အမေရိကန်ပြည်၊ ဝိုင်ယောမင်းပြည်နယ် Jackson Hole တောင်ကြားဒေသတွင် ကိုယ်ပိုင်ချောင်းတစ်ခု ပါဝင်သော ၇၁ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံ ကန်ဒေါ်လာ ၃၅ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်၊ ဝိုင်ယောမင်းပြည်နယ် Jackson Hole တောင်ကြားဒေသတွင် ကိုယ်ပိုင်ချောင်းတစ်ခု ပါဝင်သော ၇၁ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံ ကန်ဒေါ်လာ ၃၅ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Sep 2024 12:22 pm တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဝိုင်ယောမင်းပြည်နယ်၊ Wilson ဒေသရှိ Teton တောင်တန်းများကို စီးမိုးတွေ့မြင် နေရသော ၇၁ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာသည်။

Wilson ဒေသကလေးသည် ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၆၇ ဦးသာ နေထိုင်သော ဒေသ ဖြစ်သည်။

လွန်ခဲ့သော သြဂုတ်လကုန်ပိုင်းတွင် ကန်ဒေါ်လာ ၃၄ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာခြင်းဖြစ် ကာ ထိုဒေသတွင် ဈေးအကြီးဆုံး အိမ်ခြံမြေအဖြစ် စံချိန်တင်နေသည်။

Jackson မြို့မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝတရား၏ အလယ်တွင် တည်ရှိသည့် မွေးမြူရေးခြံကြီး မှာ တကိုယ်ရေ လုံခြုံမှုနှင့် တသီးတသန့်ဖြစ်မှုတို့ ရရှိစေမည်ဖြစ်သည်။

Jackson Hole Mountain Resort , Grand Teton အမျိူးသားဥယျာဉ်၊ အမျိုးသားသစ်တောတို့နှင့် နီးကပ်စွာ တည်ရှိပြီး မြင်းစီး (သို့မဟုတ်) စက်ဘီးစီး၍ သွားရောက်နိုင်သည်။

မွေးမြူရေးခြံကြီးအတွင်း အဆောက်အအုံများစွာ ပါဝင်ရာ ပင်မစံအိမ်၊ ဧည့်ဂေဟာအိမ်ငယ် ၃ လုံး၊ မြင်းခြံများ၊ မြင်းစီးကွင်း၊ ကလေးများ တွယ်တက်ကစားရန် ကျောက်တုံးစီ နံရံတစ်ခုပါသော ကစားကွင်း အဆောက်အအုံ၊ ဘတ်စ်ကက်ဘောပစ်ဂွင်းတစ်ခုနှင့် နားနေ နေရာတစ်ခုတို့ ပါဝင်သည်။

(မွေးမြူရေးခြံကြီးမှတဆင့် Teton တောင်တန်းများဆီသို့ လှမ်းမျှော်တွေ့မြင်ရပုံ။ ဓာတ်ပုံ-Arden Oksanen/ Compass)

အရောင်းဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Mack Mendenhall ဖြစ်သည်။

မွေးမြူရေးခြံကြီးမှာ ခြံကွက်ကြီး ၂ ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

လက်ရှိပိုင်ရှင်တို့က သီးခြားစီ ဝယ်ယူကာ ပေါင်းစပ်လိုက်ကြခြင်းဖြစ်ကြောင်း Mendenhall က ပြောသည်။

ရောင်းချသူ မည်သူဖြစ်သည်ကိုမူ မသိရချေ။

မွေးမြူရေးခြံကြီးအတွင်း ရေကန်၅ ခုရှိသည်ကို အစွဲပြုကာ ရေကန်ငါးခု မွေးမြူရေးခြံဟု အမည်ပေးထားသည်။

ရေကန်အားလုံးမှာ ငါးဖမ်း၍ ရနိုင်ပြီး ရေကူးရန်နှင့် လှေလှော်ရန် လုံလောက်သော ရေအနက်ရှိသည်။

