အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3 Oct 2024 11:44 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုခရိုင်၊ Joshua Tree အရပ်တွင် ဘေးပတ်ဝန်းကျင်နှင့် တသားတည်းပေါင်းစပ် ပျောက်ကွယ်နေသည့်ဟန်ရှိသော စံအိမ်တစ်လုံး အငှားဈေးကွက် ဝင်လာသည်။
ကျောက်ဆောင်ထူထပ်သော ပတ်ဝန်းကျင်၏ သွင်ပြင်နှင့် သဟဇာတဖြစ်စေရန် ဆောက်လုပ်ထားရာ နေအိမ်မှာ မမြင်ရဘဲ ပျောက်ကွယ်နေသကဲ့သို့ရှိသောကြာင့် အိမ်ငှားရမ်းနေထိုင်မည့်သူများအနေဖြင့် အာရုံစိုက် ရှာဖွေရဖွယ် ရှိသည်။
ကိုယ်ပျောက်အိမ်ဟု လူသိများသော မှန်စံအိမ်ကို ရုပ်ရှင်ထုတ်လုပ်သူ Chris Hanley နှင့် Frank Gehry တို့က Tomas Osinski နှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲခဲ့သည်။
ယခုအခါ အဆိုပါစံအိမ်ကြီးကို တစ်လလျှင် ကန်ဒေါ်လာ ၉၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်နိုင်မည် ဖြစ်သည်။
အိပ်ခန်း ၃ ခန်းပါဝင်ပြီး အကျယ်အဝန်း ၅၄၇၀ စတုရန်းပေရှိကာ သဲကန္တာရဆန်သော ခြံအကျယ် ၆၇ ဒသမ ၅ ဧကပေါ်တွင် တည်ရှိသည်။
ယခင်ကလည်း အငှားချထားခဲ့ဖူးသော အိမ်ဖြစ်သည်။
ယခုအိမ်တွင် အမေရိကန်အဆိုတော် Demi Lovato အပါအဝင် နာမည်ကျော်တို့ လာရောက်တည်းခို နေထိုင်ဖူးသည်။
Demi Lovato သည် ၂၀၂၀ ပြည့်နှစ်အတွင်းက ကာလအတန်ကြာ အပန်းဖြေနေထိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၅၀၀ ဖြစ်သည်။
ထိုအိမ်ကို တစ်လ (သို့မဟုတ်) ထို့ထက် ပို၍လည်း ငှားရမ်းနိုင်သည်။
“လက်ဖျားခါလောက်တဲ့ ဗိသုကာပညာ၊ interior ဒီဇိုင်း ခမ်းနားမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ပေါင်းစည်းမှု အစရှိတာတွေအားလုံး ပြည့်စုံတဲ့အရာ ကမ္ဘာပေါ်မှာ အနည်းအကျဉ်းပဲ ရှိပါတယ်”ဟု အငှားကြော်ငြာတွင် ဖော်ပြသည်။
“တကယ့်ကို အမှတ်တရဖြစ်စေမယ့် ၊ ဘယ်တော့မှ မရနိုင်မယ့်အရာမျိုးကို ငှားရမ်းခွင့်ရမယ့် အခွင့်အလမ်းပါ”
(ပုံထဲတွင် ကိုယ်ပျောက်အိမ်ကို သင်ရှာတွေ့ပါသလား။ ဓာတ်ပုံ-Realtor)
(ကိုယ်ပျောက်အိမ်ကို ဆည်းဆာအချိန်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Realtor)
(အိပ်ခန်းမှတွေ့ရသော ရှုမျှော်ခင်း။ ဓာတ်ပုံ-Realtor)
(အလွန်ရှည်လျားလှသော indoor ရေကူးကန်။ ဓာတ်ပုံ-Realtor)
စံအိမ်မှာ ကြီးမားလှသော မှန်ကာ ထောင့်မှန်စတုဂံပုံ ကွန်တိန်နာပုံးတစ်လုံးအသွင်ရှိပြီး မျက်နှာကြက်များမှာ ၁၂ ပေခန့် မြင့်မားသည်။
ထူးခြားသောအရာတစ်ခုမှာ နေစွမ်းအင်သုံး အပူပေးစနစ်ပါသော ရေကူးကန်ဖြစ်ပြီး နေအိမ်နောက်ဘက် မှန်နံရံဘေးတလျှောက် ဖြန့်ကျက်တည်ရှိသည်။
ရေကူးကန်၏ အဆုံးတွင် ၂၂၄ စတုရန်းပေရှိသော ကြီးမားသည့် အဖြူရောင်နံရံကြီးတစ်ခုရှိပြီး ရုပ်ရှင်ကြည့်ရန်အတွက် အသုံးပြုထားခြင်းဖြစ်ရာ ကြယ်ရောင်စုံလင်းလက်သော ကောင်းကင်အောက်တွင် ရုပ်ရှင်ကြည့်နိုင်မည့် unique အခွင့်အလမ်းကို ရရှိမည်လည်း ဖြစ်သည်။
စံအိမ်တွင် ဖုန်၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တို့ ကာကွယ်နိုင်သည့် အထူး filter များလည်း တပ်ဆင်ထား သည်။
နွေကာလများတွင်မူ အပူချိန် ၁၀၀ ဒီဂရီအထိရှိသောကြောင့် နေထိုင်နိုင်ရန် မလွယ်ချေ။ အကယ်၍ သင့်အနေဖြင့် ငှားရမ်းနေထိုင်ခြင်းမပြုလိုဘဲ အပိုင်ဝယ်လိုသည်ဆိုပါကလည်း ကန်ဒေါ်လာ ၁၇,၉၅၀,၀၀၀ ဖြင့် ဝယ်ယူနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Invisible House’ in Joshua Tree Appears on the Rental Market for $95,000 a Month (realtor)
Photo Credit-Realtor
[Zawgyi]
Photo Credit-Realtor
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service