တရုတ်ပြည်၊ နန်ကျင်းမြို့တွင် အပြီးမသတ်ခဲ့သော အိမ်ရာစီမံကိန်းအတွက် developer က ဝယ်လက်တို့အား ပေးသွင်းငွေ ပြန်အမ်းလိုက်ရသည့်ဖြစ်ရပ်

တရုတ်ပြည်၊ နန်ကျင်းမြို့တွင် အပြီးမသတ်ခဲ့သော အိမ်ရာစီမံကိန်းအတွက် developer က ဝယ်လက်တို့အား ပေးသွင်းငွေ ပြန်အမ်းလိုက်ရသည့်ဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
13 Aug 2024 12:30 pm တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် အပြီးသတ် မဆောက်လုပ်နိုင်ခဲ့သော အိမ်ရာစီမံကိန်းတစ်ခုမှ တိုက်ခန်းများအတွက် စရံငွေ ပေးသွင်းထားသူများအား developer က ငွေပြန်အမ်းခဲ့ရာတွင် ဒေသအာဏာပိုင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

နန်ကျင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့သော ငွေပြန်အမ်းခြင်း အစီအစဉ်သည် တရုတ်ပြည်တွင် ပထမဆုံးဖြစ်ရပ်ဖြစ်ကြောင်း New Beijing News သတင်းဌာနက ဖော်ပြသည်။

ယခုခြေလှမ်းမှာ အခြားသော မြို့များရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် developer တို့အနေဖြင့် အပြီးမသတ်နိုင်သော အိမ်ခြံမြေစီမံကိန်းများအတွက် အလားတူ ဖြေရှင်းကြရန် နမူနာသာဓကတစ်ခု ဖြစ်လာနိုင်သည်။

၂၀၂၁ ခုနှစ်မှစပြီး တရုတ်ပြည်တဝန်းရှိ အိမ်ခြံမြေ developer များစွာတို့သည် အကြွေးမဆပ်နိုင်ခြင်းများ ကြောင့် ဆောက်လုပ်ရေးစီမံကိန်းများကို အပြီးသတ်ဆောက်လုပ်နိုင်ခြင်း မရှိမှုနှင့် ရင်ဆိုင်နေရသည်။

အိမ်ခြံမြေ developer တို့အနေဖြင့် ထိုပြဿနာကို ဖြေရှင်းပေးရန်နှင့် လူမှုတည်ငြိမ်ရေးအတွက် ဝယ်လက်များထံ နေအိမ်များအပ်နှံရန် အာဏာပိုင်တို့က တိုက်တွန်းထားသည်။

တရုတ်ပြည်အရှေ့ပိုင်း နန်ကျင်းမြို့တွင် Zhujiang Siji Yuecheng အမည်ရှိ အိမ်ရာစီမံကိန်းတစ်ခုတွင် တိုက်ခန်းများ ဝယ်ယူထားသူ ၄၂ ဦးအနက် ၃၃ ဦးသည် ၎င်းတို့၏ အခန်းများကို developer အား ပြန်အပ်ရန်နှင့် လက်ငင်းပေးသွင်းငွေ ပြန်လည်ရယူရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း New Beijing News သတင်းဌာနက ဖော်ပြသည်။

ထိုစီမံကိန်းမှ အခန်းများကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကြိုပွိုင့်စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းအတွက် အရောင်းဝင်ငွေများကို စီမံကိန်းအတွက် သုံးစွဲခြင်းမပြုဘဲ အခြားကိစ္စရပ်များအတွက် သုံးစွဲခြင်း မပြုလုပ်စေရန် အပ်နှံထားသော “ယုံအပ်ငွေစာရင်း” (escrow account) ရှိ ယွမ်ငွေ ၅၀ ဒသမ ၆၇ သန်း (ကန်ဒေါ်လာ ၇ သန်း) ကို ဝယ်လက်တို့အား ပြန်အမ်းရာတွင် အသုံးပြုရန် အာဏာပိုင်တို့က ခွင့်ပြုခဲ့ သည်။

ယုံအပ်ငွေစာရင်းကို ဘဏ်တို့က စောင့်ကြည့်လေ့ရှိပြီး ဆောက်လုပ်ရေးစီမံကိန်းအတွက်သာ အသုံးပြုခွင့် ပေးကြသည်။

အဆိုပါ ဆောက်လုပ်ရေးစီမံကိန်း၏ ပင်မ ကန်ထရိုက်တာ Jiangsu Suzhong Construction Group သည် ငွေဖြစ်လွယ်မှုပြဿနာများနှင့် ရင်ဆိုင်ရပြီးနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် စီမံကိန်း ရပ်တန့်သွားခဲ့သည်။

