ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးအဖြတ်ပေးခဲ့သည့် တိုက်ပွဲများမှတစ်ခုဖြစ်သော နော်မန်ဒီကမ်းတက် တိုက်ပွဲကြီးကို ဖော်ဆောင်ခဲ့သူ အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါက D-Day နေ့မတိုင်မီ လန်ဒန်မြို့တွင် လျှို့ဝှက်နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၁၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးအဖြတ်ပေးခဲ့သည့် တိုက်ပွဲများမှတစ်ခုဖြစ်သော နော်မန်ဒီကမ်းတက် တိုက်ပွဲကြီးကို ဖော်ဆောင်ခဲ့သူ အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါက D-Day နေ့မတိုင်မီ လန်ဒန်မြို့တွင် လျှို့ဝှက်နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၁၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 Sep 2024 12:15 pm တွင် တင်ခဲ့သည်
442 ကြိမ် ကြည့်ရှု့ပြီး

 

[Unicode]

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တပ်ပေါင်းစုတို့၏ အကြီးအမှူးဖြစ်သော အမေရိကန်သမ္မတ ဒွိုက်-ဒီ အိုက်ဆင်ဟောင်ဝါက D-Day နေ့မတိုင်မီ အရေးအကြီးဆုံး လများအတွင်း လန်ဒန်မြို့ရှိ နေအိမ်တစ်လုံးတွင် လျှို့ဝှက်လာရောက်နေထိုင်ခဲ့သည်။

ယခုအခါ အဆိုပါ နေအိမ် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

မူလက ကြေးနန်းရုံးအဆောက်အအုံဖြစ်ပြီး အိုက်ဆင်ဟောင်ဝါက ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အထိ လျှို့ဝှက်စွာ နေထိုင်ခဲ့ဖူးသည်။

၁၉၈၇ ခုနှစ်တွင် ထိုအဆောက်အအုံမှာ ကြေကွဲဖွယ် မီးသင့်လောင်ခဲ့ရသည်။

မီးသင့်ပြီးနောက်ပိုင်း ၄ ဒသမ ၇ ဧကကျော် ကျယ်ဝန်းသော မြေနေရာပေါ်တွင် ကြေးနန်းရုံးအဆောက်အအုံ အပြင် လုံးချင်းအိမ် ၅ လုံးကို ထိုနေရာတွင် ဆောက်လုပ်ခဲ့သည်။

ယခုအခါ အိုက်ဆင်ဟောင်ဝါနေထိုင်ခဲ့ဖူးသော ကြေးနန်းရုံး အဆောက်အအုံနေရာမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

“ဒုတိယကမ္ဘာစစ်ကြီးအတွင်း မူရင်း ကြေးနန်းအဆောက်အအုံဟာ အိုက်ဆင်ဟောင်ဝါအတွက် အေးချမ်းတဲ့ နေထိုင်ရာနေရာဖြစ်ခဲ့ပါတယ်။ သမိုင်းရဲ့ အရေးအကြီးဆုံး အချိန်ကာလတွေမှာ သူ့အတွက် ခေတ္တ နားခိုရာ ဖြစ်ခဲ့ပါတယ်” ဟု အရောင်းဈေးကွက်တင်ပေးသော Harrods Estates မှ residential director ဖြစ်သူ Shaun Drummond က ပြောသည်။

အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၄၀၀ ရှိသည်။

ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေမှတဆင့် ဥရောပသို့ ကမ်းတက်တိုက်ပွဲကြီးဆင်နွှဲခဲ့သော D-Day တိုက်ပွဲကြီးသည် ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးအဖြတ်ပေးခဲ့သော တိုက်ပွဲကြီးဖြစ်သည့်အပြင် ဥရောပကို နာဇီတို့လက်အောက်မှ လွတ်မြောက်စေခဲ့သော တိုက်ပွဲကြီးလည်း ဖြစ်သည်။

D-Day ကမ်းတက်တိုက်ပွဲသည် ယခုနှစ် ဇွန်လတွင် နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

 

(အိမ်တွင်း ရေကူးကန်။ ဓာတ်ပုံ-Harrods Estates)

