အမေရိကန်ပြည်တွင် သန်းကြွယ်သူဌေးများမှာ နေအိမ်ဝယ်ယူခြင်းထက် ငှားရမ်းနေထိုင်သူ ပိုမိုများပြားလာနေ

အမေရိကန်ပြည်တွင် သန်းကြွယ်သူဌေးများမှာ နေအိမ်ဝယ်ယူခြင်းထက် ငှားရမ်းနေထိုင်သူ ပိုမိုများပြားလာနေ - Property News in Myanmar from iMyanmarHouse.com
26 Sep 2024 10:42 am တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်တွင် ချမ်းသာကြွယ်ဝသူများစွာမှာ နေအိမ်တစ်လုံးဝယ်ရန် တတ်နိုင်ကြသော်လည်း မဝယ်ဘဲ နေထိုင်သူ များပြားလာနေသည်။

အမေရိကန်ပြည်သား အများစုမှာ နေအိမ်ဝယ်ယူရေးတွင် ငွေကြောင့် မတတ်နိုင်ဖြစ်နေကြသော်လည်း ချမ်းသာကြွယ်ဝသူများစွာမှာမူ ဝယ်ယူရန်ထက် ငှားရမ်းနေထိုင်ရန်သာ ပိုမို သဘောကျလာနေကြသည်။

 

(ချမ်းသာကြွယ်ဝသူများ အိမ်ငှားနေထိုင်ရခြင်းကို ပိုမိုနှစ်သက်ရသည့် အကြောင်းတစ်ခုမှာ အတိုးနှုန်းမြင့်မားမှု ကြောင့် ဖြစ်သည်။ ဓာတ်ပုံ-Dariusz Jarzabek-stock.adobe.com)

 

(အိမ်ငှားနေထိုင်မှုတွင် ကြီးမားသော မွမ်းမံပြင်ဆင်စရိတ် ကုန်ကျရမှု မရှိချေ။ ဓာတ်ပုံ-BullRun-stock.adobe.com)

 

၂၀၁၈ မှ ၂၀၂၂ ခုနှစ်အကြား ဝင်ငွေ ကန်ဒေါ်လာ ၇၅၀,၀၀၀ ကျော်ရသော မိသားစုများတွင် အိမ်ငှားနေထိုင် သော အိမ်ထောင်စုမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသည်။

ယခင် ၅ နှစ်ခန့်က ၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာ အိမ်ငှားနေထိုင်သူ များစွာမြင့်တက်လာခြင်း ဖြစ်သည်။

သန်းကြွယ်သူဌေးများ နေအိမ်မဝယ်ရန် ဆုံးဖြတ်ကြခြင်းတွင် အကြောင်းရင်းများစွာ ရှိနေရာ အတိုးနှုန်း မြင့်မားမှုမှသည် ဈေးကွက်အတွင်းရနိုင်သော အိမ်များကို မနှစ်သက်ခြင်း၊ ပြုပြင်မွမ်းမံမှုကိစ္စများအတွက် တာဝန်မယူလိုခြင်း အစရှိသည့်အချက်များအထိ ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ client တွေနဲ့ ဆွေးနွေးပြောဆိုခဲ့မှုတွေရှိပါတယ်။ သူတို့က ပြောကြတယ်….ကျွန်တော့်မှာ ငွေတွေ ဒီလောက်ရှိတာတောင် အိမ်တစ်လုံးရှာလို့ မရဘူး…” ဟု Luxury အိမ်ခြံမြေများကို အဓိက ကိုင်တွယ် သည့် Douglas Elliman အိမ်ခြံမြေကုမ္ပဏီကို ပူးတွဲဦးဆောင်နေသူ Ruthie Assouline က Wall Street Journal သို့ ပြောသည်။

 

(သန်းကြွယ်သူဌေးများစွာမှာ လက်ရှိဈေးကွက်အတွင်း ရနိုင်သော နေအိမ်များကို မနှစ်သက်ကြ။ ဓာတ်ပုံ-Michael-stock.adobe.com)

 

ထွန်းသစ်စ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားသော သန်းကြွယ်သူဌေး George Goognin က ပြောသည်မှာ လက်ရှိ ဈေးကွက်တွင်ရှိသော high-end အိမ်များကို သဘောမကျသောကြောင့် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် အိပ်ခန်း ၃ ခန်းပါအခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၁၉,၀၀၀ ဖြင့် ငှားရမ်းနေထိုင် နေကြောင်း ပြောသည်။

