ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ

ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Sep 2024 1:20 pm တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၁၅ ခုနှစ်အတွင်း ဂျပ်စတင်ဘီဘာ အပန်းဖြေနေထိုင်ခဲ့ဖူးသော ဟာဝိုင်အီမှ စံအိမ်ကြီးတစ်လုံးသည် အရောင်းဈေးကွက်တင်ထားသည်မှာ ၂ နှစ်ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။

ချောက်ကမ်းပါးထိပ်တွင် တည်ရှိသော စံအိမ်ကြီးဖြစ်ပြီး အံ့မခန်း ရှုမျှော်ခင်းများသာမက စိမ်းလန်းသော ဝန်းကျင်၊ မော်ဒန်ဗိသုကာဟန်တို့လည်း ပိုင်ဆိုင်ထားသည်။

ဂျပ်စတင်ဘီဘာသည် ဤစံအိမ်ကြီးကို တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ပေးကာ ငှားရမ်းတည်းခို နေထိုင်ခဲ့ ဖူးသည်။

ထို့အပြင် ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် Dwayne ‘The Rock’ Johnson သည်လည်း ဤစံအိမ်တွင် အပန်းဖြေ နေထိုင်ခဲ့သည်။

ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည့် ချောက်ကမ်းပါးထိပ်တွင် တည်ရှိသောကြောင့် Waterfalling Estate ဟု လူသိများသည်။

ရုပ်သံအစီအစဉ်များစွာတွင်လည်း ယခုစံအိမ်ကြီး ပါဝင်ခဲ့ဖူးရာ Love Island နှင့် Ex on the Beach တို့ အပါအဝင် ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းသည်ကား စံအိမ်ကို ဝယ်ယူသွားသူမှာ နာမည်ကျော်ကြယ်ပွင့်တို့၏ အမာခံပရိသတ် မဟုတ်သလို အိမ်ခြံမြေများ အမြဲဝယ်ယူရင်းနှီးမြှုပ်နှံနေသူတစ်ဦးလည်း မဟုတ်။

ကုမ္ပဏီတစ်ခုက ဝယ်ယူသွားခြင်းဖြစ်ပြီး ၎င်းတို့က ယခင် ခမ်းနားတောက်ပခဲ့သည့် အတိတ်အတိုင်း ပြန်လည်ရရှိစေရန် အလုံးစုံပြန်လည်စစ်ဆေးမွမ်းမံပြီးလျှင် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ထားသည်။

(ဤစံအိမ်တွင် တခါက ဂျပ်စတင်ဘီဘာ လာရောက်အပန်းဖြေနေထိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Getty Images)

 

(တင်းနစ်ကွင်းနှင့် နောက်ဘက်ဆီမှ ပစိဖိတ်သမုဒ္ဒရာတို့၏ မြင်ကွင်း။ ဓာတ်ပုံ-Realtor)

စံအိမ်ကို ဝယ်ယူလိုက်သော ReUp Living ကုမ္ပဏီက စံအိမ်ဆောက်လုပ်ခဲ့သော မူရင်း developer ၏ အကူအညီဖြင့် ပြန်လည်ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့သည်။

စံအိမ်တွင် မွမ်းမံထိန်းသိမ်းရန် ခက်ခဲသော amenities များဖြစ်သည့် Olympic-size ရေကူးကန်ကြီးမှသည် တင်းနစ်ကွင်းအထိ ပါဝင်ရာ ထိန်းသိမ်းရန်အတွက် ကြီးမားသော စိန်ခေါ်မှုများ ရှိသည်။

ကုမ္ပဏီ၏ စီအီးအို Ryan Sawchuk က “The Rock ဟာ သူ့ရုပ်ရှင်ကားတစ်ခုကို ဟာဝိုင်အီမှာ ရိုက်ကူးနေတုန်း ဒီအိမ်မှာ နေခဲ့ဖူးပါတယ်။” ဟု ပြောသည်။

