အမေရိကန်လူငယ်တို့မှာ အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာသောကြောင့် ကျေးလက်ဒေသတွင် ဖုန်းဆိုးမြေရိုင်း ကွက်များ ဝယ်ကာ အိမ်ဆောက် နေထိုင်လာကြ၊ အရီဇိုးနားပြည်နယ်တွင် ၁ ဒသမ ၁ ဧကလျှင် ကန်ဒေါ်လာ ၁၁၀၀၀ သာ ပေးရ

အမေရိကန်လူငယ်တို့မှာ အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာသောကြောင့် ကျေးလက်ဒေသတွင် ဖုန်းဆိုးမြေရိုင်း ကွက်များ ဝယ်ကာ အိမ်ဆောက် နေထိုင်လာကြ၊ အရီဇိုးနားပြည်နယ်တွင် ၁ ဒသမ ၁ ဧကလျှင် ကန်ဒေါ်လာ ၁၁၀၀၀ သာ ပေးရ - Property News in Myanmar from iMyanmarHouse.com
27 Aug 2024 10:59 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

အိမ်လခများ ဈေးမြင့်လာမှု၊ အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာမှုတို့ကြောင့် အမေရိကန်လူငယ်တို့သည် နေရေးအတွက် နည်းလမ်းသစ်များ ရှာဖွေလာကြသည်။

အိမ်ခြံမြေအတိုးနှုန်းမှာ ၈ ရာခိုင်နှုန်းဖြစ်လာပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်မားနေဆဲဖြစ်ရာ Gen Z နှင့် Milennial (၁၉၈၁ မှ ၁၉၉၆ ခုနှစ်အကြား မွေးဖွားသူများ) တို့မှာ အမေရိက အနောက်တောင်ပိုင်းတလွှားရှိ ဈေးပေါသော မြေရိုင်းကွက်များ ဝယ်ယူကာ အိမ်ဆောက် နေထိုင်လာကြသည်။

နေအိမ်မှ အလုပ်လုပ်သည့် အလုပ်လုပ်ပုံအရွေ့ကြောင့်လည်း ထိုသို့ နေထိုင်ရန် ရွေးချယ်နိုင်ခြင်းဖြစ်သည်။

လူတို့မှာ မြို့လယ်ရုံးများနှင့် ချိတ်ဆက်မှုနည်းပါးလာသည့် အရွေ့မှာ ကြီးမားလာသည်။

ထိုသို့သောသူများတွင် အသက် ၃၀ အရွယ် ရှောင်ဂက်ဇ်လည်း အပါအဝင်ဖြစ်သည်။

ရှောင်ဂက်ဇ်က အရီဇိုးနားပြည်နယ်၊ ဆိုနိုရန် သဲကန္တာရအနီး Tuscon မြို့ပြင်ရှိ ၁ ဒသမ ၁၅ ဧကရှိသော ကန္တာရမြေကွက်ကိို ကန်ဒေါ်လာ ၁၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

“အိမ်ခြံမြေဈေးကွက်က ကမောက်ကမ ဖြစ်နေပြီး အကျပ်ဆိုက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရှောင်ဂက်ဇ်က Dailymail သတင်းဌာသို့ ပြောသည်။

သူသည် စားဖိုမှူးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ TikTok နှင့် YouTube နာမည်ကြီးတစ်ဦး ဖြစ်နေသည်။

“လူငယ်မျိုးဆက်တွေအတွက် ရွေးချယ်စရာ လုံးလုံးမရှိ (ဒါမှမဟုတ်) ရွေးချယ်စရာ အလွန်နည်းပါးပါတယ်။ ကျွန်တော့်စိတ်ကူးကတော့ ကိုယ်တိုင်ဆောက်လုပ်နေထိုင်ဖို့ပါ” ဟု ရှောင်ဂက်ဇ်က ပြောသည်။

