အိမ်ရှင်တို့၏ မကောင်းကြောင်းများကို ရင်ဖွင့်သည့်နေရာဖြစ်လာသော Reddit လူမှုကွန်ရက်တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူမြို့မှ အိမ်ရှင်ကောင်းတစ်ဦးအကြောင်း အိမ်ငှားက ရေးသားဖော်ပြခဲ့မှု လူမှုကွန်ရက်တွင် ပျံ့နှံ့
အိမ်ရှင်တို့၏ မကောင်းကြောင်းများကို ရင်ဖွင့်သည့်နေရာဖြစ်လာသော Reddit လူမှုကွန်ရက်တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူမြို့မှ အိမ်ရှင်ကောင်းတစ်ဦးအကြောင်း အိမ်ငှားက ရေးသားဖော်ပြခဲ့မှု လူမှုကွန်ရက်တွင် ပျံ့နှံ့ - Property News in Myanmar from iMyanmarHouse.com
26 Aug 2024 11:52 am တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Reddit လူမှုကွန်ရက်သည် အိမ်ငှားတို့က အိမ်ရှင်တို့၏ မကောင်းကြောင်းများ ရင်ဖွင့်ရာနေရာတစ်ခု ဖြစ်လာနေသည်။
တုံဏှိဘာဝေ ဥပေက္ခာပြုတတ်သော အိမ်ခြံမြေမန်နေဂျာတို့အကြောင်းမှသည် အိမ်လခများ မတန်တဆ မြင့်တက်မှု အကြောင်းရပ်များအထိ ဆွေးနွေးပြောဆိုနေကြသော Reddit လူမှုကွန်ရက်တွင် စိတ်မချမ်းသာဖွယ် ဖြစ်ရပ်ဇာတ်လမ်းမျိုးစုံ ကြားရသည်။
ထိုသို့ အိမ်ရှင်တို့ မကောင်းကြောင်းအဖုံဖုံထဲတွင် ရှားရှားပါးပါး အိမ်ရှင်ကောင်းတစ်ဦးအကြောင်း ပြောပြလာသူ ရှိနေသည်။
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူမြို့ (ဘင်္ဂလိုဟုလည်းခေါ်) မှ အိမ်ငှားတစ်ဦးက အိမ်ရှင်ဖြစ်သူ၏ စိတ်ရင်းကို ချီးကျူး ထားသော ပို့စ်မှာ Reddit လူမှုကွန်ရက် သုံးစွဲသူတို့ကို အံ့အားသင့်စေခဲ့သည်။
အဆိုပါပို့စ်ကို Reddit လူမှုကွန်ရက်သုံးစွဲသူများစွာ အာရုံစိုက်မိခဲ့ကြပြီး အိမ်ရှင်ကောင်းနှင့်တွေ့ရန် အရေးကြီးပုံကို ဆွေးနွေးခဲ့ကြသည်။
(ဘင်္ဂလူရူမြို့မှ အိမ်ရှင်ကောင်းတစ်ဦးအကြောင်း ရေးသားခဲ့သောပို့စ်တစ်ခုမှာ Reddit လူမှုကွန်ရက်တွင် အပြန်အလှန်ဆွေးနွေးမှု များစွာပေါ်ပေါက်စေခဲ့သည်။ ဓာတ်ပုံ-Unsplash/ vishwanth07)
“အိမ်ရှင်က ဒီနေ့ ကျွန်တော့်အတွက် ညစာဝယ်လာပေးတယ်။ ကျွန်တော့်အတွက် မင်္ဂလာရှိတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော့်အိမ်ရှင် ဘယ်လောက်ကောင်းတယ်ဆိုတာ မျှဝေပြောပြချင်ပါတယ်။ သူက အသက် ၆၅ နှစ်ကျော်ပါပြီ”
“ကျွန်တော်သူ့ရဲ့ အဆောက်အအုံမှာ နေတာ ၅ နှစ်ရှိပါပြီ။ ဒီနေ့ ကျွန်တော့် အခန်းတံခါးရှေ့ကို အခုပဲ ရောက်လာပြီး ပါဆယ်တစ်ထုပ်ပေးပါတယ်။ ကျွန်တော့်အတွက် ညစာဝယ်လာတာလို့ သူက ပြောပါတယ်။ ကျွန်တော် ပြုံးပြုံးကြီးဖြစ်နေတာပေါ့” ဟု Reddit လူမှုကွန်ရက်သုံးစွဲသူတစ်ဦး၏ ပို့စ်တွင် ဖော်ပြသည်။
၎င်း၏ပို့စ်တွင် အိမ်ရှင်၏ အကြောင်းများ ထပ်မံပြောပြထားသေးသည်။
“ပြီးတော့ အံ့သြဖို့အကောင်းဆုံးက ၅ နှစ်အတွင်း ကျွန်တော့်ကို အိမ်လခ တိုးမတောင်းခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ပေးခဲ့တဲ့ လခအတိုင်းပဲ ပေးရပါတယ်။”
အိမ်ရှင်က သူ၏ အလွန်အောင်မြင်နေသော သမီးများအကြောင်းလည်း တခါတရံတွင် ပြောပြလေ့ရှိသည်ဟု ဆိုသည်။
သူ၏ ပို့စ်ကို Reddit လူမှုကွန်ရက်သုံးစွဲသူများစွာ အာရုံစိုက်မိခဲ့ကြပြီး အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုကြသည်။
“ကျွန်တော့် အိမ်ရှင်ကတော့ နှစ်တိုင်း အိမ်လခ တိုးတောင်းတယ်”ဟု တစ်ဦးက မှတ်ချက်ပြုသည်။
“ကျွန်တော့် အိမ်ရှင်က စာချုပ်သစ် ချုပ်မယ်ဆိုရင် ဝင်ငွေနဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးတယ်။ နောက်ပြီးတော့ အကြာကြီး အချိန်ယူပြီး အိမ်ပြင်တယ်။ ကျွန်တော်တို့ အိမ်ပြောင်းသွားတဲ့အချိန်မှာ နောက်လူကို အိမ်လခ တိုးပြီးငှားတယ်”ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
“ကျွန်တော့်အိမ်ရှင်ကတော့ ၂၀၁၂ ခုနှစ်ကတည်းက အိမ်လခ တိုးမတောင်းဘူး”ဟု တတိယတစ်ဦးက ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 65-year-old Bengaluru landlord’s sweet gesture for tenant makes him the greenest flag ever. Reddit agrees (hindustantimes)
Photo Credit: Unsplash/ vishwanth07
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service