အီတလီနိုင်ငံ၊ စစ္စလီကျွန်းအနီးတွင် ရေဆင်နှာမောင်းကြောင့် ဇိမ်ခံရွက်လှေကြီး နစ်မြှုပ်မှု၌ ပျောက်ဆုံးနေ သော ဗြိတိန် သူဌေးကြီး Mike Lynch နောက်ဆုံးပန်းခြံပါတီပွဲကျင်းပသွားခဲ့သည့် ဒေါ်လာ ၆ သန်းတန် ဂျော်ဂျီယာ ဗိသုကာဟန် စံအိမ်ကြီး
အီတလီနိုင်ငံ၊ စစ္စလီကျွန်းအနီးတွင် ရေဆင်နှာမောင်းကြောင့် ဇိမ်ခံရွက်လှေကြီး နစ်မြှုပ်မှု၌ ပျောက်ဆုံးနေ သော ဗြိတိန် သူဌေးကြီး Mike Lynch နောက်ဆုံးပန်းခြံပါတီပွဲကျင်းပသွားခဲ့သည့် ဒေါ်လာ ၆ သန်းတန် ဂျော်ဂျီယာ ဗိသုကာဟန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
23 Aug 2024 12:55 pm တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်မှ နည်းပညာလုပ်ငန်းရှင် သူဌေးကြီး မိုက်ခ်လန့်ချ် (Mike Lynch) သည် သူ၏ ဇိမ်ခံရွက်လှေကြီး နစ်မြုပ်မှုတွင် ပါဝင်ကာ ပျောက်ဆုံးမသွားမီ လပိုင်းအလိုက ပေါင် ၆ သန်းတန် ကျေးလက်စံအိမ်ကြီးတွင် ပန်းခြံပါတီပွဲတစ်ခု ကျင်းပသွားခဲ့သည်။
တရားရုံးတွင် တရားရင်ဆိုင်နေရမှု၌ အနိုင်ရခဲ့မှုကြောင့် အောင်ပွဲခံသည့်အနေဖြင့် ပါတီပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
သူ၏ ဆော့ဖ်ဝဲကုမ္ပဏီအား ဒေါ်လာ ၁၁ ဘီလီယံဖြင့် ရောင်းချမှုနှင့် စပ်လျဉ်းပြီး အမေရိကန်ပြည်တွင် လိမ်လည်မှု စွဲချက်များဖြင့် တရားစွဲခံထားရမှုတွင် အနိုင်ရရှိသွားပြီး ရက်ပိုင်းအကြာ ဇွန်လအတွင်း ပန်းခြံပါတီပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆန်ဖရန်စစ္စကိုရှိ တရားရုံး ခုံအဖွဲ့က မိုက်ခ်လန့်ချ်အပေါ် စွဲဆိုထားမှုများအားလုံးအတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် မိုက်ခ်လန့်ချ်က အင်္ဂလန်နိုင်ငံ၊ ဆပ်ဖော့ခရိုင်ရှိ သူ၏ ၁၆ ရာစုနှစ် စံအိမ် မြက်ခင်းပြင် တွင် ပါတီပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပန်းခြံပါတီပွဲသို့ ဒေသခံရွာသားများအပြင် ကမ္ဘာတဝန်းရှိ စီးပွားရေးနှင့် နိုင်ငံရေးနယ်မှ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြရာ ဗြိတိန် ဒုတိယဝန်ကြီးချုပ်ဟောင်း Therese Coffey လည်း အပါအဝင် ဖြစ်သည်။
(မိုက်ခ်လန့်ချ်၏ ဆပ်ဖော့ခရိုင်မှ ပေါင် ၆ သန်းတန် ဂျော်ဂျီယာဗိသုကာဟန် စံအိမ်ကြီး)
(မိုက်ခ်လန့်ချ်ကို ဆပ်ဖော့ခရိုင်ရှိ ယာတောတွင် ၂၀၂၁ ခုနှစ်အတွင်း တွေ့ခဲ့ရပုံ။ အဆိုပါ ယာတောတွင် မိုက်ခ်လန့်ချ်က ရှားပါး နွားနှင့် ဝက်များ မွေးမြူထားသည်။)
