လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မြို့လယ်မိုးမျှော်တိုက်ကြီးကို ဝယ်ယူရန်စီစဉ်

လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မြို့လယ်မိုးမျှော်တိုက်ကြီးကို ဝယ်ယူရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
8 Aug 2024 12:22 pm တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့သည် လော့စ်အိန်ဂျလိမြို့လယ်ရှိ အထင်ကရ ရုံးခန်း မိုးမျှော်တိုက်ကြီးဖြစ်သော Gas Company Tower ကို ဝယ်ယူရန် သဘောတူညီလိုက်သည်။

တရားရုံးမှ သိမ်းယူပြီး ရောင်းချခြင်းဖြစ်ကာ ကန်ဒေါ်လာ ၂၁၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က ရာဖြတ်တန်ဖိုးဖြစ်သော ကန်ဒေါ်လာ ၆၃၂ သန်းအောက် များစွာနည်းပါးသော ဈေးနှုန်းလည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း လော့စ်အိန်ဂျလိမြို့လယ်ရုံးခန်းတို့၏ တန်ဖိုး မည်မျှကျဆင်းသွားသည်ကို ယခုအရောင်းအဝယ် ဈေးနှုန်းက ပြသနေသည်။

သို့သော် ယခုအရောင်းအဝယ်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က အတည်ပြုရန် လိုအပ်နေသေးသည်။

ခရိုင်အိမ်ခြံမြေအရာရှိတို့က ယခုအရောင်းအဝယ်နှင့် စပ်လျဉ်းပြီး အပြင်းအထန် ဆွေးနွေးနေသည်။

အကယ်၍ အရောင်းအဝယ် အပြီးသတ်ခဲ့ပါက အလုပ်သမားများနှင့် အစိုးရဌာနများမှာ ရှိရင်းစွဲ ခရိုင်ရုံးများမှ ရွှေ့ပြောင်းပေးရနိုင်သည်။

ယင်းတို့ထဲတွင် ၁၉၆၀ ပြည့်နှစ်ကတည်းက ရုံးဖွင့်ခဲ့သော Kenneth Hahn Hall of Administration ရုံးလည်း အပါအဝင်ဖြစ်ကြောင်း ယခုအရောင်းအဝယ် အကြောင်း သိရှိထားသူ များစွာက လော့စ်အိန်ဂျလိတိုင်းမ် သတင်းဌာနသို့ ပြောကြားသည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အရောင်းအဝယ် အပြီးသတ်မလုပ်ဆောင်မီ အဆောက်အအုံ၏ ကြံ့ခိုင်မှု ပိုင်းနှင့် အခြားအကြောင်းရပ်များကို စစ်ဆေးနေကြောင်း၊ ထိုလုပ်ငန်းစဉ်မှာ ၂ လမှ ၃ လအထိ ကြာမြင့်နိုင်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။

လော့စ်အိန်ဂျလိတိုင်းမ် သတင်းဌာနသို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြောသည်မှာ ယခုမိုးမျှော်တိုက်ကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း Letter of interest တင်သွင်းထားကြောင်း ပြောသည်။

“မြို့လယ်နေရာမှာ ကူးသန်းရောင်းဝယ်ရေး အိမ်ခြံမြေတွေဟာ မျိုးဆက်တစ်ခုမှ တစ်ကြိမ်သာ ကြုံရမယ့် ဈေးနှုန်း လျှော့ချမှုတွေ တွေ့နေရပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ ပြည်သူ့ရန်ပုံငွေတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိတာကြောင့်Gas Company Tower လိုမျိုး အဆောက်အအုံကို ဝယ်ယူဖို့ ဖြစ်နိုင်ချေ တွက်ချက်နေပါတယ်”ဟု လော့စ်အိန်ဂျလိတိုင်းမ် သတင်းဌာနသို့ အုပ်ချုပ်ရေးအဖွဲ့က ပေးပို့သော စာတွင် ဖော်ပြသည်။

Gas Company Tower မှာ မျိုးဆက်တစ်ခုလျှင် တစ်ကြိမ်သာ ကြုံရမည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဖြစ်ကြောင်း JLL အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် အင်ဒရူးဟာပါက ပြောသည်။

