အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား - Property News in Myanmar from iMyanmarHouse.com
2 Oct 2024 9:39 am တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတဟောင်း (ယခု ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်း) ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသော အခြေချရွှေ့ပြောင်းနေထိုင်သူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်မပေးဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာသည်။

ထရမ့်ရည်ညွှန်းသူများမှာ အမေရိကရှိ အိမ်ခြံမြေအရောင်းအဝယ်၏ နည်းပါးလှသော အစိတ်အပိုင်းကိုသာ ပတ်သက်မှုရှိသော်လည်း ထရမ့်ကမူ အဆိုပါခြေလှမ်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေမည်ဟု ဆိုသည်။

အမေရိကတွင် စာရွက်စာတမ်းမရှိဘဲ နေထိုင်သူများကို အိမ်ခြံမြေချေးငွေထုတ်ပေးခြင်းအား ဥပဒေအရ တားမြစ်ထားခြင်းမရှိခဲ့။

သို့သော် ထိုသို့ ဖြစ်ရပ်မျိုး များပြားလှခြင်း မရှိချေ။

ပြီးခဲ့သောနှစ်အတွင်း ထိုသို့သောသူများကို အိမ်ခြံမြေချေးငွေထုတ်ပေးမှု ၅၀၀၀ မှ ၆၀၀၀ ကြားရှိခဲ့ကြောင်း ဝါရှင်တန်ရှိ Urban Institute မှ သုတေသီတို့က ပြောသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း နေအိမ်ဝယ်ယူသူများကို အိမ်ခြံမြေချေးငွေထုတ်ပေးမှု ၃ ဒသမ ၄ သန်းရှိခဲ့ ကြောင်း ပြည်ထောင်စုအစိုးရ အချက်အလက်များတွင် ဖော်ပြသည်။

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ Economic Club တွင် မူဝါဒရေးရာ မိန့်ခွန်းပြောစဉ် ထရမ့်က အဆိုပါ အကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုလာမည့် သမ္မတရွေးကောက်ပွဲတွင် အိမ်ခြံမြေကဏ္ဍသည် မဲဆန္ဒရှင်များအတွက် စီးပွားရေးမူဝါဒဆိုင်ရာ ထိပ်တန်းအကြောင်းရပ် ဖြစ်နေသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း အိမ်ငှားခနှင့် အိမ်ခြံမြေဈေးနှုန်းတို့မှာ သမိုင်းဝင်စံချိန်တင် မြင့်တက်ခဲ့ပြီး အိမ်ခြံမြေအတိုးနှုန်းမှာလည်း ဆယ်စုနှစ် ၂ ခုကျော်အတွင်း မမြင်ဖူးခဲ့သည့် ပမာဏအထိ မြင့်တက်ခဲ့သည်။

Wall Street Journal က ဇူလိုင်လအတွင်း ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်းပြီး လူသုံးကုန်ပစ္စည်းပြီးလျှင် အိမ်ခြံမြေကဏ္ဍမှာ ရတက်မအေးအဖြစ်ကြဆုံး ကိစ္စဖြစ်နေသည်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတလောင်း ၂ ဦး (အဓိကပါတီ ၂ ခု၏) က မဲဆွယ်ပွဲများတွင် အိမ်ခြံမြေ မူဝါဒများအကြောင်း ထည့်သွင်းပြောကြားကြသော်လည်း များစွာအလေးထား ပြောခဲ့သည်မှာ ဒီမိုကရက်ပါတီမှ သမ္မတလောင်း ခါမလာဟဲရစ် (လက်ရှိ ဒုသမ္မတ) ဖြစ်သည်။

အမေရိကန်တွင် လူမှုဖူလုံရေးနံပါတ်မရှိသော အခွန်ထမ်းများအတွက် အိမ်ခြံမြေချေးငွေတစ်မျိုး ထုတ်ပေးမှု ရှိသည်။

