အမေရိကန်ကမ္ဘာလှည့်ခရီးသည် မိုက်ခ် ရာရီနှင့် ဘန်ကောက်မှ တစ်ည (၁)ဒေါ်လာ ပေးရသော အခန်းတစ်ခန်း အကြောင်း

အမေရိကန်ကမ္ဘာလှည့်ခရီးသည် မိုက်ခ် ရာရီနှင့် ဘန်ကောက်မှ တစ်ည (၁)ဒေါ်လာ ပေးရသော အခန်းတစ်ခန်း အကြောင်း - Property News in Myanmar from iMyanmarHouse.com
16 Sep 2024 11:35 am တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျောပိုးအိတ်တစ်လုံးဖြင့် ကမ္ဘာပတ်နေသော အမေရိကန်ကမ္ဘာလှည့်ခရီးသည်တစ်ဦးသည် ထိုင်းနိုင်ငံတွင် ခြိုးခြံချွေတာကာ နေထိုင်သွားလာခဲ့၏။

အသက် ၂၂ နှစ်အရွယ်ရှိ မိုက်ခ်ရာရီသည် ဘန်ကောက်မြို့သို့ ရောက်ရှိလည်ပတ်စဉ် တစ်ညလျှင် ၁ ဒေါ်လာ သာ ပေးရသော အခန်းတစ်ခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းငှားရမ်းနေထိုင်ခဲ့သည်မှာ အတော်ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်သော နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံး၏ အပေါ်ထပ်ဖြစ်ပြီး အိမ်ရှေ့မှ အပေါ်ထပ်သို့ မတ်တပ်လှေကားတစ်ခုဖြင့် တိုက်ရိုက်တက်ရသည်။

မိုက်ခ်ရာရီသည် ထိုအခန်းကို ဗွီဒီယိုရိုက်ကူးကာ Instagram နှင့် YouTube တို့တွင် “What’s inside a $1 Airbnb” ဟူသောအမည်ဖြင့် မျှဝေခဲ့သည်။

၎င်းတည်းခိုနေထိုင်ခဲ့သော အခန်းအကြောင်း ဗွီဒီယိုဖိုင်ထဲတွင် မိုက်ခ်ရာရီက ပြောထားသည်မှာ “(ဒါက) အမေရိကန်အလံ။ …အိမ်မှာနေသလို ခံစားရစေပါတယ်” ဆိုသည်။

လှေကားတစ်ခုမှ တွယ်တက်ရင်း ကျဉ်းမြောင်းသောအခန်းထဲသို့ ဝင်လိုက်ချိန်တွင် မိုက်ခ်ရာရီက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပလပ်ပေါက်နဲ့ ဝိုင်ဖိုင်။ ဝိုင်ဖိုင်ကတော့ ဒီမှာ အတော်လေး နှေးပါတယ်” ဟု မိုက်ခ်ရာရီက အိမ်ပြင်သို့ ပြန်မထွက်မီ ပြောသည်။

ယင်းနောက် လှေကားမှ ပြန်ဆင်းရင်း အိမ်အပြင်ဘက်တွင်ရှိသောအရာများကို ပြသခဲ့သည်။

“အဝတ်လျှော်နေရာ၊ အားကစားလေ့ကျင့်ဖို့နေရာ။ ဒါကတော့ မီးဖိုဆောင်ပေါ့။ ၃ မိနစ်ရေနွေးအိုး၊ အခန်းငှားနေထိုင်သူအားလုံး မျှဝေသုံးရတဲ့ ရေခဲသေတ္တာ” ဟု ပြောရင်း မိုက်ခ်ရာရီက လိုက်လံပြသသည်။

ထို့နောက် ရေချိုးရန်နေရာတွင်မူ ရေဆွဲပုံးတစ်လုံးနှင့် ရေခွက်တစ်ခုကို တွေ့ရသည်။

မိုက်ခ်ရာရီက “ဒါက ရေချိုးခန်းနဲ့တော့ မတူပါဘူး” ဟု ပြောသည်။

 