 

(နေအိမ်တွင် ဧည့်ကြိုခန်း ၄ ခုအပြင် လိမ္မော်ပင်စိုက်ပျိုးရေး မှန်လုံအိမ်တစ်လုံးရှိသည်။ ဓာတ်ပုံ-Harrods Estates)

 

(မူရင်း ကြေးနန်းရုံမှာ ၁၉၈၇ ခုနှစ်တွင် မီးသင့်ခဲ့သည်။ ဓာတ်ပုံ-Harrods Estates)

 

(အိပ်ခန်း ၇ ခန်းအနက် တစ်ခန်း။ ဓာတ်ပုံ-Harrods Estates)

 

(ညစာစားခန်း။ ဓာတ်ပုံ-Harrods Estates)

အိုက်ဆင်ဟောင်ဝါ အဆိုပါအဆောက်အအုံတွင် နေထိုင်ခဲ့ချိန်က သူ၏ရုံးချုပ်ကို အနီးတွင် လျှို့ဝှက်စွာ ဖွင့်လှစ်ထားခဲ့သည်။

ထိုနေရာတွင် အိုက်ဆင်ဟောင်ဝါ နေထိုင်ကြောင်း သိရှိသူ အနည်းငယ်သာ ရှိခဲ့သည်။

အိုက်ဆင်ဟောင်ဝါနေထိုင်သော နေရာကို လျှို့ဝှက်ထားနိုင်ရေးအတွက် သူ၏ လက်ထောက်အဖွဲ့က ကြေးနန်းရုံးအဆောက်အအုံတွင် လုံခြုံရေးစေ့စပ်စွာ စီစဉ်ထားခဲ့ပြီး အိုင်ဆင်ဟောင်ဝါအနေဖြင့် စစ်အတွင်းတာဝန်များ အေးချမ်းစွာ ထမ်းဆောင်နိုင်စေရန် ဆောင်ရွက်ပေးထားခဲ့သည်။

စစ်ကြီးအတွင်း ထိုအိမ်လေးမှာ အိုက်ဆင်ဟောင်ဝါအတွက် အေးချမ်းသောနေရာဖြစ်နေစေရေးအတွက် ဗိုလ်ချုပ်ကြီး ဘရက်ဒလေ အပါအဝင် စိတ်ချရသော အတွင်းလူအချို့ကိုသာ နေအိမ်၏ တည်နေရာ သိရှိထားစေသည်။

ဗိုလ်ချုပ်ကြီး ဘရက်ဒလေသည် D-Day တွင် အမေရိကန်ကြည်းတပ်များ၏ တပ်မှူးဖြစ်လာသည်။

အိုက်ဆင်ဟောင်ဝါ၏ လက်ထောက် တပ်မှူး Harry Butcher နှင့် ယာဉ်မောင်းတို့သည်လည်း နေအိမ်တည်နေရာ သိရှိထားသူများထဲတွင် ပါဝင်သည်။

 

(ထူးခြားသော လှေကား။ ဓာတ်ပုံ-Harrods Estates)

 

(ကျယ်ပြောသော မီးဖိုဆောင်။ ဓာတ်ပုံ-Harrods Estates)

 

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၄၀၀ ရှိသည်။ ဓာတ်ပုံ-Harrods Estates)

 

(အမေရိကန်သမ္မတဟောင်း ဒွိုက် အိုက်ဆင်ဟောင်ဝါ။ ဓာတ်ပုံ-Bettmann Archive)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: President Eisenhower’s secret WWII London home where he lived before D-Day lists for $11.78M (nypost)

Photo Credit- Harrods Estates, Bettmann Archive

 

[Zawgyi]

