နယူးဇီလန်မှ သူဌေးကြီးတစ်ဦးက နေအိမ်ပိုင်ဆိုင်ရန် ကြိုးစားနေသူများကို တစ်ဦးလျှင် ဒေါ်လာ ၁၅၀,၀၀၀ နှုန်းဖြင့် ဒေါ်လာ ၂၅ သန်းကျော် လှူဒါန်းသွားမည်ဟု ကြေညာ

နယူးဇီလန်မှ သူဌေးကြီးတစ်ဦးက နေအိမ်ပိုင်ဆိုင်ရန် ကြိုးစားနေသူများကို တစ်ဦးလျှင် ဒေါ်လာ ၁၅၀,၀၀၀ နှုန်းဖြင့် ဒေါ်လာ ၂၅ သန်းကျော် လှူဒါန်းသွားမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
12 Aug 2024 2:41 pm တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သန်းကြွယ်သူဌေးကြီးတစ်ဦးသည် ဘဝတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေသူများအား ကူညီရန်အတွက် သူ၏ ပိုင်ဆိုင်မှုများ အလုံးအရင်း ပေးကမ်းလှူဒါန်းရန် စီစဉ်နေသည်။

နယူးဇီလန်နိုင်ငံသား အသက် ၇၅ နှစ်အရွယ်ရှိ သူဌေးကြီး ရော်ဂျာ ဖြူးထရဲလ် (Roger Fewtrell) က နယူးဇီလန်နိုင်ငံ၊ Dunedin မြို့တွင် နေထိုင်သူများအား နေအိမ်ပိုင်ဆိုင်နိုင်ရေးအတွက် ဒေါ်လာ ၂၅ သန်း ပေးဝေလှူဒါန်းသွားမည်ဟု ကတိပြုလာသည်။

သူ၏ ကုမ္ပဏီမှ ဆောက်လုပ်ပေးမည့် နေအိမ်များအတွက် လူတစ်ဦးလျှင် ဒေါ်လာ ၁၅၀,၀၀၀ စီဖြင့် လူ ၂၅၀ ဦးကျော် လှူဒါန်းရန် ရော်ဂျာ ဖြူးထရဲလ်က စီစဉ်ထားသည်။

နေအိမ်များ အရစ်ကျဝယ်ယူရာတွင် လက်ငင်းပေးသွင်းရမည့်ငွေ စုဆောင်းရေးအတွက် ရုန်းကန်နေရသော Kiwi (နယူးဇီလန် နိုင်ငံသား) တို့အား ကူညီပေးနိုင်ရန် ရော်ဂျာက ရည်မှန်းခြင်း ဖြစ်သည်။

နေအိမ်များမှာ စတုရန်းမီတာ ၄၀၀ မှ ၅၀၀ ကြား ကျယ်ဝန်းမည့် လုံးချင်းအိမ်များဖြစ်ပြီး တိုက်ခန်းအချို့လည်း ဆောက်လုပ်သွားရန် ရော်ဂျာက စီစဉ်ထားသည်။

“ကျွန်တော်က အကျပ်ဆိုက်နေသူတွေကို စားစရာ အနည်းအကျဉ်းလောက် ဝေငှပေးတဲ့သူမျိုး မဟုတ်ပါဘူး” ဟု ရော်ဂျာက Otago Daily Times သတင်းဌာနသို့ ပြောသည်။

“ဒီခြေလှမ်းရဲ့ ရည်ရွယ်ချက်က နေအိမ်ပိုင်ဆိုင်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားနေရသူတွေကို ကူညီပေးဖို့ပါပဲ”

မစ္စတာ ရော်ဂျာ ဖြူးထရဲလ်သည် ပရဟိတအဖွဲ့တစ်ခုလည်း တည်ထောင်ထားပြီး နေအိမ်အမိုးသစ် လဲလှယ်ခြင်း၊ မှန်နှစ်ထပ် ပြတင်းတပ်ဆင်ခြင်း၊ အပူပေးပန့်များ တပ်ခြင်းကဲ့သို့ နေအိမ်မွမ်းမံမှုများ လျှောက်ထားကြရန်လည်း ဖိတ်ခေါ်ထားသည်။

 

