နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တိုင် ရောင်းမထွက်သေးသော်လည်း ဈေးလျှော့မပေးသည့် အကြောင်းရင်း

နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တိုင် ရောင်းမထွက်သေးသော်လည်း ဈေးလျှော့မပေးသည့် အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
20 Sep 2024 11:49 am တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မိုက်ကယ် ဂျော်ဒန် ဘယ်သူလဲ)

မိုက်ကယ်ဂျော်ဒန် (မွေး-၁၉၆၃) ကို MJ ဟုလည်း လူသိများပြီး သူသည် ယခင်က နာမည်ကြီး အမေရိကန် ဘတ်စ်ကက်ဘောကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။

အမေရိကန်အမျိုးသားဘတ်စ်ကက်ဘောအသင်း (NBA) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် “မိုက်ကယ်ဂျော်ဒန်သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်သည်”ဟု ဖော်ပြထားသည်။

မိုက်ကယ်ဂျော်ဒန်သည် Chicago Bulls အသင်းနှင့်အတူ NBA တွင် ၁၅ ရာသီကစားခဲ့ပြီး NBA ချန်ပီယံဖလား ၆ ကြိမ်ရရှိခဲ့သည်။

မိုက်ကယ်ဂျော်ဒန်သည် NBA မှ Charlotte Hornets အသင်းပိုင်ရှင်၊ ဥက္ကဌလည်း ဖြစ်သည်။

((မိုက်ကယ်ဂျော်ဒန်၏ ရောင်းမထွက်သောစံအိမ်ကြီး))

မိုက်ကယ်ဂျော်ဒန် အရောင်းဈေးကွက်တင်ထားသော စံအိမ်ကြီးမှာ ၁၂ နှစ်ရှိပြီဖြစ်သော်လည်း အရောင်းဈေးကွက်တွင်သာ ရှိနေဆဲဖြစ်ကာ တုပ်တုပ်မျှ မလှုပ်သေး။

ကစားကွင်းထဲတွင် စံချိန်များစွာတင်ထားသူ မိုက်ကယ်ဂျော်ဒန်သည် ယခုအခါ အခြားစံချိန်တစ်ခုလည်း တင်ရန်ရှိနေသည်။

ထိုစံချိန်ကား ရောင်းမထွက်သော အကျော်ကြားဆုံးစံအိမ်ဟူသည့် စံချိန်ပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ် ၊ Highland Park မြို့တွင် တည်ရှိသော ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ်ကို ၂၀၁၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂၉ သန်းဖြင့် စတင်အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၁၅ သန်းအထိ ဈေးလျှော့ပေးခဲ့သည်။

သို့တိုင် ရောင်းမထွက်ဘဲ အရောင်းဈေးကွက်တွင် ဆယ်စုနှစ်တစ်ခုကျော် ရှိနေသည်။

ယခုအချိန်ထိ ရောင်းမထွက်သော်လည်း NBA ချန်ပီယံ မိုက်ကယ်ဂျော်ဒန်က ထပ်မံဈေးလျှော့ပေးရန် စိတ်မဝင်စားတော့ကြောင်း Wall Street Journal က ဖော်ပြသည်။

 

(အီလီနွိုက်စ်ပြည်နယ် ၊ Highland Park မြို့ရှိ မိုက်ကယ်ဂျော်ဒန်၏ စတုရန်းပေ ၅၆၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီး။ ဓာတ်ပုံ-Compass)

 

(လူအများကြား အလွန်ပျံ့နှံ့ခဲ့သော marketing campaign များ၊ ဈေးလျှော့ပေးမှုများ ပြုလုပ်ကာ ရောင်းထုတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ယနေ့တိုင် ရောင်းမထွက်ချေ။ ဓာတ်ပုံ-Compass)

 

ရောင်းမထွက်ရခြင်းအကြောင်းမှာ ယခုစံအိမ်ကြီးသည် “မိုက်ကယ်ဂျော်ဒန်ဆန်လွန်း” နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလောကသားတို့က ပြောကြသည်။

မိုက်ကယ်ဂျော်ဒန်ဆန်လွန်းသည်ဟု ဆိုရခြင်းမှာ ခြံဝတွင် အထူးအော်ဒါမှာယူထားသော သံမဏိတံခါးကြီး တပ်ဆင်ထားပြီး တံခါးတွင် မိုက်ကယ်ဂျော်ဒန်၏ ကျောနံပါတ်ဖြစ်သော နံပါတ် ၂၃ ဂဏန်းကြီး တပ်ဆင်ထားရာ ၎င်းတစ်ဦးတည်းအတွက် သီးသန့်ဖြစ်တည်နေသော စံအိမ်ဖြစ်နေသည်။