ရှောင်ဂက်ဇ်၏ ထူးခြားချက်မှာ မျက်နှာတွင် တက်တူးများ ထိုးထားခြင်း ဖြစ်သည်။

 

(အသက် ၃၀ အရွယ်ရှိ ရှောင်ဂက်ဇ်က အရီဇိုးနားပြည်နယ်၊ ဆိုနိုရန် သဲကန္တာရအနီး Tuscon မြို့ပြင်ရှိ ၁ ဒသမ ၁၅ ဧကရှိသော ကန္တာရမြေကွက်ကိို ကန်ဒေါ်လာ ၁၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။)

 

(စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ရှောင်ဂက်ဇ်ကို သူ၏မြေကွက်တွင် နေအိမ်ဆောက်လုပ်နေစဉ် တွေ့ရပုံ)

 

ကြောင်စီစီနိုင်သည်ဟု ယူဆဖွယ်ရှိသော်လည်း ရှောင်ဂက်ဇ်၏ ဆုံးဖြတ်ချက်မှာ ငွေနှင့်ပတ်သက်ပြီး လက်တွေ့ဆန်သည်။

Realtor ၏ အချက်အလက်များအရ အမေရိကန်တွင် ကျေးလက်မြေတစ်ကွက်၏ ပျှမ်းမျှတန်ဖိုးမှာ တစ်ဧကလျှင် ကန်ဒေါ်လာ ၃၀၀၀ ဝန်းကျင် ဖြစ်သည်။

အခြေခံအိမ်တစ်လုံး ဆောက်မည်ဆိုလျှင် ကနဒေါ်လာ ၁၇၈၀၀၀ ခန့် ကုန်ကျနိုင်ပြီး high-end အဆောက်အအုံမျိုးဆိုလျှင် ကန်ဒေါ်လာ ၄၁၆၀၀၀ အထိ ကုန်ကျနိုင်ကြောင်း HomeGuide ၏ ခန့်မှန်းတွက်ချက်မှုများတွင် ဖော်ပြသည်။

နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် အမေရိကန်တွင် အလယ်အလတ်တန်းနေအိမ်တစ်လုံး၏ ခေါ်ဈေးမှာ ၄၃၀၀၀၀ ဒေါ်လာဖြစ်ကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အချက်အလက်များတွင် ဖော်ပြသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဂျွန်နီ မာတီနက်ဇ်ဆိုသူအတွက်မူ ကန္တာရထဲတွင် နေအိမ်ဆောက်လုပ်ခြင်းမှာ ရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်သည်။

မာတီနက်ဇ်က ဆန်ဖရန်စစ္စကိုမြို့ပေါ်တွင် နေထိုင်သည့်ဘဝကို ကျောခိုင်းကာ စုဆောင်းထားသည့်ငွေများဖြင့် လော့စ်အိန်ဂျလိမြို့ပြင် ကားဖြင့် ၂ နာရီခွဲသွားရသည့် Joshua Tree တွင် မြေရိုင်းနေရာအချို့ကို ဝယ်ယူခဲ့သည်။

ပထမဆုံးနေအိမ် ဆောက်လုပ်ပြီးစီးခဲ့ပြီး မကြာမီတွင် Joshua Tree ၌ အခြားနေအိမ်များ ထပ်မံဆောက်လုပ်လာနိုင်ခဲ့သည်။

မာတီနက်ဇ်က အဆိုပါအိမ်များကို အလည်အပတ်ခရီးထွက်သူတို့အား တည်းခိုရန် အငှားချထားပေးပြီး အခြားသူတို့ကိုလည်း မိမိကဲ့သို့ လုပ်ဆောင်ရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်နေသည်။

မာတီနက်ဇ်က ပထမဆုံးမြေကွက်ဝယ်ရန်နှင့် အိမ်ဆောက်ရန် ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၂၀၀၀၀၀ ချေးငွေယူကာ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

