၅ ဒေါ်လာတန် လိမ္မော်ရည်ဘူး ဝယ်လာသော ခင်ပွန်းဖြစ်သူကို ဈေးကြီးသည်ဟုဆိုကာ ဇနီးဖြစ်သူက ပြန်ပေးခိုင်းသောကြောင့် ဆိုင်တွင် ပြန်ပေးခဲ့ရာမှ ဒေါ်လာ ၃၁၅ သန်း ရရှိသွားသော အမေရိကန်ပြည်မှ အမျိုးသားတစ်ဦးအကြောင်း

၅ ဒေါ်လာတန် လိမ္မော်ရည်ဘူး ဝယ်လာသော ခင်ပွန်းဖြစ်သူကို ဈေးကြီးသည်ဟုဆိုကာ ဇနီးဖြစ်သူက ပြန်ပေးခိုင်းသောကြောင့် ဆိုင်တွင် ပြန်ပေးခဲ့ရာမှ ဒေါ်လာ ၃၁၅ သန်း ရရှိသွားသော အမေရိကန်ပြည်မှ အမျိုးသားတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
13 Aug 2024 12:17 pm တွင် တင်ခဲ့သည်
3574 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တာယစ် ဆိုအာမီ၏ ဇနီးက ခင်ပွန်းဖြစ်သူဝယ်လာသော လိမ္မော်ရည်တစ်ကဒ်ကို ဈေးကြီးသည်ဟုဆိုကာ ဆိုင်သို့ ပြန်ပေးခိုင်းခဲ့သည်။

ထိုသို့ ငွေခြိုးခြံချွေတာသည့် လုပ်ဆောင်မှုကြောင့် ကန်ဒေါ်လာ ၃၁၅ သန်း ပိုင်ဆိုင်သည့်ဘဝသို့ ဦးတည်စေမည်ဟု ဇနီးမောင်နှံ ၂ ဦးလုံး မသိခဲ့ကြ။

ဆိုအာမီသည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် နေထိုင်ပြီး ကလေး ၂ ဦး၏ ဖခင်လည်း ဖြစ်သည်။

အစားအသောက် တင်သွင်းသည့် ကုမ္ပဏီတစ်ခုတွင် ဆိုအာမီက စာရင်းကိုင်အဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သော်လည်း ငွေကြေးမချောင်လည်ကြ။

ထိုစဉ်က ဆိုအာမီမှာ အသက် ၅၆ နှစ်အရွယ်ဖြစ်ပြီး ကလေးများ၏ ကောလိပ်ကျောင်းစရိတ်အတွက် အိမ်ကို ပေါင်ထားရသည်။

ထို့ကြောင့် ၎င်းတို့ဇနီးမောင်နှံ ၂ ဦးမှာ အသုံးစရိတ်ကို အစွမ်းကုန် ခြိုးခြံချွေတာနေရသည်။

သို့အတွက်ပင် ဆိုအာမီက ၅ ဒေါ်လာတန် လိမ္မော်ရည်ဘူး ဝယ်လာသောအခါ ဇနီးဖြစ်သူက ဈေးကြီးလွန်း သည်ဟုဆိုကာ ပြန်ပေးခိုင်းခြင်း ဖြစ်သည်။

နယူးဂျာစီပြည်နယ်၊ Bergen ခရိုင် Little Ferry မြို့လေးရှိ အိမ်မှ ဆိုအာမီတစ်ယောက် တုံ့ဆိုင်းသော ခြေလှမ်း များဖြင့် ကားမောင်းကာ ထွက်လာခဲ့ပြီး ထိုခရိုင်တွင်ပင်ရှိသော Hackensack မြို့လေးမှ ShopRite ဆိုင်သို့ ဦးတည်ခဲ့သည်။