(နည်းပညာလုပ်ငန်းရှင်သူဌေးကြီး မိုက်ခ်လန့်ချ်ကို ၂၀၂၁ ခုနှစ်အတွင်း ဆပ်ဖော့ခရိုင်ရှိ ယာတောခြံတွင် တွေ့ရပုံ)
(မိုက်ခ်လန့်ချ်ကို ဗြိတိန်၏ ဘီလ်ဂိတ်ဟု တချိန်က ခေါ်ဝေါ်ခဲ့ကြသည်)
Pettistree ဒေသကောင်စီ ဥက္ကဌဖြစ်သူ ဆူးဂျုန်းစ်က ပြောသည်မှာ မစ္စတာလန့်ချ်သည် ဒေသခံများနှင့် သူ၏ မိတ်ဆွေများအတွက် သူ၏နေအိမ်တွင် ပန်းခြံပါတီပွဲ မကြာခဏကျင်းပလေ့ရှိကြောင်း ပြောသည်။
“သူက လူကောင်းတစ်ယောက်ပါ။ အလွန်အောင်မြင်တဲ့သူပါ။ သူက တခြားနေရာမှာ အများဆုံးနေပါတယ်။ ဒါပေမယ့် ရွာကလူတွေကို သူသိနေပါတယ်” ဟု သူမက ပြောသည်။
“ကျွန်မ သူ့ရဲ့ ပန်းခြံပါတီပွဲကို ဒီနှစ် ဇွန်လထဲမှာ သွားခဲ့ပါတယ်။ အမေရိကမှာ သူ့ပြဿနာတွေ ဖြေရှင်းပြီးသွား တဲ့နောက် အင်္ဂလန်ကို ပြန်ရောက်လာစမှာ ပါတီပွဲကျင်းပခဲ့တာပါ။ သူ့ဇနီးနဲ့ သူ့ကလေး ၂ ယောက်ကိုလည်း တွေ့ခဲ့ပါတယ်။”
“သူ Pettistree ကို ပြန်ရောက်ရင် အမြဲပျော်နေတတ်ပါတယ်။ ဒီမှာက သူချစ်တဲ့ ရှားပါးမျိုးစိတ်သတ္တဝါတွေ မွေးထားတယ်။ ကံဆိုးမိုးမှောင်ဖြစ်ရပ်ကနေ လွန်မြောက်ခဲ့ပြီးစမှာပဲ ဒီလိုဖြစ်ရတာ (ရွက်လှေနစ်မြုပ်) ကြေကွဲစရာပါပဲ”
မိုက်ခ်လန့်ချ် ယခုလအစောပိုင်းက ပြောခဲ့ဖူးသည်မှာ ၁၂ နှစ်ခန့် တရားတဘောင်ရင်ဆိုင်ခဲ့ရပြီးနောက် ဆပ်ဖော့ ခရိုင်မှ ယာတောခြံတွင် ငြိမ်းချမ်းစွာ အပန်းဖြေအနားယူနေထိုင်သွားတော့မည်ဖြစ်ကြောင်း ပြောဖူးသည်။
မစ္စတာလန့်ချ်နှင့် သူ၏ဇနီးတို့သည် ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ယခုစံအိမ်ကြီးတွင် ပြီးခဲ့သော ၁၅ နှစ်တာခန့် နေထိုင်ခဲ့ကြသည်။
ယာတောခြံမှာ မြေနှင့် သစ်တောမြေ ၆၉ ဧကအပြင် စိုက်ပျိုးနိုင်သော ယာမြေ ဧက ၂၅၀၀ အကျယ်အဝန်း ရှိသည်။
မစ္စတာလန့်ချ်သည် နည်းပညာနယ်မှ စီးပွားရေးလုပ်ငန်းများအပြင် ယခုယာတောခြံကြီးတွင် Red Poll နွားမျိုးစိတ်များနှင့် တောင်အမေရိက ငှက်ကုလားအုတ်တို့ မွေးမြူထားသည်။
မစ္စတာ လန့်ချ်၏ Bayesian အမည်ရှိ အလျား ၁၈၃ ပေရှိ ဇိမ်ခံရွက်လှေကြီးသည် အီတလီနိုင်ငံ၊ စစ္စလီကျွန်း ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့ရာ သေဆုံးဖွယ်ရှိသည်ဟု ယူဆရသူ ၇ ဦးတွင် မစ္စတာလန့်ချ်နှင့် အသက် ၁၈ နှစ် အရွယ် သမီးဖြစ်သူ Hannah တို့လည်း ပါဝင်နေသည်။
(မစ္စတာလန့်ချ်မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူ၏ ဇနီးဖြစ်သူ Angela Bacares မှာမူ အသက်ရှင်သန်ခဲ့ကာ ပြန်လည် ကျန်းမာ လာနေပြီ ဖြစ်သည်။)
