အိမ်ဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ ဝန်းကျင်သာရှိသော ဗြိတိန်မှ အက်ရှင်တန် သတ္တုတွင်းမြို့လေးအကြောင်း

အိမ်ဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ ဝန်းကျင်သာရှိသော ဗြိတိန်မှ အက်ရှင်တန် သတ္တုတွင်းမြို့လေးအကြောင်း - Property News in Myanmar from iMyanmarHouse.com
22 Aug 2024 1:18 pm တွင် တင်ခဲ့သည်
533 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း Northumberland ခရိုင်၊ အက်ရှင်တန် (Ashington) မြို့ကလေးသို့ ပထမဆုံးအကြိမ် သင်ရောက်သည်နှင့် သတိပြုမိမည်မှာ သပ်ရပ်သန့်ရှင်းမှု၊ စိမ်းလန်းစိုပြည်မှုနှင့် ကောင်းစွာမွမ်းမံ ထိန်းသိမ်းထားသော မြက်ခင်းများ ဖြစ်သည်။

၂၀၁၁ သန်းခေါင်စာရင်းအရ အက်ရှင်တန်တွင် လူဦးရေ ၂၇၈၆၄ ဦးသာ ရှိခဲ့သည်။

သို့သော် ထိုဒေသရှိ နေအိမ်များစွာမှာ ၎င်းတို့၏ အကောင်းဆုံးကာလများကို ဖြတ်သန်းကုန်ဆုံးခဲ့ပြီဖြစ်ပြီး ဘုတ်ပြားဖြင့် ရိုက်ကာထားသော အိမ်တစ်လုံးတွင်ဆိုလျှင် Peado, nonce ဟူသော စာလုံးများကို ရွှံ့ဖြင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

အချို့သော အိမ်များမှာ အလွန်နည်းပါးလှသည့် ဈေးနှုန်းဖြစ်သော ပေါင် ၁၅၀၀၀ မျှဖြင့် ရောင်းချနေပြီး ထိုမြို့လေးသို့ ရောက်လျှင် “ရောင်းမည်” ဟူသော ဆိုင်းဘုတ်များကို များစွာတွေ့ရမည် ဖြစ်သည်။

တချိန်က ကမ္ဘာ့အကြီးမားဆုံး ကျောက်မီးသွေးတွင်းမြို့ဖြစ်ခဲ့သော မြို့လေး ပြန်လည်စည်ပင်လာမည်လော။

မြို့လေးတည်ရှိရာ Northumberland ခရိုင်သည် Bamburgh ကဲ့သို့ ရင်သပ်ရှုမောဖွယ် ကမ္ဘာကျော် ကမ်းခြေ များ၊ စည်ကားလှသော ဈေးမြို့များရှိပြီး ဗြိတိန်၏ အလှပဆုံးဈေးမြို့လေးဖြစ်သော Morpeth မှာ မိုင်အနည်းငယ်မျှသာ ဝေးကွာသည်။

Turdtowns အမည်ရှိ YouTube ချန်နယ်၏ ဖော်ပြချက်အရ အက်ရှင်တန်မှာ ထိုဒေသတွင် နေထိုင်ရန် မသင့်တော်ဆုံးနေရာဟု ဆိုသည်။

အက်ရှင်တန်သည် ရာဇဝတ်မှုများဖြင့်လည်း ရုန်းကန်နေရပြီး Northumberland ခရိုင်ရှိ အလတ်တန်းအရွယ် အစားရှိ မြို့များအနက် ဒုတိယ အန္တရာယ်အကြီးမားဆုံးမြို့ဖြစ်သည်ဟု ဆိုသည်။

 (အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်သော Carol Gatenby သည် အက်ရှင်တန်မြို့လေးတွင် Bettini’s အမည်ရှိ ကော်ဖီဆိုင် ဖွင့်လှစ်ခဲ့သည်မှာ ၂၆ နှစ်ရှိပြီဖြစ်သည်။ ဓာတ်ပုံ-Mieka Smiles)