တရုတ်ပြည် အိမ်ခြံမြေလောက အကျပ်အတည်းကြောင့် ဘဏ္ဍာရေးအကျပ်ဆိုက်ကာ အမေရိကန်တွင် ဒေဝါလီခံခဲ့ရပြီး ဟောင်ကောင်တွင် ကုမ္ပဏီဖျက်သိမ်းခဲ့ရသော တရုတ်ထိပ်သီး အိမ်ခြံမြေ developer ဖြစ်သည့် Evergrande Group ၏ ပင်မ supplier ကုမ္ပဏီလည်း ဖြစ်သည်။

တရုတ် အိမ်ခြံမြေ developer တို့အကြား ကြွေးမြီပြဿနာကြောင့် ကြိုပွိုင့်စီမံကိန်းများ အပြီးမသတ်နိုင်မှု များစွာ ပေါ်ပေါက်လာရာ အိမ်ခြံမြေဈေးနှုန်း၊ ဝယ်လက်တို့၏ ယုံကြည်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် များစွာ ထိခိုက်လာစေခဲ့သည်။

အာဏာပိုင်တို့က အိမ်ခြံမြေဝယ်လိုအား မြှင့်တင်ပေးနိုင်ရန်အတွက် အိမ်ခြံမြေချေးငွေ အတိုးနှုန်း လျှော့ချ ပေးခြင်းအပြင် အခြားဆောင်ရွက်ပေးမှု များစွာပြုလုပ်ခဲ့သော်လည်း နေအိမ်များ အချိန်မီ မအပ်နှံမည်ကို စိုးရိမ်ကြသောကြောင့် အိမ်ခြံမြေဝယ်မည့်သူတို့မှာ လက်ရှောင်နေကြဆဲ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China developer returns buyers' deposits for unfinished homes, local media says (nst)

 

[Zawgyi]

တရုတ္ျပည္၊ နန္က်င္းျမိဳ႕တြင္ အျပီးမသတ္ခဲ့ေသာ အိမ္ရာစီမံကိန္းအတြက္ developer က ဝယ္လက္တို႔အား ေပးသြင္းေငြ ျပန္အမ္းလိုက္ရသည့္ျဖစ္ရပ္

 

တရုတ္ျပည္တြင္ အျပီးသတ္ မေဆာက္လုပ္ႏိုင္ခဲ့ေသာ အိမ္ရာစီမံကိန္းတစ္ခုမွ တိုက္ခန္းမ်ားအတြက္ စရံေငြ ေပးသြင္းထားသူမ်ားအား developer က ေငြျပန္အမ္းခဲ့ရာတြင္ ေဒသအာဏာပိုင္တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ ေၾကာင္း ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

နန္က်င္းျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ပူးေပါင္းေဆာင္ရြက္ခဲ့ေသာ ေငြျပန္အမ္းျခင္း အစီအစဥ္သည္ တရုတ္ျပည္တြင္ ပထမဆံုးျဖစ္ရပ္ျဖစ္ေၾကာင္း New Beijing News သတင္းဌာနက ေဖာ္ျပသည္။

ယခုေျခလွမ္းမွာ အျခားေသာ ျမိဳ႕မ်ားရွိ အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ developer တို႔အေနျဖင့္ အျပီးမသတ္ႏိုင္ေသာ အိမ္ျခံေျမစီမံကိန္းမ်ားအတြက္ အလားတူ ေျဖရွင္းၾကရန္ နမူနာသာဓကတစ္ခု ျဖစ္လာႏိုင္သည္။

၂၀၂၁ ခုႏွစ္မွစျပီး တရုတ္ျပည္တဝန္းရွိ အိမ္ျခံေျမ developer မ်ားစြာတို႔သည္ အေၾကြးမဆပ္ႏိုင္ျခင္းမ်ား ေၾကာင့္ ေဆာက္လုပ္ေရးစီမံကိန္းမ်ားကို အျပီးသတ္ေဆာက္လုပ္ႏိုင္ျခင္း မရွိမႈႏွင့္ ရင္ဆိုင္ေနရသည္။

အိမ္ျခံေျမ developer တို႔အေနျဖင့္ ထိုျပႆနာကို ေျဖရွင္းေပးရန္ႏွင့္ လူမႈတည္ျငိမ္ေရးအတြက္ ဝယ္လက္မ်ားထံ ေနအိမ္မ်ားအပ္ႏွံရန္ အာဏာပိုင္တို႔က တိုက္တြန္းထားသည္။

