ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယို၊ တွမ်ခရုစ်တို့ လည်ပတ်နေထိုင်ဖူးသော မိုင်အမ်မီမှ ဒေါ်လာ သန်း ၄၀ တန်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယို၊ တွမ်ခရုစ်တို့ လည်ပတ်နေထိုင်ဖူးသော မိုင်အမ်မီမှ ဒေါ်လာ သန်း ၄၀ တန်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
13 Sep 2024 11:53 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ တောင်ဖလော်ရီဒါတွင် တွမ်ခရုစ်နှင့် လီယိုနာဒို ဒီကာပရီယိုတို့အပြင် The Real Housewives of New York သရုပ်ဆောင်တို့ကို ဧည့်ခံဖူးသည်ဆိုသော သတင်းများရှိသည့် high-end စံအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင်လာပြီး ဈေးနှုန်းမှာလည်း high-end ဖြစ်သည်။

မိုင်အမ်မီကမ်းခြေတွင် တည်ရှိပြီး ကန်ဒေါ်လာ ၃၉ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။

ဒီဇိုင်းရေးဆွဲပေးခဲ့သော ဗိသုကာပညာရှင် Zeb Jarosz မှာ Dan Marino နှင့် Matt Damon တို့၏ စံအိမ်များကို ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးသည့်အပြင် ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းတွင်လည်း မိုက်ကယ် ဂျော်ဒန်အတွက် စတုရန်းပေ ၄၀၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးတစ်လုံး ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤစံအိမ်ကြီးကို ၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းက အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမြင့်ချီ နိမ့်ချည် အမျိုးမျိုး ပြောင်းလဲခဲ့ကာ ယခု ခေါ်ဈေးမှာ တတိယမြောက် ဈေးနှုန်းဖြစ်သည်။

ပထမဆုံး ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၄၂,၅၀၀,၀၀၀ ဖြစ်ပြီး ဧပြီလသို့ ရောက်သောအခါ ကန်ဒေါ်လာ ၃၈,၉၀၀,၀၀၀ သို့ လျှော့ချပေးခဲ့သည်။

ယင်းနောက် တစ်လအကြာတွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယခုအခါ ဈေးနှုန်းမြှင့်တင်ကာ တဖန် ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။

 

(မိုင်အမ်မီကမ်းခြေတွင် တည်ရှိသော ခေတ်ပေါ်နေအိမ်တစ်လုံးဖြစ်သည်။ ဓာတ်ပုံ-Daniel Petroni Photography)

 

(ခမ်းနားထည်ဝါသော အဝင်ခန်းမ။ ဓာတ်ပုံ-Daniel Petroni Photography)

 

Real Housewives of New York မှ သရုပ်ဆောင်က ယခုအိမ်တွင် မိုင်အမ်မီ၌ အပန်းဖြေခရီးထွက်ခဲ့ပုံ ဗွီဒီယိုရိုက်ကူးခဲ့ဖူးသည်။

တွမ်ခရုစ်နှင့် လီယိုနာဒို ဒီကာပရီယိုတို့လည်း ယခုစံအိမ်ကြီးတွင် နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။

Housewive တို့ကို ယခုစံအိမ်ကြီးတွင် တည်းခိုနေထိုင်ရန် တစ်ညလျှင် ကန်ဒေါ်လာ ၁၂၅၀၀ ပေးသည်ဟု ဆိုသည်။

ထိုအချက်ကိုကြည့်လျှင် ယခုကဲ့သို့ အငှားချထားခြင်းမှာ စံအိမ်ဝယ်ယူမည့် ပိုင်ရှင်အတွက် အကျိုးအမြတ် များမည့် စီးပွားရေးတစ်ခု ဖြစ်နိုင်သည်။

စံအိမ်ကြီး၏ အခြားထူးခြားချက်မှာ rooftop ရေကူးကန်ဖြစ်ပြီး ထိုဒေသတွင် အလွန်ရှားပါးသည်။

ဒေသတွင်းတွင် building code များ ပြောင်းလဲမှုကြောင့် ယခုပုံစံမျိုး ပုံတူဆောက်လုပ်ရန် မဖြစ်နိုင်တော့ချေ။

(rooftop မြင်ကွင်း။ ဓာတ်ပုံ-Daniel Petroni Photography)

 

(ကျယ်ဝန်းသော ပင်မအိပ်ခန်း။ ဓာတ်ပုံ-Daniel Petroni Photography)

 

(ဧည့်ခန်း။ ဓာတ်ပုံ-Daniel Petroni Photography)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $40 Million Miami Megamansion With Secret Ties to Leonardo DiCaprio and Tom Cruise Hits the Market (realtor)

Photo Credit- Daniel Petroni Photography

 

 

[Zawgyi]