(မိုက်ခ် လန့်ချ်၏ ဇနီးဖြစ်သူ Angela (ယာ) မှာ အခြားသူ ၁၅ ဦးနှင့်အတူ ပြန်လည်ကယ်ဆယ် တွေ့ရှိထား သည်။)
(လိမ်လည်မှု စွဲချက်များမှ အပြစ်မရှိကြောင်း အမိန့်ချခံရပြီးနောက်ပိုင်း သူဌေးကြီး မိုက်ခ် လန့်ချ်က မိသားစုနှင့်အတူ မိတ်ဆွေများကို သူ၏ ဇိမ်ခံ ရွက်လှေကြီးသို့ ဖိတ်ခေါ်ကာ အောင်ပွဲခံခဲ့သည်။)
(မိုက်ခ် လန့်ချ်၏ ရွက်လှေကြီးသည် စစ္စလီကျွန်းစုရှိ ပေါ်တီဆယ်လို ကမ်းလွန်တွင် ကျောက်ချထားခဲ့သည်။ တနင်္လာနေ့မနက် ၅ နာရီ မထိုးမီ ထိုနေရာတွင် ရေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ရွက်လှေကြီးမှာ ပျက်စီးသွားကာ လှိုင်းများအောက်တွင် လျင်မြန်စွာ နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည်။)
(ဤရွက်လှေကို ယခင်က Salute ဟု အမည်ပေးခဲ့ကာ အလျား ၅၆ မီတာရှိပြီး ဇိမ်ခံသင်္ဘော ထုတ်လုပ်သည့် Perini Navi ကုမ္ပဏီက ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။)
(Perini Navi က သြဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သော ရွက်လှေ၏ ဓာတ်ပုံ။)
(Bayesian ရွက်လှေကြီးသည် ဗြိတိသျှအလံ လွှင့်ထူထားသော ရွက်လှေ ဖြစ်သည်။)
((မှတ်ချက်။ နောက်ဆုံးသတင်းများအရ မိုက်ခ် လန့်ချ်၏ အလောင်းကို သြဂုတ်လ ၂၂ ရက်တွင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။))
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Missing tech tycoon Mike Lynch held garden party at his £6million Georgian manor house to celebrate his acquittal in US court just weeks before superyacht tragedy (dailymail)
Photo Credit-dailymail
[Zawgyi]
ဗြိတိန်မှ နည်းပညာလုပ်ငန်းရှင် သူဌေးကြီး မိုက်ခ်လန့်ခ်ျ (Mike Lynch) သည် သူ၏ ဇိမ်ခံရွက်လှေကြီး နစ်မြုပ်မှုတွင် ပါဝင်ကာ ပျောက်ဆုံးမသွားမီ လပိုင်းအလိုက ပေါင် ၆ သန်းတန် ကျေးလက်စံအိမ်ကြီးတွင် ပန်းခြံပါတီပွဲတစ်ခု ကျင်းပသွားခဲ့သည်။
ဆန်ဖရန်စစ္စကိုရှိ တရားရုံး ခုံအဖွဲ့က မိုက်ခ်လန့်ခ်ျအပေါ် စွဲဆိုထားမှုများအားလုံးအတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် မိုက်ခ်လန့်ခ်ျက အင်္ဂလန်နိုင်ငံ၊ ဆပ်ဖော့ခရိုင်ရှိ သူ၏ ၁၆ ရာစုနှစ် စံအိမ် မြက်ခင်းပြင် တွင် ပါတီပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
(မိုက်ခ်လန့်ခ်ျ၏ ဆပ်ဖော့ခရိုင်မှ ပေါင် ၆ သန်းတန် ဂျော်ဂျီယာဗိသုကာဟန် စံအိမ်ကြီး)