ခြံဝန်းအတွင်းရှိ ဂေါက်ကျင်းအလံတိုင်များတွင် သူ၏ Nike ဖိနပ် အမှတ်တံဆိပ်များရှိနေပြီး အိမ်တွင်းရုပ်ရှင်ရုံတွင်လည်း သူ၏ ရုပ်ပုံများ မီးထွန်းပြသထားသည်။

တဖန် စံအိမ်ကြီးအတွင်း ကြည့်မည်ဆိုလျှင်လည်း full-sized ဘတ်စ်ကက်ဘောကွင်း ပတ်လည်တွင် သူနှင့် သားသမီးများဖြစ်သော Marcus, Jeffery , Jasmine တို့၏ အမည်များကို ရေးသားထားသည်။

ယင်းအပြင် locker ခန်း၊ ဆုတံဆိပ်များထားရာအခန်း၊ ဆေးလိပ်သောက်နိုင်သော poker parlor ခန်းတို့တွင်လည်း ဓာတ်ပုံများအပြည့်။

အချို့သော တံခါးများမှာ ကမ္ဘာကျော်သူဌေးကြီး ဟုချ်ဟက်ဖ်နာ၏ ပလေးဘွိုင်းစံအိမ်ကြီးမှ တံခါးများဖြစ်သည်။

စံအိမ်အတွင်း built-in ငါးကန်တစ်ခုလည်း ပါဝင်သည်။

 

(မိုက်ကယ်ဂျော်ဒန်က ဤစံအိမ်ကြီးကို ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရောင်းချရန် အလျင်စလိုမရှိ။ ဝယ်လက်ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းလိုစိတ်သာရှိသည်။ လက်ရှိအားဖြင့် စံအိမ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် အချိန်ပြည့်ဝန်ထမ်းများ ခန့်ထားထားရသည်။ ဓာတ်ပုံ-NBAE via Getty Images)

 

(ရောင်းမထွက်ခြင်းအကြောင်းမှာ မိုက်ကယ်ဂျော်ဒန်ဆန်လွန်းသောကြောင့်ဖြစ်သည်ဟု အချို့ကပြောပြီး အချို့ကမူ တည်နေရာကြောင့်ဖြစ်သည်ဟု ပြောကြသည်။ ဓာတ်ပုံ-Compass)

 

(မိုက်ကယ်ဂျော်ဒန်အနေဖြင့် ထပ်မံဈေးလျှော့ပေးလိုခြင်း မရှိ။ အဘယ်ကြောင့်ဆိုလျှင် စံအိမ်တန်ကြေးမှာ လက်ရှိခေါ်ဈေးထက် များစွာတန်သည်ဟု ၎င်းက ယုံကြည်သောကြောင့် ဖြစ်သည်။ ဓာတ်ပုံ-Compass)

 

မိုက်ကယ်ဂျော်ဒန်သည် ဤစံအိမ်ကြီးကို ၂၀၁၃ ခုနှစ်က လေလံတင်ခဲ့ဖူးသော်လည်း လေလံဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားမှုမှာ လူသိများသည်။

တန်ကြေးအောက် နည်းပါးသောဈေးဖြင့် မရောင်းလိုသောကြောင့် ဖြစ်သည်။

(မှတ်ချက်။ နောက်ဆုံးသတင်းများအရ မိုက်ကယ်ဂျော်ဒန်၏ စံအိမ်ကို ဝယ်ယူမည့်သူ ပေါ်ပေါက်လာပြီဟု သိရသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This is why Michael Jordan refuses to lower the price on his Chicago mansion that has been listed for 12 years (nypost) Photo Credit- NBAE via Getty Images, Compass

 

[Zawgyi]

နာမည္ၾကီး ဘတ္စ္ကက္ေဘာ ၾကယ္ပြင့္ မိုက္ကယ္ေဂ်ာ္ဒန္က ခ်ီကာဂိုစံအိမ္ကို အေရာင္းေစ်းကြက္တင္ထား သည္မွာ ၁၂ ႏွစ္ရွိျပီျဖစ္သည့္တိုင္ ေရာင္းမထြက္ေသးေသာ္လည္း ေစ်းေလွ်ာ့မေပးသည့္ အေၾကာင္းရင္း

(မိုက္ကယ္ ေဂ်ာ္ဒန္ ဘယ္သူလဲ)

မိုက္ကယ္ေဂ်ာ္ဒန္ (ေမြး-၁၉၆၃) ကို MJ ဟုလည္း လူသိမ်ားျပီး သူသည္ ယခင္က နာမည္ၾကီး အေမရိကန္ ဘတ္စ္ကက္ေဘာၾကယ္ပြင့္တစ္ဦး ျဖစ္ခဲ့သည္။