ေဟာလိဝုဒ္ၾကယ္ပြင့္ လီယိုနာဒို ဒီကာပရီယို၊ တြမ္ခရုစ္တို႔ လည္ပတ္ေနထိုင္ဖူးေသာ မိုင္အမ္မီမွ ေဒၚလာ သန္း ၄၀ တန္စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္၊ ေတာင္ဖေလာ္ရီဒါတြင္ တြမ္ခရုစ္ႏွင့္ လီယိုနာဒို ဒီကာပရီယိုတို႔အျပင္ The Real Housewives of New York သရုပ္ေဆာင္တို႔ကို ဧည့္ခံဖူးသည္ဆိုေသာ သတင္းမ်ားရွိသည့္ high-end စံအိမ္ၾကီးတစ္လံုး အေရာင္းေစ်းကြက္ဝင္လာျပီး ေစ်းႏႈန္းမွာလည္း high-end ျဖစ္သည္။

မိုင္အမ္မီကမ္းေျခတြင္ တည္ရွိျပီး ကန္ေဒၚလာ ၃၉ ဒသမ ၅ သန္း ေစ်းေခၚထားသည္။

ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ ဗိသုကာပညာရွင္ Zeb Jarosz မွာ Dan Marino ႏွင့္ Matt Damon တို႔၏ စံအိမ္မ်ားကို ဒီဇိုင္းေရးဆြဲေပးခဲ့ဖူးသည့္အျပင္ ဖေလာ္ရီဒါျပည္နယ္၊ ဂ်ဴပီတာကၽြန္းတြင္လည္း မိုက္ကယ္ ေဂ်ာ္ဒန္အတြက္ စတုရန္းေပ ၄၀၀၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးတစ္လံုး ဒီဇုိင္းေရးဆြဲေပးခဲ့ဖူးသည္။

စိတ္ဝင္စားဖြယ္ေကာင္းသည္မွာ ဤစံအိမ္ၾကီးကို ၂၀၂၄ ခုႏွစ္ ႏွစ္စပိုင္းကတည္းက အေရာင္းေစ်းကြက္ တင္ခဲ့ျခင္းျဖစ္ျပီး ေစ်းႏႈန္းျမင့္ခ်ီ နိမ့္ခ်ည္ အမ်ဳိးမ်ဳိး ေျပာင္းလဲခဲ့ကာ ယခု ေခၚေစ်းမွာ တတိယေျမာက္ ေစ်းႏႈန္းျဖစ္သည္။

ပထမဆံုး ေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၄၂,၅၀၀,၀၀၀ ျဖစ္ျပီး ဧျပီလသို႔ ေရာက္ေသာအခါ ကန္ေဒၚလာ ၃၈,၉၀၀,၀၀၀ သို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

ယင္းေနာက္ တစ္လအၾကာတြင္ ေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းခဲ့ျပီး ယခုအခါ ေစ်းႏႈန္းျမွင့္တင္ကာ တဖန္ ေစ်းကြက္ျပန္တင္လာျခင္း ျဖစ္သည္။

 

(မိုင္အမ္မီကမ္းေျခတြင္ တည္ရွိေသာ ေခတ္ေပၚေနအိမ္တစ္လံုးျဖစ္သည္။ ဓာတ္ပံု-Daniel Petroni Photography)

(ခမ္းနားထည္ဝါေသာ အဝင္ခန္းမ။ ဓာတ္ပံု-Daniel Petroni Photography)

 

Real Housewives of New York မွ သရုပ္ေဆာင္က ယခုအိမ္တြင္ မိုင္အမ္မီ၌ အပန္းေျဖခရီးထြက္ခဲ့ပံု ဗြီဒီယိုရိုက္ကူးခဲ့ဖူးသည္။

တြမ္ခရုစ္ႏွင့္ လီယိုနာဒို ဒီကာပရီယိုတုိ႔လည္း ယခုစံအိမ္ၾကီးတြင္ ေနထိုင္ခဲ့ဖူးသည္ဟု ဆိုသည္။

Housewive တို႔ကို ယခုစံအိမ္ၾကီးတြင္ တည္းခိုေနထိုင္ရန္ တစ္ညလွ်င္ ကန္ေဒၚလာ ၁၂၅၀၀ ေပးသည္ဟု ဆိုသည္။

ထိုအခ်က္ကိုၾကည့္လွ်င္ ယခုကဲ့သို႔ အငွားခ်ထားျခင္းမွာ စံအိမ္ဝယ္ယူမည့္ ပိုင္ရွင္အတြက္ အက်ဳိးအျမတ္ မ်ားမည့္ စီးပြားေရးတစ္ခု ျဖစ္ႏိုင္သည္။

စံအိမ္ၾကီး၏ အျခားထူးျခားခ်က္မွာ rooftop ေရကူးကန္ျဖစ္ျပီး ထုိေဒသတြင္ အလြန္ရွားပါးသည္။

ေဒသတြင္းတြင္ building code မ်ား ေျပာင္းလဲမႈေၾကာင့္ ယခုပံုစံမ်ဳိး ပံုတူေဆာက္လုပ္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။

(rooftop ျမင္ကြင္း။ ဓာတ္ပံု-Daniel Petroni Photography)

(က်ယ္ဝန္းေသာ ပင္မအိပ္ခန္း။ ဓာတ္ပံု-Daniel Petroni Photography)

(ဧည့္ခန္း။ ဓာတ္ပံု-Daniel Petroni Photography)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: $40 Million Miami Megamansion With Secret Ties to Leonardo DiCaprio and Tom Cruise Hits the Market (realtor)

Photo Credit- Daniel Petroni Photography

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service