ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံးအဖြစ် အိုလံပစ် (၂၀၂၄ ပဲရစ် ) ရွှေတံဆိပ်ဆုရ အမျိုးသား အားကစားသမား အား ဖိလစ်ပိုင် အိမ်ခြံမြေ developer ကုမ္ပဏီက ကန်ဒေါ်လာ ၅၅၅,၀၀၀ တန် ကွန်ဒိုတစ်ခန်း ဆုချီးမြှင့်
ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံးအဖြစ် အိုလံပစ် (၂၀၂၄ ပဲရစ် ) ရွှေတံဆိပ်ဆုရ အမျိုးသား အားကစားသမား အား ဖိလစ်ပိုင် အိမ်ခြံမြေ developer ကုမ္ပဏီက ကန်ဒေါ်လာ ၅၅၅,၀၀၀ တန် ကွန်ဒိုတစ်ခန်း ဆုချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
9 Aug 2024 10:22 am တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဖိလစ်ပိုင် ဂျွမ်းဘားကစားသမား Carlos Yulo သည် သြဂုတ်လ ၃ ရက်က ပြင်သစ်အိုလံပစ်ပွဲတော်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့ရာ ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံး အမျိုးသား အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့သည်။
ထို့နောက် ၂၄ နာရီအကြာတွင် ရွှေတံဆိပ်ထပ်မံရရှိရာ ဖိလစ်ပိုင်၏ ပထမဆုံးသော နှစ်ထပ်ကွမ်း ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်လာသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျွမ်းဘားကစားသမား Yulo သည် ရွှေတံဆိပ် ဆုတံဆိပ် ၂ ခုအပြင် ပရိဘောဂ အပြည့်အစုံ ထည့်သွင်းပေးထားသော ဒေါ်လာ ၅၅၀၀၀၀ တန်ကြေးရှိ ကွန်ဒိုတစ်ခန်းလည်း ရရှိသွားသည်။
မူလက Yulo အား ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ Taguig အရပ်ရှိ အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုခန်းကို ဆုချီးမြှင့်ရန် လျာထားခဲ့သည်။
ထိုအခန်းမှာ တန်ကြေး ဖိလစ်ပိုင်ပီဆို ၂၄ သန်း (ကန်ဒေါ်လာ ၄၁၅၀၀၀) တန်ကြေးရှိပြီး အိမ်ခြံမြေ developer ကုမ္ပဏီ Megaworld Corp က ပေးအပ်ခြင်း ဖြစ်သည်။
သို့သော် Yulo က ရွှေတံဆိပ်ဆု ၂ ခု ဆွတ်ခူးလိုက်သောကြောင့် Megaworld က ၎င်းတို့ပေးမည့်ဆုကို ပိုမိုတိုးမြှင့်လိုက်ကာ ပီဆို ၃၂ သန်း (ကန်ဒေါ်လာ ၅၅၃၃၄၅) တန်ကြေးရှိ အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုခန်း ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ပရိဘောဂအပြည့်အစုံ ထည့်သွင်းပေးထားသော ကွန်ဒိုခန်းဖြစ်ပြီး Megaworld က အကောင်အထည်ဖော် ခဲ့သော ဟက်တာ ၅၀ ကျယ်ဝန်းသည့် McKinley Hill အမည်ရှိ မြို့သစ်စီမံကိန်းတွင် တည်ရှိသည်။
McKinley Hill သည် ဖိလစ်ပိုင် ဘတ်စ်ကက်ဘောနှင့် ဘောလုံးအသင်းမှ နိုင်ငံလက်ရွေးစင်များအပြင် ကမ္ဘာ့အဆင့် အားကစားသမားများစွာ အခြေချနေထိုင်သောနေရာလည်း ဖြစ်သည်။
ထိုနေရာသည် ဖိလစ်ပိုင် ချန်ပီယံများအတွက် ပြီးပြည့်စုံသောနေရာဖြစ်ကြောင်း Megaworld ၏ ဥက္ကဌဖြစ်သူ Lourdes T.Gutierrez-Alfonso က ပြောသည်။
Megaworld သည် Yulo အား ကွန်ဒိုခန်းအပြင် ငွေသား ပီဆို ၃ သန်း (ကန်ဒေါ်လာ ၅၁၉၀၀) လည်း ဆုချီးမြှင့်မည် ဖြစ်သည်။
Megaworld အပြင် အခြားသော ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ခေါင်းဆောင်တို့ကလည်း ဆုချီးမြှင့်မှုများ ပြုလုပ်ထားသည်။
ဖိလစ်ပိုင်အစိုးရက ရွှေတံဆိပ်ဆုရှင်တို့ကို ပီဆို ၁၀ သန်း (ကန်ဒေါ်လာ ၁၇၃၀၀၀) ဆုချီးမြှင့်မည့်အပြင် ဖိလစ်ပိုင် အောက်လွှတ်တော်ကလည်း ပီဆို ၆ သန်း (ကန်ဒေါ်လာ ၁၀၃၇၀၀) ဆုချီးမြှင့်မည်ဟု ဆိုသည်။
Yulo မွေးဖွားကြီးပြင်းခဲ့သော ဖိလစ်ပိုင်၏ မြို့တော် မနီလာကလည်း Yulo အား သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုကြိုဆိုမှုလုပ်ရန် ပြင်ဆင်နေသည်။
“သူနဲ့ အိုလံပစ်ပြိုင်ပွဲဝင်ကစားသမားတွေကို အခမ်းနားဆုံးကြိုဆိုမှု ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ Carlos Yulo ကို ငွေသားဆုတွေ၊ ဆုချီးမြှင့်မှုတွေ၊ ဖိလစ်ပိုင်မြို့တော်ရဲ့ ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ ကျေးဇူးတင်မှု သင်္ကေတတွေ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု မြို့တော်ဝန် Honey Lacuna က BBC သတင်းဌာနသို့ ပြောသည်။
Yulo အား ဖိလစ်ပိုင် စားသောက်ဆိုင် များစွာက ဂုဏ်ပြုမည့် တသက်တာ အခမဲ့ဘူဖေးစားခွင့်၊ ဂျပန်ခေါက်ဆွဲ၊ ဖိလစ်ပိုင်ကြက်သားဟင်း၊ ကြက်ကင်တို့က စောင့်ဆိုင်းနေသည်။
ဆရာဝန်တစ်ဦးကလည်း Yulo အား အသက် ၄၅ နှစ်နောက်ပိုင်းမှစပြီး အူမကြီး မှန်ပြောင်းကြည့်ခြင်းနှင့် အစာအိမ်ရောဂါ တိုင်ပင်ဆွေးနွေးခြင်းများကို တသက်တာ အခမဲ့ဝန်ဆောင်မှု ပေးမည်ဟု ကတိပေးထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Philippines’ first male Olympic gold medalist in history given a fully furnished $555,000 condo to go with his medals (fortune)
Photo Credit:  nbcnews
[Zawgyi]
Photo Credit:  nbcnews
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service