ဇီဝနည်းပညာ ကုမ္ပဏီအကြီးအကဲ Arun Das နှင့် သူ၏ ဇနီးတို့ကမူ ဖီလာဒဲလ်ဖီးယားမြို့တွင် အိပ်ခန်း ၅ ခန်းပါ နေအိမ်တစ်လုံးကို သဘောကျခဲ့သော်လည်း ထိုအိမ်မှာ ပြုပြင်မွမ်းမံမှု ကြီးမားစွာ လုပ်ဆောင်ရန် လိုအပ်ရာ ငွေများစွာ ထပ်မံကုန်ကျမည့်အပြင် အချိန်ကုန်ဦးမည်ဖြစ်သောကြောင့် အထပ်မြင့်လူနေခန်းတစ်ခန်းကိုသာ ငှားရမ်းနေထိုင်ခဲ့ကြသည်။

“(အဲဒီအိမ်ကို ဝယ်မယ်ဆိုရင်) ရှေ့မှာ လုပ်စရာတွေ အများကြီးရှိနေတာ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ ငွေရေးကြေးရေးအပြင် အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီး လိုနေပါတယ်” ဟု Das က အိမ်မွမ်းမံ ရမည့် ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။ “အဲ့လို ကုန်ဆုံးရမယ့် အချိန်တွေမှာ ကျွန်တော်တို့အနေနဲ့ (အိမ်မဝယ်ခဲ့တာကြောင့်) ကလေးတွေကို အချိန်ပေးနိုင်တယ်။ ဝိုင်တစ်ခွက်လောက် အေးအေးလူလူ အတူ သောက်ဖို့ အချိန်ရလာပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Millionaires are increasingly renting homes instead of buying (nypost) Photo Credit- Dariusz Jarzabek-stock.adobe.com, BullRun-stock.adobe.com, Michael-stock.adobe.com)

 

[Zawgyi]

အေမရိကန္ျပည္တြင္ သန္းၾကြယ္သူေဌးမ်ားမွာ ေနအိမ္ဝယ္ယူျခင္းထက္ ငွားရမ္းေနထုိင္သူ ပိုမိုမ်ားျပားလာေန

အေမရိကန္ျပည္တြင္ ခ်မ္းသာၾကြယ္ဝသူမ်ားစြာမွာ ေနအိမ္တစ္လံုးဝယ္ရန္ တတ္ႏိုင္ၾကေသာ္လည္း မဝယ္ဘဲ ေနထိုင္သူ မ်ားျပားလာေနသည္။

အေမရိကန္ျပည္သား အမ်ားစုမွာ ေနအိမ္ဝယ္ယူေရးတြင္ ေငြေၾကာင့္ မတတ္ႏိုင္ျဖစ္ေနၾကေသာ္လည္း ခ်မ္းသာၾကြယ္ဝသူမ်ားစြာမွာမူ ဝယ္ယူရန္ထက္ ငွားရမ္းေနထိုင္ရန္သာ ပိုမို သေဘာက်လာေနၾကသည္။

(ခ်မ္းသာၾကြယ္ဝသူမ်ား အိမ္ငွားေနထိုင္ရျခင္းကို ပိုမိုႏွစ္သက္ရသည့္ အေၾကာင္းတစ္ခုမွာ အတိုးႏႈန္းျမင့္မားမႈ ေၾကာင့္ ျဖစ္သည္။ ဓာတ္ပံု-Dariusz Jarzabek-stock.adobe.com)

(အိမ္ငွားေနထိုင္မႈတြင္ ၾကီးမားေသာ မြမ္းမံျပင္ဆင္စရိတ္ ကုန္က်ရမႈ မရွိေခ်။ ဓာတ္ပံု-BullRun-stock.adobe.com)

၂၀၁၈ မွ ၂၀၂၂ ခုႏွစ္အၾကား ဝင္ေငြ ကန္ေဒၚလာ ၇၅၀,၀၀၀ ေက်ာ္ရေသာ မိသားစုမ်ားတြင္ အိမ္ငွားေနထုိင္ ေသာ အိမ္ေထာင္စုမွာ ၁၀ ဒသမ ၅ ရာခုိင္ႏႈန္းအထိ ရွိသည္။

ယခင္ ၅ ႏွစ္ခန္႔က ၈ ဒသမ ၄ ရာခုိင္ႏႈန္းသာ ရွိခဲ့ရာ အိမ္ငွားေနထုိင္သူ မ်ားစြာျမင့္တက္လာျခင္း ျဖစ္သည္။

