊ သံကူကြန္ကရစ္နံရံမ်ား အပါအဝင္ ဘဏ္၏ မူလအသံုးအေဆာင္ ပစၥည္းမ်ား ယေန႔တိုင္ရွိေနဆဲျဖစ္ေသာ အေဆာက္အအံုျဖစ္ကာ မၾကာေသးမီက အေရာင္းေစ်းကြက္ဝင္ လာသည္။

အိပ္ခန္း ၁ ခန္းပါ အေဆာက္အအံုျဖစ္ျပီး ဝယ္ယူရန္ စိတ္ဝင္စားသူ အလြန္မ်ားျပားေနသည္ဟု ဆိုသည္။

အေမရိကန္ျပည္ ကယ္လီဖုိးနီးယားအေျခစိုက္ Realtor အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ တစ္ပတ္တာအတြင္း အေက်ာ္ၾကားဆံုးေနအိမ္အေဆာက္အအံုျဖစ္ခဲ့သည္။

အက်ယ္အဝန္း စတုရန္းေပ ၂၃၅၀ ရွိျပီး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားကာ စတိုင္က်ေသာ မီးဖိုေဆာင္၊ floating staircase ၊ ေျမေအာက္ခန္း ကားဂိုေဒါင္တို႔ ပါဝင္သည္။

လူေနအိမ္အျဖစ္ ႏွစ္ႏွစ္ၾကာ အခ်ိန္ယူကာ ေျပာင္းလဲမြမ္းမံမႈမ်ား ျပဳလုပ္ျပီးေနာက္ပိုင္း အေရာင္းေစ်းကြက္ဝင္ လာျခင္း ျဖစ္သည္။

မင္နီဆိုတာျပည္နယ္တြင္ ေနထိုင္ေသာ အင္ဒရူး ဟိုးပရင္ႏွင့္ ဂ်နီဖာ ဂ်က္ကယ္လ္တို႔စံုတြဲသည္ ဘဝတေလွ်ာက္လံုး အိမ္ျခံေျမမ်ား မြမ္းမံသည့္အလုပ္ လုပ္ကိုင္ခဲ့ၾကသူမ်ားျဖစ္ျပီး အိမ္ျခံေျမေစ်းႏႈန္းမ်ား ေခါင္ခိုက္ေနခ်ိန္ ၂၀၂၂ ခုႏွစ္တြင္ ယခုအေဆာက္အအံုကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း The Minnesota Star Tribune က ေဖာ္ျပသည္။

(ရာစုႏွစ္တစ္ခုေက်ာ္ သက္တမ္းရွိျပီျဖစ္ေသာ ဘဏ္အေဆာက္အအံုၾကီး၏ မူရင္းလက္ရာမ်ားကို ထိန္းသိမ္းရင္း လူေနအိမ္အျဖစ္ ေျပာင္းလဲခဲ့သည္)

(အင္ဒရူး ဟိုးပရင္ႏွင့္ ဂ်နီဖာ ဂ်က္ကဲလ္တို႔စံုတြဲက ၂၀၂၂ ခုႏွစ္တြင္ လူေနအိမ္အျဖစ္ ေျပာင္းလဲမြမ္းမံသည့္ စီမံကိန္း စတင္လုပ္ေဆာင္ခဲ့သည္)

(Park State Bank အျဖစ္ရပ္တည္ခဲ့စဥ္က အသံုးျပဳခဲ့ေသာ safe deposit box မ်ား ယေန႔တုိင္ ရွိေနဆဲပင္)

(အေဆာက္အအံု၏ ပင္မေနရာတြင္ ျမစိမ္းေရာင္ နံရံမ်ား၊ သစ္သားၾကမ္းျပင္မ်ားႏွင့္ စက်င္ေက်ာက္ စားပြဲမ်က္ႏွာျပင္တို႔ ရွိသည္)

အိမ္၏ ပင္မေအာက္ထပ္ေနရာကို စီးမိုးေတြ႔ျမင္ရေသာ လသာေဆာင္ကဲ့သို႔ သစ္သားထပ္ခိုးေနရာ ၂ ခုပါသည္။

ဂ်က္ကဲလ္က The Minnesota Star Tribune သတင္းဌာနသို႔ “မ်က္ႏွာၾကက္က အရမ္းျမင့္ေနေတာ့ ေနရာေတြ ျဖဳန္းတီးသလို ခံစားရတယ္။ အဲဒါေၾကာင့္ ကၽြန္မတို႔က အသံုးဝင္မယ့္ေနရာထြက္လာေစဖုိ႔အတြက္ ထပ္ခိုးေဆာက္သင့္တယ္လို႔ ေတြးခဲ့ၾကပါတယ္” ဟု ေျပာသည္။

အေဆာက္အအံု အျပင္ဘက္တြင္ က်ယ္ေျပာေသာ ကားရပ္နားရာေနရာရွိသည္။

● ေခၚေစ်း- ကန္ေဒၚလာ ၄၉၉၀၀၀ ● ႏွစ္ ၃၀ အရစ္က် ဝယ္ယူမည္ဆိုပါက တစ္လလွ်င္ ေပးေခ်ရမည့္ ခန္႔မွန္းပမာဏ- ကန္ေဒၚလာ ၂၇၇၃ ● အိပ္ခန္း ၁၊ ေရခ်ဳိးခန္း ၅၊ ၂၅၃၀ စတုရန္းေပ၊ ေျမအက်ယ္ ၀ ဒသမ ၆ ဧက ● တည္ေနရာ-အမွတ္ ၁၁၀၆၊ 88th Ave W လမ္း၊ Duluth ျမိဳ႕၊ မင္နီဆိုတာျပည္နယ္၊ 55808 ● ၁ စတုရန္းေပ ေစ်းႏႈန္း-၁၉၇ ေဒၚလာ ● ဂိုေဒါင္- ကား ၂ စင္း ● ေဆာက္လုပ္သည့္ခုႏွစ္-၁၉၁၈

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Converted $500K Minnesota Bank With Historic Vaults and Bulletproof Glass Is the Week’s Most Popular Home (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service