(ထိုနေရာတွင် အခြားအခန်း ၇ ခန်းရှိသေးကြောင်း မိုက်ခ်ရာရီက People မဂ္ဂဇင်းသို့ ပြောသည်။ ဓာတ်ပုံ-YouTube)

မိုက်ခ်ရာရီက သူ၏ တည်းခိုနေထိုင်မှု အတွေ့အကြုံကို လူမှုကွန်ရက်တွင် ချပြခဲ့မှုများအပေါ် သူ၏ follower များ များစွာအံ့အားသင့်ခဲ့ကြသည်။

“ဝိုင်ဖိုင်အပါအဝင် ဒါတွေအားလုံးကို ၁ ဒေါ်လာထဲနဲ့ ငှားပေးတာ တွေ့ရခဲပါတယ်” ဟု YouTube သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။

“ဒါက အဆောင်တစ်ခုပါ” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

“မျှဝေသုံးရတဲ့ ရေခဲသေတ္တာ..မိုက်တယ်” ဟု Instagram သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

(ထိုင်းနိုင်ငံရောက် မိုက်ခ်ရာရီတစ်ယောက် တစ်ညလျှင် ၁ ဒေါ်လာသာပေးရသောအခန်းသို့ လှေကားမှတဆင့် တွယ်တက်နေပုံ။ ဓာတ်ပုံ-Instagram)

မိုက်ခ်ရာရီသည် ထိုင်းနိုင်ငံတွင် တစ်လခွဲခန့် နေထိုင်လည်ပတ်ခဲ့ပြီးနောက် သူ၏ ထိုင်းခရီးစဉ်ကို သြဂုတ်လ ၁၂ ရက်တွင် စတင်မျှဝေခဲ့ခြင်းဖြစ်သည်။

တစ်ညလျှင် ၁ ဒေါ်လာသာပေးရသည့်အခန်းအကြောင်း သြဂုတ်လ ၁၈ ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပြီးနောက် မိုက်ခ်ရာရီက ၆ နာရီလျှင် ၆ ဒေါ်လာပေးရသည့် စကူတာတစ်စင်း ငှားရမ်းခဲ့ပုံအကြောင်း၊ ကရထောင်အမည်ရှိ မူးယစ်ဆေးရွက်တစ်မျိုး စားကြည့်ခဲ့ပုံအကြောင်းများလည်း ဗွီဒီယိုဖိုင်များ တင်ခဲ့သည်။

၁ ဒေါ်လာတန် အခန်းငှားရမ်းနေထိုင်ခဲ့ရမှုမှာ ပျော်ရွှင်ဖွယ်ကောင်းခဲ့ကြောင်း၊ Luxury မဖြစ်သော်လည်း တည်းခိုနေထိုင်ကြည့်ရန် ကောင်းမွန်ကြောင်း မိုက်ခ်ရာရီက ပြောသည်။

“ကျွန်တော်သဘောအကျဆုံးတွေထဲမှာ ပါခဲ့တာကတော့ အိမ်ရှင်နဲ့ လျှောက်သွားရတာပဲ။ သူက ငွေရဖို့ အခန်းငှားနေတာ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းက မိတ်ဆွေသစ်တွေနဲ့ တွေ့နိုင်ဖို့ အခန်းငှားတာဖြစ်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Traveler Gives a Tour of His $1-Per-Night Airbnb in Thailand: ‘A Little Bit Cramped in Here’ (people)

Photo Credit: Instagram, YouTube

 

 

[Zawgyi]

 

အေမရိကန္ကမၻာလွည့္ခရီးသည္ မိုက္ခ္ ရာရီႏွင့္ ဘန္ေကာက္မွ တစ္ည (၁) ေဒၚလာ ေပးရေသာ အခန္းတစ္ခန္း အေၾကာင္း

