ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ

ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ - Property News in Myanmar from iMyanmarHouse.com
1 Oct 2024 10:34 am တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာ အန်နစ္စတန်သည် ၇၆ ကြိမ်မြောက် Primetime Emmy Award ပွဲသို့ မတက်ရောက်မီ အင်စတာဂရမ် လူမှုကွန်ရက်အကောင့်မှ follower ၄၄ ဒသမ ၈ သန်းအား သူမ၏ လော့စ်အိန်ဂျလိရှိ ကန်ဒေါ်လာ ၂၁ သန်းတန် စံအိမ်အတွင်းပိုင်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာခဲ့သည်။

မိမိ၏ ပုဂ္ဂလိကဘဝကို သိုသိုဝှက်ဝှက်နေတတ်သူဟု လူသိများသူ ဂျနီဖာ အန်နစ္စတန်သည် ရုပ်မြင်သံကြား လောကအတွက် အကြီးကျယ် အခမ်းနားဆုံး ညတစ်ညအတွက် အသင့်ဖြစ်နေချိန်တွင် Bel Air အရပ်ရှိ midcentury-modern ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အံ့မခန်းစံအိမ်ကြီးကို ချပြကာ ဘဝလိုက်ကာတစ်ခု ဖွင့်လှစ်လိုက်သည်။

Emmy ဆုပေးပွဲအပြီး နောက်တစ်ရက်တွင် အဆိုပါဗွီဒီယိုဖိုင်ကို ဂျနီဖာ အန်နစ္စတန်က ချပြလိုက်ပြီး သူ၏ ခမ်းနားသော ဘဝနေထိုင်မှုကို ပွင့်ပွင့်လင်းလင်း တွေ့မြင်ခွင့်ပေးလာသည်။

စံအိမ်အတွင်း ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများ၊ အနက်ရောင်သစ်မာသားကြမ်းခင်းများနှင့် မော်ဒန်ရုပ်တုများ တွေ့ရသည်။

 

(midcentury-modern ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အံ့မခန်းစံအိမ်ကို အင်စတာဂရမ်မှ follower ၄၄ ဒသမ ၈ သန်းအား ချပြခဲ့သည်။ ဓာတ်ပုံ-Splash News)

 

(ဂျနီဖာအန်နစ္စတန်က ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက်ပိုင်း စိတ်ကြိုက်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Splash News)

 

စံအိမ်ဝယ်ယူပြီးနောက်ပိုင်း ဒီဇိုင်နာ Stephen Shadley ကို ငှားရမ်းကာ စိတ်ကြိုက်မွမ်းမံခဲ့သည်။

ဂျနီဖာအန်နစ္စတန်၏ ဗွီဒီယိုဖိုင်တွင် သူ၏ ကြိုးမဲ့ Oscar de la Renta ဝတ်စုံကို ပြသမှုဖြင့် စတင်ထားပြီး luxury ဖြစ်သော ဧည့်ခန်းကို တဖြည်းဖြည်းချင်းရွှေ့ကာ ရိုက်ကူးပြသထားသည်။

သူ၏ ပရိသတ်များအနေဖြင့် အန်နစ္စတန်၏ စံအိမ်တွင်းမြင်ကွင်းများကို တဝကြီး ကြည့်ရှုခွင့်ရခဲ့ကြသည်။

ဂျနီဖာအန်နစ္စတန်သည် စံအိမ်အတွင်း လှည့်လည်ပြသခဲ့ပြီး နောက်ဆုံးတွင် စာကြည့်ခန်း၌ အဆုံးသတ်ခဲ့သည်။

စာကြည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော စာအုပ်စင်ကြီးရှိပြီး ရွှေရောင်စာလုံးများ ရိုက်နှိပ်ထားသည့် စာအုပ်များ အတိပြီးသည်။

တစ်နေရာတွင်မူ ဂျနီဖာအန်နစ္စတန်၏ ရုပ်ရှင်လောကဖြတ်သန်းမှုတလျှောက် ရရှိခဲ့သော ဆုတံဆိပ်များစွာကို ပြသထားသည်။

 

(ဂန္ထဝင်ဗိသုကာပညာရှင် A.Quincy Jones က ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်သည်။ ဓာတ်ပုံ- jenniferaniston/Instagram)

 