နောက်နှစ်တွင် မာတီနက်ဇ်က အဆိုပါအိမ်ကို ပရိဘောဂများ အပါအဝင် ကန်ဒေါ်လာ ၆၇၀၀၀၀ ဖြင့် ပြန်လည်ရောင်းထုတ်ခဲ့ရာ များစွာ မြတ်စွန်းခဲ့သည်။

 

(မာတီနက်ဇ်က Silicon Valley တွင် နေထိုင်သည့်ဘဝကို ကျောခိုင်းကာ စုဆောင်းထားသည့်ငွေများဖြင့် လော့စ်အိန်ဂျလိမြို့ပြင် ကားဖြင့် ၂ နာရီခွဲသွားရသည့် Joshua Tree တွင် မြေရိုင်းတစ်ကွက် ဝယ်ယူကာ အိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်)

 

(မာတီနက်ဇ်က အဆိုပါအိမ်များကို အလည်အပတ်ခရီးထွက်သူတို့အား တည်းခိုရန် အငှားချထားပေးပြီး အခြားသူတို့ကိုလည်း မိမိကဲ့သို့ လုပ်ဆောင်ရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်နေသည်။)

 

(မာတီနက်ဇ် ဆောက်လုပ်ခဲ့သော Casa Mariposa ဟု အမည်ပေးထားသည့် စတုရန်းပေ ၈၈၀ ရှိ နေအိမ်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No home, no problem: Young Americans are snapping up DESERT LAND in a bid to get on the housing ladder - so, would YOU pay $11,000 for 1.15 acres in rural Arizona? (dailymail)

 

[Zawgyi]

အေမရိကန္လူငယ္တို႔မွာ အိမ္ျခံေျမေစ်းမ်ား ေခါင္ခိုက္လာေသာေၾကာင့္ ေက်းလက္ေဒသတြင္ ဖုန္းဆိုးေျမရိုင္း ကြက္မ်ား ဝယ္ကာ အိမ္ေဆာက္ ေနထုိင္လာၾက၊ အရီဇိုးနားျပည္နယ္တြင္ ၁ ဒသမ ၁ ဧကလွ်င္ ကန္ေဒၚလာ ၁၁၀၀၀ သာ ေပးရ

အိမ္လခမ်ား ေစ်းျမင့္လာမႈ၊ အိမ္ျခံေျမေစ်းႏႈန္းမ်ား ေခါင္ခိုက္လာမႈတို႔ေၾကာင့္ အေမရိကန္လူငယ္တို႔သည္ ေနေရးအတြက္ နည္းလမ္းသစ္မ်ား ရွာေဖြလာၾကသည္။

အိမ္ျခံေျမအတိုးႏႈန္းမွာ ၈ ရာခိုင္ႏႈန္းျဖစ္လာျပီး အိမ္ျခံေျမေစ်းႏႈန္းမ်ား ျမင့္မားေနဆဲျဖစ္ရာ Gen Z ႏွင့္ Milennial (၁၉၈၁ မွ ၁၉၉၆ ခုႏွစ္အၾကား ေမြးဖြားသူမ်ား) တို႔မွာ အေမရိက အေနာက္ေတာင္ပိုင္းတလႊားရွိ ေစ်းေပါေသာ ေျမရိုင္းကြက္မ်ား ဝယ္ယူကာ အိမ္ေဆာက္ ေနထိုင္လာၾကသည္။

ေနအိမ္မွ အလုပ္လုပ္သည့္ အလုပ္လုပ္ပံုအေရြ႕ေၾကာင့္လည္း ထိုသို႔ ေနထိုင္ရန္ ေရြးခ်ယ္ႏိုင္ျခင္းျဖစ္သည္။

