တရုတ်ပြည်တွင် ဆောက်လုပ်နေသော ၂၂ မိုင်ရှည်လျားသည့် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ကုန်ကျမည့် ကမ္ဘာ့စံချိန်တင် တံတားကြီး
တရုတ်ပြည်တွင် ဆောက်လုပ်နေသော ၂၂ မိုင်ရှည်လျားသည့် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ကုန်ကျမည့် ကမ္ဘာ့စံချိန်တင် တံတားကြီး - Property News in Myanmar from iMyanmarHouse.com
18 Sep 2024 11:00 am တွင် တင်ခဲ့သည်
582 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်သည် စီးပွားရေးကြီးထွားစေရန် ကြိုးပမ်းနေသည်နှင့်အမျှ အရပ်ဘက် အခြေခံအဆောက်အအုံများ ကို ခေတ်မီအဆင့်မြှင့်တင်နိုင်ရန် ဒေါ်လာ ဘီလျံနှင့်ချီကာ သုံးစွဲပြီး ရင်းနှီးမြှုပ်နှံလျက်ရှိနေသည်။
ထိုစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပို့ဆောင်ရေးကွန်ရက်များ တိုးတက်လာစေရန် ပေကျင်းအစိုးရသည် တံတားများနှင့် လမ်းများ အင်တိုက်အားတိုက် ဆောက်လုပ်လာနေသည်။
၂၀၂၂ ခုနှစ်က တရုတ်ပြည်တွင် တံတားအစင်းရေ စုစုပေါင်း ၁ သန်းကျော်ရှိပြီဖြစ်သည်။ ထိုပမာဏမှာ ၂၀၂၁ ခုနှစ်ကထက် အစင်းရေ ၇၂၀၀၀ ကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။
အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံရေးကဏ္ဍတွင် တရုတ်ပြည်သည် မြင့်မြင့်တွေးလေ့ရှိပြီး ယခင် စံချိန်ကို မကြာခဏဖြတ်ကျော်ဆောက်လုပ်လေ့ရှိသည်။
နောက်ဆုံးအကောင်အထည်ဖော်နေသော စီမံကိန်းမှာ ရှိဇီယန် တံတားကြီး ဆောက်လုပ်ရေး ဖြစ်သည်။
အဆိုပါ တံတားကြီးသည် တရုတ်ပြည် ၊ ကွမ်တုံ- ဟောင်ကောင်-မကာအိုတို့ ဆုံစည်းသော Greater Bay Area ဟုခေါ်သည့်နေရာရှိ ပုလဲမြစ်ဝ၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ပေးမည့် တံတားကြီး ဖြစ်သည်။
(ရှိဇီယန်တံတားကြီးသည် ရှန်းကျန့်- ကျုံးရှန်း လမ်းပေါ်တွင် တည်ရှိသည်။ ဓာတ်ပုံ-Getty)
ပုလဲမြစ်ကို ဖြတ်သန်းဆောက်လုပ်မည့် ရှိဇီယန်တံတားကြီးသည် အပြီးသတ်ဆောက်လုပ်ပြီးစီးပါက အလျား ၂၂ မိုင်ရှိမည် ဖြစ်သည်။
တံတားကြီးကို CCCC Highway Consultants က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ကုန်ကျစရိတ် ကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။
ဗြိတိန်အခြေစိုက် Knight Architects ကုမ္ပဏီနှင့် ဒိန်းမတ်မှ engineering consultant ကုမ္ပဏီ Cowi တို့က ရှိဇီယန်တံတားအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့သော်လည်း အဆိုပါဒီဇိုင်းကို မသုံးဖြစ်ခဲ့။
Knight Architects ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က “တရုတ်ပြည်၊ ကျူးကျန်းမြစ်ဝကျွန်းပေါ်ဒေသမှာ ဆောက်လုပ်နေတဲ့ ရှိဇီယန်တံတားကြီးဟာ Knight Architects က ဒီဇိုင်းရေးဆွဲပေးထားတာ မဟုတ်ပါဘူး။ CCCC Highway Consultants က ၂၀၂၁ ခုနှစ်အတွင်း ရှိဇီယန်တံတားအတွက် အလှည့်အပြောင်း concept design ရေးဆွဲဖို့ လေ့လာမှုလုပ်တာမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အဖွဲ့ ၂ ခုထဲမှာ ကျွန်တော်တို့ Knight Architects ပါဝင်ခဲ့ပါတယ်” ဟု ပြောသည်။
၂၀၂၈ ခုနှစ်တွင် အများပြည်သူများ ဖြတ်သန်းသွားလာရန် ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
ဆောက်လုပ်ပြီးစီးပါက ရှိဇီယန်တံတားကြီးသည် ပင်မံတံတား၏ အလျား၊ ပင်မတာဝါ၏ အမြင့်၊ ဖောင်ဒေးရှင်း၊ ပင်မဆိုင်းကြိုး၏ အရွယ်အစားနှင့် ယာဉ်ကြောပမာဏ အစရှိသည်တို့တွင် ကမ္ဘာ့စံချိန် ၅ ခု တင်ဖွယ်ရှိနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The new record-breaking £5bn bridge more than 22 miles long and crossing a major river (express)
Photo Credit-Getty
[Zawgyi]
Photo Credit-Getty
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service