အချိန်ကား ၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်။

ယင်းနောက် လိမ္မော်ရည်ဘူးများ ပြန်ပေးရန် တန်းစီ စောင့်ဆိုင်းရသည်။

ထိုသို့ တန်းစီနေစဉ် Powerball Jackpot ထီဆုကြီး ကံစမ်းရန် ရေးသားထားသည့် ကြော်ငြာတစ်ခုကို ဖတ်လိုက်မိသည်။

ဆိုအာမီလည်း ကံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့၏။

ဆိုင်ဝန်ထမ်းက လိမ္မော်ရည်အတွက် ငွေပြန်အမ်းပေးချိန်တွင် ဆိုအာမီက ထိုငွေဖြင့် ထီလက်မှတ် ၂ စောင် ဝယ်ယူလိုက်သည်။

(ဒေါ်လာ ၃၁၅ သန်းတန် အပြုံး။ ဓာတ်ပုံ-YouTube)

ထီပေါက်ရန် ဆိုအာမီက မျှော်လင့်ချက်မထား။

ထီထိုးပြီး ထီတိုက်ရန် သတိမရခဲ့။

နောက်ရက်တွင် ကားရေဆေးဆိုင်သို့ ထွက်လာခဲ့ရင်း 7 Eleven စတိုးဆိုင်ကို တွေ့ချိန်၌ ထီတိုက်ကြည့်ရန် သတိရသွားသည်။

ဆိုင်ရှိ ထီလက်မှတ်စက်တွင် သူ၏ထီလက်မှတ်ကို scan ဖတ်ကြည့်လိုက်သည်။

ပထမတစ်စောင်မှာ ထီမပေါက်ချေ။

သို့သော် ဒုတိယထီလက်မှတ်ကို scan ဖတ်လိုက်ချိန်တွင် စက်၏ screen ၌ “အရောင်းဆိုင်အား စစ်ဆေးကြည့်ခိုင်းပါ” ဟု စာပေါ်လာသည်ကို တွေ့ရသည်။

ဆိုအာမီက စက်ချို့ယွင်းနေသည်ဟုထင်သည်။

ထို့ကြောင့် ငွေကိုင်အား ထီလက်မှတ်ကို ပြကာ စက်ချို့ယွင်းနေသည်ဟု ထင်ကြောင်း ပြောလိုက်၏။

ဆိုင်ဝန်ထမ်းလည်း သူ၏ စက်တွင် စစ်ဆေးကြည့်ပြီးနောက် ချက်ချင်းပင် “အိုး ဘုရားသခင်” ဟု ဘုရားတလိုက်၏။

ယင်းနောက် သူမက ဆိုအာမီအား ထီဆုကြီး ပေါက်နေကြောင်း၊ ဆုကြေး အလွန်များကြောင်း ပြောလိုက်သည်။

ထိုအချိန်တွင်မှ ဆိုအာမီက ဒေါ်လာ သန်းရာချီ ထီပေါက်နေကြောင်း သိလိုက်ရသည်။

သတင်းစာရှင်းလင်းပွဲတွင် ဆိုအာမီက မီဒီယာတို့ကို ပြောသည်မှာ ကံထူးသော ငွေများကို အသက် ၂၀ နှင့် ၁၇ နှစ် အရွယ်များရှိသော သားနှင့် သမီး၏ ပညာရေးအတွက် အဓိကသုံးစွဲမည်ဖြစ်ကြောင်း ပြောသည်။

၎င်းတို့ ဇနီးမောင်နှံ မည်သို့ ခမ်းခမ်းနားနား နေထိုင်မည်ဟု ဆိုအာမီက ပြောဆိုခြင်းမရှိသော်လည်း အချိုရည်များ ပိုသောက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

“အခု ကျွန်တော် လိမ္မော်ရည်ကို ချစ်နေပါပြီ” ဟု ဆိုအာမီက ရယ်မောရင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man takes back orange juice to shop and leaves with $315 million (indy100)

 

[Zawgyi]

