Elon Musk က အမေရိကန်ရုပ်ရှင်မင်းသား Gene Wilder ၏ တူအား ငွေထုတ်ချေးကာ နေအိမ်ရောင်းချပေးခဲ့ ပြီးနောက် အကြွေးမဆပ်သောကြောင့် တရားရုံးမှ ပြန်လည်သိမ်းယူစေခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

Elon Musk က အမေရိကန်ရုပ်ရှင်မင်းသား Gene Wilder ၏ တူအား ငွေထုတ်ချေးကာ နေအိမ်ရောင်းချပေးခဲ့ ပြီးနောက် အကြွေးမဆပ်သောကြောင့် တရားရုံးမှ ပြန်လည်သိမ်းယူစေခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Aug 2024 11:18 am တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် Bel-Air Country Club ကို စီးမိုးတွေ့မြင်ရသော နေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါအိမ်ကို တချိန်က အမေရိကန်ရုပ်ရှင်မင်းသား Gene Wilder ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် Elon Musk ပိုင်ဆိုင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် အထင်ကရ ဗိသုကာပညာရှင် Robert Byrd က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့ပြီး အဖြူရောင်အိမ်တစ်လုံးဖြစ်ကာ ဟောလိဝုဒ်သမိုင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Westside Estate Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Drew Meyers ဖြစ်သည်။

Gene Wilder သည် ၁၉၇၁ ခုနှစ်က ရုံတင်ပြသခဲ့သော Willy Wonka & the Chocolate Factory ဇာတ်ကား ဖြင့် လူသိများသည်။

Gene Wilder သည် ယခုအိမ်ကို ၁၉၇၆ ခုနှစ်တွင် ဒေါ်လာ ၃၀၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၂၀၀၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖြင့် ရောင်းချခဲ့ကြောင်း PropertyShark ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

 

(လော့စ်အိန်ဂျလိမြို့ရှိ ဤအိမ်ကို Gene Wilder နှင့် Elon Musk တို့ ပိုင်ဆိုင်ခဲ့ကြဖူးသည်။ ဓာတ်ပုံ- Marc Angeles Photography)

 

(နေအိမ်၏ အလယ်တွင် စက်ဝိုင်းပုံ အရက်ဘား ရှိသည်။ ဓာတ်ပုံ- Marc Angeles Photography)

 

(၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Marc Angeles Photography)

 

(မူရင်း ထုတ်တန်းဖော် မျက်နှာကြက်များရှိသည်။ ဓာတ်ပုံ- Marc Angeles Photography)

ယင်းနောက် နှစ်အနည်းငယ်အကြာ ၂၀၁၃ ခုနှစ်တွင် Elon Musk က ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

Elon Musk သည် ယခင်က လော့စ်အိန်ဂျလိမြို့၌ နေအိမ် အများအပြား ဝယ်ယူပိုင်ဆိုင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ခံယူချက်ပြောင်းလဲသွားခဲ့သည်။

Elon Musk က ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ မထားတော့ဘဲ နေအိမ်အားလုံး ရောင်းထုတ်မည်ဟု ၂၀၂၀ ပြည့်နှစ် အတွင်း ကြေညာခဲ့ပြီးနောက် ယခုနေအိမ်အပါအဝင် လော့စ်အိန်ဂျလိရှိ အခြားနေအိမ် များစွာကို ရောင်းထုတ် ခဲ့သည်။

Elon Musk က ယခုနေအိမ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း Gene Wilder ၏ တူဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ Jordan Walker-Pearlman နှင့် ဇနီး Elizabeth Hunter တို့ထံ ကန်ဒေါ်လာ ၇ သန်းဖြင့် ရောင်းချခဲ့သည်။

ရောင်းချသည်ဆိုရာတွင် Jordan တို့ဇနီးမောင်နှံကို နေအိမ်ဝယ်နိုင်ရေးအတွက် Elon Musk က သူ၏ ကုမ္ပဏီ တစ်ခုမှတဆင့် ဒေါ်လာ ၆ ဒသမ ၇ သန်း ငွေထုတ်ချေးပေးကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။