ဒုတိယကမၻာစစ္ၾကီးကို အဆံုးအျဖတ္ေပးခဲ့သည့္ တိုက္ပြဲမ်ားမွတစ္ခုျဖစ္ေသာ ေနာ္မန္ဒီကမ္းတက္ တိုက္ပြဲၾကီးကို ေဖာ္ေဆာင္ခဲ့သူ အေမရိကန္သမၼတ အိုက္ဆင္ေဟာင္ဝါက D-Day ေန႔မတိုင္မီ လန္ဒန္ျမိဳ႕တြင္ လွ်ိဳ႕ဝွက္ေနထိုင္ခဲ့ေသာအိမ္ ကန္ေဒၚလာ ၁၂ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ဒုတိယကမၻာစစ္ၾကီးအတြင္း မဟာမိတ္တပ္ေပါင္းစုတို႔၏ အၾကီးအမွဴးျဖစ္ေသာ အေမရိကန္သမၼတ ဒိြဳက္-ဒီ အိုက္ဆင္ေဟာင္ဝါက D-Day ေန႔မတိုင္မီ အေရးအၾကီးဆံုး လမ်ားအတြင္း လန္ဒန္ျမိဳ႕ရွိ ေနအိမ္တစ္လံုးတြင္ လွ်ိဳ႕ဝွက္လာေရာက္ေနထုိင္ခဲ့သည္။

ယခုအခါ အဆိုပါ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။

မူလက ေၾကးနန္းရံုးအေဆာက္အအံုျဖစ္ျပီး အိုက္ဆင္ေဟာင္ဝါက ၁၉၄၂ မွ ၁၉၄၅ ခုႏွစ္အထိ လွ်ိဳ႕ဝွက္စြာ ေနထိုင္ခဲ့ဖူးသည္။

၁၉၈၇ ခုႏွစ္တြင္ ထိုအေဆာက္အအံုမွာ ေၾကကြဲဖြယ္ မီးသင့္ေလာင္ခဲ့ရသည္။

မီးသင့္ျပီးေနာက္ပိုင္း ၄ ဒသမ ၇ ဧကေက်ာ္ က်ယ္ဝန္းေသာ ေျမေနရာေပၚတြင္ ေၾကးနန္းရံုးအေဆာက္အအံု အျပင္ လံုးခ်င္းအိမ္ ၅ လံုးကို ထိုေနရာတြင္ ေဆာက္လုပ္ခဲ့သည္။

ယခုအခါ အိုက္ဆင္ေဟာင္ဝါေနထိုင္ခဲ့ဖူးေသာ ေၾကးနန္းရံုး အေဆာက္အအံုေနရာမွာ ကန္ေဒၚလာ ၁၁ ဒသမ ၇၈ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။

“ဒုတိယကမၻာစစ္ၾကီးအတြင္း မူရင္း ေၾကးနန္းအေဆာက္အအံုဟာ အိုက္ဆင္ေဟာင္ဝါအတြက္ ေအးခ်မ္းတဲ့ ေနထိုင္ရာေနရာျဖစ္ခဲ့ပါတယ္။ သမိုင္းရဲ႕ အေရးအၾကီးဆံုး အခ်ိန္ကာလေတြမွာ သူ႔အတြက္ ေခတၱ နားခိုရာ ျဖစ္ခဲ့ပါတယ္” ဟု အေရာင္းေစ်းကြက္တင္ေပးေသာ Harrods Estates မွ residential director ျဖစ္သူ Shaun Drummond က ေျပာသည္။

အေဆာက္အအံု၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၄၀၀ ရွိသည္။

ျပင္သစ္ႏိုင္ငံ၊ ေနာ္မန္ဒီကမ္းေျခမွတဆင့္ ဥေရာပသို႔ ကမ္းတက္တိုက္ပြဲၾကီးဆင္ႏႊဲခဲ့ေသာ D-Day တုိက္ပြဲၾကီးသည္ ဒုတိယကမၻာစစ္ၾကီးကို အဆံုးအျဖတ္ေပးခဲ့ေသာ တိုက္ပြဲၾကီးျဖစ္သည့္အျပင္ ဥေရာပကို နာဇီတို႔လက္ေအာက္မွ လြတ္ေျမာက္ေစခဲ့ေသာ တိုက္ပြဲၾကီးလည္း ျဖစ္သည္။