၅ ေဒၚလာတန္ လိေမၼာ္ရည္ဘူး ဝယ္လာေသာ ခင္ပြန္းျဖစ္သူကို ေစ်းၾကီးသည္ဟုဆိုကာ ဇနီးျဖစ္သူက ျပန္ေပးခိုင္းေသာေၾကာင့္ ဆိုင္တြင္ ျပန္ေပးခဲ့ရာမွ ေဒၚလာ ၃၁၅ သန္း ရရွိသြားေသာ အေမရိကန္ျပည္မွ အမ်ဳိးသားတစ္ဦးအေၾကာင္း

 

တာယစ္ ဆိုအာမီ၏ ဇနီးက ခင္ပြန္းျဖစ္သူဝယ္လာေသာ လိေမၼာ္ရည္တစ္ကဒ္ကို ေစ်းၾကီးသည္ဟုဆိုကာ ဆိုင္သို႔ ျပန္ေပးခိုင္းခဲ့သည္။

ထိုသို႔ ေငြျခိဳးျခံေခၽြတာသည့္ လုပ္ေဆာင္မႈေၾကာင့္ ကန္ေဒၚလာ ၃၁၅ သန္း ပုိင္ဆိုင္သည့္ဘဝသုိ႔ ဦးတည္ေစမည္ဟု ဇနီးေမာင္ႏွံ ၂ ဦးလံုး မသိခဲ့ၾက။

ဆိုအာမီသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္တြင္ ေနထုိင္ျပီး ကေလး ၂ ဦး၏ ဖခင္လည္း ျဖစ္သည္။

အစားအေသာက္ တင္သြင္းသည့္ ကုမၸဏီတစ္ခုတြင္ ဆိုအာမီက စာရင္းကိုင္အျဖစ္ လုပ္ကိုင္ေနျခင္း ျဖစ္ေသာ္လည္း ေငြေၾကးမေခ်ာင္လည္ၾက။

ထိုစဥ္က ဆိုအာမီမွာ အသက္ ၅၆ ႏွစ္အရြယ္ျဖစ္ျပီး ကေလးမ်ား၏ ေကာလိပ္ေက်ာင္းစရိတ္အတြက္ အိမ္ကို ေပါင္ထားရသည္။

ထို႔ေၾကာင့္ ၎တို႔ဇနီးေမာင္ႏွံ ၂ ဦးမွာ အသံုးစရိတ္ကို အစြမ္းကုန္ ျခိဳးျခံေခၽြတာေနရသည္။

သို႔အတြက္ပင္ ဆိုအာမီက ၅ ေဒၚလာတန္ လိေမၼာ္ရည္ဘူး ဝယ္လာေသာအခါ ဇနီးျဖစ္သူက ေစ်းၾကီးလြန္း သည္ဟုဆိုကာ ျပန္ေပးခိုင္းျခင္း ျဖစ္သည္။

နယူးဂ်ာစီျပည္နယ္၊ Bergen ခရိုင္ Little Ferry ျမိဳ႕ေလးရွိ အိမ္မွ ဆိုအာမီတစ္ေယာက္ တံု႔ဆိုင္းေသာ ေျခလွမ္း မ်ားျဖင့္ ကားေမာင္းကာ ထြက္လာခဲ့ျပီး ထိုခရိုင္တြင္ပင္ရွိေသာ Hackensack ျမိဳ႕ေလးမွ ShopRite ဆိုင္သို႔ ဦးတည္ခဲ့သည္။

အခ်ိန္ကား ၂၀၁၈ ခုႏွစ္၊ ေမလ ၁၉ ရက္။

ယင္းေနာက္ လိေမၼာ္ရည္ဘူးမ်ား ျပန္ေပးရန္ တန္းစီ ေစာင့္ဆိုင္းရသည္။

ထိုသို႔ တန္းစီေနစဥ္ Powerball Jackpot ထီဆုၾကီး ကံစမ္းရန္ ေရးသားထားသည့္ ေၾကာ္ျငာတစ္ခုကို ဖတ္လိုက္မိသည္။