ရေကန် ၄ ခုမှာ ပင်မစံအိမ်ကို ဝန်းပတ်တည်ရှိပြီး ဆိပ်ခံများပါဝင်သည်။

(အိမ်ဘေး ရေကန်စပ်တလျှောက် ဆိပ်ခံတံတား သွယ်တန်းနေသည်။ ဓာတ်ပုံ-Drew Orlando/ Compass)

စတုရန်းပေ ၈၃၀၀ ရှိသော ပင်မစံအိမ်မှာ သစ်လုံးများဖြင့် ဆောက်လုပ်ထားသောကြောင့် ကျေးလက်အရသာ ခံစားရစေမည် ဖြစ်သည်။

ပင်မစံအိမ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

ဧည့်ဂေဟာအိမ်ငယ် ၃ လုံးပါဝင်ရာ အိမ်တစ်လုံးလျှင် အိပ်ခန်း ၃ ခန်းစီ ပါဝင်သည်။

မွေးမြူရေးခြံကြီးရှိရာ ဒေသသည် ယခင်က ငါးမျှားသူများ ကျက်စားလေ့ရှိသော နေရာဖြစ်သည်။

မွေးမြူရေးခြံကြီးအတွင်းရှိ Fish Creek ချောင်းသည် ထိုဒေသတွင် ငါးမျှားရန် အကောင်းဆုံးနေရာများ၌ ပါဝင်ကြောင်း Mendenhall က ပြောသည်။

မြင်းစီးရန် လမ်းကြောင်းများလည်းရှိပြီး ဆောင်းတွင်းတွင် မွေးမြူရေးခြံကြီးအတွင်း နှင်းလျှောစီးခြင်းများ ပြုုလုပ်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 71-Acre Ranch With a Creek for Fly Fishing Near Jackson Hole Lists for Nearly $35 Million (mansionglobal)

Photo Credit: Arden Oksanen/ Compass, Drew Orlando

 

 

[Zawgyi]

အေမရိကန္ျပည္၊ ဝုိင္ေယာမင္းျပည္နယ္ Jackson Hole ေတာင္ၾကားေဒသတြင္ ကိုယ္ပိုင္ေခ်ာင္းတစ္ခု ပါဝင္ေသာ ၇၁ ဧက က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံ ကန္ေဒၚလာ ၃၅ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ ဝိုင္ေယာမင္းျပည္နယ္၊ Wilson ေဒသရွိ Teton ေတာင္တန္းမ်ားကို စီးမိုးေတြ႔ျမင္ ေနရေသာ ၇၁ ဧက က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

Wilson ေဒသကေလးသည္ ၂၀၂၀ ျပည့္ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၁၅၆၇ ဦးသာ ေနထုိင္ေသာ ေဒသ ျဖစ္သည္။

လြန္ခဲ့ေသာ ၾသဂုတ္လကုန္ပိုင္းတြင္ ကန္ေဒၚလာ ၃၄ ဒသမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္းျဖစ္ ကာ ထိုေဒသတြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမအျဖစ္ စံခ်ိန္တင္ေနသည္။

Jackson ျမိဳ႕မွ ၁၀ မိုင္ခန္႔အကြာတြင္ တည္ရွိျပီး သဘာဝတရား၏ အလယ္တြင္ တည္ရွိသည့္ ေမြးျမဴေရးျခံၾကီး မွာ တကိုယ္ေရ လံုျခံဳမႈႏွင့္ တသီးတသန္႔ျဖစ္မႈတို႔ ရရွိေစမည္ျဖစ္သည္။

Jackson Hole Mountain Resort , Grand Teton အမ်ဴိးသားဥယ်ာဥ္၊ အမ်ဳိးသားသစ္ေတာတုိ႔ႏွင့္ နီးကပ္စြာ တည္ရွိျပီး ျမင္းစီး (သို႔မဟုတ္) စက္ဘီးစီး၍ သြားေရာက္ႏိုင္သည္။