  

သားဖြစ်သူ၏ N.B.Furnishings ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်နေသော အသက် ၇၈ နှစ်အရွယ်ရှိ Ian Best က ပြောသည်မှာ မိမိ၏ မြို့လေးမှာ စွန့်ပစ်ခံမြို့တစ်မြို့ဖြစ်နေသည်ဟု ယူဆကြောင်း ပြောသည်။

“လက်ရှိအချိန်မှာတော့ အက်ရှင်တန်မှာ ကောင်းတာ ဘာတစ်ခုမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးမှာ မြို့လေးကို ဖျက်ဆီးနေကြောင်းလည်း Ian က ဝန်ခံသည်။

“မူးယစ်ဆေးနဲ့ သူခိုးတွေကလည်း အများကြီး။ လုပ်ငန်းနေရာတွေမှာက သံတံခါးတွေ တပ်ထားရပါတယ်။ ဒါပေမယ့် သူတို့က သက်ကြီးရွယ်အိုအိမ်တွေကို ပစ်မှတ်ထားကြတယ်။ အိမ်ဖောက်ဝင်တယ်။ ပြီးရင် ရသမျှ ခိုးကြတယ်။ ဆေးသမားတွေပေါတဲ့နေရာတစ်ခုပါပဲ”

မိမိ၏ ပင်စင်လစာ တစ်ပတ် ၁၅၉ ပေါင်ဟူသည်မှာ နေထိုင်စားသောက်ရေးအတွက် မလုံလောက်ကြောင်း၊ အက်ရှင်တန်မြို့သားများမှာ လူနေမှုစရိတ်ကြီးမြင့်မှုဖြင့် ရုန်းကန်နေရကြောင်း Ian က ပြောသည်။

“အစိုးရအတွက် ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒီဒေသအတွက် ငွေ ပိုပြီးသုံးဖို့ပါပဲ။ လူတွေကို ငွေတွေပိုပြီး ပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ရုန်းကန်နေရပါတယ်”

သို့သော် Rickard အိမ်ခြံမြေကုမ္ပဏီမှ Dawn Duddridge က ပြောသည်မှာမူ မြို့ကလေးတွင် သိသာထင်ရှား သည့် စိန်ခေါ်မှုများရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးနေကြောင်း ပြောသည်။

Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် အက်ရှင်တန်မြို့လေးရှိ နေအိမ်များကို ရည်ညွှန်းဈေး ပေါင် ၁၅၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်နေသည်။

သို့သော် မြို့လယ်ပိုင်းရှိ နေအိမ်များမှာမူ ပေါင် ၅၀၀၀၀ ခန့်ဖြင့် ရောင်းချနေကြောင်းလည်း Dawn က ပြော သည်။

မြို့လယ်အိမ်များမှာ အနည်းငယ်ဈေးပိုကြီးသည်ဟု ဆိုစေကာမူ ဗြိတိန်တနိုင်ငံလုံး၏ ပျှမ်းမျှအိမ်ဈေးနှုန်း ဖြစ်သော ပေါင် ၂၈၂၀၀၀ အောက် များစွာနည်းပါးသော ဈေးနှုန်းသာ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The little UK town where homes sell for £15k but new train station could change everything (express)

 

 

[Zawgyi]

အိမ္ေစ်းႏႈန္းမွာ ေပါင္ ၁၅၀၀၀ ဝန္းက်င္သာရွိေသာ ျဗိတိန္မွ အက္ရွင္တန္ သတၱဳတြင္းျမဳိ႕ေလးအေၾကာင္း

အဂၤလန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Northumberland ခရိုင္၊ အက္ရွင္တန္ (Ashington) ျမိဳ႕ကေလးသို႔ ပထမဆံုးအၾကိမ္ သင္ေရာက္သည္ႏွင့္ သတိျပဳမိမည္မွာ သပ္ရပ္သန္႔ရွင္းမႈ၊ စိမ္းလန္းစိုျပည္မႈႏွင့္ ေကာင္းစြာမြမ္းမံ ထိန္းသိမ္းထားေသာ ျမက္ခင္းမ်ား ျဖစ္သည္။