(သန်းကြွယ်သူဌေးကြီးတစ်ဦးသည် ဘဝတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေသူများအား ကူညီရန်အတွက် သူ၏ ပိုင်ဆိုင်မှုများ အလုံးအရင်း ပေးကမ်းလှူဒါန်းရန် စီစဉ်နေသည်။ ပုံတွင် တွေ့ရသည်မှာ ဂီတပွဲတော်တစ်ခုသို့ ရောက်ရှိနေသာ သြစတေးလျလူငယ်များဖြစ်သည်)

 

(နေအိမ်များမှာ စတုရန်းမီတာ ၄၀၀ မှ ၅၀၀ ကြား ကျယ်ဝန်းမည့် လုံးချင်းအိမ်များဖြစ်ပြီး တိုက်ခန်းအချို့လည်း ဆောက်လုပ်သွားရန် ရော်ဂျာက စီစဉ်ထားသည်။)

 

 ထောက်ပံ့ငွေ ရယူလိုသူများအနေဖြင့် ရော်ဂျာ ဖြူးထရဲလ်၏ ပရဟိတအဖွဲ့ထံမှ တဆင့် လျှောက်လွှာတင်သွင်း လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာတွင် မေးမြန်းထားသည့် မေးခွန်းများမှာ အိမ်ခြံမြေချေးငွေ လျှောက်ထားရာတွင် မေးမြန်းသည့် မေးခွန်းများနှင့် ဆင်တူသည်။

လျှောက်ထားသူများအနေဖြင့် မိမိတို့တွင် အလုပ်ရှိကြောင်း၊ အိမ်ခြံမြေချေးငွေကို အရစ်ကျ ပြန်လည်ပေးဆပ် နိုင်ကြောင်း သက်သေပြရမည့်အပြင် လက်ငင်းပေးသွင်းငွေအတွက် စုဆောင်းထားငွေအချို့ ရှိရန်လည်း လိုအပ်မည် ဖြစ်သည်။

ငွေကြေးအကျိုးအမြတ်မျှော်ကိုးကာ နေအိမ်ဝယ်ယူမည့်သူများကို ဟန့်တားရန်အတွက်လည်း ရော်ဂျာက စည်းမျဉ်းတစ်ခု သတ်မှတ်ထားသည်။

နေအိမ်ဝယ်ယူခွင့်ရရှိသော လျှောက်ထားသူတို့သည် ဝယ်ယူပြီးနောက် ၃ နှစ်အတွင်း ပြန်လည်ရောင်းချမည် ဆိုပါက ရော်ဂျာ ဖြူးထရဲလ်ကိုသာ ပြန်ရောင်းရမည်ဖြစ်ပြီး ဝယ်ယူစဉ်က ပေးခဲ့ရသည့် တန်ဖိုးအတိုင်းသာ ရရှိမည်ဟု ဆိုသည်။

 

(ပထမဆုံး အိမ်ဝယ်မည့်သူများကို ဒေါ်လာ ၂၅ သန်းလှူဒါန်းမည့် သူဌေးကြီး ရော်ဂျာ ဖြူးထရဲလ်)

ဝယ်ယူပြီး ၃ နှစ်နောက်ပိုင်းတွင်ကား လွတ်လပ်စွာ ရောင်းချခွင့်ရှိမည်ဖြစ်သည်။

ရော်ဂျာက နေအိမ်များ ပုံစံတူ မဖြစ်စေရေးအတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၆ ခု ငှားရမ်းထားသည်။

မိမိကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်သည့်ငွေအားလုံးကို ပရဟိတအဖွဲ့များထံ လှူဒါန်းသွားမည်ဟုလည်း ရော်ဂျာက ကတိပြုထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why a multimillionaire has decided to give away a huge chunk of his fortune to help strangers buy their first home (dailymail)

 

 

[Zawgyi]

နယူးဇီလန္မွ သူေဌးၾကီးတစ္ဦးက ေနအိမ္ပိုင္ဆိုင္ရန္ ၾကိဳးစားေနသူမ်ားကို တစ္ဦးလွ်င္ ေဒၚလာ ၁၅၀,၀၀၀ ႏႈန္းျဖင့္ ေဒၚလာ ၂၅ သန္းေက်ာ္ လွဴဒါန္းသြားမည္ဟု ေၾကညာ