သို့သော် Jordan တို့ဇနီးမောင်နှံသည် Elon Musk ထံ အကြွေးပြန်မဆပ်နိုင်ခဲ့ချေ။ ချေးငွေနှင့် ပတ်သက်သည့် သတိပေးစာကို ယခုနှစ် ဇူလိုင်လအတွင်း ပေးပို့ခဲ့ပြီးနောက် တရားရုံး သိမ်းယူမှု လုပ်ငန်းစဉ် ဆက်လုပ်လုပ်ဆောင်ခဲ့သည်။

နေအိမ်တွင် မူရင်းလက်ရာ ထုတ်တန်းဖော် မျက်နှာကြက်များ၊ မီးလင်းဖိုများ၊ အခန်းဖွင့် အခင်းအကျင်းတို့ တွေ့ရမည်ဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ နေအိမ်အလယ်တွင် စက်ဝိုင်းပုံ အရက်ဘားနေရာရှိပြီး မီးဖိုဆောင်၊ အိပ်ခန်း ၄ ခန်းနှင့် အဝေးအထိ လှမ်းမျှော် တွေ့မြင်ရသော ရှုခင်းတို့ ပိုင်ဆိုင်ထားသည်။

နေအိမ်ပြင်ပတွင် နားနေ နေရာများစွာ၊ ကောင်းစွာထိန်းသိမ်းမွမ်းမံထားသော မြက်ခင်းများနှင့် ကျောက်ကပ်ပုံ ရေကူးကန်တို့ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: L.A. Home Elon Musk Sold to Gene Wilder’s Nephew Listed for $12.95 Million (mansionglobal)

Photo Credit- Marc Angeles Photography

 

[Zawgyi]

Elon Musk က အေမရိကန္ရုပ္ရွင္မင္းသား Gene Wilder ၏ တူအား ေငြထုတ္ေခ်းကာ ေနအိမ္ေရာင္းခ်ေပးခဲ့ ျပီးေနာက္ အေၾကြးမဆပ္ေသာေၾကာင့္ တရားရံုးမွ ျပန္လည္သိမ္းယူေစခဲ့ေသာေနအိမ္ ကန္ေဒၚလာ ၁၂ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ Bel-Air Country Club ကို စီးမိုးေတြ႔ျမင္ရေသာ ေနအိမ္တစ္လံုး ကန္ေဒၚလာ ၁၂ ဒသမ ၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အဆိုပါအိမ္ကို တခ်ိန္က အေမရိကန္ရုပ္ရွင္မင္းသား Gene Wilder ပိုင္ဆိုင္ခဲ့ျပီး ေနာက္ပိုင္းတြင္ Elon Musk ပိုင္ဆိုင္ခဲ့သည္။

၁၉၅၁ ခုႏွစ္တြင္ အထင္ကရ ဗိသုကာပညာရွင္ Robert Byrd က ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ေပးခဲ့ျပီး အျဖဴေရာင္အိမ္တစ္လံုးျဖစ္ကာ ေဟာလိဝုဒ္သမိုင္း၏ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Westside Estate Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Drew Meyers ျဖစ္သည္။

Gene Wilder သည္ ၁၉၇၁ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ Willy Wonka & the Chocolate Factory ဇာတ္ကား ျဖင့္ လူသိမ်ားသည္။

Gene Wilder သည္ ယခုအိမ္ကို ၁၉၇၆ ခုႏွစ္တြင္ ေဒၚလာ ၃၀၀,၀၀၀ ဝန္းက်င္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ ၂၀၀၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၇ သန္းေက်ာ္ျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း PropertyShark ၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

(ေလာ့စ္အိန္ဂ်လိျမဳိ႕ရွိ ဤအိမ္ကို Gene Wilder ႏွင့္ Elon Musk တို႔ ပိုင္ဆုိင္ခဲ့ၾကဖူးသည္။ ဓာတ္ပံု- Marc Angeles Photography)