(ဂျနီဖာ အန်နစ္စတန်က ဒီဇိုင်နာ Stephen Shadley ကို ငှားရမ်းကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ- jenniferaniston/Instagram)

 

(ဗွီဒီယိုထဲတွင် အန်နစ္စတန်က စံအိမ်တစ်ခုလုံးကို လိုက်လံပြသခဲ့ပြီး စာကြည့်ခန်းတွင် အဆုံးသတ်ခဲ့သည်။ စာကြည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော စာအုပ်စင်ကြီးရှိပြီး တနေရာတွင်မူ သူ၏ ဆုတံဆိပ်များကို ပြသထားသည်။ ဓာတ်ပုံ-Instagram/lolavie)

 

(မိတ်ကပ်အလှပြင်ခန်းကို ဟောလိဝုဒ်မှ အဝတ်လဲခန်းအသွင် ပြင်ဆင်ထားပြီး Emmy ပွဲမတိုင်မီ နောက်ဆုံး ပြင်ဆင်မှုများကို ဤနေရာတွင် ပြုလုပ်ခဲ့သည်။)

 

(လော့စ်အိန်ဂျလိတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သော ၇၆ ကြိမ်မြောက် Emmy ဆုပေးပွဲသို့ ဂျနီဖာအန်နစ္စတန် တက်ရောက်ခဲ့ပုံ။ ဓာတ်ပုံ-AFP via Getty Images)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Aniston gave fans a rare glimpse of her $21M LA mansion during her Emmys glam session (nypost) Photo Credit- jenniferaniston/Instagram, Splash News, Instagram/lolavie, AFP via Getty Images

 

[Zawgyi]

ဂ်နီဖာ အန္နစၥတန္က ရုပ္သံထူးခၽြန္ဆုေပးပြဲ Emmy Award ပြဲမတိုင္မီ လူမႈကြန္ရက္ပရိသတ္ ၄၄ ဒသမ ၈ သန္းအား သူ၏ ေဒၚလာ ၂၁ သန္းတန္ စံအိမ္ျမင္ကြင္းမ်ား ရွားရွားပါးပါး ထုတ္ေဖာ္ျပသ

ဂ်နီဖာ အန္နစၥတန္သည္ ၇၆ ၾကိမ္ေျမာက္ Primetime Emmy Award ပြဲသို႔ မတက္ေရာက္မီ အင္စတာဂရမ္ လူမႈကြန္ရက္အေကာင့္မွ follower ၄၄ ဒသမ ၈ သန္းအား သူမ၏ ေလာ့စ္အိန္ဂ်လိရွိ ကန္ေဒၚလာ ၂၁ သန္းတန္ စံအိမ္္အတြင္းပိုင္း ျမင္ကြင္းမ်ားကို ရွားရွားပါးပါး ထုတ္ေဖာ္ျပသလာခဲ့သည္။

မိမိ၏ ပုဂၢလိကဘဝကို သိုသိုဝွက္ဝွက္ေနတတ္သူဟု လူသိမ်ားသူ ဂ်နီဖာ အန္နစၥတန္သည္ ရုပ္ျမင္သံၾကား ေလာကအတြက္ အၾကီးက်ယ္ အခမ္းနားဆံုး ညတစ္ညအတြက္ အသင့္ျဖစ္ေနခ်ိန္တြင္ Bel Air အရပ္ရွိ midcentury-modern ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ အံ့မခန္းစံအိမ္ၾကီးကို ခ်ျပကာ ဘဝလိုက္ကာတစ္ခု ဖြင့္လွစ္လိုက္သည္။

Emmy ဆုေပးပြဲအျပီး ေနာက္တစ္ရက္တြင္ အဆိုပါဗြီဒီယိုဖိုင္ကို ဂ်နီဖာ အန္နစၥတန္က ခ်ျပလိုက္ျပီး သူ၏ ခမ္းနားေသာ ဘဝေနထုိင္မႈကို ပြင့္ပြင့္လင္းလင္း ေတြ႔ျမင္ခြင့္ေပးလာသည္။

စံအိမ္အတြင္း ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ား၊ အနက္ေရာင္သစ္မာသားၾကမ္းခင္းမ်ားႏွင့္ ေမာ္ဒန္ရုပ္တုမ်ား ေတြ႔ရသည္။