အေမရိကန္အမ်ဳိးသားဘတ္စ္ကက္ေဘာအသင္း (NBA) ၏ တရားဝင္ဝက္ဘ္ဆိုက္တြင္ “မိုက္ကယ္ေဂ်ာ္ဒန္သည္ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး ဘတ္စ္ကက္ေဘာကစားသမားတစ္ဦး ျဖစ္သည္”ဟု ေဖာ္ျပထားသည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ Chicago Bulls အသင္းႏွင့္အတူ NBA တြင္ ၁၅ ရာသီကစားခဲ့ျပီး NBA ခ်န္ပီယံဖလား ၆ ၾကိမ္ရရွိခဲ့သည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ NBA မွ Charlotte Hornets အသင္းပိုင္ရွင္၊ ဥကၠဌလည္း ျဖစ္သည္။

((မိုက္ကယ္ေဂ်ာ္ဒန္၏ ေရာင္းမထြက္ေသာစံအိမ္ၾကီး))

မိုက္ကယ္ေဂ်ာ္ဒန္ အေရာင္းေစ်းကြက္တင္ထားေသာ စံအိမ္ၾကီးမွာ ၁၂ ႏွစ္ရွိျပီျဖစ္ေသာ္လည္း အေရာင္းေစ်းကြက္တြင္သာ ရွိေနဆဲျဖစ္ကာ တုပ္တုပ္မွ် မလႈပ္ေသး။

ကစားကြင္းထဲတြင္ စံခ်ိန္မ်ားစြာတင္ထားသူ မိုက္ကယ္ေဂ်ာ္ဒန္သည္ ယခုအခါ အျခားစံခ်ိန္တစ္ခုလည္း တင္ရန္ရွိေနသည္။

ထိုစံခ်ိန္ကား ေရာင္းမထြက္ေသာ အေက်ာ္ၾကားဆံုးစံအိမ္ဟူသည့္ စံခ်ိန္ပင္ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု၊ အီလီႏြိဳက္စ္ျပည္နယ္ ၊ Highland Park ျမိဳ႕တြင္ တည္ရွိေသာ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ၂၀၁၂ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၂၉ သန္းျဖင့္ စတင္အေရာင္းေစ်းကြက္တင္ခဲ့ျပီး ေနာက္ပိုင္းတြင္ ကန္ေဒၚလာ ၁၅ သန္းအထိ ေစ်းေလွ်ာ့ေပးခဲ့သည္။

သို႔တိုင္ ေရာင္းမထြက္ဘဲ အေရာင္းေစ်းကြက္တြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ ရွိေနသည္။

ယခုအခ်ိန္ထိ ေရာင္းမထြက္ေသာ္လည္း NBA ခ်န္ပီယံ မိုက္ကယ္ေဂ်ာ္ဒန္က ထပ္မံေစ်းေလွ်ာ့ေပးရန္ စိတ္မဝင္စားေတာ့ေၾကာင္း Wall Street Journal က ေဖာ္ျပသည္။

(အီလီႏြိဳက္စ္ျပည္နယ္ ၊ Highland Park ျမိဳ႕ရွိ မိုက္ကယ္ေဂ်ာ္ဒန္၏ စတုရန္းေပ ၅၆၀၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီး။ ဓာတ္ပံု-Compass)

(လူအမ်ားၾကား အလြန္ပ်ံ႕ႏွံ႔ခဲ့ေသာ marketing campaign မ်ား၊ ေစ်းေလွ်ာ့ေပးမႈမ်ား ျပဳလုပ္ကာ ေရာင္းထုတ္ရန္ အၾကိမ္ၾကိမ္ၾကိဳးစားခဲ့ေသာ္လည္း ယေန႔တိုင္ ေရာင္းမထြက္ေခ်။ ဓာတ္ပံု-Compass)

ေရာင္းမထြက္ရျခင္းအေၾကာင္းမွာ ယခုစံအိမ္ၾကီးသည္ “မိုက္ကယ္ေဂ်ာ္ဒန္ဆန္လြန္း” ေနျခင္းေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း အိမ္ျခံေျမေလာကသားတို႔က ေျပာၾကသည္။