ထိုသူတို့မှာ အများအားဖြင့် Hispanic ဟုခေါ်သော စပိန်စကားပြောနိုင်ငံများ (ဗဟိုနှင့် တောင်အမေရိကတိုက်) မှ ဖြစ်ကြသည်။

၂၀၀၁ ခုနှစ် USA Patriot အက်ဥပဒေအရ ဘဏ်များအနေဖြင့် လူမှုဖူလုံရေးနံပါတ်အစား ပြည်တွင်း အခွန်ဦးစီးဌာန (IRS) မှ နံပါတ်များဖြင့် ချေးငွေထုတ်ပေးခွင့် ပြုထားကာ တရားဝင်စာရွက်စာတမ်းမရှိသူများကို ဘဏ္ဍာရေးအထောက်အပံ့ပေးထားသည်။

စာရွက်စာတမ်းမရှိဘဲ အမေရိကတွင် နေထိုင်သူများအတွက် အိမ်ခြံမြေချေးငွေမှာ အတိုးနှုန်း မြင့်မားလေ့ ရှိသည်။

ထိုသို့သောသူများတွင် တရားဝင်နေထိုင်သူတို့၏ စာရွက်စာတမ်းမရှိသော အိမ်ထောင်ဖက်များလည်း ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump Says He Would Ban Mortgages for Undocumented Immigrants (realtor)

 

[Zawgyi]

အေမရိကသို႔ စာရြက္စာတမ္းမရွိဘဲ ဝင္ေရာက္လာသူမ်ားကို အိမ္ျခံေျမေခ်းေငြ ရယူခြင့္ေပးမည္မဟုတ္ဘဲ ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေလာင္း ေဒၚနယ္ထရမ့္ ေျပာၾကား

အေမရိကန္သမၼတေဟာင္း (ယခု ရီပတ္ဘလီကန္ပါတီ၏ သမၼတေလာင္း) ေဒၚနယ္ထရမ့္က ၎အေနျဖင့္ အေမရိကန္ျပည္ေထာင္စုသို႔ စာရြက္စာတမ္းမရွိဘဲ ဝင္ေရာက္လာေသာ အေျခခ်ေရႊ႕ေျပာင္းေနထုိင္သူမ်ားကို အိမ္ျခံေျမေခ်းေငြ ရယူခြင့္မေပးဘဲ ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္။

ထရမ့္ရည္ညႊန္းသူမ်ားမွာ အေမရိကရွိ အိမ္ျခံေျမအေရာင္းအဝယ္၏ နည္းပါးလွေသာ အစိတ္အပိုင္းကိုသာ ပတ္သက္မႈရွိေသာ္လည္း ထရမ့္ကမူ အဆိုပါေျခလွမ္းေၾကာင့္ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းေစမည္ဟု ဆိုသည္။

အေမရိကတြင္ စာရြက္စာတမ္းမရွိဘဲ ေနထိုင္သူမ်ားကို အိမ္ျခံေျမေခ်းေငြထုတ္ေပးျခင္းအား ဥပေဒအရ တားျမစ္ထားျခင္းမရွိခဲ့။

သို႔ေသာ္ ထိုသို႔ ျဖစ္ရပ္မ်ဳိး မ်ားျပားလွျခင္း မရွိေခ်။

ျပီးခဲ့ေသာႏွစ္အတြင္း ထိုသို႔ေသာသူမ်ားကို အိမ္ျခံေျမေခ်းေငြထုတ္ေပးမႈ ၅၀၀၀ မွ ၆၀၀၀ ၾကားရွိခဲ့ေၾကာင္း ဝါရွင္တန္ရွိ Urban Institute မွ သုေတသီတို႔က ေျပာသည္။

ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း ေနအိမ္ဝယ္ယူသူမ်ားကို အိမ္ျခံေျမေခ်းေငြထုတ္ေပးမႈ ၃ ဒသမ ၄ သန္းရွိခဲ့ ေၾကာင္း ျပည္ေထာင္စုအစိုးရ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္ရွိ Economic Club တြင္ မူဝါဒေရးရာ မိန္႔ခြန္းေျပာစဥ္ ထရမ့္က အဆိုပါ အေၾကာင္းကို ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ယခုလာမည့္ သမၼတေရြးေကာက္ပြဲတြင္ အိမ္ျခံေျမက႑သည္ မဲဆႏၵရွင္မ်ားအတြက္ စီးပြားေရးမူဝါဒဆိုင္ရာ ထိပ္တန္းအေၾကာင္းရပ္ ျဖစ္ေနသည္။

ကိုဗစ္ကပ္ေဘးကာလအတြင္း အိမ္ငွားခႏွင့္ အိမ္ျခံေျမေစ်းႏႈန္းတို႔မွာ သမိုင္းဝင္စံခ်ိန္တင္ ျမင့္တက္ခဲ့ျပီး အိမ္ျခံေျမအတိုးႏႈန္းမွာလည္း ဆယ္စုႏွစ္ ၂ ခုေက်ာ္အတြင္း မျမင္ဖူးခဲ့သည့္ ပမာဏအထိ ျမင့္တက္ခဲ့သည္။

Wall Street Journal က ဇူလိုင္လအတြင္း ေကာက္ယူခဲ့သည့္ စစ္တမ္းတစ္ရပ္အရ ေငြေၾကးေဖာင္းပြမႈႏွင့္ စပ္လ်ဥ္းျပီး လူသံုးကုန္ပစၥည္းျပီးလွ်င္ အိမ္ျခံေျမက႑မွာ ရတက္မေအးအျဖစ္ၾကဆံုး ကိစၥျဖစ္ေနသည္။

၂၀၂၄ ခုႏွစ္ အေမရိကန္သမၼတေလာင္း ၂ ဦး (အဓိကပါတီ ၂ ခု၏) က မဲဆြယ္ပြဲမ်ားတြင္ အိမ္ျခံေျမ မူဝါဒမ်ားအေၾကာင္း ထည့္သြင္းေျပာၾကားၾကေသာ္လည္း မ်ားစြာအေလးထား ေျပာခဲ့သည္မွာ ဒီမိုကရက္ပါတီမွ သမၼတေလာင္း ခါမလာဟဲရစ္ (လက္ရွိ ဒုသမၼတ) ျဖစ္သည္။

အေမရိကန္တြင္ လူမႈဖူလံုေရးနံပါတ္မရွိေသာ အခြန္ထမ္းမ်ားအတြက္ အိမ္ျခံေျမေခ်းေငြတစ္မ်ဳိး ထုတ္ေပးမႈ ရွိသည္။

ထိုသူတို႔မွာ အမ်ားအားျဖင့္ Hispanic ဟုေခၚေသာ စပိန္စကားေျပာႏိုင္ငံမ်ား (ဗဟိုႏွင့္ ေတာင္အေမရိကတိုက္) မွ ျဖစ္ၾကသည္။

၂၀၀၁ ခုႏွစ္ USA Patriot အက္ဥပေဒအရ ဘဏ္မ်ားအေနျဖင့္ လူမႈဖူလံုေရးနံပါတ္အစား ျပည္တြင္း အခြန္ဦးစီးဌာန (IRS) မွ နံပါတ္မ်ားျဖင့္ ေခ်းေငြထုတ္ေပးခြင့္ ျပဳထားကာ တရားဝင္စာရြက္စာတမ္းမရွိသူမ်ားကို ဘ႑ာေရးအေထာက္အပံ့ေပးထားသည္။

စာရြက္စာတမ္းမရွိဘဲ အေမရိကတြင္ ေနထိုင္သူမ်ားအတြက္ အိမ္ျခံေျမေခ်းေငြမွာ အတိုးႏႈန္း ျမင့္မားေလ့ ရွိသည္။

ထိုသို႔ေသာသူမ်ားတြင္ တရားဝင္ေနထုိင္သူတို႔၏ စာရြက္စာတမ္းမရွိေသာ အိမ္ေထာင္ဖက္မ်ားလည္း ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump Says He Would Ban Mortgages for Undocumented Immigrants (realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service