သန္းၾကြယ္သူေဌးမ်ား ေနအိမ္မဝယ္ရန္ ဆံုးျဖတ္ၾကျခင္းတြင္ အေၾကာင္းရင္းမ်ားစြာ ရွိေနရာ အတိုးႏႈန္း ျမင့္မားမႈမွသည္ ေစ်းကြက္အတြင္းရႏိုင္ေသာ အိမ္မ်ားကို မႏွစ္သက္ျခင္း၊ ျပဳျပင္မြမ္းမံမႈကိစၥမ်ားအတြက္ တာဝန္မယူလိုျခင္း အစရွိသည့္အခ်က္မ်ားအထိ ပါဝင္သည္။

“ကၽြန္ေတာ္တို႔ရဲ႕ client ေတြနဲ႔ ေဆြးေႏြးေျပာဆိုခဲ့မႈေတြရွိပါတယ္။ သူတို႔က ေျပာၾကတယ္….ကၽြန္ေတာ့္မွာ ေငြေတြ ဒီေလာက္ရွိတာေတာင္ အိမ္တစ္လံုးရွာလို႔ မရဘူး…” ဟု Luxury အိမ္ျခံေျမမ်ားကို အဓိက ကိုင္တြယ္ သည့္ Douglas Elliman အိမ္ျခံေျမကုမၸဏီကို ပူးတြဲဦးေဆာင္ေနသူ Ruthie Assouline က Wall Street Journal သို႔ ေျပာသည္။

(သန္းၾကြယ္သူေဌးမ်ားစြာမွာ လက္ရွိေစ်းကြက္အတြင္း ရႏိုင္ေသာ ေနအိမ္မ်ားကို မႏွစ္သက္ၾက။ ဓာတ္ပံု-Michael-stock.adobe.com)

ထြန္းသစ္စ ကုမၸဏီတစ္ခုကို တည္ေထာင္ထားေသာ သန္းၾကြယ္သူေဌး George Goognin က ေျပာသည္မွာ လက္ရွိ ေစ်းကြက္တြင္ရွိေသာ high-end အိမ္မ်ားကို သေဘာမက်ေသာေၾကာင့္ နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အရပ္တြင္ အိပ္ခန္း ၃ ခန္းပါအခန္းကို တစ္လလွ်င္ ကန္ေဒၚလာ ၁၉,၀၀၀ ျဖင့္ ငွားရမ္းေနထိုင္ ေနေၾကာင္း ေျပာသည္။

ဇီဝနည္းပညာ ကုမၸဏီအၾကီးအကဲ Arun Das ႏွင့္ သူ၏ ဇနီးတို႔ကမူ ဖီလာဒဲလ္ဖီးယားျမိဳ႕တြင္ အိပ္ခန္း ၅ ခန္းပါ ေနအိမ္တစ္လံုးကို သေဘာက်ခဲ့ေသာ္လည္း ထိုအိမ္မွာ ျပဳျပင္မြမ္းမံမႈ ၾကီးမားစြာ လုပ္ေဆာင္ရန္ လိုအပ္ရာ ေငြမ်ားစြာ ထပ္မံကုန္က်မည့္အျပင္ အခ်ိန္ကုန္ဦးမည္ျဖစ္ေသာေၾကာင့္ အထပ္ျမင့္လူေနခန္းတစ္ခန္းကိုသာ ငွားရမ္းေနထုိင္ခဲ့ၾကသည္။

“(အဲဒီအိမ္ကို ဝယ္မယ္ဆိုရင္) ေရွ႕မွာ လုပ္စရာေတြ အမ်ားၾကီးရွိေနတာ ကၽြန္ေတာ္တို႔ သံုးသပ္မိပါတယ္။ ေငြေရးေၾကးေရးအျပင္ အခ်ိန္နဲ႔ ၾကိဳးစားအားထုတ္မႈေတြ အမ်ားၾကီး လိုေနပါတယ္” ဟု Das က အိမ္မြမ္းမံ ရမည့္ ကိစၥႏွင့္ ပတ္သက္ျပီး မွတ္ခ်က္ျပဳသည္။ “အဲ့လို ကုန္ဆံုးရမယ့္ အခ်ိန္ေတြမွာ ကၽြန္ေတာ္တို႔အေနနဲ႔ (အိမ္မဝယ္ခဲ့တာေၾကာင့္) ကေလးေတြကို အခ်ိန္ေပးႏိုင္တယ္။ ဝိုင္တစ္ခြက္ေလာက္ ေအးေအးလူလူ အတူ ေသာက္ဖုိ႔ အခ်ိန္ရလာပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Millionaires are increasingly renting homes instead of buying (nypost) Photo Credit- Dariusz Jarzabek-stock.adobe.com, BullRun-stock.adobe.com, Michael-stock.adobe.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service