(မိုက်ခ်လန့်ခ်ျကို ဆပ်ဖော့ခရိုင်ရှိ ယာတောတွင် ၂၀၂၁ ခုနှစ်အတွင်း တွေ့ခဲ့ရပုံ။ အဆိုပါ ယာတောတွင် မိုက်ခ်လန့်ခ်ျက ရှားပါး နွားနှင့် ဝက်များ မွေးမြူထားသည်။)
(နည်းပညာလုပ်ငန်းရှင်သူဌေးကြီး မိုက်ခ်လန့်ခ်ျကို ၂၀၂၁ ခုနှစ်အတွင်း ဆပ်ဖော့ခရိုင်ရှိ ယာတောခြံတွင် တွေ့ရပုံ)
(မိုက်ခ်လန့်ခ်ျကို ဗြိတိန်၏ ဘီလ်ဂိတ်ဟု တချိန်က ခေါ်ဝေါ်ခဲ့ကြသည်)
Pettistree ဒေသကောင်စီ ဥက္ကဌဖြစ်သူ ဆူးဂျုန်းစ်က ပြောသည်မှာ မစ္စတာလန့်ခ်ျသည် ဒေသခံများနှင့် သူ၏ မိတ်ဆွေများအတွက် သူ၏နေအိမ်တွင် ပန်းခြံပါတီပွဲ မကြာခဏကျင်းပလေ့ရှိကြောင်း ပြောသည်။
မိုက်ခ်လန့်ခ်ျ ယခုလအစောပိုင်းက ပြောခဲ့ဖူးသည်မှာ ၁၂ နှစ်ခန့် တရားတဘောင်ရင်ဆိုင်ခဲ့ရပြီးနောက် ဆပ်ဖော့ ခရိုင်မှ ယာတောခြံတွင် ငြိမ်းချမ်းစွာ အပန်းဖြေအနားယူနေထိုင်သွားတော့မည်ဖြစ်ကြောင်း ပြောဖူးသည်။
မစ္စတာလန့်ခ်ျနှင့် သူ၏ဇနီးတို့သည် ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ယခုစံအိမ်ကြီးတွင် ပြီးခဲ့သော ၁၅ နှစ်တာခန့် နေထိုင်ခဲ့ကြသည်။
မစ္စတာလန့်ခ်ျသည် နည်းပညာနယ်မှ စီးပွားရေးလုပ်ငန်းများအပြင် ယခုယာတောခြံကြီးတွင် Red Poll နွားမျိုးစိတ်များနှင့် တောင်အမေရိက ငှက်ကုလားအုတ်တို့ မွေးမြူထားသည်။
မစ္စတာ လန့်ခ်ျ၏ Bayesian အမည်ရှိ အလျား ၁၈၃ ပေရှိ ဇိမ်ခံရွက်လှေကြီးသည် အီတလီနိုင်ငံ၊ စစ္စလီကျွန်း ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့ရာ သေဆုံးဖွယ်ရှိသည်ဟု ယူဆရသူ ၇ ဦးတွင် မစ္စတာလန့်ခ်ျနှင့် အသက် ၁၈ နှစ် အရွယ် သမီးဖြစ်သူ Hannah တို့လည်း ပါဝင်နေသည်။
(မစ္စတာလန့်ခ်ျမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူ၏ ဇနီးဖြစ်သူ Angela Bacares မှာမူ အသက်ရှင်သန်ခဲ့ကာ ပြန်လည် ကျန်းမာ လာနေပြီ ဖြစ်သည်။
(မိုက်ခ် လန့်ခ်ျ၏ ဇနီးဖြစ်သူ Angela (ယာ) မှာ အခြားသူ ၁၅ ဦးနှင့်အတူ ပြန်လည်ကယ်ဆယ် တွေ့ရှိထား သည်။)
(လိမ်လည်မှု စွဲချက်များမှ အပြစ်မရှိကြောင်း အမိန့်ချခံရပြီးနောက်ပိုင်း သူဌေးကြီး မိုက်ခ် လန့်ခ်ျက မိသားစုနှင့်အတူ မိတ်ဆွေများကို သူ၏ ဇိမ်ခံ ရွက်လှေကြီးသို့ ဖိတ်ခေါ်ကာ အောင်ပွဲခံခဲ့သည်။)
((မှတ်ချက်။ နောက်ဆုံးသတင်းများအရ မိုက်ခ် လန့်ခ်ျ၏ အလောင်းကို သြဂုတ်လ ၂၂ ရက်တွင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။))
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service