(ေနအိမ္၏ အလယ္တြင္ စက္ဝိုင္းပံု အရက္ဘား ရိွသည္။ ဓာတ္ပံု- Marc Angeles Photography)

(၁၉၅၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Marc Angeles Photography)

(မူရင္း ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားရွိသည္။ ဓာတ္ပံု- Marc Angeles Photography)

ယင္းေနာက္ ႏွစ္အနည္းငယ္အၾကာ ၂၀၁၃ ခုႏွစ္တြင္ Elon Musk က ကန္ေဒၚလာ ၆ ဒသမ ၇၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

Elon Musk သည္ ယခင္က ေလာ့စ္အိန္ဂ်လိျမိဳ႕၌ ေနအိမ္ အမ်ားအျပား ဝယ္ယူပိုင္ဆိုင္ထားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ခံယူခ်က္ေျပာင္းလဲသြားခဲ့သည္။

Elon Musk က ရုပ္ဝတၳဳပိုင္ဆိုင္မႈမ်ား မထားေတာ့ဘဲ ေနအိမ္အားလံုး ေရာင္းထုတ္မည္ဟု ၂၀၂၀ ျပည့္ႏွစ္ အတြင္း ေၾကညာခဲ့ျပီးေနာက္ ယခုေနအိမ္အပါအဝင္ ေလာ့စ္အိန္ဂ်လိရွိ အျခားေနအိမ္ မ်ားစြာကို ေရာင္းထုတ္ ခဲ့သည္။

Elon Musk က ယခုေနအိမ္ကို ၂၀၂၀ ျပည့္ႏွစ္အတြင္း Gene Wilder ၏ တူျဖစ္သူ ရုပ္ရွင္ဒါရိုက္တာ Jordan Walker-Pearlman ႏွင့္ ဇနီး Elizabeth Hunter တို႔ထံ ကန္ေဒၚလာ ၇ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

ေရာင္းခ်သည္ဆိုရာတြင္ Jordan တို႔ဇနီးေမာင္ႏံွကို ေနအိမ္ဝယ္ႏိုင္ေရးအတြက္ Elon Musk က သူ၏ ကုမၸဏီ တစ္ခုမွတဆင့္ ေဒၚလာ ၆ ဒသမ ၇ သန္း ေငြထုတ္ေခ်းေပးကာ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ Jordan တုိ႔ဇနီးေမာင္ႏွံသည္ Elon Musk ထံ အေၾကြးျပန္မဆပ္ႏိုင္ခဲ့ေခ်။ ေခ်းေငြႏွင့္ ပတ္သက္သည့္ သတိေပးစာကို ယခုႏွစ္ ဇူလိုင္လအတြင္း ေပးပို႔ခဲ့ျပီးေနာက္ တရားရံုး သိမ္းယူမႈ လုပ္ငန္းစဥ္ ဆက္လုပ္လုပ္ေဆာင္ခဲ့သည္။

ေနအိမ္တြင္ မူရင္းလက္ရာ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ မီးလင္းဖိုမ်ား၊ အခန္းဖြင့္ အခင္းအက်င္းတို႔ ေတြ႔ရမည္ျဖစ္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ ေနအိမ္အလယ္တြင္ စက္ဝိုင္းပံု အရက္ဘားေနရာရွိျပီး မီးဖုိေဆာင္၊ အိပ္ခန္း ၄ ခန္းႏွင့္ အေဝးအထိ လွမ္းေမွ်ာ္ ေတြ႔ျမင္ရေသာ ရႈခင္းတို႔ ပိုင္ဆိုင္ထားသည္။

ေနအိမ္ျပင္ပတြင္ နားေန ေနရာမ်ားစြာ၊ ေကာင္းစြာထိန္းသိမ္းမြမ္းမံထားေသာ ျမက္ခင္းမ်ားႏွင့္ ေက်ာက္ကပ္ပံု ေရကူးကန္တို႔ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: L.A. Home Elon Musk Sold to Gene Wilder’s Nephew Listed for $12.95 Million (mansionglobal)

Photo Credit- Marc Angeles Photography

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service