ေက်ာပိုးအိတ္တစ္လံုးျဖင့္ ကမၻာပတ္ေနေသာ အေမရိကန္ကမၻာလွည့္ခရီးသည္တစ္ဦးသည္ ထိုင္းႏိုင္ငံတြင္ ျခိဳးျခံေခၽြတာကာ ေနထုိင္သြားလာခဲ့၏။

အသက္ ၂၂ ႏွစ္အရြယ္ရွိ မိုက္ခ္ရာရီသည္ ဘန္ေကာက္ျမိဳ႕သို႔ ေရာက္ရွိလည္ပတ္စဥ္ တစ္ညလွ်င္ ၁ ေဒၚလာ သာ ေပးရေသာ အခန္းတစ္ခန္းကို ရွာေဖြေတြ႔ရွိခဲ့သည္။

၎ငွားရမ္းေနထိုင္ခဲ့သည္မွာ အေတာ္ေဟာင္းႏြမ္းယိုယြင္းေနျပီျဖစ္ေသာ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္တစ္လံုး၏ အေပၚထပ္ျဖစ္ျပီး အိမ္ေရွ႕မွ အေပၚထပ္သို႔ မတ္တပ္ေလွကားတစ္ခုျဖင့္ တိုက္ရိုက္တက္ရသည္။

မိုက္ခ္ရာရီသည္ ထိုအခန္းကို ဗြီဒီယိုရိုက္ကူးကာ Instagram ႏွင့္ YouTube တို႔တြင္ “What’s inside a $1 Airbnb” ဟူေသာအမည္ျဖင့္ မွ်ေဝခဲ့သည္။

၎တည္းခိုေနထိုင္ခဲ့ေသာ အခန္းအေၾကာင္း ဗြီဒီယိုဖိုင္ထဲတြင္ မိုက္ခ္ရာရီက ေျပာထားသည္မွာ “(ဒါက) အေမရိကန္အလံ။ …အိမ္မွာေနသလို ခံစားရေစပါတယ္” ဆိုသည္။

ေလွကားတစ္ခုမွ တြယ္တက္ရင္း က်ဥ္းေျမာင္းေသာအခန္းထဲသို႔ ဝင္လုိက္ခ်ိန္တြင္ မိုက္ခ္ရာရီက ထိုသို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

“ပလပ္ေပါက္နဲ႔ ဝိုင္ဖိုင္။ ဝိုင္ဖိုင္ကေတာ့ ဒီမွာ အေတာ္ေလး ေႏွးပါတယ္” ဟု မိုက္ခ္ရာရီက အိမ္ျပင္သို႔ ျပန္မထြက္မီ ေျပာသည္။

ယင္းေနာက္ ေလွကားမွ ျပန္ဆင္းရင္း အိမ္အျပင္ဘက္တြင္ရွိေသာအရာမ်ားကို ျပသခဲ့သည္။

“အဝတ္ေလွ်ာ္ေနရာ၊ အားကစားေလ့က်င့္ဖို႔ေနရာ။ ဒါကေတာ့ မီးဖိုေဆာင္ေပါ့။ ၃ မိနစ္ေရေႏြးအိုး၊ အခန္းငွားေနထုိင္သူအားလံုး မွ်ေဝသံုးရတဲ့ ေရခဲေသတၱာ” ဟု ေျပာရင္း မိုက္ခ္ရာရီက လိုက္လံျပသသည္။

ထို႔ေနာက္ ေရခ်ဳိးရန္ေနရာတြင္မူ ေရဆြဲပံုးတစ္လံုးႏွင့္ ေရခြက္တစ္ခုကို ေတြ႔ရသည္။

မိုက္ခ္ရာရီက “ဒါက ေရခ်ဳိးခန္းနဲ႔ေတာ့ မတူပါဘူး” ဟု ေျပာသည္။

(ထိုေနရာတြင္ အျခားအခန္း ၇ ခန္းရွိေသးေၾကာင္း မိုက္ခ္ရာရီက People မဂၢဇင္းသို႔ ေျပာသည္။ ဓာတ္ပံု-YouTube)