“ဒီအိမ်မှာရှိတဲ့ အားကစားလေ့ကျင့်ခန်းမက သူ့ကို စွဲဆောင်နိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်”

စံအိမ်ဝန်းအတွင်း ပေ ၂၄၀ မြင့်မားသော သဘာဝရေတံခွန်ကြီးတစ်ခုကိုလည်း ကိုယ်ပိုင်အဖြစ် ပါဝင်သည်။

“အိပ်ခန်း ၅ ခန်းလုံးကနေ ရေတံခွန်ကို မြင်ရပါတယ်” ဟု Sawchuk က ပြောသည်။

(စံအိမ်ဝန်းအတွင်းမှ ကိုယ်ပိုင် ရေတံခွန်။ ဓာတ်ပုံ-Realtor)

 

(အံ့မခန်းရေကူးကန်နှင့် ရင်သပ်ရှုမောဖွယ် ရှုခင်း။ ဓာတ်ပုံ-Realtor)

 

(စံအိမ်နောက်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Realtor)

 

(ခမ်းနားသော အခင်းအကျင်း။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Justin Bieber’s Former Hawaii Hideaway Sells for $6.25 Million to Buyer With Intriguing Plans for the Cliffside Home (realtor)

Photo Credit- Getty Images, Realtor

 

[Zawgyi]

ဂ်ပ္စတင္ဘီဘာႏွင့္ Dwayne Johnson တို႔ အပန္းေျဖေနထုိင္ခဲ့ေသာ ဟာဝိုင္အီမွ စံအိမ္ ဝယ္လက္တစ္ဦးထံ ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ ေရာင္းခ်

၂၀၁၅ ခုႏွစ္အတြင္း ဂ်ပ္စတင္ဘီဘာ အပန္းေျဖေနထုိင္ခဲ့ဖူးေသာ ဟာဝိုင္အီမွ စံအိမ္ၾကီးတစ္လံုးသည္ အေရာင္းေစ်းကြက္တင္ထားသည္မွာ ၂ ႏွစ္ၾကာျမင့္ခဲ့ျပီးေနာက္ ယခုအခါ ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ ေရာင္းထြက္သြားျပီ ျဖစ္သည္။

ေခ်ာက္ကမ္းပါးထိပ္တြင္ တည္ရွိေသာ စံအိမ္ၾကီးျဖစ္ျပီး အံ့မခန္း ရႈေမွ်ာ္ခင္းမ်ားသာမက စိမ္းလန္းေသာ ဝန္းက်င္၊ ေမာ္ဒန္ဗိသုကာဟန္တို႔လည္း ပိုင္ဆိုင္ထားသည္။

ဂ်ပ္စတင္ဘီဘာသည္ ဤစံအိမ္ၾကီးကို တစ္ညလွ်င္ ကန္ေဒၚလာ ၁၀၀၀၀ ေပးကာ ငွားရမ္းတည္းခို ေနထုိင္ခဲ့ ဖူးသည္။

ထို႔အျပင္ ေဟာလိဝုဒ္ အက္ရွင္ၾကယ္ပြင့္ Dwayne ‘The Rock’ Johnson သည္လည္း ဤစံအိမ္တြင္ အပန္းေျဖ ေနထုိင္ခဲ့သည္။

ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ ေခ်ာက္ကမ္းပါးထိပ္တြင္ တည္ရွိေသာေၾကာင့္ Waterfalling Estate ဟု လူသိမ်ားသည္။

ရုပ္သံအစီအစဥ္မ်ားစြာတြင္လည္း ယခုစံအိမ္ၾကီး ပါဝင္ခဲ့ဖူးရာ Love Island ႏွင့္ Ex on the Beach တို႔ အပါအဝင္ ျဖစ္သည္။