အဆိုပါ မိုးမျှော်တိုက်ကြီးကို ရောင်းချပေးရန် JLL ထံ အပ်နှံထားခြင်း ဖြစ်သည်။

ယခုအရောင်းအဝယ်နှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးရန် JLL က ငြင်းဆန်ထားသည်။

Gas Company Tower သည် လော့စ်အိန်ဂျလိမြို့ အနောက် ၅ လမ်း၊ အမှတ် ၅၅၅ တွင်ရှိပြီး လော့စ်အိန်ဂျလိ၏ ဂုဏ်သတင်းအကြီးဆုံး ရုံးခန်းအဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

အကျယ်အဝန်း ၁ ဒသမ ၄ သန်းရှိပြီး မြေအကျယ်မှာ ၁ ဒသမ ၄ ဧက ရှိသည်။

ကိုဗစ်ကပ်ဘေးကာလမှစပြီး မကြာသေးမီနှစ်များအတွင်း ရုံးခန်းဈေးကွက် ကျဆင်းသွားခဲ့ကာ ဝန်ထမ်းများမှာ အဝေးမှ အလုပ်လုပ်မှု ပိုမိုများပြားလာခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း Gas Company Tower ၏ ပိုင်ရှင်သည် ကြွေးမြီပေးဆပ်ရန် ပျက်ကွက်ခဲ့သောကြောင့် ကြွေးရှင်များ အကြွေးပြန်ရစေရန် တရားရုံးမှ ခံထားသော ကိုယ်စားလှယ်က ယခုအဆောက်အအုံကြီးကို ထိန်းသိမ်းရယူခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Los Angeles County agrees to buy downtown skyscraper (Los Angeles Times)

 

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ျမိဳ႕လယ္မိုးေမွ်ာ္တိုက္ၾကီးကို ဝယ္ယူရန္စီစဥ္

ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ရွိ အထင္ကရ ရံုးခန္း မိုးေမွ်ာ္တိုက္ၾကီးျဖစ္ေသာ Gas Company Tower ကို ဝယ္ယူရန္ သေဘာတူညီလိုက္သည္။ တရားရံုးမွ သိမ္းယူျပီး ေရာင္းခ်ျခင္းျဖစ္ကာ ကန္ေဒၚလာ ၂၁၅ သန္းျဖင့္ ဝယ္ယူလိုက္ျခင္းျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္က ရာျဖတ္တန္ဖုိးျဖစ္ေသာ ကန္ေဒၚလာ ၆၃၂ သန္းေအာက္ မ်ားစြာနည္းပါးေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။ မၾကာေသးမီႏွစ္မ်ားအတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ရံုးခန္းတုိ႔၏ တန္ဖိုး မည္မွ်က်ဆင္းသြားသည္ကို ယခုအေရာင္းအဝယ္ ေစ်းႏႈန္းက ျပသေနသည္။

သို႔ေသာ္ ယခုအေရာင္းအဝယ္ကို ၾကီးၾကပ္ေရးဘုတ္အဖြဲ႔က အတည္ျပဳရန္ လိုအပ္ေနေသးသည္။

ခရိုင္အိမ္ျခံေျမအရာရွိတုိ႔က ယခုအေရာင္းအဝယ္ႏွင့္ စပ္လ်ဥ္းျပီး အျပင္းအထန္ ေဆြးေႏြးေနသည္။

အကယ္၍ အေရာင္းအဝယ္ အျပီးသတ္ခဲ့ပါက အလုပ္သမားမ်ားႏွင့္ အစိုးရဌာနမ်ားမွာ ရွိရင္းစြဲ ခရိုင္ရံုးမ်ားမွ ေရႊ႕ေျပာင္းေပးရႏိုင္သည္။

ယင္းတုိ႔ထဲတြင္ ၁၉၆၀ ျပည့္ႏွစ္ကတည္းက ရံုးဖြင့္ခဲ့ေသာ Kenneth Hahn Hall of Administration ရံုးလည္း အပါအဝင္ျဖစ္ေၾကာင္း ယခုအေရာင္းအဝယ္ အေၾကာင္း သိရွိထားသူ မ်ားစြာက ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းဌာနသို႔ ေျပာၾကားသည္။

ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔အေနျဖင့္ အေရာင္းအဝယ္ အျပီးသတ္မလုပ္ေဆာင္မီ အေဆာက္အအံု၏ ၾကံ႕ခိုင္မႈ ပိုင္းႏွင့္ အျခားအေၾကာင္းရပ္မ်ားကို စစ္ေဆးေနေၾကာင္း၊ ထုိလုပ္ငန္းစဥ္မွာ ၂ လမွ ၃ လအထိ ၾကာျမင့္ႏိုင္ေၾကာင္း အဆိုပါ သတင္းရင္းျမစ္မ်ားက ေျပာသည္။

ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းဌာနသုိ႔ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာသည္မွာ ယခုမိုးေမွ်ာ္တိုက္ကို ဝယ္ယူရန္ စိတ္ဝင္စားေၾကာင္း Letter of interest တင္သြင္းထားေၾကာင္း ေျပာသည္။

“ျမိဳ႕လယ္ေနရာမွာ ကူးသန္းေရာင္းဝယ္ေရး အိမ္ျခံေျမေတြဟာ မ်ဳိးဆက္တစ္ခုမွ တစ္ၾကိမ္သာ ၾကံဳရမယ့္ ေစ်းႏႈန္း ေလွ်ာ့ခ်မႈေတြ ေတြ႔ေနရပါတယ္။ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔ဟာ ျပည္သူ႔ရန္ပံုေငြေတြကို ေစာင့္ေရွာက္ဖုိ႔ တာဝန္ရွိတာေၾကာင့္Gas Company Tower လိုမ်ဳိး အေဆာက္အအံုကို ဝယ္ယူဖုိ႔ ျဖစ္ႏိုင္ေခ် တြက္ခ်က္ေနပါတယ္”ဟု ေလာ့စ္အိန္ဂ်လိတုိင္းမ္ သတင္းဌာနသို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေပးပို႔ေသာ စာတြင္ ေဖာ္ျပသည္။

Gas Company Tower မွာ မ်ဳိးဆက္တစ္ခုလွ်င္ တစ္ၾကိမ္သာ ၾကံဳရမည့္ ရင္းႏွီးျမွဳပ္ႏွံမႈ အခြင့္အလမ္းျဖစ္ေၾကာင္း JLL အိမ္ျခံေျမကုမၸဏီမွ အက်ိဳးေဆာင္ အင္ဒရူးဟာပါက ေျပာသည္။

အဆိုပါ မိုးေမွ်ာ္တုိက္ၾကီးကို ေရာင္းခ်ေပးရန္ JLL ထံ အပ္ႏွံထားျခင္း ျဖစ္သည္။

ယခုအေရာင္းအဝယ္ႏွင့္ စပ္လ်ဥ္းျပီး မွတ္ခ်က္ေပးရန္ JLL က ျငင္းဆန္ထားသည္။

Gas Company Tower သည္ ေလာ့စ္အိန္ဂ်လိျမဳိ႕ အေနာက္ ၅ လမ္း၊ အမွတ္ ၅၅၅ တြင္ရွိျပီး ေလာ့စ္အိန္ဂ်လိ၏ ဂုဏ္သတင္းအၾကီးဆံုး ရံုးခန္းအေဆာက္အအံုမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ကာ ၁၉၉၁ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျခင္း ျဖစ္သည္။

အက်ယ္အဝန္း ၁ ဒသမ ၄ သန္းရွိျပီး ေျမအက်ယ္မွာ ၁ ဒသမ ၄ ဧက ရွိသည္။

ကိုဗစ္ကပ္ေဘးကာလမွစျပီး မၾကာေသးမီႏွစ္မ်ားအတြင္း ရံုးခန္းေစ်းကြက္ က်ဆင္းသြားခဲ့ကာ ဝန္ထမ္းမ်ားမွာ အေဝးမွ အလုပ္လုပ္မႈ ပိုမိုမ်ားျပားလာခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း Gas Company Tower ၏ ပိုင္ရွင္သည္ ေၾကြးျမီေပးဆပ္ရန္ ပ်က္ကြက္ခဲ့ေသာေၾကာင့္ ေၾကြးရွင္မ်ား အေၾကြးျပန္ရေစရန္ တရားရံုးမွ ခံထားေသာ ကိုယ္စားလွယ္က ယခုအေဆာက္အအံုၾကီးကို ထိန္းသိမ္းရယူခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Los Angeles County agrees to buy downtown skyscraper (Los Angeles Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service