ဆိုအာမီလည္း ကံစမ္းၾကည့္ရန္ ဆံုးျဖတ္ခဲ့၏။

ဆိုင္ဝန္ထမ္းက လိေမၼာ္ရည္အတြက္ ေငြျပန္အမ္းေပးခ်ိန္တြင္ ဆိုအာမီက ထိုေငြျဖင့္ ထီလက္မွတ္ ၂ ေစာင္ ဝယ္ယူလိုက္သည္။

(ေဒၚလာ ၃၁၅ သန္းတန္ အျပံဳး။ ဓာတ္ပံု-YouTube)

ထီေပါက္ရန္ ဆိုအာမီက ေမွ်ာ္လင့္ခ်က္မထား။

ထီထိုးျပီး ထီတိုက္ရန္ သတိမရခဲ့။

ေနာက္ရက္တြင္ ကားေရေဆးဆုိင္သို႔ ထြက္လာခဲ့ရင္း 7 Eleven စတိုးဆိုင္ကို ေတြ႔ခ်ိန္၌ ထီတိုက္ၾကည့္ရန္ သတိရသြားသည္။

ဆိုင္ရွိ ထီလက္မွတ္စက္တြင္ သူ၏ထီလက္မွတ္ကို scan ဖတ္ၾကည့္လုိက္သည္။

ပထမတစ္ေစာင္မွာ ထီမေပါက္ေခ်။

သို႔ေသာ္ ဒုတိယထီလက္မွတ္ကို scan ဖတ္လိုက္ခ်ိန္တြင္ စက္၏ screen ၌ “အေရာင္းဆိုင္အား စစ္ေဆးၾကည့္ခိုင္းပါ” ဟု စာေပၚလာသည္ကို ေတြ႔ရသည္။

ဆိုအာမီက စက္ခ်ဳိ႕ယြင္းေနသည္ဟုထင္သည္။

ထို႔ေၾကာင့္ ေငြကိုင္အား ထီလက္မွတ္ကို ျပကာ စက္ခ်ဳိ႕ယြင္းေနသည္ဟု ထင္ေၾကာင္း ေျပာလိုက္၏။

ဆိုင္ဝန္ထမ္းလည္း သူ၏ စက္တြင္ စစ္ေဆးၾကည့္ျပီးေနာက္ ခ်က္ခ်င္းပင္ “အိုး ဘုရားသခင္” ဟု ဘုရားတလိုက္၏။

ယင္းေနာက္ သူမက ဆိုအာမီအား ထီဆုၾကီး ေပါက္ေနေၾကာင္း၊ ဆုေၾကး အလြန္မ်ားေၾကာင္း ေျပာလိုက္သည္။

ထိုအခ်ိန္တြင္မွ ဆိုအာမီက ေဒၚလာ သန္းရာခ်ီ ထီေပါက္ေနေၾကာင္း သိလုိက္ရသည္။

သတင္းစာရွင္းလင္းပြဲတြင္ ဆိုအာမီက မီဒီယာတို႔ကို ေျပာသည္မွာ ကံထူးေသာ ေငြမ်ားကို အသက္ ၂၀ ႏွင့္ ၁၇ ႏွစ္ အရြယ္မ်ားရွိေသာ သားႏွင့္ သမီး၏ ပညာေရးအတြက္ အဓိကသံုးစြဲမည္ျဖစ္ေၾကာင္း ေျပာသည္။

၎တို႔ ဇနီးေမာင္ႏွံ မည္သုိ႔ ခမ္းခမ္းနားနား ေနထုိင္မည္ဟု ဆိုအာမီက ေျပာဆိုျခင္းမရွိေသာ္လည္း အခ်ဳိရည္မ်ား ပိုေသာက္ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း ေျပာသည္။

“အခု ကၽြန္ေတာ္ လိေမၼာ္ရည္ကို ခ်စ္ေနပါျပီ” ဟု ဆိုအာမီက ရယ္ေမာရင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man takes back orange juice to shop and leaves with $315 million (indy100)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service