လူတို႔မွာ ျမိဳ႕လယ္ရံုးမ်ားႏွင့္ ခ်ိတ္ဆက္မႈနည္းပါးလာသည့္ အေရြ႕မွာ ၾကီးမားလာသည္။

ထိုသုိ႔ေသာသူမ်ားတြင္ အသက္ ၃၀ အရြယ္ ေရွာင္ဂက္ဇ္လည္း အပါအဝင္ျဖစ္သည္။

ေရွာင္ဂက္ဇ္က အရီဇိုးနားျပည္နယ္၊ ဆိုႏိုရန္ သဲကႏၱာရအနီး Tuscon ျမိဳ႕ျပင္ရွိ ၁ ဒသမ ၁၅ ဧကရွိေသာ ကႏၱာရေျမကြက္ကိုိ ကန္ေဒၚလာ ၁၁၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

“အိမ္ျခံေျမေစ်းကြက္က ကေမာက္ကမ ျဖစ္ေနျပီး အက်ပ္ဆိုက္ေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ေရွာင္ဂက္ဇ္က Dailymail သတင္းဌာသို႔ ေျပာသည္။

သူသည္ စားဖိုမွဴးေဟာင္းတစ္ဦးျဖစ္ခဲ့ျပီး ယခုအခါ TikTok ႏွင့္ YouTube နာမည္ၾကီးတစ္ဦး ျဖစ္ေနသည္။

“လူငယ္မ်ဳိးဆက္ေတြအတြက္ ေရြးခ်ယ္စရာ လံုးလံုးမရွိ (ဒါမွမဟုတ္) ေရြးခ်ယ္စရာ အလြန္နည္းပါးပါတယ္။ ကၽြန္ေတာ့္စိတ္ကူးကေတာ့ ကိုယ္တိုင္ေဆာက္လုပ္ေနထုိင္ဖုိ႔ပါ” ဟု ေရွာင္ဂက္ဇ္က ေျပာသည္။

ေရွာင္ဂက္ဇ္၏ ထူးျခားခ်က္မွာ မ်က္ႏွာတြင္ တက္တူးမ်ား ထိုးထားျခင္း ျဖစ္သည္။

(အသက္ ၃၀ အရြယ္ရွိ ေရွာင္ဂက္ဇ္က အရီဇိုးနားျပည္နယ္၊ ဆိုႏိုရန္ သဲကႏၱာရအနီး Tuscon ျမိဳ႕ျပင္ရွိ ၁ ဒသမ ၁၅ ဧကရွိေသာ ကႏၱာရေျမကြက္ကိုိ ကန္ေဒၚလာ ၁၁၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။)

(စားဖိုမွဴးအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ ေရွာင္ဂက္ဇ္ကို သူ၏ေျမကြက္တြင္ ေနအိမ္ေဆာက္လုပ္ေနစဥ္ ေတြ႔ရပံု)

ေၾကာင္စီစီႏိုင္သည္ဟု ယူဆဖြယ္ရွိေသာ္လည္း ေရွာင္ဂက္ဇ္၏ ဆံုးျဖတ္ခ်က္မွာ ေငြႏွင့္ပတ္သက္ျပီး လက္ေတြ႔ဆန္သည္။

Realtor ၏ အခ်က္အလက္မ်ားအရ အေမရိကန္တြင္ ေက်းလက္ေျမတစ္ကြက္၏ ပွ်မ္းမွ်တန္ဖုိးမွာ တစ္ဧကလွ်င္ ကန္ေဒၚလာ ၃၀၀၀ ဝန္းက်င္ ျဖစ္သည္။

အေျခခံအိမ္တစ္လံုး ေဆာက္မည္ဆိုလွ်င္ ကနေဒၚလာ ၁၇၈၀၀၀ ခန္႔ ကုန္က်ႏိုင္ျပီး high-end အေဆာက္အအံုမ်ဳိးဆိုလွ်င္ ကန္ေဒၚလာ ၄၁၆၀၀၀ အထိ ကုန္က်ႏိုင္ေၾကာင္း HomeGuide ၏ ခန္႔မွန္းတြက္ခ်က္မႈမ်ားတြင္ ေဖာ္ျပသည္။

