စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်ထုတ်

စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်ထုတ် - Property News in Myanmar from iMyanmarHouse.com
17 Sep 2024 10:32 am တွင် တင်ခဲ့သည်
2450 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူတွင် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးသည် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိ သူများကို နှင်ထုတ်ခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် TikTok လူမှုကွန်ရက်၌ တင်ခဲ့သော ဗွီဒီယိုဖိုင်အရ အိမ်ခြံမြေအကျိုးဆောင်သည် တိုက်ခန်းထဲသို့ ဝင်သွားပြီး “ဒီအခန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ” ဟု နေထိုင်သူတို့အား မေးမြန်းခဲ့သည်ကို တွေ့ရသည်။

ထို့နောက် အကျိုးဆောင်အမျိုးသမီးက အခန်းများထဲ ဝင်ရောက်စစ်ဆေးကြည့်ရှုရင်း လူဦးရေကို ရေတွက် နေခဲ့သည်။

တိုက်ခန်း၏ တည်နေရာကိုမူ သူမက ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။

ယင်းနောက် ၎င်းက အခန်းအတွင်း နေထိုင်သူတစ်ဦးအား ကြောင်အိမ်တစ်ခု အဘယ်ကြောင့် ကျိုးပျက်နေ သည်ကို မေးမြန်းခဲ့သည့်အပြင် အိပ်ရာတစ်ခုကို အဘယ်ကြောင့် ဖြုတ်သိမ်းထားသနည်း ဆိုသည်ကိုလည်း မေးမြန်းခဲ့သည်။

အခန်းအတွင်းနေထိုင်သူများကို “ရှင်တို့အားလုံး ထွက်သွားရမယ်။ အိမ်ပေါ်က မဆင်းရင် ကျွန်မ ရဲတပ်ဖွဲ့ကို အကြောင်းကြားမယ်။ ရှင်တို့ရဲ့ ပစ္စည်းတွေ ထုတ်ပိုးပြီး ဒီကနေ ထွက်သွားဖို့ တစ်နာရီ အချိန်ပေးပါမယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးတွင် အကျိုးဆောင်အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်ခေါ်ယူခဲ့သည်။

ဤသတင်းရေးသားနေချိန်တွင် ဗွီဒီယိုဖိုင်ကို ကြည့်ရှုမှုအကြိမ်ရေ ၁ ဒသမ ၆ သန်းကျော် ရှိနေသည်။

ပစ္စည်းများ ထုပ်ပိုးရန် တစ်နာရီသာ အချိန်ပေးခြင်းမှာ ပြင်းထန်လွန်းကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပြုသည်။

အချို့ကမူ အကျိုးဆောင်၏ လုပ်ဆောင်မှု မှန်ကန်ကြောင်း၊ ထိုသို့ နေထိုင်ခြင်းမှာ တရားမဝင်ကြောင်း မှတ်ချက်ပြုကြသည်။

“အားလုံးကို ချက်ချင်းမောင်းထုတ်ပစ်ဖို့ သူ့မှာ အခွင့်အရေးအပြည့်ရှိပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။

စင်္ကာပူရှိ အိမ်ရာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (HDB) ၏ လမ်းညွှန်ချက်များအရ အိမ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ အခန်းကို ငှားရမ်းသူများမှာ ငှားရမ်းနေထိုင်ခွင့်ရှိသောသူများသာဖြစ်ရေးနှင့် အများဆုံးနေထိုင်ခွင့်ပြုထားသည့် လူဦးရေထက် မကျော်ရန် တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိမ်ငှားတို့အနေဖြင့် အခြားသူတို့ကို အခန်းခွဲကာ အငှားမချစေရေးအတွက်လည်း အိမ်ရှင်တို့က တာဝန်ယူရမည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ကာလအတွင်း အိပ်ခန်း ၄ ခန်း (သို့မဟုတ်) ထို့ထက်ပိုမိုကြီးမားသည့် လူနေခန်းများ၊ အနည်းဆုံး စတုရန်းမီတာ ၉၀ ရှိသော လုံးချင်းအိမ် များတွင် အများဆုံး လူ ၈ ဦးအထိ နေထိုင်ခွင့်ပြုကြောင်း၊ ထိုသူများသည် မိသားစုတစ်ခုတည်းမှ ဖြစ်ရန် မလိုကြောင်း HDB ၏ လမ်းညွှန်ချက်တွင် ဖော်ပြသည်။

ယခင်ကမူ HDB တစ်ခန်းလျှင် အများဆုံး လူ ၆ ဦးအထိသာ နေထိုင်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ခွင့်ပြုဦးရေ တိုးမြင့်လာခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Property agent discovers 12 tenants in HDB flat, calls police (asiaone)

 

[Zawgyi]

စကၤာပူတြင္ HDB တိုက္ခန္းတစ္ခုထဲ၌ လူ ၁၂ ဦးအထိ ေနထိုင္လ်က္ရွိသည္ကိုေတြ႔ေသာ အိမ္ျခံေျမ အက်ဳိးေဆာင္က ေနထုိင္သူမ်ားကို ႏွင္ထုတ္

စကၤာပူတြင္ အိမ္ျခံေျမ အက်ဳိးေဆာင္တစ္ဦးသည္ HDB တိုက္ခန္းတစ္ခုထဲ၌ လူ ၁၂ ဦးအထိ ေနထိုင္လ်က္ရွိ သူမ်ားကို ႏွင္ထုတ္ခဲ့သည္။