ေမြးျမဴေရးျခံၾကီးအတြင္း အေဆာက္အအံုမ်ားစြာ ပါဝင္ရာ ပင္မစံအိမ္၊ ဧည့္ေဂဟာအိမ္ငယ္ ၃ လံုး၊ ျမင္းျခံမ်ား၊ ျမင္းစီးကြင္း၊ ကေလးမ်ား တြယ္တက္ကစားရန္ ေက်ာက္တံုးစီ နံရံတစ္ခုပါေသာ ကစားကြင္း အေဆာက္အအံု၊ ဘတ္စ္ကက္ေဘာပစ္ဂြင္းတစ္ခုႏွင့္ နားေန ေနရာတစ္ခုတို႔ ပါဝင္သည္။

(ေမြးျမဴေရးျခံၾကီးမွတဆင့္ Teton ေတာင္တန္းမ်ားဆီသို႔ လွမ္းေမွ်ာ္ေတြ႔ျမင္ရပံု။ ဓာတ္ပံု-Arden Oksanen/ Compass)

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Mack Mendenhall ျဖစ္သည္။

ေမြးျမဴေရးျခံၾကီးမွာ ျခံကြက္ၾကီး ၂ ခုကို ေပါင္းစပ္ထားျခင္းျဖစ္သည္။

လက္ရွိပိုင္ရွင္တို႔က သီးျခားစီ ဝယ္ယူကာ ေပါင္းစပ္လိုက္ၾကျခင္းျဖစ္ေၾကာင္း Mendenhall က ေျပာသည္။

ေရာင္းခ်သူ မည္သူျဖစ္သည္ကိုမူ မသိရေခ်။

ေမြးျမဴေရးျခံၾကီးအတြင္း ေရကန္၅ ခုရွိသည္ကို အစြဲျပဳကာ ေရကန္ငါးခု ေမြးျမဴေရးျခံဟု အမည္ေပးထားသည္။

ေရကန္အားလံုးမွာ ငါးဖမ္း၍ ရႏိုင္ျပီး ေရကူးရန္ႏွင့္ ေလွေလွာ္ရန္ လံုေလာက္ေသာ ေရအနက္ရွိသည္။

ေရကန္ ၄ ခုမွာ ပင္မစံအိမ္ကို ဝန္းပတ္တည္ရွိျပီး ဆိပ္ခံမ်ားပါဝင္သည္။

(အိမ္ေဘး ေရကန္စပ္တေလွ်ာက္ ဆိပ္ခံတံတား သြယ္တန္းေနသည္။ ဓာတ္ပံု-Drew Orlando/ Compass)

စတုရန္းေပ ၈၃၀၀ ရွိေသာ ပင္မစံအိမ္မွာ သစ္လံုးမ်ားျဖင့္ ေဆာက္လုပ္ထားေသာေၾကာင့္ ေက်းလက္အရသာ ခံစားရေစမည္ ျဖစ္သည္။

ပင္မစံအိမ္ကို ၂၀၀၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္း ပါဝင္သည္။

ဧည့္ေဂဟာအိမ္ငယ္ ၃ လံုးပါဝင္ရာ အိမ္တစ္လံုးလွ်င္ အိပ္ခန္း ၃ ခန္းစီ ပါဝင္သည္။

ေမြးျမဴေရးျခံၾကီးရွိရာ ေဒသသည္ ယခင္က ငါးမွ်ားသူမ်ား က်က္စားေလ့ရွိေသာ ေနရာျဖစ္သည္။

ေမြးျမဴေရးျခံၾကီးအတြင္းရွိ Fish Creek ေခ်ာင္းသည္ ထိုေဒသတြင္ ငါးမွ်ားရန္ အေကာင္းဆံုးေနရာမ်ား၌ ပါဝင္ေၾကာင္း Mendenhall က ေျပာသည္။

ျမင္းစီးရန္ လမ္းေၾကာင္းမ်ားလည္းရွိျပီး ေဆာင္းတြင္းတြင္ ေမြးျမဴေရးျခံၾကီးအတြင္း ႏွင္းေလွ်ာစီးျခင္းမ်ား ျပဳုလုပ္ႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 71-Acre Ranch With a Creek for Fly Fishing Near Jackson Hole Lists for Nearly $35 Million (mansionglobal)

Photo Credit: Arden Oksanen/ Compass, Drew Orlando

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service