မိုက္ခ္ရာရီက သူ၏ တည္းခိုေနထိုင္မႈ အေတြ႔အၾကံဳကို လူမႈကြန္ရက္တြင္ ခ်ျပခဲ့မႈမ်ားအေပၚ သူ၏ follower မ်ား မ်ားစြာအံ့အားသင့္ခဲ့ၾကသည္။

“ဝိုင္ဖိုင္အပါအဝင္ ဒါေတြအားလံုးကို ၁ ေဒၚလာထဲနဲ႔ ငွားေပးတာ ေတြ႔ရခဲပါတယ္” ဟု YouTube သံုးစြဲသူ တစ္ဦးက မွတ္ခ်က္ျပဳသည္။

“ဒါက အေဆာင္တစ္ခုပါ” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။

“မွ်ေဝသံုးရတဲ့ ေရခဲေသတၱာ..မိုက္တယ္” ဟု Instagram သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

(ထိုင္းႏိုင္ငံေရာက္ မိုက္ခ္ရာရီတစ္ေယာက္ တစ္ညလွ်င္ ၁ ေဒၚလာသာေပးရေသာအခန္းသို႔ ေလွကားမွတဆင့္ တြယ္တက္ေနပံု။ ဓာတ္ပံု-Instagram)

မိုက္ခ္ရာရီသည္ ထိုင္းႏိုင္ငံတြင္ တစ္လခြဲခန္႔ ေနထိုင္လည္ပတ္ခဲ့ျပီးေနာက္ သူ၏ ထိုင္းခရီးစဥ္ကို ၾသဂုတ္လ ၁၂ ရက္တြင္ စတင္မွ်ေဝခဲ့ျခင္းျဖစ္သည္။

တစ္ညလွ်င္ ၁ ေဒၚလာသာေပးရသည့္အခန္းအေၾကာင္း ၾသဂုတ္လ ၁၈ ရက္တြင္ ဗြီဒီယိုဖိုင္တင္ခဲ့ျပီးေနာက္ မိုက္ခ္ရာရီက ၆ နာရီလွ်င္ ၆ ေဒၚလာေပးရသည့္ စကူတာတစ္စင္း ငွားရမ္းခဲ့ပံုအေၾကာင္း၊ ကရေထာင္အမည္ရွိ မူးယစ္ေဆးရြက္တစ္မ်ဳိး စားၾကည့္ခဲ့ပံုအေၾကာင္းမ်ားလည္း ဗြီဒီယုိဖိုင္မ်ား တင္ခဲ့သည္။

၁ ေဒၚလာတန္ အခန္းငွားရမ္းေနထုိင္ခဲ့ရမႈမွာ ေပ်ာ္ရႊင္ဖြယ္ေကာင္းခဲ့ေၾကာင္း၊ Luxury မျဖစ္ေသာ္လည္း တည္းခိုေနထုိင္ၾကည့္ရန္ ေကာင္းမြန္ေၾကာင္း မိုက္ခ္ရာရီက ေျပာသည္။

“ကၽြန္ေတာ္သေဘာအက်ဆံုးေတြထဲမွာ ပါခဲ့တာကေတာ့ အိမ္ရွင္နဲ႔ ေလွ်ာက္သြားရတာပဲ။ သူက ေငြရဖို႔ အခန္းငွားေနတာ မဟုတ္ပါဘူး။ ကမၻာတဝန္းက မိတ္ေဆြသစ္ေတြနဲ႔ ေတြ႔ႏိုင္ဖုိ႔ အခန္းငွားတာျဖစ္ပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Traveler Gives a Tour of His $1-Per-Night Airbnb in Thailand: ‘A Little Bit Cramped in Here’ (people)

Photo Credit: Instagram, YouTube

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service