၂၀၁၁ သန္းေခါင္စာရင္းအရ အက္ရွင္တန္တြင္ လူဦးေရ ၂၇၈၆၄ ဦးသာ ရွိခဲ့သည္။

သို႔ေသာ္ ထိုေဒသရွိ ေနအိမ္မ်ားစြာမွာ ၎တို႔၏ အေကာင္းဆံုးကာလမ်ားကို ျဖတ္သန္းကုန္ဆံုးခဲ့ျပီျဖစ္ျပီး ဘုတ္ျပားျဖင့္ ရိုက္ကာထားေသာ အိမ္တစ္လံုးတြင္ဆိုလွ်င္ Peado, nonce ဟူေသာ စာလံုးမ်ားကို ရႊံ႕ျဖင့္ ေရးသားထားသည္ကိုလည္း ေတြ႔ရသည္။

အခ်ဳိ႕ေသာ အိမ္မ်ားမွာ အလြန္နည္းပါးလွသည့္ ေစ်းႏႈန္းျဖစ္ေသာ ေပါင္ ၁၅၀၀၀ မွ်ျဖင့္ ေရာင္းခ်ေနျပီး ထိုျမိဳ႕ေလးသို႔ ေရာက္လွ်င္ “ေရာင္းမည္” ဟူေသာ ဆိုင္းဘုတ္မ်ားကို မ်ားစြာေတြ႔ရမည္ ျဖစ္သည္။

တခ်ိန္က ကမၻာ့အၾကီးမားဆံုး ေက်ာက္မီးေသြးတြင္းျမိဳ႕ျဖစ္ခဲ့ေသာ ျမိဳ႕ေလး ျပန္လည္စည္ပင္လာမည္ေလာ။

ျမိဳ႕ေလးတည္ရွိရာ Northumberland ခရိုင္သည္ Bamburgh ကဲ့သို႔ ရင္သပ္ရႈေမာဖြယ္ ကမၻာေက်ာ္ ကမ္းေျခ မ်ား၊ စည္ကားလွေသာ ေစ်းျမိဳ႕မ်ားရွိျပီး ျဗိတိန္၏ အလွပဆံုးေစ်းျမိဳ႕ေလးျဖစ္ေသာ Morpeth မွာ မိုင္အနည္းငယ္မွ်သာ ေဝးကြာသည္။

Turdtowns အမည္ရွိ YouTube ခ်န္နယ္၏ ေဖာ္ျပခ်က္အရ အက္ရွင္တန္မွာ ထိုေဒသတြင္ ေနထိုင္ရန္ မသင့္ေတာ္ဆံုးေနရာဟု ဆိုသည္။

အက္ရွင္တန္သည္ ရာဇဝတ္မႈမ်ားျဖင့္လည္း ရုန္းကန္ေနရျပီး Northumberland ခရိုင္ရွိ အလတ္တန္းအရြယ္ အစားရွိ ျမိဳ႕မ်ားအနက္ ဒုတိယ အႏၱရာယ္အၾကီးမားဆံုးျမိဳ႕ျဖစ္သည္ဟု ဆိုသည္။

(အသက္ ၅၉ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ Carol Gatenby သည္ အက္ရွင္တန္ျမိဳ႕ေလးတြင္ Bettini’s အမည္ရွိ ေကာ္ဖီဆိုင္ ဖြင့္လွစ္ခဲ့သည္မွာ ၂၆ ႏွစ္ရွိျပီျဖစ္သည္။ ဓာတ္ပံု-Mieka Smiles)