သန္းၾကြယ္သူေဌးၾကီးတစ္ဦးသည္ ဘဝတြင္ ပထမဆံုးေနအိမ္တစ္လံုး ပုိင္ဆိုင္ႏိုင္ရန္ ၾကိဳးစားေနသူမ်ားအား ကူညီရန္အတြက္ သူ၏ ပိုင္ဆိုင္မႈမ်ား အလံုးအရင္း ေပးကမ္းလွဴဒါန္းရန္ စီစဥ္ေနသည္။

နယူးဇီလန္ႏိုင္ငံသား အသက္ ၇၅ ႏွစ္အရြယ္ရွိ သူေဌးၾကီး ေရာ္ဂ်ာ ျဖဴးထရဲလ္ (Roger Fewtrell) က နယူးဇီလန္ႏိုင္ငံ၊ Dunedin ျမိဳ႕တြင္ ေနထိုင္သူမ်ားအား ေနအိမ္ပိုင္ဆိုင္ႏိုင္ေရးအတြက္ ေဒၚလာ ၂၅ သန္း ေပးေဝလွဴဒါန္းသြားမည္ဟု ကတိျပဳလာသည္။

သူ၏ ကုမၸဏီမွ ေဆာက္လုပ္ေပးမည့္ ေနအိမ္မ်ားအတြက္ လူတစ္ဦးလွ်င္ ေဒၚလာ ၁၅၀,၀၀၀ စီျဖင့္ လူ ၂၅၀ ဦးေက်ာ္ လွဴဒါန္းရန္ ေရာ္ဂ်ာ ျဖဴးထရဲလ္က စီစဥ္ထားသည္။

ေနအိမ္မ်ား အရစ္က်ဝယ္ယူရာတြင္ လက္ငင္းေပးသြင္းရမည့္ေငြ စုေဆာင္းေရးအတြက္ ရုန္းကန္ေနရေသာ Kiwi (နယူးဇီလန္ ႏိုင္ငံသား) တို႔အား ကူညီေပးႏိုင္ရန္ ေရာ္ဂ်ာက ရည္မွန္းျခင္း ျဖစ္သည္။

ေနအိမ္မ်ားမွာ စတုရန္းမီတာ ၄၀၀ မွ ၅၀၀ ၾကား က်ယ္ဝန္းမည့္ လံုးခ်င္းအိမ္မ်ားျဖစ္ျပီး တိုက္ခန္းအခ်ဳိ႕လည္း ေဆာက္လုပ္သြားရန္ ေရာ္ဂ်ာက စီစဥ္ထားသည္။

“ကၽြန္ေတာ္က အက်ပ္ဆိုက္ေနသူေတြကို စားစရာ အနည္းအက်ဥ္းေလာက္ ေဝငွေပးတဲ့သူမ်ဳိး မဟုတ္ပါဘူး” ဟု ေရာ္ဂ်ာက Otago Daily Times သတင္းဌာနသို႔ ေျပာသည္။

“ဒီေျခလွမ္းရဲ႕ ရည္ရြယ္ခ်က္က ေနအိမ္ပိုင္ဆိုင္ေရးအတြက္ ခက္ခက္ခဲခဲ ၾကိဳးစားေနရသူေတြကို ကူညီေပးဖုိ႔ပါပဲ”

မစၥတာ ေရာ္ဂ်ာ ျဖဴးထရဲလ္သည္ ပရဟိတအဖြဲ႔တစ္ခုလည္း တည္ေထာင္ထားျပီး ေနအိမ္အမိုးသစ္ လဲလွယ္ျခင္း၊ မွန္ႏွစ္ထပ္ ျပတင္းတပ္ဆင္ျခင္း၊ အပူေပးပန္႔မ်ား တပ္ျခင္းကဲ့သို႔ ေနအိမ္မြမ္းမံမႈမ်ား ေလွ်ာက္ထားၾကရန္လည္း ဖိတ္ေခၚထားသည္။

