မိုက်ကယ်ဂျက်ဆင်၏ အကအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Cris Judd နှင့် ဂျနီဖာလိုပက်ဇ်တို့ လက်ထပ်ခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်လာ

မိုက်ကယ်ဂျက်ဆင်၏ အကအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Cris Judd နှင့် ဂျနီဖာလိုပက်ဇ်တို့ လက်ထပ်ခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Aug 2024 11:45 am တွင် တင်ခဲ့သည်
673 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာလိုပက်ဇ်သည် နောက်ဆုံး လမ်းခွဲခဲ့သော ဘင် အက်ဖလက်နှင့်ဆိုလျှင် အိမ်ထောင်ဆက် ၄ ကြိမ်ရှိပြီဖြစ်သည်။

ဂျနီဖာလိုပက်ဇ်၏ ဒုတိယမြောက် ခင်ပွန်းမှာ ဖိလစ်ပိုင်လူမျိုး အမေရိကန်နိုင်ငံသား အကသမား၊ ရုပ်ရှင်သရုပ်ဆောင် Cris Judd ဖြစ်သည်။

Cris Judd ၁၉၉၅ ခုနှစ်တွင် MTV Video Music ဆုပေးပွဲ၌ မိုက်ကယ်ဂျက်ဆင်နှင့်အတူ ကပြရန် ငှားရမ်းခံခဲ့ရသည်။

ယင်းနောက် မိုက်ကယ်ဂျက်ဆင်၏ HiStory World Tour အမည်ရှိ ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲ ခရီးစဉ်တွင် အကအဖွဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်လည်း Billboard ဂီတဆုပေးပွဲတွင် ဆလင်းဒီယွန်းနှင့်အတူ ကပြခဲ့သေးသည်။

Cris Judd နှင့် ဂျနီဖာလိုပက်ဇ်တို့ ၂၀၀၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။

ယခုအခါ ဂျနီဖာလိုပက်ဇ်နှင့် Cris Judd တို့ လက်ထပ်ခဲ့သော ရင်သပ်ရှုမောဖွယ် စံအိမ်ကြီး အရောင်းဈေးကွက် ဝင်လာရာ ပေါ့ပ်ယဉ်ကျေးမှုသမိုင်း၏ တစိတ်တဒေသကို ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အလမ်း ဖြစ်သည်။

ဂျနီဖာလိုပက်ဇ်နှင့် စတုတ္ထမြောက်ခင်ပွန်း ဘင် အက်ဖလက်တို့ လမ်းခွဲမည့်သတင်းများ ကာလကြာရှည် ထွက်ပေါ်နေခဲ့ပြီး သြဂုတ်လ ၂၀ ရက်တွင်မူ ဂျနီဖာလိုပက်ဇ်က ကွာရှင်းပြတ်စဲခွင့် တရားဝင်လျှောက်ထားခဲ့သည်။

ကွာရှင်းပြတ်စဲမည်မှာ သေချာကြောင်း သတင်းရင်းမြစ်များစွာက ပြောလာနေသောအချိန်တွင်ပင် ဘင်အက်ဖလက်နှင့် အတူနေခဲ့သော လော့စ်အိန်ဂျလိရှိ ဒေါ်လာ ၆၈ သန်းတန် မင်္ဂလာဦးစံအိမ်ကြီးကို အရောင်းဈေးကွက်တင်လိုက်ကြသည်။

ယခုအခါတွင်လည်း ဂျနီဖာလိုပက်ဇ်နှင့် ပတ်သက်ခဲ့သော အခြားအိမ်တစ်လုံး ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာပြန်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas မြို့တွင် တည်ရှိပြီး ခြံအကျယ် ၁၀ ဧကရှိကာ ပြင်သစ်ရှာထိုး ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

(Cris Judd နှင့် ဂျနီဖာလိုပက်ဇ်။ ဓာတ်ပုံ-KMazur/ Wireimage)

(ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်။ ဓာတ်ပုံ-MICHAEL TRAN/ AFP via Getty Images)

((တရံတခါဆီက…….))

ဆယ်စုနှစ်အတန်ကြာဆီသို့ ပြန်ပြောင်းကြည့်ရှုပါစို့။

ဂျနီဖာလိုပက်ဇ်သည် Ojani Noa နှင့် လက်တွဲခဲ့သော ၁၉၉၇ မှ ၁၉၉၈ အထိ အိမ်ထောင်ရေး အဆုံးသတ်ခဲ့ပြီး နောက်ပိုင်း သူမ၏ Love don’t cost a thing ဂီတဗွီဒီယိုတွင် အကသမားအဖြစ် ပါဝင်ခဲ့သော Cris Judd နှင့် စတင်ဆုံစည်းခဲ့သည်။