D-Day ကမ္းတက္တိုက္ပြဲသည္ ယခုႏွစ္ ဇြန္လတြင္ ႏွစ္ေပါင္း ၈၀ ျပည့္ခဲ့ျပီ ျဖစ္သည္။

(အိမ္တြင္း ေရကူးကန္။ ဓာတ္ပံု-Harrods Estates)

(ေနအိမ္တြင္ ဧည့္ၾကိဳခန္း ၄ ခုအျပင္ လိေမၼာ္ပင္စိုက္ပ်ဳိးေရး မွန္လံုအိမ္တစ္လံုးရွိသည္။ ဓာတ္ပံု-Harrods Estates)

(မူရင္း ေၾကးနန္းရံုမွာ ၁၉၈၇ ခုႏွစ္တြင္ မီးသင့္ခဲ့သည္။ ဓာတ္ပံု-Harrods Estates)

(အိပ္ခန္း ၇ ခန္းအနက္ တစ္ခန္း။ ဓာတ္ပံု-Harrods Estates) (ညစာစားခန္း။ ဓာတ္ပံု-Harrods Estates)

အိုက္ဆင္ေဟာင္ဝါ အဆိုပါအေဆာက္အအံုတြင္ ေနထိုင္ခဲ့ခ်ိန္က သူ၏ရံုးခ်ဳပ္ကို အနီးတြင္ လွ်ိဳ႕ဝွက္စြာ ဖြင့္လွစ္ထားခဲ့သည္။

ထိုေနရာတြင္ အိုက္ဆင္ေဟာင္ဝါ ေနထိုင္ေၾကာင္း သိရွိသူ အနည္းငယ္သာ ရွိခဲ့သည္။

အိုက္ဆင္ေဟာင္ဝါေနထုိင္ေသာ ေနရာကို လွ်ိဳ႕ဝွက္ထားႏိုင္ေရးအတြက္ သူ၏ လက္ေထာက္အဖြဲ႔က ေၾကးနန္းရံုးအေဆာက္အအံုတြင္ လံုျခံဳေရးေစ့စပ္စြာ စီစဥ္ထားခဲ့ျပီး အိုင္ဆင္ေဟာင္ဝါအေနျဖင့္ စစ္အတြင္းတာဝန္မ်ား ေအးခ်မ္းစြာ ထမ္းေဆာင္ႏိုင္ေစရန္ ေဆာင္ရြက္ေပးထားခဲ့သည္။

စစ္ၾကီးအတြင္း ထိုအိမ္ေလးမွာ အိုက္ဆင္ေဟာင္ဝါအတြက္ ေအးခ်မ္းေသာေနရာျဖစ္ေနေစေရးအတြက္ ဗိုလ္ခ်ဳပ္ၾကီး ဘရက္ဒေလ အပါအဝင္ စိတ္ခ်ရေသာ အတြင္းလူအခ်ဳိ႕ကိုသာ ေနအိမ္၏ တည္ေနရာ သိရွိထားေစသည္။

ဗိုလ္ခ်ဳပ္ၾကီး ဘရက္ဒေလသည္ D-Day တြင္ အေမရိကန္ၾကည္းတပ္မ်ား၏ တပ္မွဴးျဖစ္လာသည္။

အိုက္ဆင္ေဟာင္ဝါ၏ လက္ေထာက္ တပ္မွဴး Harry Butcher ႏွင့္ ယာဥ္ေမာင္းတို႔သည္လည္း ေနအိမ္တည္ေနရာ သိရွိထားသူမ်ားထဲတြင္ ပါဝင္သည္။

(ထူးျခားေသာ ေလွကား။ ဓာတ္ပံု-Harrods Estates)

(က်ယ္ေျပာေသာ မီးဖိုေဆာင္။ ဓာတ္ပံု-Harrods Estates)

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၄၀၀ ရွိသည္။ ဓာတ္ပံု-Harrods Estates)

(အေမရိကန္သမၼတေဟာင္း ဒြိဳက္ အိုက္ဆင္ေဟာင္ဝါ။ ဓာတ္ပံု-Bettmann Archive)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: President Eisenhower’s secret WWII London home where he lived before D-Day lists for $11.78M (nypost) Photo Credit- Harrods Estates, Bettmann Archive

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service