(သန္းၾကြယ္သူေဌးၾကီးတစ္ဦးသည္ ဘဝတြင္ ပထမဆံုးေနအိမ္တစ္လံုး ပုိင္ဆိုင္ႏိုင္ရန္ ၾကိဳးစားေနသူမ်ားအား ကူညီရန္အတြက္ သူ၏ ပိုင္ဆိုင္မႈမ်ား အလံုးအရင္း ေပးကမ္းလွဴဒါန္းရန္ စီစဥ္ေနသည္။ ပံုတြင္ ေတြ႔ရသည္မွာ ဂီတပြဲေတာ္တစ္ခုသို႔ ေရာက္ရွိေနသာ ၾသစေတးလ်လူငယ္မ်ားျဖစ္သည္)

(ေနအိမ္မ်ားမွာ စတုရန္းမီတာ ၄၀၀ မွ ၅၀၀ ၾကား က်ယ္ဝန္းမည့္ လံုးခ်င္းအိမ္မ်ားျဖစ္ျပီး တိုက္ခန္းအခ်ဳိ႕လည္း ေဆာက္လုပ္သြားရန္ ေရာ္ဂ်ာက စီစဥ္ထားသည္။)

ေထာက္ပံ့ေငြ ရယူလိုသူမ်ားအေနျဖင့္ ေရာ္ဂ်ာ ျဖဴးထရဲလ္၏ ပရဟိတအဖြဲ႔ထံမွ တဆင့္ ေလွ်ာက္လႊာတင္သြင္း ေလွ်ာက္ထားရမည္ျဖစ္ျပီး ေလွ်ာက္လႊာတြင္ ေမးျမန္းထားသည့္ ေမးခြန္းမ်ားမွာ အိမ္ျခံေျမေခ်းေငြ ေလွ်ာက္ထားရာတြင္ ေမးျမန္းသည့္ ေမးခြန္းမ်ားႏွင့္ ဆင္တူသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ မိမိတို႔တြင္ အလုပ္ရွိေၾကာင္း၊ အိမ္ျခံေျမေခ်းေငြကို အရစ္က် ျပန္လည္ေပးဆပ္ ႏိုင္ေၾကာင္း သက္ေသျပရမည့္အျပင္ လက္ငင္းေပးသြင္းေငြအတြက္ စုေဆာင္းထားေငြအခ်ဳိ႕ ရွိရန္လည္း လိုအပ္မည္ ျဖစ္သည္။

ေငြေၾကးအက်ဳိးအျမတ္ေမွ်ာ္ကိုးကာ ေနအိမ္ဝယ္ယူမည့္သူမ်ားကို ဟန္႔တားရန္အတြက္လည္း ေရာ္ဂ်ာက စည္းမ်ဥ္းတစ္ခု သတ္မွတ္ထားသည္။

ေနအိမ္ဝယ္ယူခြင့္ရရွိေသာ ေလွ်ာက္ထားသူတုိ႔သည္ ဝယ္ယူျပီးေနာက္ ၃ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်မည္ ဆိုပါက ေရာ္ဂ်ာ ျဖဴးထရဲလ္ကိုသာ ျပန္ေရာင္းရမည္ျဖစ္ျပီး ဝယ္ယူစဥ္က ေပးခဲ့ရသည့္ တန္ဖုိးအတိုင္းသာ ရရွိမည္ဟု ဆိုသည္။

(ပထမဆံုး အိမ္ဝယ္မည့္သူမ်ားကို ေဒၚလာ ၂၅ သန္းလွဴဒါန္းမည့္ သူေဌးၾကီး ေရာ္ဂ်ာ ျဖဴးထရဲလ္)

ဝယ္ယူျပီး ၃ ႏွစ္ေနာက္ပိုင္းတြင္ကား လြတ္လပ္စြာ ေရာင္းခ်ခြင့္ရွိမည္ျဖစ္သည္။

ေရာ္ဂ်ာက ေနအိမ္မ်ား ပံုစံတူ မျဖစ္ေစေရးအတြက္ ေဆာက္လုပ္ေရးကုမၸဏီ ၆ ခု ငွားရမ္းထားသည္။

မိမိကြယ္လြန္ျပီးေနာက္ပိုင္း က်န္ရစ္သည့္ေငြအားလံုးကို ပရဟိတအဖြဲ႔မ်ားထံ လွဴဒါန္းသြားမည္ဟုလည္း ေရာ္္ဂ်ာက ကတိျပဳထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why a multimillionaire has decided to give away a huge chunk of his fortune to help strangers buy their first home (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service