မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက ယခုအခါ သူ၏ ပိုင်ဆိုင်မှုများ တစ်ပြားမှ မရှိတော့ဟုဆို
မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက ယခုအခါ သူ၏ ပိုင်ဆိုင်မှုများ တစ်ပြားမှ မရှိတော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Aug 2024 9:54 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
● ဘီလျံနာသူဌေးကြီး နီကိုလပ်စ် ဖြူးယဲ့ရှ် (Nicolas Puech) သည် ပြင်သစ် Luxury ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်ဖြစ်ပြီး ဒေါ်လာဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများကို သူ၏ အလုပ်သမားဟောင်း ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့
● ယခုအခါ နီကိုလပ်စ် ဖြူးယဲ့ရှ်က သူ၏ ပိုင်ဆိုင်မှုများ မရှိတော့ကြောင်း၊ မိမိ၏ စည်းစိမ်ဥစ္စာများကို စီမံခန့်ခွဲခဲ့သူ မန်နေဂျာဟောင်းက လိမ်လည်သွားကြောင်း ပြောလာ
● အဆိုပါပြောဆိုမှုများကို ဆွစ်ဇာလန်တရားရုံးတစ်ခုက ပယ်ချထားကြောင်း Bloomberg က ဖော်ပြ
ဘီလျံနာသူဌေးကြီး နီကိုလပ်စ် ဖြူးယဲ့ရှ်သည် ပြင်သစ် Luxury ဖက်ရှင်ကုမ္ပဏီ Hermes ကို တည်ထောင်သူ Thierry Hermes မှ ဆင်းသက်လာသူ အမွေခံတစ်ဦးဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း နီကိုလပ်စ်ဖြူးယဲ့ရှ်က သူ၏ ပိုင်ဆိုင်မှု ထက်ဝက်ကို ဝန်ထမ်းဟောင်း ပန်းဥယျာဉ်မှူးအား အမွေပေးမည်ဟု ကြေညာလိုက်မှုမှာ ကမ္ဘာ့ထိပ်တန်း သတင်းတစ်ရပ်ဖြစ်ခဲ့သည်။
(ဆက်စပ်သတင်း)
ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင်သူဌေးကြီးက သူ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်
https://www.imyanmarhouse.com/news/read/1093538
သို့သော် ယခုအခါ ဘီလျံနာကြီး ဖြူးယဲ့ရှ်က ဒေါ်လာ ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများ မရှိတော့ကြောင်း ပြောလာသည်။
အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သော ဘီလျံနာကြီးဖြူးယဲ့ရှ်က တရားရုံးတွင် တင်ပြလာသည်မှာ Hermes တွင် မိမိပိုင်ဆိုင်ထားသည့် ဒေါ်လာ ၁၃ ဘီလီယံဖိုးရှိ ရှယ်ယာပေါင်း ၆ သန်းမှာ မရှိတော့ကြောင်း၊ ထိုဆုံးရှုံးမှု အတွက် မိမိ၏ စည်းစိမ်ဓနများကို ဆယ်စုနှစ် ၂ ခုကျော် စီမံခန့်ခွဲခဲ့သူ မန်နေဂျာဟောင်း Eric Freymond တွင် တာဝန်ရှိကြောင်း တင်ပြခဲ့သည်ဟု ဆွစ်ဇာလန် စုံစမ်းထောက်လှမ်းသတင်းဌာန Gotham City က ဖော်ပြသည်။
သို့သော် ဆွစ်ဇာလန်တရားရုံးတစ်ခုက ဖြူးယဲ့ရှ်၏ စွပ်စွဲချက်များကို ပယ်ချလိုက်ကြောင်း၊ ဖြူးယဲ့ရှ် စွပ်စွဲသော မသမာမှုမှာ စုံစမ်းထောက်လှမ်း၍ မရနိုင်ကြောင်း ပြောသည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။
ဆွစ်ဇာလန်သတင်းဌာန Tribune de Geneve ၏ ဖော်ပြချက်အရ ဖြူးယဲ့ရှ်၏ ရှယ်ယာများမှာ ဂျီနီဗာရှိ ဘဏ်တစ်ခုတွင် ၂၀၁၂ ခုနှစ်က အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ ထိုရှယ်ယာများ မည်သည့်နေရာ တွင် ရောက်ရှိနေသည်ကို မသိရကြောင်း ဖော်ပြသည်။
ဂျီနီဗာရှိ အစိုးရရှေ့နေရုံးက ဖြူးယဲ့ရှ်၏ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်က တရားရုံးဆုံးဖြတ်ချက်ကလည်း တရားစွဲအဖွဲ့အစည်းရုံး၏ ဆုံးဖြတ်ချက်ကို ထောက်ခံထားသည်။
ဖြူးယဲ့ရှ်၏ ရှေ့နေများဖြစ်သော Gregoire Mangeat နှင့် Fanny Margairaz တို့က Business Insider သတင်းဌာနသို့ ပြောသည်မှာ မိမိတို့အနေဖြင့် အမှုကို အသေးစိတ်လေ့လာနေဆဲဖြစ်ကြောင်းသာ ပြောဆိုပြီး အခြားအချက်များ ပြောရန်ငြင်းဆိုထားသည်။
ဖြူးယဲ့ရှ်၏ မန်နေဂျာဟောင်း Freymond ၏ ရှေ့နေဖြစ်သူ Stephane Grodecki က “ကျွန်တော့်ရဲ့ အမှုသည် ဟာ သူ့အလုပ်ရှင်ဟောင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အံ့သြတုန်လှုပ်သွားခဲ့ပါတယ်” ဟု BI သို့ ပြောသည်။
Freymond သည် ဖြူးယဲ့ရှ်ပြောသော ရှယ်ယာများကို မည်သည့်အခါကမျှ မကိုင်တွယ်ခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
Freymond အနေဖြင့် ၎င်း၏ဂုဏ်သိက္ခာကို ခုခံကာကွယ်ရန် ဥပဒေလမ်းကြောင်းများကို ရှာဖွေနေကြောင်း လည်း Grodecki က ပြောသည်။
ဖြူးယဲ့ရှ်သည် အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သားထောက်သမီးခံ မရှိ။
သူသည် ယခင်က Hermes ၏ ရှယ်ယာ ၅ ဒသမ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ခဲ့ကြောင်း Tribune de Geneve က ပြီးခဲ့သောနှစ်အတွင်း ဖော်ပြခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Hermès heir who planned to leave billions to his gardener now says his fortune is gone (businessinsider)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service