စက္တင္ဘာ ၅ ရက္တြင္ TikTok လူမႈကြန္ရက္၌ တင္ခဲ့ေသာ ဗြီဒီယိုဖိုင္အရ အိမ္ျခံေျမအက်ဳိးေဆာင္သည္ တိုက္ခန္းထဲသို႔ ဝင္သြားျပီး “ဒီအခန္းမွာ လူဘယ္ႏွစ္ေယာက္ရွိလဲ” ဟု ေနထုိင္သူတို႔အား ေမးျမန္းခဲ့သည္ကို ေတြ႔ရသည္။

ထို႔ေနာက္ အက်ဳိးေဆာင္အမ်ဳိးသမီးက အခန္းမ်ားထဲ ဝင္ေရာက္စစ္ေဆးၾကည့္ရႈရင္း လူဦးေရကို ေရတြက္ ေနခဲ့သည္။

တိုက္ခန္း၏ တည္ေနရာကိုမူ သူမက ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေခ်။

ယင္းေနာက္ ၎က အခန္းအတြင္း ေနထိုင္သူတစ္ဦးအား ေၾကာင္အိမ္တစ္ခု အဘယ္ေၾကာင့္ က်ဳိးပ်က္ေန သည္ကို ေမးျမန္းခဲ့သည့္အျပင္ အိပ္ရာတစ္ခုကို အဘယ္ေၾကာင့္ ျဖဳတ္သိမ္းထားသနည္း ဆိုသည္ကိုလည္း ေမးျမန္းခဲ့သည္။

အခန္းအတြင္းေနထုိင္သူမ်ားကို “ရွင္တို႔အားလံုး ထြက္သြားရမယ္။ အိမ္ေပၚက မဆင္းရင္ ကၽြန္မ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားမယ္။ ရွင္တို႔ရဲ႕ ပစၥည္းေတြ ထုတ္ပိုးျပီး ဒီကေန ထြက္သြားဖို႔ တစ္နာရီ အခ်ိန္ေပးပါမယ္” ဟု ေျပာၾကားခဲ့သည္။

ေနာက္ဆံုးတြင္ အက်ဳိးေဆာင္အမ်ဳိးသမီးက ရဲတပ္ဖြဲ႔ထံ ဖုန္းဆက္ေခၚယူခဲ့သည္။

ဤသတင္းေရးသားေနခ်ိန္တြင္ ဗြီဒီယိုဖိုင္ကို ၾကည့္ရႈမႈအၾကိမ္ေရ ၁ ဒသမ ၆ သန္းေက်ာ္ ရွိေနသည္။

ပစၥည္းမ်ား ထုပ္ပိုးရန္ တစ္နာရီသာ အခ်ိန္ေပးျခင္းမွာ ျပင္းထန္လြန္းေၾကာင္း လူမႈကြန္ရက္သံုးစြဲသူအခ်ဳိ႕က မွတ္ခ်က္ျပဳသည္။

အခ်ဳိ႕ကမူ အက်ဳိးေဆာင္၏ လုပ္ေဆာင္မႈ မွန္ကန္ေၾကာင္း၊ ထိုသို႔ ေနထုိင္ျခင္းမွာ တရားမဝင္ေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

“အားလံုးကို ခ်က္ခ်င္းေမာင္းထုတ္ပစ္ဖုိ႔ သူ႔မွာ အခြင့္အေရးအျပည့္ရွိပါတယ္” ဟု လူမႈကြန္ရက္သံုးစြဲသူ တစ္ဦးက မွတ္ခ်က္ျပဳသည္။

စကၤာပူရွိ အိမ္ရာဖြ႔ံျဖိဳးေရးဘုတ္အဖြဲ႔ (HDB) ၏ လမ္းညႊန္ခ်က္မ်ားအရ အိမ္ပိုင္ရွင္မ်ားအေနျဖင့္ မိမိတို႔၏ အခန္းကို ငွားရမ္းသူမ်ားမွာ ငွားရမ္းေနထုိင္ခြင့္ရွိေသာသူမ်ားသာျဖစ္ေရးႏွင့္ အမ်ားဆံုးေနထိုင္ခြင့္ျပဳထားသည့္ လူဦးေရထက္ မေက်ာ္ရန္ တာဝန္ယူရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အိမ္ငွားတို႔အေနျဖင့္ အျခားသူတို႔ကို အခန္းခြဲကာ အငွားမခ်ေစေရးအတြက္လည္း အိမ္ရွင္တို႔က တာဝန္ယူရမည္ဟု ဆိုသည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္မွ ၂၀၂၆ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္အထိ သတ္မွတ္ကာလအတြင္း အိပ္ခန္း ၄ ခန္း (သို႔မဟုတ္) ထို႔ထက္ပိုမိုၾကီးမားသည့္ လူေနခန္းမ်ား၊ အနည္းဆံုး စတုရန္းမီတာ ၉၀ ရွိေသာ လံုးခ်င္းအိမ္ မ်ားတြင္ အမ်ားဆံုး လူ ၈ ဦးအထိ ေနထိုင္ခြင့္ျပဳေၾကာင္း၊ ထိုသူမ်ားသည္ မိသားစုတစ္ခုတည္းမွ ျဖစ္ရန္ မလိုေၾကာင္း HDB ၏ လမ္းညႊန္ခ်က္တြင္ ေဖာ္ျပသည္။

ယခင္ကမူ HDB တစ္ခန္းလွ်င္ အမ်ားဆံုး လူ ၆ ဦးအထိသာ ေနထိုင္ခြင့္ျပဳခဲ့ျပီး ယခုႏွစ္တြင္ ခြင့္ျပဳဦးေရ တိုးျမင့္လာျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Property agent discovers 12 tenants in HDB flat, calls police (asiaone)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service