အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ - Property News in Myanmar from iMyanmarHouse.com
2 Oct 2024 11:08 am တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရေပေါ်တွင် နေထိုင်ရသည့်ဘဝကို နှစ်သက်သော နေအိမ်ဝယ်လက်များအတွက် ကောင်းခြင်းများစွာ ပြည့်စုံနေ သော ရေပေါ်အိမ်များ အရောင်းဈေးကွက်ဝင်နေသည်။
ရေကန်များ၊ မြစ်များ၊ ပင်လယ်ကမ်းခြေများကဲ့သို့နေရာများတွင် အခြေချထားသည့် နေအိမ်များဖြစ်ပြီး ရေပေါ် ဖောင်ဒေးရှင်းပေါ်တွင် အခြေထိုင်ထားသည့်အိမ်မျိုးဖြစ်ကာ တမူထူးသောအိမ်များဖြစ်သော်လည်း ယိမ်းထိုး လှုပ်ရမ်းနေသောကြောင့် (အထူးသဖြင့် မုန်တိုင်းဝင်ချိန်တွင် ) sealeg အမူးပျောက်ဆေးများ ဆောင်ထားရန် လိုအပ်သည်။
အခါအားလျော်စွာ ယိမ်းထိုးတတ်မှုကို ခံနိုင်သူများအတွက် အရောင်းဈေးကွက်ဝင်နေသည့် ရေပေါ်အိမ်များ ရှိသည်။
ဒေါ်လာ ၇၀၀,၀၀၀ ဟူသည်မှာ အလယ်လတ်တန်းနေအိမ်တစ်လုံး ပျှမ်းမျှဈေးထက် မြင့်မားနေသော်လည်း ရေပေါ်တွင် နေထိုင်ရမည့် ရှုခင်းများအတွက် ထိုက်တန်သည်ဟု ဆိုရမည်။
(၁) အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့မှ ရေပေါ်အိမ် ဈေးနှုန်း- ကန်ဒေါ်လာ ၄၅၀,၀၀၀
Portland မြို့၏မြောက်ဘက်တွင် တည်ရှိသော အိပ်ခန်း ၂ ခန်းပါ ရေပေါ်အိမ်ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၂၂၀၀ ရှိသည်။
နေအိမ်အတွင်း amenities များစွာ ပါဝင်ပြီး ဝန်းကျင်ရှုခင်းများကို ခံစားနိုင်မည့် သုံးထောင့် deck နေရာတစ်ခု ပါဝင်သည်။
အတွင်းပိုင်းမှာ ခေတ်မီကာ လင်းလင်းချင်းချင်းရှိသည်။
ပြတင်းပေါက်များစွာ တပ်ဆင်ထားရာ ရေပြင်ရှုမျှော်ခင်းများကို နေအိမ်ရှိ နေရာတိုင်းနီးပါးမှ ရှုမြင်နိုင်သည်။
အကောင်းဆုံးအချက်ကား နေအိမ်အပြင်ဘက်တွင် လှေတစ်စင်းပါဝင်ခြင်း ဖြစ်သည်။
(ရေပေါ်အိမ်၏ နောက်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Realtor)
(ရေပြင်ရှုခင်းများ ပိုင်ဆိုင်ထားသော အတွင်းပိုင်း။ ဓာတ်ပုံ-Realtor)
(၂) တက္ကဆပ်ပြည်နယ်၊ Pottsboro မြို့မှ ရေပေါ်အိမ် ဈေးနှုန်း- ကန်ဒေါ်လာ ၅၄၉၉၀၀
ဤရေပေါ်အိမ်မှာ အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်မြောက်ပိုင်းရှိ Lake Texoma ရေကန်ကြီးတွင် တည်ရှိပြီး အိုကလာဟိုးမားပြည်နယ် အစပ်တွင် ဖြစ်သည်။
ဂိတ်ဝန်းခတ် ဆိပ်ခံတစ်ခုတွင် တည်ရှိပြီး အခြားရေပေါ်အိမ်များလည်းရှိကာ လုံခြုံရေးတစ်ညလုံး ချထားမှု ရှိသည်။
ထောင့်ဆုံးတွင် တည်ရှိသောအိမ်ဖြစ်သောကြောင့် နေအိမ်ဘေးပတ်လည်နေရာအားလုံးမှ ငါးမျှားနိုင်သည်။
အိပ်ခန်း ၃ ခန်းပါအိမ်ဖြစ်ပြီး သမားရိုးကျ ကုန်းပေါ်မှ အိမ်တစ်လုံးအသွင် ဖြစ်သည်။