ႏႈိင္းယွဥ္မႈအားျဖင့္ ၾကည့္မည္ဆိုလွ်င္ အေမရိကန္တြင္ အလယ္အလတ္တန္းေနအိမ္တစ္လံုး၏ ေခၚေစ်းမွာ ၄၃၀၀၀၀ ေဒၚလာျဖစ္ေၾကာင္း Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အသက္ ၃၈ ႏွစ္အရြယ္ရွိ ဂၽြန္နီ မာတီနက္ဇ္ဆိုသူအတြက္မူ ကႏၱာရထဲတြင္ ေနအိမ္ေဆာက္လုပ္ျခင္းမွာ ရင္းႏွီးျမွဳပ္ႏွံျခင္းသာ ျဖစ္သည္။

မာတီနက္ဇ္က ဆန္ဖရန္စစၥကိုျမိဳ႕ေပၚတြင္ ေနထုိင္သည့္ဘဝကို ေက်ာခိုင္းကာ စုေဆာင္းထားသည့္ေငြမ်ားျဖင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ျပင္ ကားျဖင့္ ၂ နာရီခြဲသြားရသည့္ Joshua Tree တြင္ ေျမရိုင္းေနရာအခ်ဳိ႕ကို ဝယ္ယူခဲ့သည္။

ပထမဆံုးေနအိမ္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး မၾကာမီတြင္ Joshua Tree ၌ အျခားေနအိမ္မ်ား ထပ္မံေဆာက္လုပ္လာႏိုင္ခဲ့သည္။

မာတီနက္ဇ္က အဆိုပါအိမ္မ်ားကို အလည္အပတ္ခရီးထြက္သူတို႔အား တည္းခိုရန္ အငွားခ်ထားေပးျပီး အျခားသူတို႔ကိုလည္း မိမိကဲ့သို႔ လုပ္ေဆာင္ရန္ အားေပးတိုက္တြန္းမႈမ်ား ျပဳလုပ္ေနသည္။

မာတီနက္ဇ္က ပထမဆံုးေျမကြက္ဝယ္ရန္ႏွင့္ အိမ္ေဆာက္ရန္ ၂၀၁၉ ခုႏွစ္အတြင္း ေဒၚလာ ၂၀၀၀၀၀ ေခ်းေငြယူကာ အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။

ေနာက္ႏွစ္တြင္ မာတီနက္ဇ္က အဆိုပါအိမ္ကို ပရိေဘာဂမ်ား အပါအဝင္ ကန္ေဒၚလာ ၆၇၀၀၀၀ ျဖင့္ ျပန္လည္ေရာင္းထုတ္ခဲ့ရာ မ်ားစြာ ျမတ္စြန္းခဲ့သည္။

(မာတီနက္ဇ္က Silicon Valley တြင္ ေနထုိင္သည့္ဘဝကို ေက်ာခိုင္းကာ စုေဆာင္းထားသည့္ေငြမ်ားျဖင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ျပင္ ကားျဖင့္ ၂ နာရီခြဲသြားရသည့္ Joshua Tree တြင္ ေျမရိုင္းတစ္ကြက္ ဝယ္ယူကာ အိမ္တစ္လံုး ေဆာက္လုပ္ခဲ့သည္)

(မာတီနက္ဇ္က အဆိုပါအိမ္မ်ားကို အလည္အပတ္ခရီးထြက္သူတို႔အား တည္းခိုရန္ အငွားခ်ထားေပးျပီး အျခားသူတို႔ကိုလည္း မိမိကဲ့သို႔ လုပ္ေဆာင္ရန္ အားေပးတိုက္တြန္းမႈမ်ား ျပဳလုပ္ေနသည္။)

(မာတီနက္ဇ္ ေဆာက္လုပ္ခဲ့ေသာ Casa Mariposa ဟု အမည္ေပးထားသည့္ စတုရန္းေပ ၈၈၀ ရွိ ေနအိမ္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No home, no problem: Young Americans are snapping up DESERT LAND in a bid to get on the housing ladder - so, would YOU pay $11,000 for 1.15 acres in rural Arizona? (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service