အံ့အားသင့္ဖြယ္ေကာင္းသည္ကား စံအိမ္ကို ဝယ္ယူသြားသူမွာ နာမည္ေက်ာ္ၾကယ္ပြင့္တို႔၏ အမာခံပရိသတ္ မဟုတ္သလို အိမ္ျခံေျမမ်ား အျမဲဝယ္ယူရင္းႏွီးျမွဳပ္ႏွံေနသူတစ္ဦးလည္း မဟုတ္။

ကုမၸဏီတစ္ခုက ဝယ္ယူသြားျခင္းျဖစ္ျပီး ၎တို႔က ယခင္ ခမ္းနားေတာက္ပခဲ့သည့္ အတိတ္အတိုင္း ျပန္လည္ရရွိေစရန္ အလံုးစံုျပန္လည္စစ္ေဆးမြမ္းမံျပီးလွ်င္ ျပန္လည္ေရာင္းထုတ္ရန္ စီစဥ္ထားသည္။

(ဤစံအိမ္တြင္ တခါက ဂ်ပ္စတင္ဘီဘာ လာေရာက္အပန္းေျဖေနထုိင္ခဲ့ဖူးသည္။ ဓာတ္ပံု-Getty Images)

(တင္းနစ္ကြင္းႏွင့္ ေနာက္ဘက္ဆီမွ ပစိဖိတ္သမုဒၵရာတို႔၏ ျမင္ကြင္း။ ဓာတ္ပံု-Realtor)

စံအိမ္ကို ဝယ္ယူလိုက္ေသာ ReUp Living ကုမၸဏီက စံအိမ္ေဆာက္လုပ္ခဲ့ေသာ မူရင္း developer ၏ အကူအညီျဖင့္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား လုပ္ေဆာင္ခဲ့သည္။

စံအိမ္တြင္ မြမ္းမံထိန္းသိမ္းရန္ ခက္ခဲေသာ amenities မ်ားျဖစ္သည့္ Olympic-size ေရကူးကန္ၾကီးမွသည္ တင္းနစ္ကြင္းအထိ ပါဝင္ရာ ထိန္းသိမ္းရန္အတြက္ ၾကီးမားေသာ စိန္ေခၚမႈမ်ား ရွိသည္။

ကုမၸဏီ၏ စီအီးအို Ryan Sawchuk က “The Rock ဟာ သူ႔ရုပ္ရွင္ကားတစ္ခုကို ဟာဝိုင္အီမွာ ရိုက္ကူးေနတုန္း ဒီအိမ္မွာ ေနခဲ့ဖူးပါတယ္။” ဟု ေျပာသည္။

“ဒီအိမ္မွာရွိတဲ့ အားကစားေလ့က်င့္ခန္းမက သူ႔ကို စြဲေဆာင္ႏုိင္ခဲ့တာ ျဖစ္ႏိုင္ပါတယ္”

စံအိမ္ဝန္းအတြင္း ေပ ၂၄၀ ျမင့္မားေသာ သဘာဝေရတံခြန္ၾကီးတစ္ခုကိုလည္း ကိုယ္ပိုင္အျဖစ္ ပါဝင္သည္။

“အိပ္ခန္း ၅ ခန္းလံုးကေန ေရတံခြန္ကို ျမင္ရပါတယ္” ဟု Sawchuk က ေျပာသည္။

(စံအိမ္ဝန္းအတြင္းမွ ကိုယ္ပိုင္ ေရတံခြန္။ ဓာတ္ပံု-Realtor)

(အံ့မခန္းေရကူးကန္ႏွင့္ ရင္သပ္ရႈေမာဖြယ္ ရႈခင္း။ ဓာတ္ပံု-Realtor)

(စံအိမ္ေနာက္ဘက္ျမင္ကြင္း။ ဓာတ္ပံု-Realtor)

(ခမ္းနားေသာ အခင္းအက်င္း။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Justin Bieber’s Former Hawaii Hideaway Sells for $6.25 Million to Buyer With Intriguing Plans for the Cliffside Home (realtor)

Photo Credit- Getty Images, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service