(midcentury-modern ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ အံ့မခန္းစံအိမ္ကို အင္စတာဂရမ္မွ follower ၄၄ ဒသမ ၈ သန္းအား ခ်ျပခဲ့သည္။ ဓာတ္ပံု-Splash News)

(ဂ်နီဖာအန္နစၥတန္က ၂၀၁၁ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီးေနာက္ပိုင္း စိတ္ၾကိဳက္မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု-Splash News)

စံအိမ္ဝယ္ယူူျပီးေနာက္ပိုင္း ဒီဇိုင္နာ Stephen Shadley ကို ငွားရမ္းကာ စိတ္ၾကိဳက္မြမ္းမံခဲ့သည္။

ဂ်နီဖာအန္နစၥတန္၏ ဗြီဒီယိုဖိုင္တြင္ သူ၏ ၾကိဳးမဲ့ Oscar de la Renta ဝတ္စံုကို ျပသမႈျဖင့္ စတင္ထားျပီး luxury ျဖစ္ေသာ ဧည့္ခန္းကို တျဖည္းျဖည္းခ်င္းေရႊ႕ကာ ရိုက္ကူးျပသထားသည္။

သူ၏ ပရိသတ္မ်ားအေနျဖင့္ အန္နစၥတန္၏ စံအိမ္တြင္းျမင္ကြင္းမ်ားကို တဝၾကီး ၾကည့္ရႈခြင့္ရခဲ့ၾကသည္။

ဂ်နီဖာအန္နစၥတန္သည္ စံအိမ္အတြင္း လွည့္လည္ျပသခဲ့ျပီး ေနာက္ဆံုးတြင္ စာၾကည့္ခန္း၌ အဆံုးသတ္ခဲ့သည္။

စာၾကည့္ခန္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ စာအုပ္စင္ၾကီးရွိျပီး ေရႊေရာင္စာလံုးမ်ား ရိုက္ႏွိပ္ထားသည့္ စာအုပ္မ်ား အတိျပီးသည္။

တစ္ေနရာတြင္မူ ဂ်နီဖာအန္နစၥတန္၏ ရုပ္ရွင္ေလာကျဖတ္သန္းမႈတေလွ်ာက္ ရရွိခဲ့ေသာ ဆုတံဆိပ္မ်ားစြာကို ျပသထားသည္။

(ဂႏၳဝင္ဗိသုကာပညာရွင္ A.Quincy Jones က ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္သည္။ ဓာတ္ပံု- jenniferaniston/Instagram)

(ဂ်နီဖာ အန္နစၥတန္က ဒီဇိုင္နာ Stephen Shadley ကို ငွားရမ္းကာ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု- jenniferaniston/Instagram)

(ဗီြဒီယိုထဲတြင္ အန္နစၥတန္က စံအိမ္တစ္ခုလံုးကို လိုက္လံျပသခဲ့ျပီး စာၾကည့္ခန္းတြင္ အဆံုးသတ္ခဲ့သည္။ စာၾကည့္ခန္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ စာအုပ္စင္ၾကီးရွိျပီး တေနရာတြင္မူ သူ၏ ဆုတံဆိပ္မ်ားကို ျပသထားသည္။ ဓာတ္ပံု-Instagram/lolavie)

(မိတ္ကပ္အလွျပင္ခန္းကို ေဟာလိဝုဒ္မွ အဝတ္လဲခန္းအသြင္ ျပင္ဆင္ထားျပီး Emmy ပြဲမတိုင္မီ ေနာက္ဆံုး ျပင္ဆင္မႈမ်ားကို ဤေနရာတြင္ ျပဳလုပ္ခဲ့သည္။)

(ေလာ့စ္အိန္ဂ်လိတြင္ ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာ ၁၅ ရက္က က်င္းပခဲ့ေသာ ၇၆ ၾကိမ္ေျမာက္ Emmy ဆုေပးပြဲသုိ႔ ဂ်နီဖာအန္နစၥတန္ တက္ေရာက္ခဲ့ပံု။ ဓာတ္ပံု-AFP via Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Aniston gave fans a rare glimpse of her $21M LA mansion during her Emmys glam session (nypost) Photo Credit- jenniferaniston/Instagram, Splash News, Instagram/lolavie, AFP via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service