သူတို့နှစ်ဦး ချစ်ကြိုးသွယ်ခဲ့ပြီးနောက်ပိုင်း Calabasas မြို့ရှိ စံအိမ်တွင် ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ၌ သီးသန့် မင်္ဂလာပွဲတစ်ခုဖြင့် လက်ဆက်ခဲ့ကြသည်။

ထိုမင်္ဂလာပွဲသို့ တက်ရောက်သူ ၁၇၀ ဦးရှိခဲ့သည်။

လက်ထပ်ပွဲတွင် နှင်းဆီပွင့်ပေါင်း ၁၀၀၀၀ သုံးစွဲခဲ့ပြီး ၎င်းတို့စုံတွဲကို မြင်ရသူတိုင်းက ရှေ့သွားနောက်လိုက် ညီပါပေသည်ဟု ပြောဆိုချီးမွမ်းခဲ့ကြသည်။

စိတ်မကောင်းဖွယ်ပင် ၎င်းတို့၏ အိမ်ထောင်သက်တမ်း မကြာရှည်ခဲ့ဘဲ ၂၀၀၃ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

သို့သော် ထာဝရချစ်မြတ်နိုးပါမည်ဟု သူတို့နှစ်ဦး ကတိပြုခဲ့ကြရာ စံအိမ်ကြီးမှာမူ ယနေ့တိုင် လှပနေဆဲပင်။

 (ဂျနီဖာလိုပက်ဇ်နှင့် Cris Judd တို့ လက်ထပ်ခဲ့သော စံအိမ်။ ဓာတ်ပုံ-The Lux Level)

(ပြင်သစ် ရှာထိုး ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- The Lux Level)

(အကျယ်အဝန်းမှာ စတုရန်းပေ ၁၁၀၀၀ ရှိသည်။ ဓာတ်ပုံ- The Lux Level)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mansion Where Jennifer Lopez Wed Cris Judd in 2001 Is Up for Sale Amid Ben Affleck Divorce—Here’s How Much It’s Worth (realtor)

Photo Credit- KMazur/ Wireimage, MICHAEL TRAN/ AFP via Getty Images, The Lux Level

[Zawgyi]

မိုက္ကယ္ဂ်က္ဆင္၏ အကအဖြဲ႔မွ ေခါင္းေဆာင္ျဖစ္သူ Cris Judd ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ လက္ထပ္ခဲ့ေသာ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

ဂ်နီဖာလိုပက္ဇ္သည္ ေနာက္ဆံုး လမ္းခြဲခဲ့ေသာ ဘင္ အက္ဖလက္ႏွင့္ဆိုလွ်င္ အိမ္ေထာင္ဆက္ ၄ ၾကိမ္ရွိျပီျဖစ္သည္။

ဂ်နီဖာလိုပက္ဇ္၏ ဒုတိယေျမာက္ ခင္ပြန္းမွာ ဖိလစ္ပိုင္လူမ်ဳိး အေမရိကန္ႏိုင္ငံသား အကသမား၊ ရုပ္ရွင္သရုပ္ေဆာင္ Cris Judd ျဖစ္သည္။

Cris Judd ၁၉၉၅ ခုႏွစ္တြင္ MTV Video Music ဆုေပးပြဲ၌ မိုက္ကယ္ဂ်က္ဆင္ႏွင့္အတူ ကျပရန္ ငွားရမ္းခံခဲ့ရသည္။

ယင္းေနာက္ မိုက္ကယ္ဂ်က္ဆင္၏ HiStory World Tour အမည္ရွိ ကမၻာလွည့္ ဂီတေဖ်ာ္ေျဖပြဲ ခရီးစဥ္တြင္ အကအဖြဲ႔ ေခါင္းေဆာင္ျဖစ္လာခဲ့သည္။ ၁၉၉၉ ခုႏွစ္တြင္လည္း Billboard ဂီတဆုေပးပြဲတြင္ ဆလင္းဒီယြန္းႏွင့္အတူ ကျပခဲ့ေသးသည္။

Cris Judd ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ ၂၀၀၁ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ၂၀၀၃ ခုႏွစ္တြင္ ကြာရွင္းခဲ့သည္။

ယခုအခါ ဂ်နီဖာလိုပက္ဇ္ႏွင့္ Cris Judd တို႔ လက္ထပ္ခဲ့ေသာ ရင္သပ္ရႈေမာဖြယ္ စံအိမ္ၾကီး အေရာင္းေစ်းကြက္ ဝင္လာရာ ေပါ့ပ္ယဥ္ေက်းမႈသမိုင္း၏ တစိတ္တေဒသကို ပိုင္ဆိုင္ခြင့္ရမည့္ အခြင့္အလမ္း ျဖစ္သည္။