သားျဖစ္သူ၏ N.B.Furnishings ကုမၸဏီတြင္ ဝင္ေရာက္လုပ္ကိုင္ေနေသာ အသက္ ၇၈ ႏွစ္အရြယ္ရွိ Ian Best က ေျပာသည္မွာ မိမိ၏ ျမိဳ႕ေလးမွာ စြန္႔ပစ္ခံျမိဳ႕တစ္ျမိဳ႕ျဖစ္ေနသည္ဟု ယူဆေၾကာင္း ေျပာသည္။

“လက္ရွိအခ်ိန္မွာေတာ့ အက္ရွင္တန္မွာ ေကာင္းတာ ဘာတစ္ခုမွ မရွိပါဘူး” ဟု ၎က ေျပာသည္။

ရာဇဝတ္မႈႏွင့္ မူးယစ္ေဆးဝါးမွာ ျမိဳ႕ေလးကို ဖ်က္ဆီးေနေၾကာင္းလည္း Ian က ဝန္ခံသည္။

“မူးယစ္ေဆးနဲ႔ သူခိုးေတြကလည္း အမ်ားၾကီး။ လုပ္ငန္းေနရာေတြမွာက သံတံခါးေတြ တပ္ထားရပါတယ္။ ဒါေပမယ့္ သူတို႔က သက္ၾကီးရြယ္အိုအိမ္ေတြကို ပစ္မွတ္ထားၾကတယ္။ အိမ္ေဖာက္ဝင္တယ္။ ျပီးရင္ ရသမွ် ခိုးၾကတယ္။ ေဆးသမားေတြေပါတဲ့ေနရာတစ္ခုပါပဲ”

မိမိ၏ ပင္စင္လစာ တစ္ပတ္ ၁၅၉ ေပါင္ဟူသည္မွာ ေနထိုင္စားေသာက္ေရးအတြက္ မလံုေလာက္ေၾကာင္း၊ အက္ရွင္တန္ျမိဳ႕သားမ်ားမွာ လူေနမႈစရိတ္ၾကီးျမင့္မႈျဖင့္ ရုန္းကန္ေနရေၾကာင္း Ian က ေျပာသည္။

“အစိုးရအတြက္ ဒီအေျခအေနကို ေက်ာ္လႊားႏိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ဒီေဒသအတြက္ ေငြ ပိုျပီးသံုးဖို႔ပါပဲ။ လူေတြကို ေငြေတြပိုျပီး ေပးဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ရုန္းကန္ေနရပါတယ္”

သို႔ေသာ္ Rickard အိမ္ျခံေျမကုမၸဏီမွ Dawn Duddridge က ေျပာသည္မွာမူ ျမိဳ႕ကေလးတြင္ သိသာထင္ရွား သည့္ စိန္ေခၚမႈမ်ားရွိေနေသာ္လည္း စီးပြားေရးဖြံ႔ျဖိဳးေနေၾကာင္း ေျပာသည္။

Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ အက္ရွင္တန္ျမိဳ႕ေလးရွိ ေနအိမ္မ်ားကို ရည္ညႊန္းေစ်း ေပါင္ ၁၅၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္တင္ေနသည္။

သို႔ေသာ္ ျမိဳ႕လယ္ပိုင္းရွိ ေနအိမ္မ်ားမွာမူ ေပါင္ ၅၀၀၀၀ ခန္႔ျဖင့္ ေရာင္းခ်ေနေၾကာင္းလည္း Dawn က ေျပာ သည္။

ျမိဳ႕လယ္အိမ္မ်ားမွာ အနည္းငယ္ေစ်းပိုၾကီးသည္ဟု ဆိုေစကာမူ ျဗိတိန္တႏိုင္ငံလံုး၏ ပွ်မ္းမွ်အိမ္ေစ်းႏႈန္း ျဖစ္ေသာ ေပါင္ ၂၈၂၀၀၀ ေအာက္ မ်ားစြာနည္းပါးေသာ ေစ်းႏႈန္းသာ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The little UK town where homes sell for £15k but new train station could change everything (express)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service