တရုတ္ျပည္အေရွ႕ပိုင္း နန္က်င္းျမိဳ႕တြင္ Zhujiang Siji Yuecheng အမည္ရွိ အိမ္ရာစီမံကိန္းတစ္ခုတြင္ တိုက္ခန္းမ်ား ဝယ္ယူထားသူ ၄၂ ဦးအနက္ ၃၃ ဦးသည္ ၎တို႔၏ အခန္းမ်ားကို developer အား ျပန္အပ္ရန္ႏွင့္ လက္ငင္းေပးသြင္းေငြ ျပန္လည္ရယူရန္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကေၾကာင္း New Beijing News သတင္းဌာနက ေဖာ္ျပသည္။

ထိုစီမံကိန္းမွ အခန္းမ်ားကို ၂၀၂၂ ခုႏွစ္၊ ဧျပီလတြင္ ၾကိဳပြိဳင့္စတင္ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ထိုစီမံကိန္းအတြက္ အေရာင္းဝင္ေငြမ်ားကို စီမံကိန္းအတြက္ သံုးစြဲျခင္းမျပဳဘဲ အျခားကိစၥရပ္မ်ားအတြက္ သံုးစြဲျခင္း မျပဳလုပ္ေစရန္ အပ္ႏွံထားေသာ “ယံုအပ္ေငြစာရင္း” (escrow account) ရွိ ယြမ္ေငြ ၅၀ ဒသမ ၆၇ သန္း (ကန္ေဒၚလာ ၇ သန္း) ကို ဝယ္လက္တို႔အား ျပန္အမ္းရာတြင္ အသံုးျပဳရန္ အာဏာပိုင္တို႔က ခြင့္ျပဳခဲ့ သည္။

ယံုအပ္ေငြစာရင္းကို ဘဏ္တို႔က ေစာင့္ၾကည့္ေလ့ရွိျပီး ေဆာက္လုပ္ေရးစီမံကိန္းအတြက္သာ အသံုးျပဳခြင့္ ေပးၾကသည္။

အဆိုပါ ေဆာက္လုပ္ေရးစီမံကိန္း၏ ပင္မ ကန္ထရိုက္တာ Jiangsu Suzhong Construction Group သည္ ေငြျဖစ္လြယ္မႈျပႆနာမ်ားႏွင့္ ရင္ဆိုင္ရျပီးေနာက္ ၂၀၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ စီမံကိန္း ရပ္တန္႔သြားခဲ့သည္။

တရုတ္ျပည္ အိမ္ျခံေျမေလာက အက်ပ္အတည္းေၾကာင့္ ဘ႑ာေရးအက်ပ္ဆိုက္ကာ အေမရိကန္တြင္ ေဒဝါလီခံခဲ့ရျပီး ေဟာင္ေကာင္တြင္ ကုမၸဏီဖ်က္သိမ္းခဲ့ရေသာ တရုတ္ထိပ္သီး အိမ္ျခံေျမ developer ျဖစ္သည့္ Evergrande Group ၏ ပင္မ supplier ကုမၸဏီလည္း ျဖစ္သည္။

တရုတ္ အိမ္ျခံေျမ developer တို႔အၾကား ေၾကြးျမီျပႆနာေၾကာင့္ ၾကိဳပြိဳင့္စီမံကိန္းမ်ား အျပီးမသတ္ႏိုင္မႈ မ်ားစြာ ေပၚေပါက္လာရာ အိမ္ျခံေျမေစ်းႏႈန္း၊ ဝယ္လက္တို႔၏ ယံုၾကည္မႈႏွင့္ စီးပြားေရးဖြံ႔ျဖိဳးမႈတို႔အေပၚ မ်ားစြာ ထိခိုက္လာေစခဲ့သည္။

အာဏာပုိင္တို႔က အိမ္ျခံေျမဝယ္လိုအား ျမွင့္တင္ေပးႏိုင္ရန္အတြက္ အိမ္ျခံေျမေခ်းေငြ အတိုးႏႈန္း ေလွ်ာ့ခ် ေပးျခင္းအျပင္ အျခားေဆာင္ရြက္ေပးမႈ မ်ားစြာျပဳလုပ္ခဲ့ေသာ္လည္း ေနအိမ္မ်ား အခ်ိန္မီ မအပ္ႏွံမည္ကို စိုးရိမ္ၾကေသာေၾကာင့္ အိမ္ျခံေျမဝယ္မည့္သူတုိ႔မွာ လက္ေရွာင္ေနၾကဆဲ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China developer returns buyers' deposits for unfinished homes, local media says (nst)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service