(တက္ကဆပ်ပြည်နယ်၊ Pottsboro မြို့ရှိ ရေပေါ်အိမ်ဖြစ်ပြီး လှေတစ်စင်းလည်း ပါသည်။ ဓာတ်ပုံ-Realtor)
(ချစ်စဖွယ်ကောင်းသော အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)
(၃) ကယ်လီဖိုးနီးယားပြည်နယ်၊ Sausalito မြို့မှ ရေပေါ်အိမ် ဈေးနှုန်း- ကန်ဒေါ်လာ ၆၈၈၀၀၀ ဤရေပေါ်အိမ်မှာမူ ၅၆၈ စတုရန်းပေသာ ကျယ်ဝန်းသည်။
အဖြူရောင်ဆေးသုတ်ထားပြီး loft-style အိပ်ခန်း၊ မူရင်း ဆေးရေးမှန်အချို့ ပါဝင်သည်။ ကျယ်ဝန်းသော deck နေရာတစ်ခုနှင့် လှေဆိပ်ခံတို့ ရှိသည်။
(Sausalito မြို့ ရေပေါ်အိမ်၏ အုပ်ကြွပ်ဖြင့် အလှဆင်ထားသော အပြင်ပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)
(Sausalito ရေပေါ်အိမ်၏ အတွင်းပိုင်း။ ဓာတ်ပုံ-Realtor)
(၄) ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲမြို့ ရေပေါ်အိမ်
ဈေးနှုန်း- ကန်ဒေါ်လာ ၆၅၀,၀၀၀ အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ Lake Union ရေကန်ကြီးတွင် တည်ရှိပြီး Woonboot ဟု အမည်ပေးထားသည်။
ဒတ်ချ်စကားလုံးဖြစ်ပြီး လှေအိမ်ဟု အဓိပ္ပာယ်ရသည်။
အိပ်ခန်းတစ်ခန်းပါ ရေပေါ်အိမ်ဖြစ်ကာ မော်ဒန်ဟန်ပန်ဖြစ်သည်။
မကြာသေးမီက ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး ဖော့ကြမ်းခင်းများ၊ စိတ်ကြိုက်ထည့်သွင်းထားသော နံရံကပ် စင်နှင့် ကျယ်ဝန်းသော ပစ္စည်းထားသိုရာနေရာတို့ ပါဝင်သည်။
(ဆီယက်တဲမြို့ ရေပေါ်အိမ်။ ဓာတ်ပုံ-Realtor)
(ဆီယက်တဲ ရေပေါ်အိမ်၏ high-end အတွင်းပိုင်း။ ဓာတ်ပုံ-Realtor)
(၅) အိုဟိုင်းအိုးပြည်နယ်၊ Port Clinton မြို့ ရေပေါ်အိမ် ဈေးနှုန်း- ကန်ဒေါ်လာ ၁၉၄၉၀၀ အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်မြောက်ပိုင်းရှိ Lake Erie ရေကန်ကြီး၏ ဂိတ်ဝန်းခတ်လှေဆိပ်တစ်ခုတွင် တည်ရှိသည်။
အိပ်ခန်း ၁ ခန်းပါ နေအိမ်ဖြစ်က ဈေးနှုန်း သက်သာသည်။
အိပ်ခန်း ၁ ခန်းသာရှိသည်ဆိုသော်လည်း ထပ်ခိုးတွင် ညအိပ်ဧည့်သည်များအတွက် နေရာရှိသည်။
နောက်ဘက်သို့ ထွက်လိုက်မည်ဆိုလျှင် နားနေ နေရာနှင့် လှေဆိပ်တို့က စောင့်ကြိုနေသည်။
(အိုဟိုင်းအိုးမှ ရေပေါ်အိမ်။ ဓာတ်ပုံ-Realtor)
(ဤအိပ်ရာတွင် အိပ်ရာထလျှင် မျက်နှာကြက်နှင့် မတိုက်မိစေရန် သတိပြုရန် လိုသည်။ ဓာတ်ပုံ-Realtor)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 5 Fabulous Floating Homes Under $700K That Will Have You Rethinking Life on Land (realtor) Photo Credit-realtor
[Zawgyi]
ဒတ်ခ်ျစကားလုံးဖြစ်ပြီး လှေအိမ်ဟု အဓိပ္ပာယ်ရသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service