ဂ်နီဖာလိုပက္ဇ္ႏွင့္ စတုတၳေျမာက္ခင္ပြန္း ဘင္ အက္ဖလက္တို႔ လမ္းခြဲမည့္သတင္းမ်ား ကာလၾကာရွည္ ထြက္ေပၚေနခဲ့ျပီး ၾသဂုတ္လ ၂၀ ရက္တြင္မူ ဂ်နီဖာလိုပက္ဇ္က ကြာရွင္းျပတ္စဲခြင့္ တရားဝင္ေလွ်ာက္ထားခဲ့သည္။

ကြာရွင္းျပတ္စဲမည္မွာ ေသခ်ာေၾကာင္း သတင္းရင္းျမစ္မ်ားစြာက ေျပာလာေနေသာအခ်ိန္တြင္ပင္ ဘင္အက္ဖလက္ႏွင့္ အတူေနခဲ့ေသာ ေလာ့စ္အိန္ဂ်လိရွိ ေဒၚလာ ၆၈ သန္းတန္ မဂၤလာဦးစံအိမ္ၾကီးကို အေရာင္းေစ်းကြက္တင္လိုက္ၾကသည္။

ယခုအခါတြင္လည္း ဂ်နီဖာလိုပက္ဇ္ႏွင့္ ပတ္သက္ခဲ့ေသာ အျခားအိမ္တစ္လံုး ကန္ေဒၚလာ ၇ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျပန္သည္။

ကယ္လီဖုိးနီးယားျပည္နယ္၊ Calabasas ျမိဳ႕တြင္ တည္ရွိျပီး ျခံအက်ယ္ ၁၀ ဧကရွိကာ ျပင္သစ္ရွာထုိး ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

(Cris Judd ႏွင့္ ဂ်နီဖာလိုပက္ဇ္။ ဓာတ္ပံု-KMazur/ Wireimage)

(ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္။ ဓာတ္ပံု-MICHAEL TRAN/ AFP via Getty Images)

((တရံတခါဆီက…….))

ဆယ္စုႏွစ္အတန္ၾကာဆီသို႔ ျပန္ေျပာင္းၾကည့္ရႈပါစို႔။

ဂ်နီဖာလိုပက္ဇ္သည္ Ojani Noa ႏွင့္ လက္တြဲခဲ့ေသာ ၁၉၉၇ မွ ၁၉၉၈ အထိ အိမ္ေထာင္ေရး အဆံုးသတ္ခဲ့ျပီး ေနာက္ပိုင္း သူမ၏ Love don’t cost a thing ဂီတဗီြဒီယိုတြင္ အကသမားအျဖစ္ ပါဝင္ခဲ့ေသာ Cris Judd ႏွင့္ စတင္ဆံုစည္းခဲ့သည္။

သူတို႔ႏွစ္ဦး ခ်စ္ၾကိဳးသြယ္ခဲ့ျပီးေနာက္ပိုင္း Calabasas ျမိဳ႕ရွိ စံအိမ္တြင္ ၂၀၀၁ ခုႏွစ္၊ ေအာက္တိုဘာလ၌ သီးသန္႔ မဂၤလာပြဲတစ္ခုျဖင့္ လက္ဆက္ခဲ့ၾကသည္။

ထိုမဂၤလာပြဲသို႔ တက္ေရာက္သူ ၁၇၀ ဦးရွိခဲ့သည္။

လက္ထပ္ပြဲတြင္ ႏွင္းဆီပြင့္ေပါင္း ၁၀၀၀၀ သံုးစြဲခဲ့ျပီး ၎တို႔စံုတြဲကို ျမင္ရသူတိုင္းက ေရွ႕သြားေနာက္လိုက္ ညီပါေပသည္ဟု ေျပာဆိုခ်ီးမြမ္းခဲ့ၾကသည္။

စိတ္မေကာင္းဖြယ္ပင္ ၎တို႔၏ အိမ္ေထာင္သက္တမ္း မၾကာရွည္ခဲ့ဘဲ ၂၀၀၃ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

သို႔ေသာ္ ထာဝရခ်စ္ျမတ္ႏိုးပါမည္ဟု သူတို႔ႏွစ္ဦး ကတိျပဳခဲ့ၾကရာ စံအိမ္ၾကီးမွာမူ ယေန႔တိုင္ လွပေနဆဲပင္။

(ဂ်နီဖာလိုပက္ဇ္ႏွင့္ Cris Judd တို႔ လက္ထပ္ခဲ့ေသာ စံအိမ္။ ဓာတ္ပံု-The Lux Level)

(ျပင္သစ္ ရွာထုိး ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု- The Lux Level)

(အက်ယ္အဝန္းမွာ စတုရန္းေပ ၁၁၀၀၀ ရွိသည္။ ဓာတ္ပံု- The Lux Level)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mansion Where Jennifer Lopez Wed Cris Judd in 2001 Is Up for Sale Amid Ben Affleck Divorce—Here’s How Much It’s Worth (realtor)

Photo Credit- KMazur/ Wireimage, MICHAEL TRAN/ AFP via Getty Images, The Lux Level

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service