မိုက္ကယ္ေဂ်ာ္ဒန္ဆန္လြန္းသည္ဟု ဆိုရျခင္းမွာ ျခံဝတြင္ အထူးေအာ္ဒါမွာယူထားေသာ သံမဏိတံခါးၾကီး တပ္ဆင္ထားျပီး တံခါးတြင္ မိုက္ကယ္ေဂ်ာ္ဒန္၏ ေက်ာနံပါတ္ျဖစ္ေသာ နံပါတ္ ၂၃ ဂဏန္းၾကီး တပ္ဆင္ထားရာ ၎တစ္ဦးတည္းအတြက္ သီးသန္႔ျဖစ္တည္ေနေသာ စံအိမ္ျဖစ္ေနသည္။

ျခံဝန္းအတြင္းရွိ ေဂါက္က်င္းအလံတိုင္မ်ားတြင္ သူ၏ Nike ဖိနပ္ အမွတ္တံဆိပ္မ်ားရွိေနျပီး အိမ္တြင္းရုပ္ရွင္ရံုတြင္လည္း သူ၏ ရုပ္ပံုမ်ား မီးထြန္းျပသထားသည္။

တဖန္ စံအိမ္ၾကီးအတြင္း ၾကည့္မည္ဆိုလွ်င္လည္း full-sized ဘတ္စ္ကက္ေဘာကြင္း ပတ္လည္တြင္ သူႏွင့္ သားသမီးမ်ားျဖစ္ေသာ Marcus, Jeffery , Jasmine တို႔၏ အမည္မ်ားကို ေရးသားထားသည္။

ယင္းအျပင္ locker ခန္း၊ ဆုတံဆိပ္မ်ားထားရာအခန္း၊ ေဆးလိပ္ေသာက္ႏိုင္ေသာ poker parlor ခန္းတို႔တြင္လည္း ဓာတ္ပံုမ်ားအျပည့္။

အခ်ဳိ႕ေသာ တံခါးမ်ားမွာ ကမၻာေက်ာ္သူေဌးၾကီး ဟုခ်္ဟက္ဖ္နာ၏ ပေလးဘြိဳင္းစံအိမ္ၾကီးမွ တံခါးမ်ားျဖစ္သည္။

စံအိမ္အတြင္း built-in ငါးကန္တစ္ခုလည္း ပါဝင္သည္။

(မိုက္ကယ္ေဂ်ာ္ဒန္က ဤစံအိမ္ၾကီးကို ၁၉၉၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေရာင္းခ်ရန္ အလ်င္စလိုမရွိ။ ဝယ္လက္ေပၚေပါက္လာသည္အထိ ေစာင့္ဆိုင္းလိုစိတ္သာရွိသည္။ လက္ရွိအားျဖင့္ စံအိမ္ၾကီးကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ အခ်ိန္ျပည့္ဝန္ထမ္းမ်ား ခန္႔ထားထားရသည္။ ဓာတ္ပံု-NBAE via Getty Images)

(ေရာင္းမထြက္ျခင္းအေၾကာင္းမွာ မိုက္ကယ္ေဂ်ာ္ဒန္ဆန္လြန္းေသာေၾကာင့္ျဖစ္သည္ဟု အခ်ဳိ႕ကေျပာျပီး အခ်ဳိ႕ကမူ တည္ေနရာေၾကာင့္ျဖစ္သည္ဟု ေျပာၾကသည္။ ဓာတ္ပံု-Compass)

(မိုက္ကယ္ေဂ်ာ္ဒန္အေနျဖင့္ ထပ္မံေစ်းေလွ်ာ့ေပးလိုျခင္း မရွိ။ အဘယ္ေၾကာင့္ဆိုလွ်င္ စံအိမ္တန္ေၾကးမွာ လက္ရွိေခၚေစ်းထက္ မ်ားစြာတန္သည္ဟု ၎က ယံုၾကည္ေသာေၾကာင့္ ျဖစ္သည္။ ဓာတ္ပံု-Compass)

မိုက္ကယ္ေဂ်ာ္ဒန္သည္ ဤစံအိမ္ၾကီးကို ၂၀၁၃ ခုႏွစ္က ေလလံတင္ခဲ့ဖူးေသာ္လည္း ေလလံေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းသြားမႈမွာ လူသိမ်ားသည္။

တန္ေၾကးေအာက္ နည္းပါးေသာေစ်းျဖင့္ မေရာင္းလိုေသာေၾကာင့္ ျဖစ္သည္။

(မွတ္ခ်က္။ ေနာက္ဆံုးသတင္းမ်ားအရ မိုက္ကယ္ေဂ်ာ္ဒန္၏ စံအိမ္ကို ဝယ္ယူမည့္သူ ေပၚေပါက္လာျပီဟု သိရသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This is why Michael Jordan refuses to lower the price on his Chicago mansion that has been listed for 12 years (nypost) Photo Credit- NBAE via Getty Images, Compass

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service